ခွက်ကပ်စား

zaylayJune 13, 20101min490

အိမ်သူသက်ထားက ဆီတစ်ဆယ်သားလောက် ထွက်ဝယ်ပေးပါဆိုတာနဲ ့ လမ်းထိပ်က ကုန်စုံဆိုင်လေးဆီရောက်ခဲ့တယ်။

ရောက်မဆိုက်ပါပဲ ဆိုင်ရှင် ဒေါ်တင်မြရဲ ့ ဗျစ်တောက်ဗျစ်တောက်အသံကို ကြားလိုက်ရတယ်။

“ ဟဲ့ ဒီကောင်လေး ဘယ်တော့ပြောပြော အမှတ်မရှိဘူး အိုးကပ်ခွက်ကပ်တွေ လူးမစားပါနဲ ့ဆိုတာ ဘယ်နှစ်ခါပြောရမလဲ ငါလုပ်ထည့်လိုက်ရရင်တော့ ဟင်း “

“ ဒေါက် “

“ ဟီး “

လက်မြန်ခြေမြန်ရှိသောဒေါ်တင်မြက ပါးစပ်ကလည်းပြော လက်ကလည်း ဒယ်အိုးတစ်လုံးတွင် ထမင်းကြမ်းများ လူးနယ်၍ စားနေသော သားတော်မောင်
ဖိုးတုတ်၏ခေါင်းကို ခေါက်လိုက်သေးသည်။

“ ဒေါ်တင်မြ ဘာဖြစ်လို ့လဲဗျ “

“ အော် စာရေးဆရာပါလား .. ကျမသား ဖိုးတုတ်ပေါ့ အိုးကပ်ခွက်ကပ်တွေ မစားပါနဲ ့ဆိုတာ အမြဲပြောနေရတယ် အခုလည်းကြည့်လေ ဒီလောက်ပြောဆိုဆုံးမနေတဲ့ကြားက
စားနေသေးတယ် စာရေးဆရာလည်း ကြားဖူးမှာပေါ့
အိုးကပ်ခွက်ကပ်စားရင် ဆင်းရဲတတ်တယ်ဆိုတာလေ ဒီကောင်လေး ဒီလိုခဏခဏလုပ်နေလို ့
ကျမတို ့
့ ဈေးရောင်းတဲ့ဘဝက မတက်တာ “

“ အင်း .. ကြားတော့ကြားဖူးတယ် “

“ ဒါနဲ ့ စာရေးဆရာ ဘာအလိုရှိလို ့လဲ “

“ ဆီတစ်ဆယ်သားလောက်ပါဗျာ “

“ ခဏလေးနော် ရမယ် .. ဟဲ့ ဖိုးတုတ် ဒီမှာစာရေးဆရာကို ဆီတစ်ဆယ်သား ချင်ပေးလိုက်စမ်း “

ဒေါ်တင်မြ သူ ့သားကို လှည့်ခိုင်းပြီး လုပ်လက်စတွေ ဆက်လုပ်နေတယ်။

ဖိုးတုတ်ထမင်းစားနေရာမှ ထလာပြီး ကျွန်တော်ပေးတဲ့ ဆီပုလင်းလေးထဲ ဆီတစ်ဆယ်သားကို ဆီချင်ခွက်ထဲက ကုန်သည်အထိ စိတ်ရှည်လက်ရှည် ထည့်ပေးတယ်။

ထို ့နောက် .. ဆီဖိုးကျသင့်ငွေရှင်းပြီး ဆိုင်မှပြန်အထွက် မလှမ်းမကမ်းအရောက်မှာ ဆိုင်ထဲက လွင့်ထွက်လာတဲ့ ဒေါ်တင်မြရဲ ့ အသံကြောင့် ကျွန်တော့်မှာ ပြုံးရမလိုလို
မဲ့ရမလိုလို …

“ ဖိုးတုတ်တို ့ကတော့ လုပ်ချလိုက်ပြန်ပြီ ဆီချင်တယ်ဆိုတာ ဆီခွက်ထဲက ကုန်အောင် ချင်ထည့်ရသလားသေနာလေးရဲ ့ ဟိုတစ်ယောက်ရှေ ့မှာမို ့လို ့ ငါမပြောတာ တကထဲ
သူ ့ပထွေးကျနေတာပဲ ဆီတစ်စက်မကျန်အောင် ထည့်ပေးနေလိုက်တာ
ဒီပုံစံအတိုင်းရောင်းရရင်
ငါတို ့မွဲရောပေါ့ .. မသေမချင်းမှတ်ထား ဆီရောင်းတယ်ဆိုတာ အဲဒီ ခွက်ကပ်လေးပဲ
စားရတာဟဲ့ “

ဥယျာဉ်မှူးလေး