ကျွန်ုပ်၏ သရဲဖမ်း စွန့်စားခန်း

ဒီတစ်ခေါက် ရွာပြန်ရောက်တော့ သူငယ်ချင်း တစ်ယောက်နဲ့ သရဲ ဖမ်းဖို့အတွက် ကြိတ်ပြီး စီစဉ် ခဲ့ကြတယ်။ ရွာထဲက သရဲ ခြောက်ခံခဲ့ရဖူးသူတွေရဲ့ ပြောစကားအရဆိုရင်တော့ သရဲ ဆိုတာ နီစုပ်စုပ်ကြီး၊ မဲမဲကြီး၊ မျက်လုံး ပြူးပြူးကြီး၊ ဆံပင် ဖားလျားကြီး၊ မျက်နှာပြောင်ကြီး စသည်ဖြင့် အသွင်သဏ္ဍာန် အမျိုးမျိုး ရှိတယ်လို့ ပြောကြတာပဲ။

ကျုပ် သူငယ်ချင်းရဲ့ ကိုယ်တွေ့အရ ဆိုရင်တော့ သူ့ကို ခြောက်တဲ့သရဲက မျက်လုံးပြူးပြူးနဲ့ အဘွားကြီး။ အဲဒီကောင်က ကြောက်တတ်တဲ့ကောင် မဟုတ်တော့ အေးဆေးပဲ။ သူ့နေရာမှာ ကျုပ်ဆိုရင်တော့ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်လို့ ပြောရတော့မှာပဲ။

သူ ခြောက်ခံခဲ့ရတာက နွားစာအတွက် မြက်ရိတ်သွားရင်း ခြောက်ခံခဲ့ရတာ။ ရွာရဲ့ အနောက်ဘက် အတော်လှမ်းတဲ့ နေရာမှာ အနောက်ကုန်း ဆိုပြီး ကျုပ်တို့ ခေါ်တဲ့ နေရာတစ်ခု ရှိတယ်။ အဲဒီနေရာမှာ သရက်ပင်ကြီး တစ်ပင်လည်း ရှိတယ်။ သူက သရက်ပင်ကြီးနဲ့ မလှမ်းမကမ်းမှာ မြက်ရိတ်နေတာ။ မြက်ထုံး တစ်ဝက်လောက်လည်း ရရော အမှတ်တမဲ့ သရက်ပင်ကြီးဘက် လှမ်းကြည့်မိတော့ အလားလား မျက်လုံးပြူးပြူးနဲ့ အဘွားကြီး တစ်ယောက်က ငုတ်တုတ်ကြီး ထိုင်နေတာ တွေ့လိုက်ရောဗျာ။

အဲဒီလို တွေ့လိုက်တော့ ဒီကောင်က သူ့ကို သရဲခြောက်နေမှန်း သိလိုက်ရောဗျာ။ ဒါနဲ့ ဒီကောင်က သရဲ အဘွားကြီးကို လှမ်းပြောတယ်။ “ဟေ့ … နင်က သရဲ၊ ငါက ဘီလူး၊ ငါ့ ကိုက်လို့ကတော့ ငါက နင့် ပြန်ကိုက်မှာပဲ” ဆိုပြီး ပြောရော။ သူနဲ့ အဲဒီ သရဲမကြီးနဲ့က ဆယ်တောင် ဝန်းကျင်လောက်ပဲ ဝေးတာ။ သူက အဲဒီလို ပြောပြီး မြက် ဆက်ရိတ်နေရော။ တစ်ချက်ချက် အဲဒီ သရဲမကြီးဘက် ကြည့်လိုက်တော့လည်း ဒီအတိုင်း ငုတ်တုတ်ကြီးပဲ။ သရဲမကြီးက သူ မြက်ရိတ်နေရင် သူ့ကို စူးစူးကြီး ကြည့်တယ်။ သူက ဖြတ်ခနဲ လှမ်းကြည့်လိုက်ရင် ဟိုဘက်ကို မျက်နှာ လွှဲသွားပြန်ရော။

ဒါနဲ့ ဆယ်မိနစ် ဝန်းကျင်လောက်လည်း ကြာရော။ သရက်ပင်ပေါ်က ဝုန်းခနဲ ပြုတ်ကျသံကြီး ကြားလို့ ကိုယ့်ကောင်က လှမ်းကြည့်လိုက်တော့ သရဲမကြီးက သရက်ပင်ပေါ်က ခုန်ချပြတာဗျား။ သရဲမကြီးက နှစ်ခါ ခုန်ချပြတာ။ ဒီအခါ ကိုယ့်ကောင်က လှမ်းပြောပြန်တယ်။ “ဟေ့ … သိပ်လည်း ခုန်မချနဲ့နော်။ တော်ကြာ ကျိုးကန်နေဦးမယ်” လို့ ပြောတာ။ သူ့ကို အဲလို ခြောက်ခံရတာ မိနစ် နှစ်ဆယ်လောက် ကြာတယ်။ နောက်တော့ သရဲမကြီးလည်း မကြောက်တတ်တဲ့လူကို ခြောက်ရတာ စိတ်ညစ်သွားလို့ထင်ပါ့။ ဒီကောင် ကြည့်နေရင်း ပျောက်သွားလိုက်တာ ပြန်ကို ပေါ်မလာတော့ဘူး။

ဒါက ကျုပ်သူငယ်ချင်း ခြောက်ခံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောပြတာ။ ကျုပ်ကတော့ ကျုပ်သူငယ်ချင်းလိုပဲ ကြောက်ကို မကြောက်တတ်တာ။ တစ်ယောက်တည်းဆို နေ့ခင်း ကြောင်တောင် တောင်မှ ရွာအပြင် မထွက်ရဲဘူး။ အောင်မာ .. ရွာက အချို့ သရဲတွေက လွယ်တာ မဟုတ်ဘူး။ ကျုပ် ရွာမပြန်ခင် သုံးလေးရက် အလိုကပဲ ကျုပ် အမဝမ်းကွဲတစ်ယောက် နေ့ခင်း မွန်းတည့်လောက် အချိန်ကြီး တောထဲက တစ်ယောက်တည်း ပြန်လာလိုက်တာ လမ်း တစ်ဝက်လောက်လည်း ရောက်ရော အမွှေးစုပ်ဖွားနဲ့ မဲမဲအလုံးကြီး သူ့နောက်က လိုက်တာလို့ ထွက်ပြေးလိုက်ရတာ အိမ်ကို ဘယ်ကနေ ဘယ်လို ပြန်ရောက် လာမှန်းတောင် မသိလိုက်ဘူးဆိုပဲ။ တစ်ပတ်လောက် ဆေးကုယူလိုက်ရတယ်။

နည်းနည်း လျှာရှည်သွားပြီ။ ကျုပ်ရဲ့ သရဲဖမ်းပွဲကို ပြောတော့မယ်။ ကျုပ် ရွာပြန်ရောက်ပြီး သုံးရက်မြောက်နေ့မှာ ညဘက်ကြီး ကျုပ်သူငယ်ချင်းက သူ့ဆိုင်ကယ်နဲ့ အိမ်ပေါက်လာတယ်။ သူနဲ့ လိုက်သွားပြီး ဟိုပြောဒီပြော ပြောရင်းက အုတ်ဂူတွေထားတဲ့ ဂူကုန်း ကို သွားဖို့ လုပ်ကြပါရော။ ကျုပ်က အိမ်ပြန်ပြီး ကင်မလာ ယူ၊ ပြီးတော့ ရွာအနောက်တောင်ဘက် အတော်လှမ်းလှမ်းမှာရှိတဲ့ ဂူကုန်း ရှိရာဆီ နှစ်ယောက်သား ချီတက် ခဲ့ကြတယ်။

ရွာကနေ ထွက်တော့ ပထမဆုံး ရွာရဲ့ မဟာ သချိုင်းကုန်းကြီးကို တွေရတယ်။ အဲဒီမှာ ဂူက နှစ်ခုပဲ ရှိတယ်။ သချိုင်းရဲ့ ကြောက်မက်ဖွယ် အမှတ်အသားကတော့ မန်ကျည်းပင်ကြီးတွေပါပဲ။ သချိုင်းနဲ့ ခပ်လှမ်းလှမ်းရောက်တော့ သချိုင်းက သရဲကို ဖမ်းဖို့ အကြံရတာနဲ့ ဆိုင်ကယ်ကို ရပ်ပြီး ပါလာတဲ့ ကင်မလာကို ဆွဲထုတ်လိုက်တယ်။ အနီးရော၊ အဝေးရော ချိန်ကြည့်တယ်။ ဘာမှ ပေါ်မလာဘူး။ မည်းမည်းကို မှောင်လို့၊ ကင်မလာထဲမှာ ပြောတာ။

ဒီအတိုင်း ရိုက်ပြီး ပြန်ကြည့်တယ်။ ဘာမှ မမြင်ရဘူး။ မည်းမည်းကြီးပဲ။ BackLight ထည့်ပြီး ရိုက်ကြည့်တယ်။ ရှေ့နား ကွက်ပြီး လင်းလင်းကြီး ဖြစ်နေတာက လွဲလို့ ဒုံရင်းက ဒုံရင်းပဲ။ ကျုပ်ရဲ့ ကင်မလာ အစွမ်းကလည်း ဒါအကုန်ပဲမို့ ရှေ့ဆက် ချီတက်ဖို့ ဟန်ပြင်လိုက်ရတယ်။ ကျုပ်က သချိုင်းကို လှမ်းရိုက်တော့ ကုန်းလေးပေါ်ကို တက်ပြီး ရိုက်ရတာ။ ဆိုင်ကယ်ကိုတော့ အောက်မှာ ရပ်ခဲ့ရတာပေါ့။ ကျုပ်ကောင်က ကုန်းပေါ်ကို ဆိုင်ကယ်တင်ပြီး ဆိုက်ကယ်မီးနဲ့ ထိုးပြီး ရိုက်ပါ့လား လို့တောင် အကြံပေးသေးတယ်။ ကျုပ်က ကြောက်တတ်တဲ့ကောင် မဟုတ်တော့ မလုပ်ပါနဲ့လို့ပဲ ပြောလိုက်ရတယ်။ တော်ကြာ မှောင်ကြီးမဲကြီးထဲမှာ ကျုပ်တို့ နှစ်ယောက်တည်း၊ ရောက်နေတဲ့နေရာကလည်း သချိုင်း၊ တော်ကြာ ဆိုင်ကယ်မီးတဲ့ သူတို့ရဲ့ ဗိမ္မာန်ကို ထိုးရပါ့ဆိုပြီး နောက်က လိုက်လာမှဖြင့် ဒုတ်စ။ ဒါနဲ့ ရည်မှန်းချက် ဂူကုန်းဆီ ချီတက်ခဲ့ကြတယ်။

ဂူကုန်း ရောက်ပြီ။ စောစောကလိုပဲ ရိုက်ကြည့်တယ် မည်းမည်းကြီးပဲ။ သာမန် မျက်စိနဲ့ မြင်ရပေမယ့် ကင်မလာထဲမှတော့ ဘာမှ မပေါ်။ ကိုယ့်ကောင်က ငါ ဆိုင်ကယ်မီးနဲ့ ထိုးပြမယ်ဆိုပြီး ဂူကုန်းကို မီးနဲ့ ထိုးပြရော။ ကျုပ် နည်းနည်းတော့ လန့်နေရတယ်။ လန့်လန့်နဲ့ပဲ ရိုက်ကြည့်တယ်။ မည်းမည်းကလွဲ၍ နတ္ထိ။ ဒါနဲ့ ဆိုင်ကယ်ကို ကုန်းလေးပေါ်တင်ပြီး ထိုးပြတယ်။ ရိုက်ကြည့်တယ်။ အိုကေမှာ စိုပြေသွားပီ။ ပေါ်လာပါပြီ။ ကျုပ်အလုပ် တစ်ဝက်အောင်မြင်သွားပြီ။ ဂူပေါ်မှာ ထိုင်နေမယ့် သရဲတွေများ တွေ့ရမလားလို့ ပုံထဲမှာ Zoom ဆွဲကြည့်တယ်။ မပါလာပါဘူး။ အဲဒီက သရဲတွေ ဘယ်နေရာ သွားမွှေနေလဲ မသိ။ ခါတိုင်းဆို အဲဒီနားက တစ်ယောက်၊ နှစ်ယောက်လောက် သွားလို့ကတော့ ခြောက်ခံရပြီ။ ခုတော့ တစ်နေရာသွားနေလို့ထင့်။ အမှောင်ရဲ့ ကြီးစိုးမှုအောက်က ဂူလေးတွေသာ ထင်ဟပ်ခဲ့ပါတယ်။

တစ်ဝက် အောင်မြင်လည်း ပြီးတာပဲ ဆိုပြီး ကျုပ်တို့ တပ်ခေါက် ပြန်ခဲ့တယ်။ ကျုပ်က နောက်က စီးရတဲ့လူ ဆိုတော့ နောက်ကျောက ကြက်သီး တဖြန်းဖြန်းနဲ့ပေါ့။ ဒါနဲ့ မျက်စိကို မှိတ်ပြီး ဘုရားစာတွေ စိတ်ထဲက ရွတ်ရင်းနဲ့ စီးခဲ့ရတယ်။ အရေးထဲ ကိုယ့်ကောင်က သဘာဝကျကျ အီးအီးပါချင်လို့ ဆိုပြီး လမ်းတစ်ဝက် မှောင်မှောင် မဲမဲထဲမှာ ဆိုင်ကယ် ရပ်ပြီး အီးအီးပါလိုက်သေး။ နံလိုက်တဲ့ အီး။ ကြက်သွန်ဖြူ အစွမ်းတဲ့ဗျာ။ ကဲ … ပြီးပါပြီ။ ဒါကတော့ ကျုပ်ရဲ့ သရဲသွားဖမ်းတဲ့ စွန့်စားခန်းပါပဲ။

 

နေ့ခင်းဘက် မြင်ရတဲ့ ဂူကုန်း

 

ဒါပဲ .. ဒါပဲ .. ကျုပ် စွန့်စွန့်စားစား သရဲသွားဖမ်းခဲ့တဲ့ နေရာ ..

 

နေဝင်ရီတရောအချိန်မှာ မြင်တွေ့ရတဲ့ ရွာင်္သချိုင်း

 

ရွာသူားအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာစေကြောင်း ဆုတောင်းလျှက် ….

အားလုံးကို ခင်တဲ့
အံစာတုံး

46 comments

  • Gipsy

    April 22, 2012 at 2:28 pm

    ကျနော် ဖတ်ဖူးခဲ့တဲ့ အကြောင်းအရာလေး ပြောပြပါမယ်…
    ထေရဝါဒ ဗုဒ္ဓဘာသာ ကျမ်းစာတွေမှာတော့ တစ္ဆေတွေ သရဲတွေ ခြောက်ခံရလို့ ကိုင်တွယ်ဖြေရှင်းပုံတွေ အမြောက်အများရှိပါတယ်၊
    ဘုရားရှင် လက်ထက်တော်အခါကပေါ့ တပည့်ရဟန်း ၅၀ဝ တောထဲကို တရားထိုင်ကြွကြပါတယ်၊ တောထဲလဲရောက်ရော သရဲ တစ္ဆေတွေက အနံ့ဆိုးတွေပေး ကိုယ်ထင်တွေပြ ကိုယ်ပြတ်
    ခေါင်းပြတ်တွေလုပ်ပြီး ခြောက်လှန့်တော့ ရဟန်းတော်တွေ တရားအားထုတ်လို့ မရကြတော့ပါဘူး၊ ဒါနဲ့ ဘုရားရှင်ဆီ ပြန်ကြွလာကြပြီး သူတို့တွေ့ကြုံရတဲ့ အဖြစ်အပျက်တွေကို လျှောက်ထားတော့
    ဘုရားရှင်က မေတ္တာသုတ်ကိုသင်ပေးပြီး အဲဒါကိုရွတ်ဆို သွားကြလို့ လမ်းညွှန်တော်မူခဲ့ပါတယ်။

    တပည့် ရဟန်း ၅၀ဝ လဲ ဘုရားရှင်လမ်းညွှန်တဲ့အတိုင်း မေတ္တာပို့ပြီး တောထဲပြန်ကြွသွားခဲ့တယ်၊ မေတ္တာပို့အပြီး မေတ္တာသုတ်ရွတ်အပြီးမှာ ခြောက်လှန့်တာတွေ ကိုယ်ထင်ပြတာတွေမရှိတော့ပါဘူး၊
    ကိုယ်ထင်ပြတယ် ၊ ခြောက်လှန့်တယ်ဆိုတာက အမျှဝေတာ ၊ မေတ္တာပို့တာ ခံယူချင်လို့ ဖြစ်ကြောင်း
    မြတ်စွာဘုရားရှင် က ပြသတော်မူခဲ့ပါတယ်…။

    • မဟာရာဇာ အံစာတုံး

      April 22, 2012 at 2:53 pm

      ခုလို ဝေမျှပေးတာ ရှဲရှဲပါ Gipsy ရေ …
      သရဲ၊ တစ္ဆေတွေက အမျှဝေတာ ခံချင်လို့ ကိုယ်ထင်ပြတာ ဆိုပေမယ့် …
      သူတို့ ရုပ်တွေက ဆိုးဝါးလွန်းတော့ အမျှဝေဖို့ နေနေသာသာ ဖနောင့်နဲ့တင်ပါး တစ်သားတည်း ကျအောင်ကို ထွက်ပြေးကြတာ များပါတယ် … 😀

  • ရဲစည်

    April 22, 2012 at 4:06 pm

    တူက တရဲဖမ်းတလိုလိုနဲ့ ရွာထဲက ကင်မလာမင်းဒွေဂို နှပ်တွားတာ…. 🙂 မဟါယာဆာ အန်ဆာဒုံးဒဲ့ ချောတ်ဖပ်ရှိလို့ ဆဲ့နဖပ်များရှိရင် ဗလိုလုပ်မဒုန်း…..ပြေးပီ ပကျိ..ပကျိ

    • မဟာရာဇာ အံစာတုံး

      April 22, 2012 at 8:18 pm

      ကျုပ်က ရွာထဲက ကင်မလာမင်းဒွေဂို ဘာဖစ်လို့ နှပ်ရမှာတုံး …
      ကျုပ် မကျွမ်းကျင်တဲ့ အဖြစ်ကို တင်ပြထားတာပါ ဘိုးတော်ရဲ့ …
      နေဦး … ဒါတွေ ဘာကြောင့်လဲဆိုတာ ဖေဂျီးနဲ့တွေ့မှ မေးရဦးမယ် …..

  • ဗိုက်ကလေး

    April 22, 2012 at 4:52 pm

    အမဲသားတို ့ ဝက်သားတို ့နဲ ့ မြှူဆွယ်ပြီး ဖမ်းကြည့်ပါလား..မြင်ဖူးတယ်ရှိအောင် ရိုက်ပြကြပါအုံး.ဆြာတို ့ရဲ့

    • amatmin

      April 22, 2012 at 5:10 pm

      နောင်ခါသွားဖမ်းလို့များ..သရဲကိုချုပ်ဖို့လူလိုရင်
      အားကောင်းမောင်းသန် ကပေါက်ဖော်ကြီးကိုခေါ်သွားလိုက်ကြပါဗျ..
      သူက သရဲအခြောက်ခံ ချင်နေတာရယ် :p 😛

      • ဗိုက်ကလေး

        April 22, 2012 at 5:17 pm

        သရဲတော့ချုပ်ရဲပါတယ်
        ကျားဖင် မချုပ်ခိုင်းတာပဲ ကျေးဇူးတင်လှပါဘီအူးလေးရယ်

        • မဟာရာဇာ အံစာတုံး

          April 22, 2012 at 8:36 pm

          အလို ..
          တို့များရဲ့ တိုတိုဗိုက်က အားကောင်းမောင်းသန် ဆိုပါလားကွဲ့ ..
          သရဲလည်း ချုပ်ရဲတယ် ဆိုတော့ ..
          တိုဗိုက်ရေ ..
          နောင်အခါ သရဲသွားဖမ်းရင် လိုက်ခဲ့နော် … လို့ …

  • aye.kk

    April 22, 2012 at 5:34 pm

    သူရဲဆိုတာ..
    တကယ်ရှိလားလို ့ဆိုပြီး ..
    ညညသန်းခေါင်ယံအချိန်တွေမှာ..
    ခြံနောက်ဖေးထဲ မိဘတွေမသိအောင်ထထပြီးရှာကြည့်ဘူးတယ်..
    မှောင်ရိပ်ကကြီးစိုးပြီးလေအတိုက်မှာဖရောင်းတိုင်မီးကငြိမ်းသွားတယ်..
    ဘာမှမတွေ ့ရလို ့သူရဲရှိတယ်ဆိုတာကိုမယုံကြည်ခဲ့ဘူး..
    အရာရာအားလုံးကိုကိုယ့်မျက်စိနဲ ့မြင်တွေ ့ရမှ ယုံကြည်တဲ့ကျမက..
    ခုထိသူရဲဆိုတာကိုတကယ်မမြင်ဘူးသေးပါဘူး..
    အခုကျမနေတဲ့ပတ်ဝန်းကျင်က
    လူတွေအားလုံးလိုလိုသူရဲအခြောက်ခံတဲ့သူချည်းဖြစ်နေတယ်
    ကျမအခုထိအကောင်အထည်မမြင်ဘူးပေမယ့်
    သူရဲရှိတာကိုယုံကြည်ခဲ့မိတယ်။
    ငယ်ငယ်ကနားမလည်လို ့သူရဲတွေ ့ဘူးချင်ပေမယ့်
    အခုနားလည်တဲ့အရွယ်မှာတော့ကြောက်တယ်။
    ကျမကိုဆရာအချို ့ကသူရဲရှိကြောင်းလက်တွေ ့စမ်းသပ်ပြဘူးလို ့ယုံကြည်ခဲ့တယ်။
    အကောင်အထည်နဲ ့ပြတာမျိုးတော့မဟုတ်ဘူးပေါ့နော်..
    အေးနေတဲ့ရေကိုပွက်ပွက်ဆူလာအောင်၊စလောင်းဖုံးကိုပြင်ညီပြားမှာအလိုလိုခုန်နေစေတာမျိုးပါ။

    • မဟာရာဇာ အံစာတုံး

      April 22, 2012 at 8:45 pm

      အမအေးရေ …
      ကျနော်နဲ့ အမအေးကတော့ ပြောင်းပြန်လို့ ပြောရမလားပဲ ..
      ကျနော်က ငယ်ငယ်ကဆို သရဲ အရမ်း ကြောက်တတ်ခဲ့တာ ….
      မှောင်ပြီဆို အိမ်ပေါ်ထပ်တောင် တစ်ယောက်တည်း တက်ရဲခဲ့တာ ဟုတ်ဘူးရယ် ..
      ခု ကြီးလာမှ ကြောက်ခဲ့ရတဲ့ သရဲဆိုတာ ဘယ်လိုမျိုးလည်း ဆိုပြီး တွေ့ဖူးချင်တာလာဗျို့ ….

      • laypai

        April 23, 2012 at 5:30 pm

        ဟုတ်တယ် ငယ်ငယ် က သာ သရဲ ကြောက်တာ၊ဘယ်လောက် ကြောက် ဆို ကြမ်းကြား အပေါက် က ထွက်လာမှာ စိုးလို့ ရှောင်ထိုင်တာ ဗျာ။
        အရွယ် ရောက်လာတော့ သရဲ ကို ကြောက်ရမှန်း ကို မသိတော့ တာ။သန်းခေါင် သန်းလွဲ ည ၁ နာရီ ၂ နာရီ အချိန်မတော် လျောက်သွားနေတာ။
        ရွတ်ပြီး သရဲရှာ တာတို့ ဘာတို့ တော့ မလုပ်ဖူးဘူး ပေါ့။
        ကျုပ် တကယ် ကြောက်တာ က မြွေ ဗျ။ ဒါကြောင့် ညဘက် ဘယ်သွားသွား တောဘွတ် လို့ ခေါ်တဲ့ ဖိနပ်ရှည် စွပ်ပြီး အမြဲ သွားတယ်။

  • Onyx

    April 22, 2012 at 6:00 pm

    သူရဲကို အဲလိုပဲ ဖမ်းလို့ရကလား မသိလို့ပါ။ သူရဲတွေဘာတွေက ကံနိမ့်သူတွေကိုပဲ ခြောက်နိုင်တာလို့ ပြောတယ်ဗျ။ ကိုအန်ဇာတုံးက ကံမြင့်နေချိန်မို့နေမှာပေါ့ ။
    နောက်တစ်ခါ ကံနိမ့်အောင် လုပ်ပြီးမှ သွားကြည့်ပါလား ။ တွေ့လောက်တယ် ဗျ ။

    • ချာလီဂဇက်ဒလဝမ်

      April 22, 2012 at 7:21 pm

      ကံနိမ့်စေအောင် ဘယ်လိုလုပ်ရမယ် အံဇတုံးကို အကြံပေးလိုက်ပါဦး။ 😛

      • မဟာရာဇာ အံစာတုံး

        April 22, 2012 at 8:59 pm

        ကိုယ့်ကိုယ်ကို ကံနိမ့်အောင်တော့ လုပ်ပါရစေနဲ့ဗျာ ..
        လတိုင်း ထီထိုးတာတောင် တစ်ခါမှ မပေါက်ဖူးလောက်အောင် ကံနိမ့်နေတဲ့ကောင် ..
        ဒီထက်သာ ကံနိမ့်ရလို့ကတော့ အင်း … 😀
        အခြား နည်းလမ်းလေးများ ရှိရင်တော့ ပေးပါဦးလို့ …

  • water-melon

    April 22, 2012 at 6:18 pm

    တောင်မ နောက်တခါ ဖမ်းရင်နာလည်း လိုက်ခဲ့မယ်
    နာ သရဲအလုပ်ခံချင်လို့ မှားလို့ အခြောက်ခံချင်လို့နော်
    နောက်ဆိုအတူတူသွားမယ် 😀

    • မဟာရာဇာ အံစာတုံး

      April 22, 2012 at 9:03 pm

      အိုကေ ..
      အဖော်တစ်ယောက်တော့ ထပ်ရပြီ ..
      ပေါက်ဖော်က သရဲချုပ် ..
      ဖရဲသီးက သရဲ အလုပ်ခံ .. အဲ .. ဟုတ်ပါဘူး ..
      ဖရဲသီးက သရဲကို ဇွဲကြီးကြီးနဲ့ ဆွဲခေါ်လာမယ် …
      အိုကေပြီ …
      ___________
      ူဂူပေါ် တက်ထိုင်နေတာ နာ မဟုတ်ဘူး ..
      ဆိတ်ကျောင်းသားတွေ .. ဟဲ့ ..

  • water-melon

    April 22, 2012 at 6:21 pm

    တောင်မ အပေါ်ဆုံးပုံက
    ဂူပေါ်တက်ထိုင်နေတာ ညည်းလား

  • ကြောင်ကြီး

    April 22, 2012 at 6:41 pm

    အေးလကွာ… ဒင်းက ရွာဓာ့ပုံဆြာဒွေကို ကားဆော်လိုက်တာဘဲ..။ ကင်မလာရှိရင် ဓာ့ပုံဆြာဖြစ်တယ်ပေါ့..။ အမြန်ပြန်တောင်ပံလိုက်ပါ။

    • မဟာရာဇာ အံစာတုံး

      April 22, 2012 at 9:10 pm

      လွန်တာရှိ ဝန္တာမိ
      ဘိုးတော်ကြောင်က ထင်လွဲဘိ
      ကျုပ်မှာတော့ ဒီအကဲမရှိ …
      ဟိ .. ဟိ .. ဟိ .. ကွိ ..
      😀

  • နေဝန်းနီ

    April 22, 2012 at 9:42 pm

    အံမရေး…။ အဲသဟာကြောင့် ဘာကိုမှမျှော်လင့်ချက်ကြီးကြီးမထားပါနဲ့လို့ ပြောတာ …။ ငါ့မှာအေ….။ ဘာများဖစ်မရဲ …။ တရဲ ဘယ်နကောင်မိမရဲနဲ့ မျှော်ရင့်လိုက်ရာ ပီးဒေါ့လည်း ဗာမ မရုတ်ဘူး…။ အီရယ်ရယ်နဲ့…။ ပီးရော………..

  • Mလုလင်

    April 22, 2012 at 11:18 pm

    မြင်တဲ့ တစ်နေ့ ယုံ ရမှာပါ … ညီရေ … စိတ်ပျင်းပြလွန်းအားကြီး ရင် တစ်နေ့ တွေ့ ရမှာ ပေါ့ … အားပေးနေတယ် နော့

  • ကိုအံစာတုံးကတော့ဗျာ. ဆိုင်ကယ်မီးထိုးထားတော့ မီးစားပြီးပိုလှနေမှာမို ့ပေါ်မလာတာနေမှာပါ။
    ညဖက်ကြီးဘဲသွားသွား၊နေ ့ဖက်ဘဲသွားသွားပါ တွေ ့ဖို ့ရာလွယ်မယ်မထင်ပေါင်

  • ပေစိ

    April 23, 2012 at 12:45 am

    သရဲသည် သူ့ထက်ရုပ်ဆိုး သူ့ထက်မိုက်သူများထံမှ အမျှမရနိုင်၍ မခြောက်ပါ း )

  • koaung

    April 23, 2012 at 6:28 am

    သရဲကြောက်ရအောင် သတ်မှတ်အရည်အချင်းပြည့်လို့ထင်ပါ့ သရဲထွက်မလာတာ (မတော်လို့တမင်နောက်တာနော်) :mrgreen:

  • kyeemite

    April 23, 2012 at 9:16 am

    အံဇာမရေ..နင့်ရုပ်ကသရဲထက်ပိုဆိုးဒေါ့
    သရဲကဘယ်ထွက်လာရဲပါ့မလဲ..
    ကောင်မ ရွာပြန်လက်ဆောင်လေးတွေ ဝေအုံးလေ..

    • မဟာရာဇာ အံစာတုံး

      April 23, 2012 at 7:57 pm

      @နေဝန်းနီ

      အူးရေးဂလည်း ..
      သများလည်း ဖမ်းဒါဘဲ ..
      မိမှ မမိတာကို ..
      အဟိ .. 😀
      ________________________

      @Mလုလင်

      အကိုရေ ..
      ညီ အဖြစ်က သရဲဆိုတာကို တွေ့လည်း တွေ့ချင် ..
      အဲ .. တကယ်လို့ ဘွားခနဲ တွေ့လိုက်ရင် ..
      လန့်များ လန့်သွားလေမလား ဆိုပြီး .. 😀
      အဲလို ဖြစ်နေတာဗျ ..
      တကယ်တော့ ကျွန်တော် သရဲတွေ့ချင်တယ်၊ သရဲကို ဓာတ်ပုံ၊ ဗီဒီယိုနဲ့ မှတ်တမ်း တင်ချင်တယ် ဆိုတာဟာ ဒီကမ္ဘာကြီးထဲမှာ အဲလို မမြင်ရတဲ့ အရာတွေ ရှိနေသေးတယ် ဆိုတာကို အများ သိစေချင်တာပါ … လို့ …
      __________________________________

      @ကိုနာဂ

      ဟုတ်တယ်ဗျ …
      တွေ့ချင်တဲ့လူကျ တွေ့ဖို့ရာ လွယ်ဘူးဗျ ..
      ________________________________

      @ပေစိ

      တွားပီ … တွားပီ …..
      နာ့ကိုယ်နာ ချောဒယ်လို့ ထင်နေတာ ..
      ဒီပေချိ နဲ့တွေ့မှ …
      အဟင့် .. ဟင့် ..
      😀 😀
      ___________________________

      @ကိုအောင်

      အင်း .. အရည်အချင်း မပြည့်လို့ ..
      သရဲက ကျုပ်ကို မပြတာပဲ နေမှာ .. 😀
      _____________________________

      @မိကြီးမိုက်

      ရော့ … အင့် …
      ရွာပြန်လက်ချောင်တွေ … 😀
      ရွာမှာ နွေဆို သိဒဲ့အတိုင်း ထန်းလျက်ပဲ ရှိတာ …
      လက်ချောင်အတွက် ယူလာဒယ် ..
      တကယ် စားချင်ရင် မကုန်ခင် ပြော ..
      ဒါဗြဲ … 😀

      ခင်တဲ့ ….
      အံစာတုံး

  • kai

    April 23, 2012 at 10:20 am

    ဓါတ်ပုံထဲပါရင်ပြောဗျာ..
    ဈေးကောင်းပေးဝယ်မယ်…

    ဗီဒီယိုပါရိုက်လိုက်..
    ပို့ပိုဈေးကောင်းပေးမယ်..
    အထောက်အထားခိုင်လုံရင်.. ယူအက်စ်က.. လူတအုပ်လိုက်.. လွှတ်ပေးလိုက်မယ်..

    သူတို့သာခေါ်သွားလိုက်.. လေ့လာလို့ရအောင်စီစဉ်ပေးလိုက်..။
    တသက်စာ.. ထိုင်စားလို့ရပြီမှတ်… မှတ်…။ :mrgreen:
    တရားကျင့်သလို.. ဖြည်းဖြည်းချင်းမှတ်..
    ထွက်လေ..ဝင်လေနဲ့ ညှိပြီးမှတ်..
    သရဲ..သရဲ.. ဘဝ..ဘဝ.. ငွေ..ငွေ..ဘဝ..ဘဝ.. အဲလိုပေါ့…
    အဲ..
    တဆွေလုံးတမျိုးလုံး.. နတ်ပြည်ရောက်ပြီမှတ်.. မှတ်.. 😆

    • ထုံးဘဲဥ

      April 23, 2012 at 3:36 pm

      တဂယ်ကျောတာရား တဂျီးမင်း
      ဖမ်းမိတဲ့မချိန်မှ မသိချင်ယောင်ဆောင်မနေရဘူးနော်
      စိတ်ဆိုးပလိုက်မှာ ဒါဗြဲ….. 😆

    • မဟာရာဇာ အံစာတုံး

      April 23, 2012 at 8:37 pm

      ဒို့သဂျီးကတော့ လုပ်ပြီ … 😀
      အမှန်တော့ ကျုပ် စွန့်စားခန်းက သဂျီး အတွက် ရည်ရွယ်ပြီး စွန့်စားခဲ့တာပဲဗျ ..
      ဓာတ်ပုံထဲ သရဲ ပါမလာတာတော့ အချိန်မကျသေးလို့ပဲ မှတ်လိုက်တယ်ဗျာ ….
      တကယ်လို့ ပါလာခဲ့ရင်လည်း ဘာမှ ပေးစရာလိုပါဘူးဗျာ …
      ရော့ … အင့် ဆိုပြီး သဂျီးကို ပေးထည့်လိုက်မှာ ..
      ဒီလောက်တောင် မယုံချင်တာ ဆိုပြီး … 😀

      • kai

        April 24, 2012 at 3:19 am

        အေးဗျာ…
        မိလို့ကတော့…
        .. လူသားတွေ.. အင်တာနက်ထက်ကောင်းတဲ့ နည်းပညာကြိးရအောင်အသုံးချပေးမလို့ပါ..
        သေသေချာချာ ဆန်းစစ်သူတွေလက်ထဲအပ်ပေးမှာပါ..
        စိတ်ချ..။ 😆

        နိုဗဲလ်ဆုရမှာလည်း.. သေချာပါတယ်..
        တယောက်တဝက်ဆုတက်ယူတာပေါ့…။ :mrgreen:

    • Novy

      April 24, 2012 at 9:54 am

      အပိုဝင်ငွေလေရအောင် ညည ကင်မရာလေကိုင်ပြီ
      သရဲထွက်ဖမ်းမှပဲ

    • R Ga

      April 24, 2012 at 2:39 pm

      တောက်တဲ့ မဖမ်းတော့ဘူး သူကြီးပြောသလို သရဲပဲလိုက်ဖမ်းတော့မယ်။
      တောက်တဲ့က ကောင်ကြီးမှ ဈေးကောင်းရတာ။ သရဲဆိုရင် ကြီးကြီးသေးသေးရတယ်မဟုတ်လား။

    • R Ga

      April 24, 2012 at 2:40 pm

      တောက်တဲ့ မဖမ်းတော့ဘူး သူကြီးပြောသလို သရဲပဲလိုက်ဖမ်းတော့မယ်။
      တောက်တဲ့က ကောင်ကြီးမှ ဈေးကောင်းရတာ။ သရဲဆိုရင် ကြီးကြီးသေးသေးရတယ်မဟုတ်လား။ ဈေးကဘယ်လောက်ပေးမှာတုန်းဆိုတာပြောဦး

  • ဗိုက်ကလေး

    April 23, 2012 at 10:26 am

    ဟုတ်တယ် သရဲပြေး အံချာဒုံးရေ
    ရွာပြန်လက်ဆောင် ပုန်းရည်ဂျီးတို ့ အိုးရည်ဂျီးတို ့.ဘာဂျီးညာဂျီးတို ့ လက်ချောင်လေးဘာလေးညာလေး မပါဘူးလားကွဲ ့

    • koaung

      April 23, 2012 at 10:31 am

      အော်ဘိုက်ကလေးအတွက်တဲ့ အန်စာတုံးကိုဆားနဲ့နယ်ပြီးအခြောက်လှမ်းထားတာဆိုလား (အနံ့အသက်ပြင်းတာလေးပါအဆစ်ဆိုပဲ)
      :mrgreen:

      • ဗိုက်ကလေး

        April 23, 2012 at 12:23 pm

        အူး…အူးလေးဒို ့ကလဲ..
        များ..များကိုဘဲ..ဝိုင်း.ဝိုင်း..ဖဲ့နေကြတော့ဒါဘဲ
        ဂယ်ဘဲ..ဂယ်ဘဲ ..နိုင်ဘူး

        • မဟာရာဇာ အံစာတုံး

          April 23, 2012 at 8:47 pm

          တိုတိုဗိုက်ရေ ..
          သများတို့ချီမှာ ပုန်းရည်ဂျီတော့ ရှိဘူး ..
          ဟိုအရည်တော့ ချိတယ် ..
          ထန်းရည်ခါးခါး .. ဘဝဟာ .. ထန်းရည်ခါး .. အားပါးပါး …
          😀
          တကယ် ပါလာတာတော့ ထန်းလျက်များပါပဲလို့ ….
          စားချင်ရင်ပြော ..
          အညာထန်းလျက် စစ်စစ် .. ရေမရောဘူး .. 😀

  • pooch

    April 23, 2012 at 1:58 pm

    တကယ့် သူရဲတော့ မြင်ရတော့မယ် ဆိုပြီး ဝင်လာလိုက်တာ ခုတော့ … 😀

    ဒါပေမဲ့ ကွန်းမန့်တွေ ဖတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် ရယ်မိသွားသလို စိတ်တွေတောင် ပေ့ါပါးသွားသလိုပါပဲ ။
    ခုတလော စာတွေ ဖတ်ပြီး မရယ်နိုင်ဖြစ်နေတာ ဒီပိုစ့်ဖတ်မှပဲ စိတ်တွေ ပေါ့သွားတယ်။

    ဒါနဲ့ ခုလို သာ မမြင်ရတာ။ သူရဲမက ဂုတ်ခွစီးရင် စီးထားမှာ Shutter ထဲကလို။ ကိုယ့်ကိုယ်ကို ဓာတ်ပုံပြန်ရိုက်ကြည့်အုန်းနော် ညဘက်ဆို ။ 😀

    • မဟာရာဇာ အံစာတုံး

      April 23, 2012 at 9:26 pm

      လုပ်ပါနဲ့ ဒေါ်ပုချ်ရယ် .. 😀
      တော်ကြာနေ ဂုတ်ပေါ်က သရဲကို တွေ့ဘဲနဲ့ ..
      ကိုယ့်ကိုယ်ကို ပြန်လန့်နေရပါဦးမယ် …

      ဒေါ်ပုချ်ရေ ..
      ကျုပ်တို့ကတော့ သိဒယ်မဟုတ်လား …
      ပေါက်ဖော် ပြောသလို ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းနေကြသူတွေ ဆိုတော့ ..
      ဒေါ်ပုချ်တစ်ယောက် စိတ်တွေ ပေါ့သွားတယ်ဆိုလို့ ဝမ်းသာမိဂျောင်းပါလို့ …

  • ထုံးဘဲဥ

    April 23, 2012 at 3:52 pm

    အံချာဒုံးရေ့
    သများတို့လည်း လိုက်ခဲ့မယ် သရဲမတွေ့လို့ကတော့ ဘီကီနီ ဝတ်ခိုင်းပြီး ဒါ့ပုံရိုက်ပလိုက်မယ် 😆

  • etone

    April 23, 2012 at 4:43 pm

    အံစာတုံးရေ …. ညဘက်င်္သချိုင်းသွားရဲတဲ့ သတိ္တကိုတော့ ချီးကျူးပါတယ် … ။
    သရဲထက် ရိုက်လုမယ့် လူများ ရှိနေလျှင် မခက်ပေဘူးလား … ။ နောက်တစ်ခါ ဆို လူစုလူဝေးနဲ့ သွားပါ … ဆိုက်ကယ်တစ်စီး တန်ဖိုးမပြောနဲ့ …. ပိုက်ဆံ ငါးထောင်အတွက်တောင် ရိုက်လုတဲ့ အဖြစ်တွေ ရှိနေတာကြောင့်ပါပဲ … ။

  • ရောင်ခြည်ခ

    April 23, 2012 at 6:10 pm

    သရဲများထွက်လာမလားလို့ သရဲပါမလာတဲ့ ဓါတ်ပုံလေးတွေကြည့်သွားပါတယ်နော်၊
    ဟိုတစ်လောက ဒီဘက်မှာ အကျွတ်အလွတ်ပွဲလုပ်တယ်၊ မီးအားလုံးပိတ်ပြီး ဗွီဒီယိုရိုက်ထားတယ်ပြောတယ်၊ နေသာကျောင်းက ဆရာတော်ဦးစီးပြီးလုပ်တာပေါ့၊ အသိဦးလေးတစ်ယောက်ကတော့ ခွေရရင်ပေးမယ်တဲ့ သရဲရယ်လို့တော့မဟုတ်ဘူး၊ ဖြူဖြူအရိပ်လိုမျိုး ပါတယ်လို့တော့ပြောတာပဲ၊ ခွေကတော့ ရောင်းမယ်ပြောတယ်၊ သေချာမေးကြည့်ဦးမယ်၊ ဟုတ်ရင် သူကြီးဆီကို ပို့ပြီး ရောင်းအုံးမှ….. 😛

  • မှော်ဆရာ

    April 24, 2012 at 2:02 am

    ညပိုင်း သူရဲသွားဖမ်းတဲ့ပွဲ မအောင်မြင်ခဲ့ဖူးပေါ့…
    ဘယ်အောင်မြင်မလဲ
    သူရဲဖမ်းတာ မှော်ဆရာမှ ကျွမ်းတာ

  • မှော်ဆရာ

    April 24, 2012 at 2:18 am

    မှော်ဆရာ သူရဲဖမ်းခန်း မကြာမှီလာမည် မျှော် ……

  • မဟာရာဇာ အံစာတုံး

    April 24, 2012 at 7:39 pm

    @ထုံးဘဲဥ

    လိုက်ခဲ့ဗျို့ ..
    သရဲတောင် ဘီကီနီ ဝတ်ပြီး ဒါ့ပုံရိုက်မယ့်လူကို
    ဘယ် မခေါ်လို့ ဖြစ်ပါ့မလဲ .. 😀
    ______________________

    @etone

    အမ အိတုံရေ ..
    ခုလို သတိပေးတာ ကျေးကျေးပါဗျာ ..
    သားတို့ တောဘက်တွေမှာ
    အရင်တုန်းကတော့ အဲလို လုယက်မှုတွေ ရှိခဲ့ပေမယ့်
    ခုတော့ မရှိသလောက်ကို ရှားသွားပါပြီ ..
    အင်း .. သို့ပေသိ ပြောလို့တော့ ရဘူးပေါ့လေ …
    _____________________

    @ရောင်ခြည်ခ

    အဲဒီခွေအတွက်
    ကျနော်လည်း ကြိုပြီး ဘိုကင် လုပ်ထားလိုက်မယ်နော့ ..
    😀
    _____________________

    @မှော်ဆရာ

    အားပေးဖို့ စောင့်မျှော်နေပါတယ်
    ဆရာမှော်ရေ ..
    အကြံရပြီ၊ နောင်အခါ သရဲသွားဖမ်းရင်
    ဆရာကို ပင့်သွားရမယ် ..
    ___________________

    အားလုံးကို ခင်တဲ့ ..
    အံစာတုံး

  • Khaing Khaing

    April 24, 2012 at 8:38 pm

    ကိုကြီးအံရဲ့ ရွာပြန်လက်ဆောင်လေးကို သည်းထိပ်ရင်ဖိုပါပဲနော် …….. ကြောက်လိုက်တာ အခုက ညဘက်ဆိုတော့ ပိုဆိုးတယ် ………. နောက်ထပ်ရိုက်ထားတာတွေရှိရင်လည်းတင်ဦးနော် ………. ဒီပို့စ်ကို မနေ့ကတည်းက တဝက်ဖတ်ထားတယ် မအားလို့မမန့်လိုက်ရဘူး အခုမှမန့်တာ ……

    ခင်မင်ရင်းနှီးစွာဖြင့်
    Khaing Khaing

Leave a Reply