အမျိုးသမီးများ​ ​မု​ဒိမ်း​ကျင့်​​ ခံ​ရ​ခြင်း​မှ​ ​ကာ​ကွယ်​ရန် ​အ​မျိုး​သ​မီး​သုံး​​ ကွန်​ဒုံး​ ​ဖြန့်​ဝေ

anyartharJune 13, 20101min896

တောင်အာဖရိက နိုင်ငံမှ ဆရာဝန် တစ်ဦးသည် ကမာ္ဘ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ နေစဉ် အတွင်း အမျိုးသမီးထု အကြမ်းဖက် မုဒိမ်း ကျင့်ခံရခြင်းမှ ကင်းဝေးစေရန် ရည်ရွယ် ထုတ်လုပ် ထားသည့်
ကွန်ဒုံး တစ်မျိုးအား အခမဲ့ ဖြန့်ဝေ ပေးသွား မည်ဟု သိရသည်။

ဒေါက်တာ ဆွန်းနက်အီလာက သူမ ကိုယ်တိုင် တီထွင် ထားသည့် အမျိုးသမီးသုံး ကွန်ဒုံးကို Rape-aXe​ ဟု အမည် ပေးထားကြောင်း ပြောကြား ခဲ့သည်။ အဆိုပါ ကွန်ဒုံးတွင် အလွန် သေးငယ်သော
ချိတ်ကလေးများ ပါဝင်ပြီး အမျိုးသမီး၏ လိင်အင်္ဂါ အတွင်း ထည့်သွင်း တပ်ဆင်ထားပါက အကြမ်းဖက် မုဒိမ်းကျင့်သူ အမျိုးသား၏ လိင်တံတွင် တွယ်ငြိ ကပ်ပါသွားမည် ဖြစ်သည်။ ထိုထောင်ချောက်ဆင် ကွန်ဒုံးအား ဆေးရုံတွင်သာ ဖယ်ရှားနိုင်မည်ဟု ဒေါက်တာ ဆွန်းနက်ကဆိုသည်။ ထို့ကြောင့်လည်း ဆေးရုံမှ ဆရာဝန်များသည် အဆိုပါ ပုဂ္ဂိုလ်မှာ မုဒိမ်းမှု ကျူးလွန် လာကြောင်း ချက်ချင်း
ဖော်ထုတ် လိုက်နိုင်မည် ဖြစ်သည်။

ယခင်က အလားတူ ထောင်ချောက် ကွန်ဒုံးမျိုး တီထွင်ဖူးသော်လည်း Rape-aXe တွင် ပါဝင်သည့် ချိတ်များမှာ ပိုမို သေးငယ်ပြီး တိုက်ခိုက် ပြုကျင့်သူ၏ လိင်အင်္ဂါ အရေပြားကို မပေါက်ပြဲ
စေသောကြောင့် HIV ပိုး ကူးစက်မှုကို ကာကွယ် နိုင်မည်ဟု သိရသည်။ သို့သော်လည်းRape-aXe နှင့် ပတ်သက်ပြီး ဝေဖန်မှုများ ရှိနေသလို အမျိုးသမီး အခွင့်အရေး ကာကွယ်ရေး အဖွဲ့များက ယင်း ကွန်ဒုံးသည် အမျိုးသမီးများ အတွက် အမှန်တကယ် အကာအကွယ် မပေးနိုင်သည့် အပြင် လိင် အကြမ်းဖက်သမားအား စိတ်ဆိုးအောင် ဆွပေးရာရောက်သဖြင့် ပိုမိုအန္တရာယ် ကြီးနိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အချို့သော အမျိုးသမီးများသည် ရိုးရိုး သားသား ငွေကြေး ပေးကမ်းပြီး အပျော်အပါး
လိုက်စားသည့် အမျိုးသားများအား ထောင်ဖမ်းသည့် လက်နက် တစ်ခု ဖြစ်လာ နိုင်ကြောင်း ထောက်ပြ ခဲ့သည်။ တောင်အာဖရိက နိုင်ငံသည် ကမာ္ဘပေါ်တွင် မုဒိမ်းမှု အထူပြောဆုံး နိုင်ငံ တစ်ခုဖြစ်ပြီး နိုင်ငံ အတွင်းရှိ အမျိုးသမီး(၄) ဦးတွင် (၁)ဦးတိုင်း မုဒိမ်း ကျင့်ခံဖူးကြောင်း ဝန်ခံ ထားသည်။

6 comments

    • မှော်ဆရာ

      October 7, 2011 at 3:06 pm

      မရှင်းလို့ မေးပါရစေခင်ဗျာ
      စိတ်မဆိုးပါနဲ့
      ဘာကို ဖြတ်ထားရမှာလဲဟင်

  • www

    June 13, 2010 at 2:38 pm

    အကောင်းမြင်တဲ့ သူတွေက မိန်းကလေးတွေ မုဒိမ်း မကျင့်ခံရအောင် ကာကွယ်တဲ့ အကာအကွယ်တွေ ဖန်တီးတီထွင်ခဲ့ကြတယ်၊ အဆိုးမြင်တဲ့ သူတွေက ဒါဟာ မိန်းကလေးတွေ အတွက် အန ္တရယ်ပိုကြီးနိုင်တယ်လို့ ပြောတယ်။
    မေးခွန်းတစ်ခုမေးပါရစေ…အဆိုးမြင်နဲ့ အကောင်းမြင် ဘယ်ဟာက လူ့ အဖွဲ့အစည်းကို အကျိုးပြုမယ်လို့ထင်ပါသလဲ……
    ဟိုးအရင်က လူတွေဟာ ငှက်တွေလို ပျံလို့ရရင်ကောင်းမယ်လို့ စိတ်ကူးယဉ်ပြီး လေယာဉ်ပျံကို တီထွင်ခဲ့ကြတယ်… အဲ အဆိုးမြင်သူတွေက အဲဒီ့လေယာဉ်ပျက်ကျရင် ဘယ်လိုလုပ်မလဲလို့ မေးခွန်းထုတ်ပြီး လေထီးတွေ တီထွင်ခဲ့ ကြပါတယ်…
    ဆိုလိုတာက အဆိုးမြင်ရော အကောင်းမြင်ပါ လူအဖွဲ့အစည်းကို အကျိုးပြုတယ် ဆိုတာပါပဲ..

  • Bl@dE

    August 24, 2010 at 1:34 pm

    ဘာမှမပူနဲ.ဓားတစ်လက်သာဆောင်ထား….ဓားနဲ.ခြမ်းခြောက်ပေါ့ဗျာ…ဒါမှမဟုတ်ရင်လဲ
    တတ်နိူင်သမျှအပြင်ထွက်ရင်အုပ်စုလိုက်စုပြီးထွက်ကြပေါ့….

  • GreeNSheeP

    October 7, 2011 at 1:13 pm

    ကွန်ဒုံးကြီးတန်းလန်းနဲ ့အထူးကုဆေးရုံကို ရောက်သွားပြီး
    နာစ်မချောချောလေးတွေ ကြားမှာ
    ဘယ်လိုနေရမလဲ ဆိုတာ တွေးကြည့်မိတော့ ဟားဟား

    • စုန်းထီး

      October 7, 2011 at 3:18 pm

      ကျုပ်ကတော့ တွေးကြည့်ယုံနဲ့ အားမရဘူးဗျို့
      ပြေးတောင်ကြည့်ချင်တာ ဘယ်လိုအမူအရာ ဖြစ်နေမလဲဆိုတာ
      သိချင်စမ်းပါဘိ … 😀

Leave a Reply