အလောင်းတော် ကဿပ ၆

ဆူးApril 23, 20121min28622




အရှေ့က အမြှောင်းလေးတွေ ကြားထဲမှာ ပိုက်ဆံ တွေ ထိုးသွင်းထားကြပြီး အဲဒီ အကွဲကြောင်းကြီးက တခါတရံ အလိုလို ဟပါတယ်။ အဲဒါကို ဂူတခါး ပွင့်တယ်လို့ ခေါ်ပါတယ်။

 

 


ဒါကတော့ ဟနေတဲ့ နေရာ တခုပါ။ အဲဒီ ထက် ပိုပြီး ကျယ်ကျယ် ဟတာ လူ တယောက် လက်တကမ်း ဝင်လို့ရတဲ့ အနေ ကလေးတယောက် ဝင်လို့ ရတဲ့ အနေလောက် ဟလာတတ်ပါတယ်။
အဓိဌာန် ဆုတောင်းရင် ဟလာတယ်လို့ ပြောပါတယ်။

 


လှိုင်ဂူ ကျောက်တံခါး မှာ ရွှေသင်္ကန်း ကပ်နေကြတာ ဖြစ်ပါတယ်။

 

 


လှိုင်ဂူရှေ့မှာ လူများ ပူဇော် ကန်တော့ နေတဲ့ ကြတာ ဖြစ်ပါတယ်။

 



အောက်ဆင်းတဲ့ လမ်းမှာ မြင်တွေ့ နိုင်တဲ့ သဘာဝ ကျောက်ပန်းဆွဲကြီးပါပဲ။
ရေငွေ့တွေ များနေလို့ မှုှုန်နေသလို ဖြစ်နေတာပါ။

22 comments

  • manawphyulay

    April 23, 2012 at 3:15 pm

    ဆူးကျေးဇူးကြောင့် လမ်းစရိတ်မကုန် ခရီးမပန်းပဲ အလောင်တော် ကဿပကို အနီးကပ်ဖူးဖို့ ရောက်ဖူးတော့တယ်။ လှိုင်ဂူမှာ ရွှေသင်္ကန်းက ဘယ်လိုကပ်တာလဲ လှိုဏ်ခေါင်းထဲမှာ ကပ်တာလား…

    • ဆူး

      April 23, 2012 at 3:46 pm

      ရွှေသင်္ကန်း ကို အဲဒီ လှိုင်ဂူ တံခါးမှာ ကပ်ပါတယ်။
      အဲဒီ ရွှေသင်္ကန်း ကပ်ထားတဲ့ ရွှေတွေ မိုးတွင်းအခါ ရေတက်လာရင် ရေထဲ အကုန်ပါသွားပါတယ်။
      နောက်နှစ်ပြန်ဖွင့်လို့ လူတွေ လာကြ လူတွေ ရွှေသင်္ကန်း ကပ်ကြနဲ့ အဲလိုပဲ သံသရာ လည်နေကြတာပါ။

  • အိမ်လွမ်းသူ

    April 23, 2012 at 3:26 pm

    ပုံတွေ အတွက်ကျေးဇူးပါပဲ။ မသွားဘူးပဲနဲ့ ရောက်သွားသလိုပါပဲ။

  • ကိုရင်မောင်

    April 23, 2012 at 3:56 pm

    မရောက်ဘူးသေးတဲ့နေရာမို့
    ဓါတ်ပုံတွေဝေဝေဆာဆာနဲ့တင်ပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ်ခင်ဗျာ…..

  • sugar sugar

    April 23, 2012 at 4:00 pm

    မဆူး သေသေချာချာ ရိုက်လာပေးတဲ့အတွက်ကျေးဇူးပါဗျာ၊ ကိုယ်သွားရင်တောင်မှ ဒီလောက်သေချာ မြင်မိ မှာမဟုတ်ဘူး၊ ကျေးဇူးပါ မဆူး ရေ

  • FattyCat

    April 23, 2012 at 4:35 pm

    အဲဒီကြားထဲကို ကင်မရာသေးသေးလေးနဲ့ထည့်ပြီး ကြည့်ချင်တယ်….
    SWAT တွေသုံးတဲ့ဟာမျိုးလေးလေ…
    အထဲမှာ ဘာတွေရှိလဲလို့….

    ခင်တဲ့-
    ကြောင်ဝတုတ်

    • ဆူး

      April 23, 2012 at 4:44 pm

      ဆူး လည်း သိချင်တယ်။ အဲဒီထဲမှာ ပါရှိလဲဆိုတာ..
      မှတ်တမ်းတွေထဲမှာတော့ အတွင်းကို ရောက်ဖူးတဲ့ သူတွေ နာမည်တွေနဲ့ တွေ့တယ်။
      ဘာမြင်တယ် ညာမြင်တယ်တော့ ရေးထားတာ ရှိတယ်။
      သမိုင်းထဲမှာ ရှိတဲ့ အချက်အလက်နဲ့ ကိုက်မကိုက်ကိုတော့ သိချင်မိသား။

    • kai

      April 23, 2012 at 11:20 pm

      RIDGID Mini SeeSnake Camera Reel, Color – $7,353.00

      Pipe Inspection Camera Reel, Color, Miniature, Pipe Capacity 1 1/4 To 6 In, Push Rod Length 200 Ft, Voltage 115, Power Source 12 VDC From Monitor (Not Included), Operating Temp 14 to 122 F, Transmitter Frequency 512 Hz, Cable Connection 10 Ft From Reel To Monitor, Overall Length 20 In, Overall Width 11 In, Overall Height 23 In, Waterproof Camera Up to 330 Ft, Includes Centering Guides

    • kai

      April 24, 2012 at 3:06 am

      ဈေးပေါတာလိုက်ကြည့်တာ..
      Ridgid SeeSnake® Micro Inspection Camera – micro see snake – $349.34
      ၃၅ဝလောက်ကအပေါဆုံးပဲ..
      ပေ၃ဝလောက်အထိဆွဲဆန့်လို့ရတယ်..

      အဲဒါဝယ်ပြီး.. အပေါက်ဝမှာ.. တခါကြည့် ၁ထောင်ဆိုအရင်းကြေနိုင်တယ်..။
      မှတ်တမ်းအစစ်အမှန်လည်းရမယ်..
      ကျုပ်သာ.. မြန်မာပြည်ကမီဒီယာဆို လုပ်ပေးပါတယ်..။ :mrgreen:

      • htoosan

        April 24, 2012 at 7:00 am

        ပိုက်ဆံတွေ ထိုးသွင်းကြတော့ အဲ့ဒီ့ပိုက်ဆံတွေ ဘာဖြစ်သွားလဲမသိဘူး ..ပြန်ကလော်ထုတ်ယူထားမှာတော့ သေချာတယ် ထင်တယ်…
        သူကြီး ကင်မရာတပ်ပေးလိုက်လို့ ဘယ်ဖြစ်မလဲ .. နောင် လာတဲ့ သူမရှိ ဖြစ်ကုန်မှာပေါ့ ..
        ဘာမြင်တယ် ညာမြင်တယ် တွေ မရှိတော့ရင် စိတ်ဝင်စားတာ လျော့ သွားမှာပေါ့ … 😀

        • ဆူး

          April 24, 2012 at 10:16 am

          သမိုင်း ထဲမှာ ပါတဲ့ အချက် အလက်တွေ တော်တော် များများက လှပပြီး ခမ်းနားတယ် အနုစိတ်လှတယ် ပါတယ်။
          အဲဒီ ဂူမှာ မြင်ခဲ့ရတဲ့ ကျောက်ပန်းဆွဲတွေကလည်း လှတယ် ဆိုတော့ အဲလို ကျောက်ပန်းဆွဲတွေ လှလှပပ ဖြစ်နေတာကို စာပန်းချီ ဖော်ညွန်းတာလည်း ဖြစ်နိုင်တယ်။

  • mocho

    April 23, 2012 at 4:48 pm

    မြန်မာတွေ က အလှူတန်း လုပ်တဲ့ နေရာမှာ လမ်းလွဲ နေကြတယ်။ ပိုက်ဆံ တွေ ကို အဲလို ထိုးထည့်မယ့်အစား၊ မဆူး ပြော သလိုရေထဲ ပါသွားမယ့် ရွှေပြားတွေ ကပ်မယ့် အစား ၊အဲဒီဒေသရဲ ့ လမ်းပန်း ဆက်သွယ်ရေး ကောင်းဖို့ လှူ ကြမယ် ဆိုရင် ဒေသခံတွေ အတွက်လည်း အကျိုးရှိ၊ ခရီးသွားလုပ်ငန်းတွက်လည်း ပို အဆင် ပြေ နိုင် တာပေါ့။

    • ဆူး

      April 23, 2012 at 5:46 pm

      အလှူ အနေနဲ့ ရွှေကိုတော့ မနှမြောဘူး.. မြန်မာပြည်က ရွှေထွက်တယ်။
      ဒီလို ရွှေဆိုင်း အပြားခတ်တာ မြန်မာ လူမျိုးတွေပဲ လုပ်ကြတာ.. တခြား လူမျိုးတွေတော့ လုပ်တာ သိပ်မတွေ့မိလှဘူး။
      အဲဒီလို ရွှေဆိုင်း ဖြစ်ဖို့ ချွေးတော်တော် ကျအောင် ထု မှ ရွှေဆိုင်း ဖြစ်တာမို့..
      ရွှေဆိုင်း လုပ်တဲ့ လုပ်သားတွေ အတွက် အလုပ်ရစေပါတယ်လို့ ထင်မိပါတယ်။
      မြေကြီးထဲက ထွက်တဲ့ အရာ မြေကြီးထဲ ပြန်ရောက်သွားတယ်လို့ ထင်မိပါတယ်။

      ခရီးသွား ဖွံ့ဖြိုးသင့်တဲ့ နေရာလေးပါပဲ။

  • ဇောက် ထိုး

    April 23, 2012 at 5:20 pm

    mocho သူပြောတာကို ထောက်ခံတယ်။ အရမ်းလဲကြိုက်တယ်။ ဒါပေမယ့် တဖက်စောင်းနင်းကြီး မခံစားလိုက်ကြစေချင်ဘူး။ ဘယ်ဟာဖြစ်ဖြစ် အလွန် အကျွံမဖြစ်ဖို့ သတိပြုပါ။ စိတ်ထဲမှာ တမျိုးခံစားသွားရမှာ စိုးလို့ပါ။

  • koaung

    April 23, 2012 at 6:02 pm

    ဒီခရီးကတကယ်ရောက်ဖို့ခက်တယ် သာဓုပါဗျာ သာဓုသာဓု ဒါ့ပုံတွေအတွက်ပါ

  • ရောင်ခြည်ခ

    April 23, 2012 at 6:16 pm

    ဆူးရေ… ပုံလေးတွေကို အသေးစိတ်တင်ပေးလို့ကျေးဇူးပါနော်၊ မရောက်ဘူးသေးတဲ့အတွက် ပုံလေးတွေကြည့်ပြီး ဘုရားဖူးခွင့်ရသွားတာပေါ့ ..

  • TTNU

    April 23, 2012 at 9:37 pm

    ဆူးရယ်
    ပုံလေးတွေ တင်ပေးတဲ့ ကုသိုလ် ကောင်းကျိုးသည်
    ဘဝတစ်လျှောက်လုံးအတွက် ကောင်းသော
    ကြီးသော အထောက်အပံဖြစ်ပါစေကွယ်။

  • ဦးဦးပါလေရာ

    April 23, 2012 at 11:29 pm

    အလောင်းတော်ကဿပ ကိုဘုရားဖူးသွားရင် ဘယ်လိုအကျိုးရှိတယ်လို့ ဆိုရိုးရှိရင် အဲဒါလေးလဲ သိချင်ပါတယ်။
    ဒီထဲက ကွန်မင့်တခုဟာ ကိုယ့်စိတ်ထဲဖြစ်နေတာနဲ့ ထပ်တူထပ်မျှ (စကားလုံးအတိအကျ) တိုက်ဆိုင်နေလို့ တော်တော်အံ့ဩမိတယ်။

    ကိုယ့်တသက် သွားဖြစ်တော့မယ်မထင်လို့ ပုံလေးတွေတွေ့ရတာလဲ ကျေနပ်မိပါတယ်…။

  • ဆူး

    April 24, 2012 at 10:12 am

    အလောင်းတော် ကဿပ နှင့် ပေါင်းလောင်းရှင် ကဿပ ဆိုပြီး ၂မျိုး ရောထွေးတာတွေလည်း ရှိနိုင်တယ်လို့ သိထားပါတယ်။
    မြတ်စွာ ဘုရားရှင် လက်ထက်က ရှင်မဟာ ကဿပ ကိုယ်တော်မြတ်ကြီးသည် ရာဇဂြိုလ်ပြည် ဝေဘာရတောင်ဝယ် ပရိနိဗ္ဗာန်ပြုကြောင်းလည်း ရှိခဲ့ဖူးသလို တချို့ ကျမ်းအကိုးအကားမှာ ကျတော့လည်း ရှင်မဟာ ကဿပ ကြွလာတာပြီး ပရိနိဗ္ဗာန်ပြုတာကို အဇာရသတ် လိုက်လာပြီး တပ်တွေချထားပြီး မြို့ရွာတည်ခဲ့လို့ တချို့ မျိုးဆက်တွေ ရှိနေသေးသလို တွေ့ထားတယ်။
    ကိုယ့်ဟာကိုယ်တောင် မရှင်းတာဆိုတော့ သေချာ မရေးပြတော့ဘူး။
    မရှင်းနိုင်ပဲ ရေးပြီး ပိုရှုပ်ပြီး အငြင်းပွားယုံပဲ ရှိမယ် ထင်တယ်။
    သေချာတာကတော့ အဲဒီနေရာကိုတော့ ရောက်ဖို့ တော်တော် ခဲယဉ်းတာ အမှန်ပါပဲ။

  • Moe Z

    April 24, 2012 at 10:50 am

    အဲဒီကို မရောက်ဖူးခင်က ဟောင်ကောင်က ဧည့်သည်တစ်ချို့သွားဖို့ခရီးစဉ်အတွက် စီစဉ်ပေးဖူးတယ်
    ပြန်လာတော့ သူတို့က မြန်မာပြည်မှာနေတဲ့မင်း အဲဒီကို မရောက်ရောက်အောင်သွားသင့်တယ်
    သိပ်ပြီးအံ့ဩစရာ စိတ်ဝင်စားစရာနေရာတစ်ခုပဲတဲ့ …
    သူတို့သွားတဲ့အချိန်က ကျောက်ဂူတံခါးပွင့်တာနဲ့ကြုံခဲ့တယ်…
    ကိုယ်တိုင်သွားဖြစ်တော့ ရွှေဆိုင်းမကပ်ခဲ့ဘူး ကပ်ချင်တဲ့စိတ်မဖြစ်တဲ့နေရာတွေထဲမှာ
    အင်းလေးဖောင်တော်ဦးဘုရားနဲ့ မန္တလေးမဟာမြတ်မုနိဘုရားလည်းပါတယ်
    အလှူငွေကိုတော့ ဘက်စုံဆိုတဲ့ခေါင်းစဉ်အောက်ပဲထည့်ဖြစ်တယ်

    • ဆူး

      April 24, 2012 at 11:02 am

      ရွှေချ တာလည်း မြန်မာတွေက တကယ် ဝါသနာ ပါတယ်။
      မြန်မာပြည်မှာက မြန်မာတွေ ဆန္ဒနဲ့ ကိုက်ညီအောင် သစ်စေး သုတ်ပေးထားလို့ ရွှေဆိုင်း ချ ရင် ကပ်နေသေးတယ် ဗုဒ္ဓဂါယာမှာ ရွှေဆိုင်းတွေကပ်ကြတယ်။ ရွှေလေးတွေ လေထဲမှာ ဝေ့ဝဲပြီး ပျံနေတာပဲ..

Leave a Reply