Ending Of Psycho Angel ” (ဖြစ်ရပ်မှန်)

zaylayJune 13, 20101min460

အရမ်းကိုမျှော်လင့်ခဲ့ရတဲ့ မေမေ့ဆီက ချစ်ခြင်း.. ဂရုစိုက်ခြင်း… နဲ့ နွေးထွေးခြင်းတွေ မရနိုင်ခဲ့တော့

ကိုယ့်ကို နွေးထွေးမှု ဂရုစိုက်မှု ချစ်ခင်အလေးပေးမှုတွေ ပေးလာတဲ့ လူတွေ့ရင်

သံယောဇဉ်တွယ်တတ်ခြင်းတွေနဲ့ အသားကျခဲ့တဲ့ မေမိုးဘဝထဲကို

အမှတ်မထင်လူတစ်ယောက် ဝင်လာခဲ့ပါတယ်

…….KKMA……

မေမိုးနားကို ချဉ်းကပ်လာတဲ့ သူစိမ်းယောကျာ်းတွေထဲမှာ မေမိုး စိတ်မဝင်စားဆုံး ယောကျာ်းတစ်ယောက်ပေါ့

ဒါပေမယ့် သူ…. မေမိုးကို အရမ်းချစ်ပြီး အရမ်းဂရုစိုက်တယ်

မေမိုးအမြဲလိုချင်နေခဲ့တဲ့ နွေးထွေးမှု ကြင်နာမှုတွေ ပေးနိုင်တဲ့လူတစ်ယောက်ပေါ့

ဒါဟာ…… ကံကောင်းခြင်းလား……..? ကံဆိုးခြင်းလား……. ?

မေမိုး သူ့ကို အမျိုးမျိုး စမ်းသပ်ခဲ့ပါတယ်…

တကယ်ချစ်ခဲ့တာလား…. ဟန်ဆောင်ကောင်းခဲ့တာလား….

အခုထိ မေမိုး မသိသေးပါဘူး

ပိုင်ဆိုင်ချင်တာ အချစ်ဆိုရင်……

ကိုယ့်ဘဝထဲမှာရှိနေစေချင်တာ အချစ်ဆိုရင်…..

မေမိုးသူ့ကိုချစ်ခဲ့ပါတယ်

မေမိုးကို အရမ်းဂရုစိုက်ပြီး အရမ်းချစ်တဲ့ KKMA ကို မေမိုးဘဝထဲမှာ ရှိနေစေချင်တယ်

မေမိုး… သူ့ကို ပိုင်ဆိုင်ချင်လာတယ်

……. ဒီလိုနဲ့ပဲ မေမိုး သူ့ကို လက်ထပ်ခဲ့ပါတယ် …….

အံ့ဩစရာကောင်းတာက လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာ သူလုံးဝပြောင်းလဲသွားခဲ့တယ်

(သိပ် တစ်ကိုယ်ကောင်းဆန်တဲ့ သူစိမ်းတစ်ယောက်လိုမျိုးပေါ့)

ဒီထက်ပို အံ့ဩစရာကောင်းတာက မေမိုး မေမေ ပါပဲ

မေမိုး မင်္ဂလာဆောင်ခါနီး ရက်တွေမှာ နေ့တိုင်း ငိုတယ်တဲ့လေ

(နောက်မှ ပြန်သိရတာပါ)

အချစ်ဆိုတာဘာလဲ……… အခုထိ နားမလည်နိုင်သေးဘူး

မေမေ က မေမိုးကို ချစ်ခဲ့ရင် ဘာလို့ ဂရုမစိုက်ခဲ့တာလဲ… ?

KKMAက မေမိုးကို မချစ်ခဲ့ပဲနဲ့ ဘာလို့ ဂရုစိုက်ပြခဲ့ရတာလဲ… ?

မေမိုးကို အရမ်းချစ် အရမ်းဂရုစိုက်ပြီး အရမ်းအနစ်နာခံရင် အဲဒီလူကို မေမိုးပိုင်ဆိုင်ချင်တဲ့ အားနည်းချက်က

အခုတော့ မေမိုးဘဝတစ်ခုလုံးကို မယုံနိုင်လောက်အောင် ပြောင်းလဲသွားစေခဲ့သလို

ပြင်ဆင်မရနို်င်တော့တဲ့ အမှားတစ်ခုကို ကျုးလွန်မိခဲ့စေပါတယ်

အခုတော့ တစ်ဘဝလုံးအတွက် မေမိုး ယုံကြည်ထားခဲ့သမျှ

အရာအားလုံး လွဲမှားနေတယ်ဆိုတာကို ဘဝနဲ့ ရင်းပြီးမှ သိခဲ့ရပါပြီ

အထင်လွဲနေခဲ့မိတဲ့ မေမေ့ကိုလည်း စိတ်ထဲကနေ အကြိမ်ကြိမ် အခါခါ တောင်းပန်နေမိသလို

အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး သိပ်ကို ဟန်ဆောင်ကောင်းခဲ့တဲ့ KKMA ကိုလည်း စိတ်ကုန်နေမိတယ်

အေးမြလှတဲ့ မိဘရင်ခွင်ကိုပစ်ပြီး

သူစိမ်းတစ်ယောက်ရဲ့ ရင်ခွင်ထဲ ခွဲထွက်လာမိခဲ့တာကို

အခုတော့ နောင်တရနေပြီ

……မေမေ…….

အခွင့်အရေးတစ်ခုသာ ရခဲ့မယ်ဆိုရင်……..

မေမိုးလိုချင်တဲ့ ချစ်ခြင်းတွေ နွေးထွေးမှုတွေ ဂရုစိုက်မှုတွေ အမှန်တကယ် မပေးနိုင်တဲ့

ဒီလူရင်ခွင်ကနေ ရုန်းထွက်လိုက်ချင်တယ်လို့ပြောရင်

မေမိုးရဲ့ ခံစားချက်ကို နားလည်ပေးနိုင်မလား….

မေမိုးချစ်တဲ့ မေမေနဲ့ဖေဖေ ???

သူငယ်ချင်းတွေထဲမှာ မေမိုး လို ခံစားဖူးတဲ့ သားသမီးတွေပါခဲ့မယ်ဆိုရင် မေမိုးလို အမှားမျိုးအတွက် ဆင်ခြင်နိုင်စေချင်လို့ မျှဝေပေးခြင်းဖြစ်ပါတယ်…..

သူငယ်ချင်းအားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ

Ecue

🙂