လူသားအချင်းချင်း စာနာထောက်ထား မှု  အခြေခံကာ ဖွဲ့စည်းထားသော မိုးကြိုးဟု အမည်ရှိသောအဖွဲ့အစည်း၏ ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ၂၀၁၀ခု ဇွန်လ ၁၃ ရက်နေ့ အမေရိကန်နိုင်ငံတွင် အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ညနေ ၄နာရီအထိ နယူးရောက်မြို့တွင် တတိယအကြိမ်မြောက် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၄င်းဈေးရောင်းပွဲတော်တွင် မြန်မာ့ရိုးရာစားစရာ အမျိုးပေါင်း ၄၀ ခန့်  အပါအဝင် အခြားစားသောက်စရာများ၊ မြန်မာရိုးရာ အိမ်အလှဆင် ပစ္စည်းများ နှင့် မိုးကြိုး အမည်ပါရှိသော အဝတ်အထည်များအား ရောင်းချခဲ့ရာ အဆိုပါဈေးရောင်းပွဲတော်တွင် အမေရိကန်ဒေါ်လာ ၁၂,၀၀၀ ကျော် ရရှိခဲ့သည်ဟု သိရပါသည်။ ၄င်းဈေးရောင်းပွဲတော်တွင် လူဦးရေ ၆၀၀ မှ ၆၅၀ ကျော် လာရောက် ဝယ်ယူ အားပေးသွားသည်ကို မျက်မြင်တွေ့ရှိ ခဲ့ပါသည်။ ၄င်းဈေးရောင်းပွဲတော်၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာပြည်ရှိ မိဘမဲ့ဂေဟာ များတွင် နှစ်စဉ်နှစ်တိုင်း အလှူငွေများနှင့် အခြားလိုအပ်သည်များကို သွားရောက် လှူဒါန်းရန်အတွက် ရန်ပုံငွေများ ရရှိရန် လုပ်ဆောင်သော ဈေးရောင်းပွဲတော် တစ်ခုဖြစ်သည်ဟုသိရပါသည်။ မိုးကြိုးအသင်းမှ မင်္ဂလာ မိဘမဲ့ဂေဟာ၊ မြသိင်္ဂီ မိဘမဲ့ဂေဟာ၊ ဖျာပုံမြို့တွင်တည်ရှိသော ကနိ မိဘမဲ့ဂေဟာ၊ ကျိုက်လတ်မြို့ရှိ ပညာဝတီ မိဘမဲ့ဂေဟာနှင့် ပေချောင်ရွာရှိ ပေချောင် ပရဟိတ ဂေဟာတို့တွင် လစဉ်လတိုင်း အမေရိကန်ဒေါ်လာ ၁၀၀ လှူဒါန်းရာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆၀၀၀ ရှိသည်ဟု သိရပါသည်။ ၄င်းအပြင် အခြားမိဘမဲ့ဂေဟာများတွင်လည်း ခေါင်းစဉ်မပါရှိသော လျှူဒါန်းမှု့များပြုလုပ်ကြောင်း သိရပါသည်။ အဆိုပါ မိုးကြိုးအသင်းမှ ရန်ပုံငွေဈေးရောင်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ရတနာပုံနေပြည်တော်သတင်းစာမှ သတင်းရရှိပါသည်။

အညတြ(နယူးယောက်)

About anyataya

အညတြ အဘညတြ has written 10 post in this Website..