ပိတ်ချင်းမြောင်သဘာဝလှိုဏ်ဂူတော်…………..အစ

1 ပိတ်ချင်းမြောင်အရောက် မိုးပေါ်ကိုမော့်အကြည့် လှချက်ကတော့ရက်စက်တဲ့ တိမ်အလင်းနဲ့နေမင်း
2 ပိတ်ခြင်းမြောင်နဲ့ဆက်စပ်နေတဲ့ စေတီလေးရှိတဲ့ တောင်...............
3 အဝင် တံတားလေးကနေလှမ်းမြင်ရတဲ့မြင်ကွင်း...........................
4 စဝင်ဝင်ခြင်းတွေရတဲ့ရေစီးကြောင်းလေး

 

5-(က) သူရေချိုးတာမြင်တော့ ကျနော်တောင်ရေချိုးချင်လာတယ်ဗျာ
5ခ လှိုဏ်ဂူထဲအဝင်လမ်းပေါ်ကနေ တွေ့ရတဲ့မြင်ကွင်း
6(က) အဝင်လမ်းမှာကတည်းက မြင်နေရတဲ့ စမ်းကျရေ

 

 

6 ရေတံခွန်စမ်းကလေးက အေးမြကြည်လင်.............
7 ပိတ်ချင်းမြောင်လှိုင်ဂူ အဝင်ဝ ကို မြင်နေရတာလေ8 မြောက်ဘက်ခြမ်းက အတက်လှေခါး တောင်အပေါ်ကိုတက်တဲ့လမ်းလေးပါ

 

9 ဒီကလေးတွေမြင်တော့ ဘိုထီးရဲ့ သီချင်းလေးသတိရလာပါတယ်(ငယ်စဉ်က......ကလေးတို့ဘဝမှာ.................)
10 အေးမြကြည်လင်ပြီးအောက်ခြေထိမြင်နေရသော ရေတံခွန်စမ်း
11 ပျော်တယ်နော်ဟေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
12 အဝင်ဝအရောက်
13 ရေတွေဝေါဝေါကျနေတဲ့ ရေတံခွန်14 အရှိန်ပြင်းပြင်း ရေအဆင်း
15 အပေါ်တက်လို့ ဓါတ်ပုံရိုက်မယ်

 

           “ပိတ်ချင်းမြောင်သဘာဝလှိုဏ်တော်အစ ”

 

(19-4-2012)နေ့မနက်စောစော 6း30လောက်မှာ တည်းတဲ့အိမ်(စစ်ဆေးရုံနား)ကနေ ပိတ်ချင်းမြောင်ကိုသွားဘို့ ဆိုင်ကယ်နဲ့ မဒမ်ပေါက်နဲ့အတူထွက်လာခဲ့ပါတယ်။

ဒါကမကျေပွဲပါ။

2010ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တုန်းက တစ်ခါ ဆိုင်ကယ်နဲ့သွားဘူးပါတယ်။

ဆယ်နာရီလောက်ပိတ်ချင်းမြောင်ရောက်တော့ လူတွေလဲပိတ်။

ကားတွေကလဲ အဆင်းနဲ့အတက်ရှုပ်လို့ သုံးထပ်ဖြစ်တာနဲ့လမ်းတစ်ဝက်ကပြန်လှည့်ခဲ့ရပါတယ်။

ဒီပိတ်ချင်းမြောင်သွားတဲ့လမ်းက အသွားက အဆင်း အပြန်က အတက်ပါ။

အိမ်ကနေထွက်လာလိုက်တာ ပြည်တော်ချစ်ဘုရားကိုကျော်တာနဲ့ ကုန်းဆင်းကုန်းတက်တွေနဲ့

အတော်လေးကိုသာယာပါတယ်။

ကွေ့ဝိုက်ပြီးဆင်းရတဲ့ တစ်နေရာရာတော့

လမ်းဘေးတစ်ဘက်တစ်ချက်မှာ လယ်ကွင်းတွေ အဝေးမှာတောင်တန်းတွေနဲ့ကြည်နူးစရာ။

 

လတ်ဆတ်တဲ့လေကလေးက လဲ တအေးအေးနဲ့စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။

ပိတ်ချင်းမြောင်လှိုဏ်ဂူသို့အဝင်ဆိုတဲ့ဆိုင်းဘုတ်ကလဲကျော်ရော လမ်းက လဲ စကြမ်းလာပါတယ်။

မြေကလဲ မြေနီရောင် လမ်းက ကျောက်ကြမ်းလမ်းစလုံးစခုဖြစ်တဲ့အပြင်အဆင်းလမ်းလဲဖြစ်တော့

အတော်လေးသတိထားပြီးမောင်းရပါတယ်။

လှိုဏ်ဂူတော်နား မရောက်ခင်အတော်လှမ်းလှမ်းကတည်းက ရေကျသံတွေကြားနေရပါတယ်။

ဘေးပါတ်ဝန်းကျင်က သစ်ပင်ကြီးတွေဆီကလာတဲ့ ပုဇင်းရင်ကွဲသံတွေကလဲ လွမ်းစရာ။

သူုတို့လိုဘဲ မမြင်ရဘဲ အော်နေတဲ့ “ ဥဩ ဥဩ” ဆိုတဲ့အသံလေးက ပိုလို့တောင်လွမ်းစရာကောင်းနေပြန်ပါတယ်။

အဝင်ဝနားမရောက်မီ ကောက်ရိတ်သိမ်းနေတဲ့ လယ်သူမကြီးတွေကို တွေ့တော့

ဓါတ်ပုံရိုက်ချင်ပေမယ့် အဆင်းလမ်းဖြစ်နေတော့ အရှိန်မသတ်ချင်တာနဲ့ပုံကောင်းကောင်းလေး

ရဘို့ လက်လွတ်သွားပါတယ်။

ဒါနဲ့ဘဲ ဆိုင်ကယ်အပ်တဲ့နေရာ ရောက်အောင်ကွေ့ပါတ်စီးလို့လာပါတယ်။

ဆိုင်ကယ်လဲအပ်ပြီးရော ရှေ့မှာရှိနေတဲ့စေတီတော်လေးကို မော့အဖူး

ကြည်လင်နေတဲ့ နေမင်းကို တိမ်ညိုတအုပ်က မထိတထိဖုံးလိုက်တဲ့အခါ အင်မတန်လှသော

ဓါတ်ပုံလေးတစ်ခုကို အမှတ်မထင်ပိုင်ဆိုင်လိုက်ရပါတယ်။

အဲဒါနဲ့ဈေးတန်းလေးကိုဖြတ် ဖိနပ်အပ် ပြီးလှိုဏ်ဂူတော်ဘက်ကို အုဌ်လမ်းလေးကနေဝင်ခဲ့ပါတယ်။

အဝင်လမ်းညာဘက်မှာတော့ စမ်းရေအိုင်ကလေး။

ရေကကြည်ကြည်လင်လင်။

ရေတိမ်တိမ်လေးထဲကို ဆင်းပြီးလျှောက်တော့ အေးမြတဲ့ရေအထိကြောင့်စိတ်တွေအလိုလိုလန်းဆန်း

လို့ပေါ့ပါးသွားပါတယ်။

ရေထဲကနေ ဓါတ်ပုံတွေရိုက်ရင်း လှိုဏ်ဂူတော်ထဲကို တရွှေ့ရွှေ့နဲ့တိုးဝင်ခဲ့ပါတယ်။

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့

(23-4-2012)

 

 

 

21 comments

  • kaung kin pyar

    April 26, 2012 at 9:16 am

    လှလိုက်တဲ့ ဒါ့ပုံတွေ ကိုပေါက်ရာ….။ ရေလေးက ကြည်ပြီး အေးနေမှာပဲ…။ ခုလိုနွေရာသီမှာ ဒီလိုနေရာလေးသွားပြီး တစ်လကိုးသတင်းလောက် နားလိုက်ချင်စိတ်တောင် ပေါက်တယ်…။ တစ်ခါမှ မရောက်ဖူးပေမယ့် ကိုပေါက်ပုံတွေကြောင့် ပိတ်ချင်းမြှောင်ကို ခရီးသွားဖို့ ဆုံးဖြတ်လိုက်ပြီ…။ ဘယ်ရာသီလောက်သွားရင် အဆင်အပြေဆုံးလဲ သိချင်ပါတယ်…။

  • etone

    April 26, 2012 at 10:07 am

    လေးပေါက်ရေ … ပိတ်ချင်းမြောင်ကိုတော့ တစ်ခါမှ မရောက်ဖူးသေးဘူး .. သူများတွေ သွားထားတဲ့ ဓါတ်ပုံတွေပဲ တွေ့ဖူးသေးတယ် …. ။ ရေလေးတွေ စီးနေတာ မြင်ရတာ ပျော်စရာကောင်းတယ် ။
    အခုလို ပူပြင်းတဲ့နေရောင်မှာ ရေကြည်စမ်းလေးတစ်ခုမြင်ခွင့်ရတာ … လူလည်း အေးချမ်းသွားပါတယ် ။ ဓါတ်ပုံတွေအတွက်ကျေးဇူးပါ … ။

  • ဗိုက်ကလေး

    April 26, 2012 at 11:19 am

    ကြည့်ရတာ ပျော့်စရာကြီးနော်.အူးပေါက်.
    အူးပေါက်ကော ရေမကူးခဲ့ဘူးလား

  • water-melon

    April 26, 2012 at 11:35 am

    ပူနေတာနဲ့အတော်ဘဲ
    တခါထဲရေချိုးတော့မယ်
    လေးပေါက် အသည်းပုံမတင်သေးဘူးလား

  • ကိုရင်မောင်

    April 26, 2012 at 11:53 am

    စိမ်းစိမ်းစိုစိုနဲ့သွားချင်လိုက်ပါဘိ..
    ခုလိုပူအိုက်တဲ့ရာသီဥတုမှာ အဆင်ပြေဆုံးနေရာလေးတခုပါလား…
    ဓါတ်ပုံတွေကြည့်ရတာသဘောကျတယ်ဗျို့..
    ကျေးဇူးဘဲကိုပေါက်ရေ…..

  • thet pying phyo

    April 26, 2012 at 11:56 am

    Dear Ko Pauk,
    All are very nice photos but you should go and get more photos inside of the cave because there has many nice views and many Buddha Images. I had been to there 3 years ago, it’s so long. I think now will be better views of inside and outside of Cave Paik Chin Myaung. Anyway, i believe you are very clever and also a good photographer.

    • Moe Z

      April 26, 2012 at 1:44 pm

      မလောပါနဲ့ရှင် လေးပေါက်က ခေါင်းစဉ်ကိုတောင် “ပိတ်ချင်းမြောင်သဘာဝလှိုဏ်ဂူတော်…………..အစ” လို့ပေးထားတာ
      နောက်ထပ် အလယ်တို့ အဆုံးတို့ လာဦးမှာပါ
      နောက်နေ့ စောင့်ကြည့် :mrgreen:

  • ဆူး

    April 26, 2012 at 12:06 pm

    ပထမဆုံး ပုံ တိမ်တွေကို နေရောင် တောက်တဲ့ ပုံ ကြိုက်တယ်။

  • Ma Ei

    April 26, 2012 at 12:44 pm

    1. ပုံလေးရဲ့ လှချက်ကတော့ တစ်ကယ်ကို ရက်ရက်စက်စက်ပါဘဲ…
    ဟိုးအရင်ကနဲ့ အခုမှာ တစ်ခေါက်ထက်တစ်ခေါက် ရေတွေနည်းနည်း
    လာတာ သတိထားမိလာတယ်…
    အရင်ကဆို ရေတွေက တဝုန်းဝုန်းနဲ့ကို ကျနေတာ…
    ဂူအပြင် အနောက်ဖက်ကို 15 မိနစ်လောက်တက်သွားရင် သုံးဆင့် ရေတခွန်ကြီးရှိတယ်…
    ခုရေမရှိတဲ့ ရေတခွန်ကြီး ဖြစ်နေပြီ…
    ဂူထဲမှာတောင် 12လက်မပိုက်ကြီးတွေနဲ့ရေသွယ်ပြီး ရေကျသံဖန်တီးထားတာတွေ့ရတယ်…
    ပိုက်ပြာကြီးတွေကို အင်္ဂတေနဲ့ မိချောင်းရုပ်လုပ်ပြီးဖုံးထားတယ်…
    ရေအများကြီးနဲ့ ပိတ်ချင်းမြောင်ကို လွမ်းမိတယ်…

  • ရောင်ခြည်ခ

    April 26, 2012 at 12:45 pm

    ပြင်ဦးလွင်ရောက်ပေမယ့် ပိတ်ချင်းမြောင်မရောက်တာကြာပြီ၊ လေးပေါက်ပုံတွေကြည့်ပြီး သွားချင်လာပြီ၊ ပုံလေးတွေက လှလိုက်တာ…

  • mocho

    April 26, 2012 at 1:01 pm

    သွားခဲ့ ဖူးတဲ့ နေရာ လေးတွေ အလွမ်းပြေ ပြန်ကြည့် ရလို့ကျေးဇူးပါ။ ကျမတို့ သွားတုန်း ကထက် စာရင် ရေ ပို နည်း သွားသလို ပဲ။
    အဲတုန်းက အခကြေးငွေ နဲ့ ကား ငှားတာပေမဲ့ စေတနာ ပါတဲ့ ကန်တော်ကြီး ကန်ပတ်လမ်းမှာ နေတဲ့ ကား ပိုင်ရှင် စာရေးဆရာ တယောက်ကို အမှတ်ရမိပါတယ်။

  • kyeemite

    April 26, 2012 at 2:43 pm

    အိုက်လွန်းလို့ စမ်းရေအေးအေးလေး ဆင်းစိမ်သွားတယ်ဗျို့..

  • moe moe

    April 26, 2012 at 3:00 pm

    ပူအိုက်နေတဲ့ရာသီမှာ ဒီလိုမြင်ကွင်းလေးကိုမြင်ရတော့ ရေချိုးချင်တဲ့စိတ်တအားပေါက်လာမိတယ်။

  • လူ ဟား

    April 26, 2012 at 3:00 pm

    ကိုပေါက်ကတော့ …. တကယ့် professional ပါပဲဗျာ….
    လက်မတွေရော ခြေမတွေရော ထောင်လိုက်သဗျ…
    ပထမဆုံးပုံကို အကြိုက်ဆုံး…. ကျန်တွေလည်း အကြိုက်ဆုံးပဲ…

  • သွားမယ်ဆိုရင်အကောင်းဆုံးကတော့ နွေရာသီပါ။
    ဒီအချိန်မှာရေနည်းပေမယ့် ရေကြည်လင်ပါတယ်။
    မိုးမှာတော့ အသွားရခက်ပြီးရေနောက်ပါတယ်.။
    ပိတ်ချင်းမြောင်ပိုစ်က အားလုံး လေးခုတင်ထားပါတယ်။
    ကြည့်ကောင်းမယ်ထင်သမျှအားလုံးရိုက်တင်ပေးထားပါတယ်။

  • amatmin

    April 26, 2012 at 3:31 pm

    လေးပေါက်ရေ..
    ကျနော်နှစ်စက ရောက်ခဲ့ပါ၏..
    ဓါတ်ပုံတွေလဲ ရျိုက်ခဲ့သေး၏..
    တင်ရန် မရဲ ဖြစ်ခဲ့ပါ၏..
    အခုလေးပေါက်ပုံတွေမြင်ကာမှ..
    မတင်မိတာမှန်လေးခြင်းလို့ သိသွားပါတယ်ဗျ..
    အရင် ပုံတွေတုန်းကတော့ လှတယ်ဆိုရုံပဲ သိတာ..
    အခုက ကိုယ့်ရိုက်တာနဲ့ တူတာတွေ့တော့မှ.ဘာကြောင့်လှမှန်း သေချာသိတာ.. 🙂
    ၁ ရက်နေ့တော့ အနီးကပ်ပညာဆည်းပူးမယ် စိတ်ကူးပါ၏.. 🙂

  • windtalker

    April 26, 2012 at 9:34 pm

    ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ “အနောက်သို ့ခရီးသွားခြင်း” ဇါတ်ဝင်ခန်းတွေ လိုပါဘဲလား

  • TTNU

    April 26, 2012 at 9:44 pm

    ကိုပေါက်ရေ…
    ပုံ(၁)ကိုကြိုက်တယ်။
    ပြီးတော့ ရေများများမြင်ရတဲ့ ပုံ(၁၃)ကိုလညိးကြိုက်တယ်။
    ကျန်တဲ့ ပုံတွေကတော့ ရေနံ့နည်းနေလို့။ 😛

  • ရွာစားကျော်

    April 26, 2012 at 10:12 pm

    လွန်ခဲ့သော ၁၃ နှစ်က သူငယ်ချင်းတွေနဲ့ ရောက်ခဲ့တာ ပြန်လွမ်းမိတယ်ဗျာ..
    ကျေးကျေး လေးပေါက်

  • paukpauk

    April 26, 2012 at 10:19 pm

    ပြီးတဲ့အပတ်ကရောက်ခဲ့သေးတယ်၊ လှိုင်ဂူထဲ ဖိနပ်မစီးရတော့ ခြေချော်မှာရယ် electric danger ရှိတယ်။
    ဂျီနဲ့ဆတ်သားကင်ကတော့ ဆိုင်တွေမှာ အကောင်းဆုံးပဲ

  • surmi

    April 26, 2012 at 11:52 pm

    ရာသီက တော်တော်ပူနေပြီ ။ ပုံလေးတွေကြည်.ရတာအေးလိုက်ပါဘိ ။

Leave a Reply