ဦးတေဇသားများနှင့်ဖိုးလပြည့်အကြောင်း

phone_kyawApril 23, 20121min19214

သူတို ့အဖွဲ ့ပြောနေတဲ့စကားတွေက ဘယ်တော့မှ ဒေါ်လာ ငါးသန်းအောက်မရှိဘူး။ သူတို ့ရဲ  ့ကားတွေကလည်း ဒေါ်လာ လေးငါးသန်းတန်ကားတွေဖြစ်တဲ့ဖရာရီ (Ferrari) ကားတွေဆိုတော့ အင်ဂျင်ပါဝါအရမ်းကောင်းပါတယ်။ သူတို ့ဘေးမှာကလည်း စကတ်တိုတို နဲ ့အရမ်းကိုလှတဲ့ကောင်မလေးသုံးလေးယောက်ကလည်း မှုးယစ်ရီဝေနေတဲ့မျက်လုံးတွေနဲ ့။ အားလုံးလိုလိုက အနောက်တိုင်းစတိုင် မြူးကြွတဲ့တေးသီးချင်းတွေနဲ ့ ပျော်ရွှင်နေကြတဲ့အချိန်။ အချိန်က ညသန်းခေါ်ယံ။ နေရာက မင်္ဂလာဒုံလေယျာဉ်ကွင်း။ ဒီအချိန်မှာ သူတို ့က ဘာလို ့လေယျာဉ်ကွင်းကိုလာတာလဲလို ့မေးစရာရှိတယ်။

သူတို ့ရဲ  ့ကားတွေက နောက်ဆုံးပေါ်အကောင်းဆုံးကားတွေဖြစ်တော့ အရမ်းမြန်တယ်။ အင်္ဂျင်ပါဝါကောင်းတော့ အသံတွေက ဂျက်လေယျာဉ်အလားပဲ။ ဒီတော့ ဒီကားတွေနဲ ့ရန်ကုန်မြို  ့ပေါ်က ရှိသမျှလမ်းတွေပေါ်မှာ တစ်ခုမှ သူတို ့ကားတွေနဲ ့မကိုက်ဘူး။ အဆင်မပြေဘူး။ ကားမောင်းပြိုင်ရင် လမ်းကောင်းတာကို ရှာဖွေရတယ်။ သူတို ့ကားတွေအတွက် လမ်းကောင်းတဲ့နေရာက ရန်ကုန်မင်္ဂလာဒုံလေယျာဉ်ကွင်းတစ်ခုပဲရှိတယ်။ လေယျာဉ်ပြေးလမ်းပေါ်မှာ ကားမောင်းပြိုင်တာက အန္တာရယ်လည်းကင်းတယ်။ ဒ့ါကြောင့်မရွေးချင်ပဲ ရွေးရတဲ့လေယျာဉ်ကွင်းဖြစ်တယ်လို ့သူတို ့တစ်စုက ကျနော့်ကိုရှင်းပြပါတယ်။

” ခင်ဗျားတို ့ကို လေယျာဉ်ကွင်းရဖို ့ဘယ်သူက ခွင့်ပြုတာလဲဗျ”

“ဒါများအဆန်းလုပ်လို ့။ လေတပ်ဦးစီးချုပ်ဆီကို ဖုန်းဆက်လိုက်ရင်ပြီးတာပဲ”

ညသန်းခေါင်ယံမှာ လေယျာဉ်အတက်အဆင်းမရှိတော့ဘူးဆိုတော့ သူတို ့တစ်စုကားမောင်းပြိုင်ကြပါတယ်။ သူတို ့ဆိုတာက သူဌေးကြီး ဦးတေဇသားများနှင့် ဗိုလ်ချုပ်ကြီးသန်းရွှေရဲ  ့အချစ်ဆုံးမြေးဖိုးလပြည့်တို ့ပဲဖြစ်ပါတယ်။ သက်တော်စောင့်တွေဖြစ်တဲ့ ဗလကောင်းကောင်း ခပ်မိုက်မိုက်မျက်နှာနဲ ့လူတွေကလည်း သူတို ့ဘေးမှာ ရပ်နေကြပါတယ်။ အားလုံးရဲ  ့ဂျိုင်းအောက်မှာ သေနတ်ကိုယ်စီနဲ ့ဆိုတော့ ကြည့်ရတာ အင်မတန်ကို အသက်ဝင်တယ်။ အားလုံးက ဘုန်းကြီးကျောင်းမှာ တရားအားထုတ်နေတာမဟုတ်တော့ အပြုံးကိုယ်စီမရှိကြပါဘူး။ မျက်နှာတိုင်းက ခပ်တည်တည်နဲ ့။

ဒေါ်လာသုံးသန်းကြေး ကားမောင်းပြိုင်ပွဲတစ်ခုကို ကမ္ဘာပေါ်က အဆင်းရဲဆုံးတိုင်းပြည်မှာ ကျင်းပနေတာကို စာဖတ်သူများအခုမှ သိကြတာတော့မဟုတ်ပါဘူး။ ဒီဖြစ်စဉ်တွေကလည်း မကြာခဏဖြစ်တတ်ပါတယ်လို ့ဆိုပြီး သူတို ့ဘေးနားက သက်တော်စောင့်ကြီးက ရှင်းပြပါတယ်။

“ဒေါ်လာသုံးသန်းကို ဘယ်လိုမျိုးပေးလဲ။ ငွေအိတ်နဲ ့ပေးတာလား။ ချက်လက်မှတ်နဲ ့ပေးတာလားဗျ” ကျနော်က အရပ်ခြောက်ပေလောက်ရှိတဲ့ ဗလကောင်းကောင်း သက်တော်စောင့်ကြီးကို ဆက်မေးတော့….

“ငွေပေးတာမဟုတ်ဘူးဗျ။ လေနဲ ့ပေးတာ။ သူတို ့အဖေတွေ အဘိုးတွေဆီကိုပြောလိုက်ရင် ဒေါ်လာသုံးသန်းတန်လုပ်ကွက်ရတယ်။ သုံးသန်းတန်လုပ်ပိုင်ခွင့်ကိုပေးတာ”

ဒီညကောင်းမောင်းပြိုင်ပွဲပြီးရင် ကျနော်တို ့ နိုက်ကလပ်ကိုဆက်သွားမယ်။ အဲဒိမှာ အရက်သောက်ကြမယ်လို ့ဆိုပြီး သက်တော်စောင့်တွေက ရှင်းပြတယ်။ သက်တော်စောင့်က တစ်ယောက်နှစ်ယောက်မဟုတ်ပါဘူး။ အားလုံးရဲ  ့အဝတ်အစားတွေဟာ ဆင်တူတွေချည်းပဲ ဝတ်ထားတော့ အင်မတန်ကြည့်ကောင်းပါတယ်။

လေယျာဉ်ကွင်းမှာပြိုင်တဲ့ပွဲမှာ ဘယ်သူတွေနိုင်သွားလဲဆိုတာကိုတော့ မသိချင်ပါနဲ ့။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်မပြောချင်လို ့ပါ။

ပွဲလည်းပြီးရော သူတို ့လူစု နိုက်ကလပ်ဆီကို ချီတက်ကြပါတယ်။

ဩစတျေးလျကနေ ရန်ကုန်ကို အလည်လာတဲ့ ကျနော်လည်း နိုက်ကလပ်တက်ပါတယ်။ ကျနော်သောက်နေတဲ့ စားပွဲဝိုင်းကို VIP ဝိုင်းလို ့ခေါ်တယ်။ ရှေ  ့ဆုံးတန်းရဲ  ့သုံးဝိုင်းမြောက်ပွဲမှာ ကျနော်တစ်ယောက်တည်း ထိုင်သောက်နေမိတယ်။

ကျနော်တစ်ယောက်တည်း ကြောင်တောင်တောင်ဖြစ်နေတဲ့အချိန်။ ဘာလို ့လဲဆိုတော့ ကျနော့်စားပွဲကလွဲရင် ဘယ်သူမှ VIP ဝိုင်းမှာ မထိုင်နိုင်ပဲ ရိုးရိုးစားပွဲတွေမှာသာ သူတို ့ထိုင်ပါတယ်။ ဒေါ်လာနဲ ့ရှင်းရတဲ့နေရာမို ့အင်မတန်ဈေးကြီးပါတယ်။ ဩစတျေးလျမှာလည်း ဒေါ်လာသုံးတာဆိုတော့ ကျနော့်အတွက် မထူးဆန်းပါဘူး။ စားပွဲပေါ်မှာ Black Label တစ်လုံးနဲ ့ ချိစ်ကိုက်ပြီး ရင်သားလှလှ၊ တင်သားလှလှတွေကို ထိုင်ပြီး ရှု  ့စားနေတဲ့အချိန်မှာ ကျနော့်ရှေ  ့က မြင်ကွင်းတွေက ရုတ်တရက် ပျာယာခတ်သွားကြတာကို သတိထားမိတယ်။

ဗလကြီးကြီး၊ အရပ်အမောင်းကောင်းကောင်းနဲ ့လူသုံးယောက်က ရှေ  ့ဆုံးတန်းက VIP စားပွဲခုံ လေးငါးလုံးကို တစ်ခုံတည်းဖြစ်အောင်စုစည်းလိုက်တယ်။
စားပွဲပေါ်မှာ Gold Label သုံးလုံးကို ဒေါင်လိုက်ထောင်လိုက်ပါတယ်။ တစ်လုံးကို ဒေါ်လာနှစ်ရာလောက်ပဲတန်တယ်။ ကျနော့် ဘလက်လေဘယ်က ငါးဆယ်ကျော်ပဲတန်တော့ သူတို ့ထက်ဈေးနည်းတယ်။ သက်တော်စောင့်သုံးယောက်ထဲကနှစ်ယောက်က နိုက်ကလပ်ထဲမှာ အရက်ဝိုင်းကို စောင့်နေပြီး သူတို ့ဆရာအတွက် အသင့်ပြင်ထားပေးရတယ်။ ကျန်တဲ့တစ်ယောက်က အပြင်ကိုထွက်ပြီး ဒေါ်လာလေးငါးသန်းတန်တဲ့ ဖရာရီကားနားကို သွားပြီး အဆင့်ဖြစ်နေပြီဖြစ်ကြောင်း သတင်းပို ့တယ်။ တံခါးဖွင့်ပေးတော့ လူငယ်တစ်ယောက် ရုပ်ခပ်ဖြောင့်ဖြောင့်နဲ ့ကားပေါ်က ဆင်းလားတယ်။ သူ ့ဘေးမှာ သက်တော်စောင့်သုံးလေးယောက်။ ဘေးနားမှာက ခပ်ချောချောကောင်မလေးတစ်စု။ Sexy ခပ်ကျကျ အဝတ်အစားတွေနဲ ့။ သူတို ့လူတစ်စု နိုက်ကလပ်ထဲကို ဝင်လာတယ်ပြီး အဆင်သင့်ပြင်ထားတဲ့ Gold label ဝိုင်းမှာထိုင်ပြီး ပျော်ပါးကခုန်ကြတာကို သူတို ့အနောက်ကနေ ကြည့်နေမိတယ်။ အားကျလိုက်တာ။ ကံကောင်းလိုက်တဲ့ လူငယ်တွေ။

သက်တော်စောင့်တစ်ယောက်နဲ ့ကျနော် ငယ်ငယ်ကတည်းက သူငယ်ချင်းတွေပါ။ သူက ခရာတေးကစားတာ အလေးမတာကို ဝါသနာပါတဲ့လူ။ အရပ်ကလည်းကောင်း ဗလကလည်းကောင်းတော့ သူ ဒီအလုပ်ကို ရတာထင်တယ်။ သူဒီအလုပ်လုပ်နေမှန်း ကျနော်မသိဘူး။ ကျနော်တွေ ့တွေ ့ချင်း သူ ့နိုက်ကလပ်ထဲမှာ နုတ်ဆက်ပါတယ်။

“ဟေ့…ဘဲကြီး ဘယ်တုန်းက ရန်ကုန်ကို ပြန်ရောက်နေတာလဲဗျ”

“ပြီးခဲ့တဲ့ အပတ်က ရောက်တာ။ မင်းက ဒီမှာ ဘာလုပ်နေတာလဲ”

” ဦးတေဇသားတွေကို သက်တော်စောင့်လုပ်နေတာ။ နောက်မှ စကားပြောမယ်ဗျာ။ အခု အလုပ်မအားသေးလို ့”

သူ အလုပ်များနေတော့ ကျနော်နဲ ့ကောင်းကောင်းစကားမပြောဖြစ်ပါဘူး။ ကျနော်လည်း သောက်စား ကခုန်ပြီး တွေ ့တဲ့ကောင်မလေးတစ်ယောက်နဲ ့ကျနော်တည်းခိုတဲ့ ဟိုတည်းကို ပြန်လာပြီး အပန်းဖြေခဲ့ပါတော့တယ်။

မှတ်ချက်။   ။ ကျနော့်အတွေ ့အကြုံမဟုတ်ပါဘူး။ သူငယ်ချင်းရဲ   ့အတွေ ့အကြုံ အဖြစ်မှန်ကို ပြန်လည်ရေးသားထားချင်းဖြစ်ပါတယ်။

Thanks for sending!!!
Phone Kyaw

 

14 comments

  • ကိုရင်မောင်

    April 23, 2012 at 9:49 am

    အင်…ဒီအကြောင်းတွေခုမှဘဲသိရတယ်
    ကျေးဇူးဘဲကိုဘုန်းကျော်ရေ …

    • phone_kyaw

      April 23, 2012 at 10:11 am

      နိုင်ငံတကာ ပေါက်ဈေးမဟုတ်ပါ။ အပြင်ပေါက်ဈေးနဲ ့နိုက်ကလပ်က ပေါက်ဈေးမတူပါဘူး။ ဥပမာ အရက်တစ်လုံးကို အပြင်မှာ ငါးဆယ်ဆိုရင် နိုက်ကလပ်ထဲမှာ တစ်ရာလောက်ပေါက်ပါတယ်။ နောက်ပြီး ကားဈေးလည်း ဒီအတိုင်းပါပဲ သူကြီး။ နိုင်ငံတကာမှာ သုံးသိန်းတန်ရင် မြန်မာပြည်မှာ သုံးသန်းလောက်တန်နေပါတယ်။ သူငယ်ချင်းကပြောတဲ့ အချက်အလက်ကတော့ အားလုံးသိတဲ့အတိုင်း ချင့်ပြီး ယုံပေါ့ဗျာ။

  • Gipsy

    April 23, 2012 at 10:05 am

    ကိုဘုန်းကျော်ကတော့ လေနဲနဲလျှော့လိုက်တယ်နဲ့တူရဲ့….
    ဒါတောင် အကြွားပြော မလျှော့သေးဘူး…ခိခိ…
    ဒါနဲ့… ဂေဇက် မင်းသားမင်းသမီးတွေနဲ့ တွေ့ဆုံမဲ့ ကိစ္စကရော…
    အစီစဉ်လုပ်ပြီးပလား….။

  • Onyx

    April 23, 2012 at 10:15 am

    အဲဒီ လူ့ချဉ်ဖက်တွေတော့ ပြောကို မပြောချင်တာ ။ ဒီလောက်ဆင်းရဲတာကို အဲလိုကားတွေ စီးပြီး အပျော်များလုပ်နိုင်ကြသေး ။ သူတို့ သုံးတာရဲ့ 10 ပုံ တစ်ပုံလောက်သာ ပြည်သူအတွက် ပေးကြည့်ပါလား
    ပညာရေးအတွက်ပဲ ဖြစ်ဖြစ် ကျန်းမာရေး အတွက်ပဲ ဖြစ်ဖြစ် အခုတော့ ……………..

  • ba gyi

    April 23, 2012 at 10:17 am

    ဟေ့ ကဖုံးကျော် အားကျဘို့ရေးတာလား၊
    ဒေါပွ ဘို့ ရေးသလား
    ကျုပ်တော့ ဗိုက်ထဲ လေတွေပွထလာပြီ— ကဲ ။
    အဲဒါဘယ်ဒုန်းကအဖြစ်အကြောင်းအရာတွေလည်း—- လက်ရှိအကြောင်းအရာပဲလား၊တိတိကျကျလေးပြောဘာအုန်း။
    အဲ ပြည်လမ်းမပေါ် မပြိုင်တော့ပဲ လေယာဉ်ကွင်းထဲ ဆိုဒေါ့ ၊ ညဘက်ကားစီးပြည်သူတွေတော့အန္တရာယ်
    တော့ကင်းသွါးသပေါ့။ကွင်းထဲမယ်ဒေါ့ သူ့တို့ဟာသူတို့ကားချင်းတိုက်တိုက်၊မှောက်မှောက်၊မသာပေါ်ပေါ်
    သူ့သေကွင်းနဲ့သူလို့သာသဘောထားလိုက်ပါဗျား။

  • etone

    April 23, 2012 at 11:14 am

    ဖတ်လာတာ … ဩစီတွေ ဘာတွေ ပါတယ် .. VIP တွေ ဘာတွေလည်း ပါတယ်ဆိုတော့ .. ဒီလူ လွှတ်ကြွားပြန်ပြီလို့ … အထင်နဲ့ …. နောက်ဆုံးကျမှ .. သူငယ်ချင်းရဲ့ အတွေ့ ကြုံဆိုပါလား … ဟိဟိ 😀

    ဖတ်ရတာ .. လိမ်စဉ်ကြီးထင်တယ် …
    ကိုဘုန်းကျော် သူငယ်ချင်းက … သူများတွေ ညဘက် ပြိုင်ကားမောင်းတဲ့ လေယာဉ်ကွင်းကို ဘာသွားလုပ်ပါလိမ့် … ။ ဘယ်လို အခွင့်ထူးခံ လူတန်းစားမို့ ….. ဝင်ခွင့်ရခဲ့ပါလိမ့် ..စဉ်းစားစရာပါပဲ … ။
    သူတို့သက်တော်စောင့်တွေနား … အနီးကပ်ခွင့်ရရုံတင်မက … သက်တော်စောင့်တွေနဲ့ … စကားတောင်ပြောခဲ့သေးတယ် .. ဒါကလည်း မဖြစ်နိုင်တဲ့ အချက်ပါ ။ နောက်ပြီး ကလပ်ရောက်တော့ … သက်တော်စောင့်တွေက စားပွဲအရင်လာဆက်ရတယ် .. ကိုယ်တော်တွေက ကားထဲကစောင့်ရတယ် … ဒါလည်း မဖြစ်နိုင်ပါဘူး … သွားနေကြကလပ်ဆိုရင်တောင် ဖုန်းလှမ်းဆက်ထားတာနဲ့ ဝိတ်တာတွေက ဒီလိုဆားဗစ်မျိုး ကြိုလုပ်ပေးထားနိုင်ပါတယ် … ။ သာမန်လူတွေတောင် ဒီလိုပဲ ကြို ဘိုကင်လုပ် ထားကြရတာလေ .. ။ အောက်ဆုံး အပိုဒ်မှာလည်း … ဘဲကြီးလို့ နှုတ်ဆက်တဲ့ သက်တော်စောင့် …. အဲ့လူက .. ခုနက လေယာဉ်ကွင်းမှာ ရှင့်သူငယ်ချင်းနဲ့ မဆုံခဲ့ရဘူးမှတ်တယ် အဟဲ 😆

  • cobra

    April 23, 2012 at 12:59 pm

    ဒေါ်လာသုံးသန်းကြေးတဲ့
    ဘုရားးးးဘုရားးးးးးးးးးး
    ပေါနေကြပါလား
    လုပ်ပိုင့်ခွင့်တွေ လုပ်ကွက်တွေပေးတယ်တဲ့
    သူတို့ကလုပ်ချင်တိုင်းလုပ်နေကြပါလား။

  • jujuma

    April 23, 2012 at 1:32 pm

    လေယာဉ်ကွင်းမှာတင်မဟုတ်ပါဘူး မြို့ထဲ မှာ ဆို ညဉ့်နက်ပိုင်းဆိုရင် ပြိုင်ကားမောင်းနေသံတွေ ကြားနေရပါတယ်.. မောင်းတာကလည်း မိန်းကလေး ခပ်မိုက်မိုက်တွေဆိုပဲ …သူတို့ ကားမောင်းဖို့ ကမ္ဘာအေးဘုရားလမ်းတို့ ရွှေတိဂုံဘုရားလမ်းတို့ဆို ဘဲဥတွေက ညဘက်လမ်းရှင်းပေးရတယ်ဆိုလားပဲ …
    ကားတွေကို ဆင်ပေးတာကတော့ မြေနီကုန်း က ဦးတေဇ ခြံမှာလို့ ကြားပါတယ်…
    အဲဒါတွေက ကားပြိုင်ပွဲမလုပ်ခင်က သတင်းတွေပါ ..ခုတော့ ပါဝါ နဲနဲ ကျသွားလို့ ဘာသတင်းမှမကြားရတော့ပါ….

  • ဇွဲမာန်အောင်

    April 23, 2012 at 2:23 pm

    မကြားဖူးတာတွေ ကြားနေရပါလား

  • sugar sugar

    April 23, 2012 at 2:58 pm

    သမ္မတကြီးပြောပြောနေတဲ့ ဒီမိုကရေစီ ဆိုတာ သူ့တို့အတွက်ပဲလားနော်

  • htoosan

    April 23, 2012 at 8:31 pm

    ချင့်ယုံလို့ပြောထားပေလို့ သာ ပေါ့ ။
    မစ်စတာကျော် မူးမူးနဲ့ ကြားဘူးလိုက်တာလေး အစထုတ်ဆွဲရေးလိုက်တာနေမှာပါ ။
    Ferrari က သူကြီးပြောသလို ဒေါ်လှ နှစ်သိန်းကျော်ပါဘဲ ။။ ဒီမှာ ဘယ်သူမှလဲ ဝယ်မစီးလို့ ဘယ်သူမှ လေးငါးသန်းပေးမစီးပါဘူး ။ စီး နိုင်သူတွေ အားလုံးက ဆရာကြီးတွေမို့ ကိုယ်တိုင်သွင်းစီးကြတာမို့လို့ ဘယ်လိုမှ Ferrari က လေးငါးသန်းဖြစ်မလာပါဘူး .. ကြည့်ရွှီး ဦး .. 😀
    နိုက်ကလပ်ဆိုတာလည်း ယုံချင်ပါဘူး .. သူတို့ က အပြင်မှာထိုင်မလား .. ရှယ်vip ခန်း ထဲမှာ ထိုင်မလားဆိုတာ ကိုယ့်ဘာသာကိုယ်တွေးကြည့်တော့ ။
    လေယာဉ်ကွင်းမှာ ကားပြိုင်တာက လွဲရင် ကျန်တာတော့ ဇတ်လိုက်ကြီး ထုံးစံအတိုင်း …… 😀

    အခုကျွန်တော်ရေးမှာလည်း ချင့်ယုံ ။ ကျွန်တော်လည်း သူများပြောသံကြားဘူးတာ .. Fullmoon ကား ဟုတ်မဟုတ်တော့ သေခြာမသိပေမဲ့ မြန်မာပြည်မှာ Ferrari က သုံးစီးဘဲရှိတယ်လို့သိရပါတယ် ။ဦးတေဇရယ် ၊ ကျောက်သူဌေးတစ်ယောက်ရယ် နောက်တစ်ယောက်တော့ မသိဘူး လို့ ကားစိတ်ပါဝင်စားသူ လူငယ်တစ်ဦးက ပြောပြပါတယ် ။

    ဦးတေဇ ဆီမှာ ဒေါ်လှ နှစ်သန်းကျော် တန်တဲ့ Buggatti , Veyron ,Mansory Edition တစ်စီး ၊နဲ့ အခြား
    Lambarghini (Murcielago) တစ်စီး ၊Nissan (GTR) , Mercesdes (SL63 AMG) , Rolls Royce (Ghost) , Maybach တစ်စီး ဆီတို့ ရှိကြောင်းလည်း ကား ရူးသူတွေ သှုှဘာကားတွေ ရှိလည်းသတင်းဖလှယ်နေကြတဲ့ သူတွေဆီက သိရတာဘဲ။

  • Patriotic Burma

    April 24, 2012 at 12:38 am

    Wah ha ha!HEy man it’s not funny.A fake story *:)

Leave a Reply