မိခင်နို့ရည် အွန်လိုင်းမှ ဝယ်ယူနိုင်မည်

anyartharJune 13, 20101min743

ဗိတိန်နိုင်ငံမှ နို့ထွက်ကောင်းသော သားသည်အမေ တစ်ဦးသည် မိခင်နို့ရည်စစ်စစ်အား Online​
မှတဆင့် ရောင်းချနေကြောင်း သိရသည်။ ထို့ကြောင့်လည်းနို့မထွက်ဘဲ အခက်ကြုံနေရသည့်
မိခင်အတော်များများသည်တိုနီအက်ဒွန်ထံမှနို့ရည်လေးအောင်စလျှင် (၁၅)ပေါင်နှုန်းဖြင့် ဝယ်ယူကာ ရင်သွေးများအားတိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

တိုနီက ယခုအကြံအစည်ကို သူမ၏နို့ထွက်နှုန်း ကောင်းလှသည့်အတွက် သူငယ်ချင်းတစ်ဦးက
နောက်ပြောင်ပြီးပြောဆိုသည့် စကားမှ ရရှိခဲ့ခြင်းဟု ပြောကြားခဲ့သည်။
သူမအနေနှင့်ဝင်ငွေရခြင်းကို ပျော်ရွှင်မိသော်လည်း နို့ရည်လုံးဝ ခမ်းခြောက်သွားသည်အထိမဖြစ်အောင် သတိပြုနေကြောင်း တိုနီကဆိုသည်။ တိုနီသည် သားငယ်ဒေးဗစ်အားမွေးဖွားပြီးနောက် နို့ထွက်များလွန်းခြင်းကြောင့် သူမ၏ ရင်သားများမှာတင်းမာကြီးထွားလာပြီး နာကျင်မှုကိုလည်း ခံစားခဲ့ရသည်။

သူမသည် နို့ရည်ကို ပိုက်ဖြင့်စုပ်ထုတ်ကာ ရေခဲသေတ္တာအတွင်း ပုလင်းလေးများဖြင့်
သိမ်းထားပြီးemail​ ဖြင့် ဆက်သွယ်ဝယ်ယူသူများထံ ရောင်းချပေးခြင်းဖြစ်သည်။
ယခုရောင်းချမှုကို နို့မထွက်သည့် မိခင်များက အထူးစိတ်ဝင်စားကြကြောင်းတိုနီကဆိုသည်။ အသက်(၂၆)နှစ်ရှိ တိုနီသည် ကလေး၏ ဖခင်နှင့်အတူမနေတော့သဖြင့် ငွေကြေးအခက်အခဲများ ရှိနေရာ ယခုနည်းလမ်းကြောင့် အတန်ငယ်အသက်ရှူချောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

သူမသည် နို့ရည်ဖြင့် ငွေကြေးရရှိသော်လည်း သားငယ်ဒေးဗစ်အား ဝဝလင်လင်
တိုက်ကျွေးပြီးမှသာကျန်သောနို့ရည်ကို ရောင်းချခြင်းဖြစ်ကြောင်းလည်း ပြောကြားသွားသည

3 comments

  • kopauk mandalay

    June 13, 2010 at 12:09 pm

    မြန်မာပြည်မှာဆိုအိမ်နီးနားချင်းကလေးကို မေတ္တာနဲ့တောင် နို့တိုက်ပေးတာနော်။
    http://kopaukmdy.myanmarsarpay.info/

  • marnat

    August 24, 2010 at 9:24 am

    အလကားရောင်းပေါ့

    • winne

      August 31, 2010 at 12:41 pm

      အလကား ပေးရင် သူတို့ သားအမိ စရိတ်ဘယ်ရမလဲ သူမှာ ရှိလို့ သူရောင်းတာဘဲ ဝယ်လို့ရတဲ့ သူတွေ စိတ်တောင် ချမ်းသာ ကြအုန်းမှာ.. ဒါနဲ့ အဲဒီ အမျိုးသမီး ကျန်းမာရေး ကောင်းရဲ့လား အေ ဘီ စီ ပါနေအုန်းမယ် နို့ကနေပြီးတော့။

Leave a Reply