သာယာသော စည်ကားသော အေးချမ်းသော လာသင့်သော……………..ပိတ်ချင်းမြောင်

1 ကြည်လင်တဲ့ရေကိုမြင်ရတော့ စိတ်ထဲမှာအလိုလိုပျော်လာသလိုပါဘဲ
2 ကလေးဆိုတော့ရေမြင်တာနဲ့ဆော့ချင်တာဘဲလေ
3 သာယာပြိးရူ့ခင်းလှတော့ ဓါတ်ပုံရိုက်သူတွေများတယ်ပေါ့
4 အဆင့်ဆင့်စီးနေတဲ့ လှိုဏ်ဂူထဲက ထွက်လာတဲ့ရေတံခွန်အသေးစားလေး
5 တကယ်လို့များ လက်ဆော့ပြီး ပုံကြီးချဲ့တင်လိုက်ရင် ရေတံခွန်အကြီးကြီးလို့ထင်သွားနိုင်ပါတယ်
6 ကလေးလေးရေဆော့တာမြင်တော့ ဖေဖေလဲ မနေနိုင်သားကို ရေထဲချပေးရပါတော့တယ်
7 ရေထဲဆင်းဆော့နေတဲ့ မိသားစု တကယ်ကို အေးတဲ့ရေဗျာ
8 စည်ကားလှဘုရားဖူးလာသူများကို မြောက်ဘက်ခြမ်းက မြင်ရတာပါ
9 အထဲဝင်ဘို့ပြင်ဆင်နေကြတဲ့ ဘုရားဖူးလာသူတွေ
10လှိူ်ဏ်ဂူတော်ထဲက စီးလာတဲ့ စမ်းကျရေကြောင့်ဖြစ်လာတဲ့မြောင်းကလေး
11 အေးမြသောရေထဲမှာ အေးမြစေသော သစ်ပင်ရဲ့အရိပ်ကလေး
12 အထွက်လမ်းကဈေးတန်းထဲမှာတော့ စားချင့်စဖွယ် ဒေသထွက်ကောက်ညှင်းကျည်တောက်
13ဒေသထွက်ပစ္စည်းများကိုရောင်းချတဲ့ဈေးတန်းကလေး
14 ရှည်လျားသန့်ရှင်းသောဈေးတန်းကလေး
15 ပူပူနွေးနွေး ကောက်ညှင်းထုပ် (ဆန်ကြမ်းမပါ အရသာ ရှိလှပါ၏)
16 မျစ်ချဉ်ထုပ်လေးတွေ စားချင်စရာ ဖြူဖွေးဖွေး
17 သစ်မင်းလို့ခေါ်ပါတယ် အိမ်မှာ မကောင်းတဲ့သစ်အန္တရာယ်ကလွတ်အောင်ဆောင်ထားတတ်ကြပါတယ်။

 

18 ကြက်သွန်ဖြူသည်ကလေး....................
19 လက်ဖက်ခြောက်နဲ့ ကောက်ညှင်းကျည်တောက်သေးသေးလေးတွေရောင်းတဲ့အသယ်
20 ရေတဝေါဝေါကျတဲ့နေရာလေးအမှတ်တရ

 

           “သာယာသော ………..စည်ကားသော………အေးချမ်းသော ..လာသင့်သော ပိတ်ချင်းမြောင်”

 

ပိတ်ချင်းမြောင်ကို အရင်ကရောက်ဘူးပေမယ့် ဓါတ်ပုံမရိုက်တော့ မြင်မြင်သမျှ ကြည့်သာကြည့်လိုက်တယ် အမှတ်တမဲ့ပါဘဲ။

အခုတစ်ခေါက်က စောစောလဲရောက်တော့လူရှင်းတာရယ် ကိုယ်ကလဲ ဓါတ်ပုံရိုက်ချင်တာရယ်ကြောင့် ကိုယ်က သတိထားကြည့်မိတော့မှ

ရိုးသားတဲ့အရပ်ဒေသက ဈေးသည်လေးတွေကိုသတိထားမိပါတယ်။

မီးဖိုပေါ်မှာတင်ထားလို့ အငွေ့တထောင်းထောင်းထနေတဲ့ကောက်ညှင်းထုပ်တွေ၊

ကောက်ညှင်းနည်းနည်းငှက်ပျောသီးမှည့် တစ်ဝက်တိတိပါတဲ့ ငှက်ပျောထုပ်၊

ကောက်ညှင်းကျည်တောက် မြင်သမျှစားချင်စရာ။

မျစ်ချဉ် ၊လက်ဖက်ခြောက်၊စတော်ဘယ်ရီသီးနီနီ၊မက်မန်းဝိုင်၊မက်မန်းသီးဆားစိမ်။

ကြက်သွန်ဖြူ၊ဆတ်သားခြောက် အသည်စုံလို့ပါဘဲ။

ကျနော်အကြိုက်ဆုံးကတော့ ရှမ်းတို့ဟူးသုတ်ပါဘဲ။

တစ်ပွဲမှာသုံးရာ ကောင်းချက်ကတော့ရက်စက်တယ်။

လှိုဏ်ဂူထဲက ဆင်းလာတဲ့ရေတွေကြောင့်ဖြစ်နေတဲ့ရေတံခွန်စမ်းကလဲအေးဆေးလို့သာယာ။

ကဲ သွားသာကြည့်လိုက်ပါတော့……………………….

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့

(24-4-2012)

 

12 comments

  • windtalker

    April 29, 2012 at 10:08 am

    ပိတ်ချင်းမြောင်
    သိပ်မပျင်းပေါင်
    လိပ်ပုလင်းထောင်
    အဆိပ်ကင်းကောင်

  • ကိုပေါက် တောင်ကြီးဖက်က ဓါတ်ပုံတွေတင်ပါအုံးဗျ
    ပိတ်ချင်းမြောင် ကို မရောက်ဘူးသေးတော့ ကျေးဇူးပါဗျ

  • TTNU

    April 29, 2012 at 10:31 am

    ကိုပေါက်ရေ…
    ပုံ(၁၂)၊ (၁၅) သိပ်ကြိုက်။

    “ကျနော်အကြိုက်ဆုံးကတော့ ရှမ်းတို့ဟူးသုတ်ပါပဲ။
    တစ်ပွဲမှာသုံးရာ ကောင်းချက်ကတော့ရက်စက်တယ်။”
    ငါလည်းရက်ရက်စက်စက်ကြိုက်။ 😛 shalut shalut yummy yummy!

  • လူ ဟား

    April 29, 2012 at 11:28 am

    အလန်းကလေးတွေလည်း တွေ့လိုက်ရတယ်။ လာမယ်ဗျာ ခရီးစားရိတ် ကိုပေါက် ပိုက်ပိုက်လေး မစ ပါ။

  • Mလုလင်

    April 29, 2012 at 11:33 am

    ကောက်ညှင်း ထုတ်က တော့ လွှတ်ကောင်းဗျို ့ … ကျွန်တော် ပိတ်ချင်းမြောင် ကိုရောက်တုန်းက လွန်ခဲ့တဲ့ နှစ်ပတ် က အဲ့ အဝင်လမ်း နားက ဂျုံခင်း ကြီးကို အပေါ်စီးက ကြည့်ရတာ .. လွှတ်မိုက် ကိုးဗျ .. အဝါတစ်ကွက်၊ အစိမ်းတစ်ကွက်၊ အနီတကွက် (မြေကြီးက အလိုလို နီ) တစ်ယောက် ထဲ photo trip ထွက် တာမဟုတ်လို့ … လှ ရင်လှတယ် မှတ်ပြီး မရိုက်ခဲ့ ရပါကြောင်း၊ လွန်စွာ တစ်သသ ဖြစ်ရပါကြောင်း …

  • မဟာရာဇာ အံစာတုံး

    April 29, 2012 at 11:42 am

    ဖေဂျီးရေ ..
    ပိတ်ချင်းမြောင်က လူတွေ အတော်စည်တာပါပဲလားဂျ …
    အဲဒီ ရေတွေထဲမှာ လျှောက်သွားလိုက် ချင်မိသေး ..
    ရေတွေထဲမှာ ဆော့ကစားမယ် ..
    ပြီးရင် ကောက်ညှင်းပေါင်း ပူပူလေးကို လွေးလိုက်မယ် ..
    ဘယ်လောက် မိုက်လိုက်သလဲ .. လို့ ..

  • ဗိုက်ကလေး

    April 29, 2012 at 2:56 pm

    ပျော့်စရာကြီးဗျာ..
    ထီပေါက်ရင် ဟန်းနီးမွန်းထွက်ဦးမယ် အူးလေးရာ..
    ရေလည်သွားချင်တယ်..ဂယ်ပဲ

    • မဟာရာဇာ အံစာတုံး

      April 29, 2012 at 3:06 pm

      လူက ဆံဖြူ၊ သွားကျိုးဒေါ့မယ်
      ခုထိ ဟန်းနီးမွန်းချင်တုန်းလား တိုဗိုက်ရဲ့ … 😀
      ပြီးတော့ တိုဗိုက် ရေလည် သွားချင်နေတဲ့ တကယ့် နေရာက
      ဘီအီးဆိုင်မဟုတ်လား …. 😀 😀

      • ဗိုက်ကလေး

        April 29, 2012 at 7:23 pm

        သိဘူး.သိဘူး..
        များက ပျော့်ပျော့်ပဲ နေချင်တာ 😀

  • ဆူး

    April 29, 2012 at 3:09 pm

    တက်လိုက် ကျလိုက် ကိုးနတ်ရှင် နဲ့ ကောက်ညှင်းထုတ် အထိပဲ မြင်ရတယ်။ နောက်နေ့မှ တခေါက် ကျန်တာတွေ ပြန်လာကြည့်မယ်။ ဒါဗြဲ.. ဟွန့်..

  • Onyx

    April 29, 2012 at 7:14 pm

    အရင် အရင် နှစ်တွေထက် ပို ပြီး စည်ကားလာဒလယ်နော် ပိုပျော်ဖို့ ကောင်းမှာပဲ

  • kyeemite

    April 30, 2012 at 4:17 pm

    ကိုပေါက်ကတော်တော် ရှာဖွေရိုက်လာတာဘဲ
    သစ်မင်းတော့သဘောကျတယ်ဗျာ ကျွန်တောင်္ရောက်ရင်တော့ဝယ်ဖြစ်အောင်ဝယ်မယ်..
    ဒါနဲ့ကြည့်ရတာ ငြုပ်ဆုံတွေလိုဘဲနော်..ကိုပေါက် ဈေးမေးခဲ့ရင် သိချင်သား…

Leave a Reply