မျက်ကန်း (၁) (၂) ဓါတ်ပုံများ

nigimi77April 21, 20121min2089

9 comments

  • ဗိုက်ကလေး

    April 21, 2012 at 2:54 pm

    ဒီအလှူတန်းကို ဖြတ်မိလို ့ဝိုင်းရိုက်ကြတာ လားဗျ
    ဖြစ်ရလေ

  • Thanlwinoo

    April 21, 2012 at 3:24 pm

    ကိုနီဂိမိအတွက် ဝဋ်ရှိရင်လည်း ကျေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..။
    ကျွန်တော်တို့တိုင်းပြည်အတွက် တရားတဲ့ဥပဒေများစိုးမိုးပါစေ…၊
    ရုပ်ဆိုးအကျည်းတန်တဲ့ ဓလေ့ထုံးစံများ ပပျောက်ပါစေ..၊
    တိုင်းရင်းသားအချင်းချင်း ချစ်ကြည်နားလည်မှု ပိုမိုထွန်းကားပါစေ..လို့ဆုတောင်းပါတယ်..။

    အထူးသဖြင့် ဘယ်ဓလေ့ထုံးတမ်းမှ ပြဌာန်းဥပဒေကို ကျော်လွန်ဖောက်ဖျက်လို့မရတဲ့အတွက်
    “ဥပဒေကို မသိနားမလည်ခြင်းအတွက် တရားဥပဒေက ခွင့်လွှတ်မည်မဟုတ်”
    Ignorance of law is no excuse ဆိုတာ သက်ဆိုင်သူများ သဘောပေါက်ပါစေ..။

  • Gipsy

    April 21, 2012 at 4:35 pm

    ရိုးရာဓလေ့ ဆိုပေမဲ့ လွဲမှားတဲ့အယူအဆ လို့ ဆိုချင်ပါတယ်….
    မသေကောင်း မပျောက်ကောင်းဗျာ…
    လူတွေများ ထစ်ကနဲဆို ခုတုံး လုပ်ချင်ကြတာ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 21, 2012 at 7:46 pm

    ဂွတော့အကျသားဘဲဗျ
    ဒီပုံမျိုးတွေတွေ့တော့ ကျုပ်တို့ရွာက ဘုရားပွဲလှည့်တာလေးကိုတောင်အမှတ်ရမိပါရဲ့
    ဥပမာဗျာ လူတန်းကြီးလာတဲ့အခါ သူတို့ဆီမှာ ဒီလိုအယူဓလေ့တွေရှိရင်
    လူတန်းကြီးဘေးကနေ သက်ဆိုင်ရာ ဘာလို့ခေါ်မလည်း လုံခြုံရေးလို့ခေါ်မလား
    စောင့်ကြပ်လိုက်ရတဲ့လူတွေတော့ရှိရမှာဘဲ ( ရပ်နီးရပ်ဝေး ဧည့်သည်တွေရှိတာကိုး )
    ထင်တာထက်တောင်ဇဝေဇဝါဖြစ်မိပါရဲ့
    တစ်ခုခုတော့ ( အကြီးအကျယ် ) လွဲနေပြီးထင်တယ်
    ဘာဘဲဖြစ်ဖြစ်ပါ ဒီလိုဒေသနဲ့ ဒီလိုအယူအဆတွေကို လက်ရှိအေခြအနေတွေမှာ
    သူတို့ကို မှားတယ်မှန်တယ်ပြောဘို့ထက် အနှီးဒေသကိုချဉ်းကပ်ရောက်ရှိလာတဲ့
    ရပ်နီးရပ်ဝေး ဧည့်သည်များကို အဲ့သည်ဓလေ့တွေ ကြိုတင်သိရှိထားစေဘို့
    ကြိုတင်စောင်ရွက်ထားစေသင့်တယ် ဆိုင်ရာပိုင်ရာတွေကို အကြောင်းကြားသင့်တယ်ဗျ
    ကျုပ်ကတော့ အနှီးဒေသမှာ အနှီးဓာတ်ပုံနှင့်တစ်ကွ ခင်ဗျားအရိုက်ခံခဲ့လိုက်ရတဲ့အကြောင်းကို
    မှတ်တမ်းလေးတစ်ခုပြုပြီး မျှဝေလိုက်ပါဦးမယ်
    ဝါးရင်းဒုတ်နဲ့ အရိုက်ခံရတာတောင် စာရေးစာဖတ်နိုင်သေးတယ်ဆိုတဲ့
    ခင်ဗျားက ဇာတ်လိုက်ကြီးပေါ့ဗျာ 😀
    ဘာဘဲဖြစ်ဖြစ်ပါ ဒီအကြောင်းလေးမှာ ကျုပ်က ခင်ဗျားကို
    မိမိဘဝအတွေ့အကြုံထည်းက တစ်ခုသောအတွေ့ကြုံနှင့်အတူ အကြောင်းရာတစ်ခုပေါ်မှာ
    သီးခံခွင့်လွှတ် ( ဥပက္ခာပြု ) လိုက်တာထက် နောင်အနာဂတ်မှာ လောကနှင့် အံဝင်ဂွင်ကျ
    ဖြစ်လာစေရေးကို လုပ်ဆောင်တဲ့သဘောလေးကို
    အလွန် လေးစားချီးကျူးမိပါကြောင်းခင်ဗျား

  • windtalker

    April 21, 2012 at 8:00 pm

    77 က လူပုံကသာ မထင်ရပေမယ့် ၊ အိုင်းရွန်းမန်း ဗျ ။
    အပေါ်က ကိုသန်းလွင်ဦးပြောသလိုပါဘဲ ။ ဝဋ်ရှိလို ့ခံခဲ့ရတယ်လို ့ဘဲ နှစ်သိမ့်စကားပြောပါရစေ ဗျာ ။

  • Thanlwinoo

    April 21, 2012 at 9:29 pm

    ဪ ဓလေ့ထုံးစံဆိုလို့..
    အပေါ်ဓါတ်ပုံထဲက ရိုးသားဖြူစင်တဲ့၊ ချစ်စရာကောင်းတဲ့ ဓလေ့ထုံးစံကောင်းကို တည်တန့်အောင်ထိန်းသိမ်းဖို့နဲ့ ဓလေ့ထုံးစံဆိုပြီး လူအုပ်နဲ့ အကြမ်းဖက်တတ်တဲ့ အကျင့်ဆိုးကို ရှောင်ကျဉ်ကြဖို့ပါ…။

  • နေဝန်းနီ

    April 21, 2012 at 10:01 pm

    အဲဒိ ဘာမဟုတ်တဲ့ ဓလေ့ ထုံးစံ တွေ ဖျက်ကြဖို့ လိုနေပြီ…။

  • ကိုရင်မောင်

    April 21, 2012 at 11:00 pm

    နိဂိမိရေ…လူတွေတန်းစီပြီး လှည့်တယ်ဆိုပေမဲ့ လူဆက်ကြဲနေတယ်လို့ထင်ပါတယ်
    ဖြတ်မယ်ဆိုယင် ဖြတ်ချင်စရာဘဲ တကယ်မဖြတ်စေချင်ယင် တယောက်နဲ့တယောက်
    ကပ်လိုက်သင့်တယ်လို့ထင်ပါတယ် လမ်းဟိုဘက်ဒီဘက်ဖြတ်လို့ရအောင် တရွာနဲ့တရွာကြား
    လူဆက်ခြားပေးထားသင့်ပါတယ် ဒါမှလဲတဖက်နဲ့တဖက် အရေးတကြီး အကြောင်းကြီးငယ်
    ရှိလို့ဖြတ်ချင်ယင်လွယ်ကူမှာပါ..သူတို့ရဲ့ထုံးတမ်းစဉ်လာလဲမပျက်အောင် စီစဉ်ပေးသင့်တယ်လို့ထင်ပါတယ်….
    ဓါတ်ပုံတွေတင်ပေးတဲ့အတွက်ကျေးဇူးပါဘဲ…..

    • nigimi77

      April 23, 2012 at 7:22 am

      @ ကိုရင်မောင်

      လူဆက်ကြဲ နေတာ မှန်ပါတယ် ။ ရွာပေါင်း ၁ရ ရွာ ထဲကမှ နောက်ဆုံးရွာ ဖြတ်တဲ့ အချိန်

      ကျွန်တော်တို ့ အလုပ်ထဲက Foreman တစ်ယောက် ရိုက်ထားတဲ့ ပုံတွေပါ ။

      အစောပိုင်း ဖြတ်တဲ့ ရွာတွေက လူတွေ ပိုများတဲ့ အပြင် ပိုပြီး ကျစ်လစ်ပါတယ် ။

      သူက ဒီပုံတွေကို ရိုက်နေတဲ့ အချိန်မှာ ကျွန်တော်က ဆွမ်းကြီး အလောင်းခံပြီးသွား

      ပါပြီ ။

      ဒီပုံက ကျွန်တော်ရိုက်ထားတဲ့ ပုံတွေ မဟုတ်ပါဘူး ။

Leave a Reply