ပြည်ပရောက်မြန်မာများ၏ ၂၀၀၉ ခုနှစ်၌ မြန်မာနိုင်ငံသို့ပြန်ပို့ငွေ အမေရိကန်ဒေါ်လာ ၁၄၈သန်းခန့်ရှိမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း

anyartharJune 13, 20101min852

ပည်ပရောက်မြန်မာများ၏ ၂၀၀၉ ခုနှစ်၌ မြန်မာနိုင်ငံသို့ ပြန်ပို့ငွေ
အမေရိကန်ဒေါ်လာ ၁၄၈ သန်း ခန့်ရှိမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်း ထားကြောင်း
အဆိုပါဘဏ်၏ တ ရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ပရောက် မြန်မာများ၏ မြန်မာနိုင်ငံသို့ ပြန်ပို့ငွေပမာဏသည် တရားဝင်ဖော်ပြထားသော ကိန်းဂဏန်း ပမာဏသာဖြစ်ပြီး တရားဝင်လွှဲပို့သော လမ်းကြောင်းတွင်
မဖော်ပြထားသော ပမာဏနှင့် အခြားငွေလွှဲ လုပ်ငန်း(ဟွန်ဒီ)မှတစ်ဆင့် လွှဲပို့သော
ပမာဏပါ ထည့်ဝင်ပါက အမှန်တကယ်လွှဲပို့သောပမာဏမှာ ယခုပမာဏထက် ပိုနိုင်ကြောင်း
သိရသည်။

၂၀၀၅ ခုနှစ်တွင် ပြည်ပသို့ ထွက်ခွာသွားသည့် မြန်မာများ၏ အချက်အလက်များကို ကိုးကား၍ ကမ္ဘာ့ဘဏ်၏ တရားဝင်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသားများ ပြည်ပသို့ထွက်ခွာသည့် ထိပ်တန်း နိုင်ငံများစာရင်းတွင်
ထိုင်း၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျ၊ ယူကေ၊ ဂျပန်၊ ကနေဒါ၊
ဂျာမနီ၊ ပြင်သစ်နှင့် နယူးဇီလန်တို့ ပါဝင်ကြောင်း သိရသည်။

၂၀၀ရ ခုနှစ်၌ ပြည်ပရောက် နိုင်ငံသားပြန်ပို့ငွေ အများဆုံးရရှိသော နိုင်ငံများမှာအိနိ္ဒယ (အမေရိကန်ဒေါ် လာ ၂ရ ဘီလျံ)၊ တရုတ် (အမေရိ ကန်ဒေါ်လာ ၂၅
ဒသမ ရ ဘီလျံ)၊ မက်ဆီကို (အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ)၊ ဖိလစ်ပိုင်
(အမေရိကန်ဒေါ် လာ ၁ရ ဘီလျံ)၊ ပြင်သစ် (အမေရိ ကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလျံ)
တို့ဖြစ်ကြောင်း သိရသည်။
တရားဝင်လွှဲပို့သော လမ်းကြောင်းတွင် မဖော်ပြထားသော ပမာဏနှင့် အခြားငွေလွှဲ လုပ်ငန်း(ဟွန်ဒီ)မှတစ်ဆင့် လွှဲပို့သော ပမာဏပါ ထည့်ဝင်ပါက
အမှန်တကယ်လွှဲပို့သောပမာဏမှာ ယခုပမာဏထက် ပိုနိုင်ကြောင်း

၂၀၀ရ ခုနှစ်၌ တစ်ကမ္ဘာလုံး မိခင်နိုင်ငံသို့ ပြန်ပို့ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၃၁၈ ဘီလျံခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ပြန်ပို့ငွေ
အများစုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ပြန်ပို့ငွေများဖြစ်ကြောင်းနှင့်
ယင်းပမာဏမှာ တရားဝင်လမ်းကြောင်းမှ သွားသောငွေကြေးပမာဏသာဖြစ် ကြောင်း
သိရသည်။

မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က ပံ့ပိုးမှုများ ပြန်လည်ပြုလုပ်သွားရန် စဉ်းစားနေကြောင်းနှင့် ကမ္ဘာ့ဘဏ် က ပံ့ပိုးမည်ဆိုရာတွင် မြန်မာနိုင်ငံ၌ ဆောင်ရွက်နေသော စီမံချက်များတွင်
နည်းပညာအကူအညီများ ပံ့ပိုးနိုင် ရန် ဘဏ်မှပညာရှင်များကို မြန်မာနိုင်ငံသို့
စေလွှတ်ခြင်းဖြစ်နိုင်ဖွယ် ရှိကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံသို့ ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုများကို ၁၉၈ရ ခုနှစ်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ပရောက်မြန်မာများ၏ မြန်မာနိုင်ငံသို့ ပြန်ပို့ငွေ
ခုနှစ်
ပမာဏ(အမေရိကန်ဒေါ်လာ-သန်း)
၁၉၉၇
၁၄၉
၁၉၉၈ ၁၃၇
၁၉၉၉
၁၃၆
၂၀၀၀
၁၀၄
၂၀၀၁
၁၁၇
၂၀၀၂
၁၀၆
၂၀၀၃
၈၅
၂၀၀၄
၁၁၈
၂၀၀၅
၁၃၁
၂၀၀၆
၁၁၆
၂၀၀၇
၁၂၅
၂၀၀၈
၁၅၀
၂၀၀၉
၁၄၈

2 comments

  • susunosuki

    June 13, 2010 at 11:10 am

    ကိုယ့်နိုင်ငံအတွက် ပြည်ပဝင်ငွေ ရှာ ပေးနိုင်တာ ကောင်းတာပေါ့
    နိုင်ငံအတွက်တော့ လုပ်သားကောင်းတစ်ချို့ဆုံးရှုံးသွားတယ်

  • bigcat

    June 13, 2010 at 11:22 am

    The total amount transferred by oversea Burmese is less than 1% of General Than Shwe’s earning during the same year. He may be thinking to offer some help for poor oversea Burmese.

Leave a Reply