နံမယ်လေးတော့မမေးခဲ့ရဘူး…………ဒါပေမယ့်လှတယ်

1 ရောင်စုံပန်းခင်းလေးပါ
2 ခရမ်းရောင်ပန်းခင်း စိုလက်တောက်ပ
3 လှပအောင် တယုတယနဲ့ပျိုးထောင်ထားတဲ့ပန်းခင်းလေးပေါ့
4 ပန်းစက်ဝိုင်း...........................
5 ပန်းဆီရောင်စိုလွင် နေတဲ့ပန်းခင်းကလေး
6လိမ္မော်ရောင်ပန်းခင်းလေးပါ..........................
7 အနီးကပ်လိမ္မော်ရောင်ပန်းကလေး.......................
8 အကွက်ချစိုက်ထားတဲ့ပန်းခင်း
9အဖြူမှာအနီစွက် ပန်းခင်းကလေးကချစ်စရာ
10 နီရဲ စိုလွင် ရွှန်းလက်တောက်ပ.....................
12 အနီမှာ အဖြူစက်အပွင့်ထွက်နေပုံက ချစ်စရာ
12 မရမ်းရောင် အသွေးနဲ့...........................
13 အရင့်နဲ့အနုအားပြိုင်နေတဲ့ မရမ်းပြာရောင်အပွင့်လှလှ
14ဖြူဝါနှော....................

 

15 အနုအရင့် နှစ်ရောင်စပ်
16 သူတို့ကတော့ ပဲပန်းလို့ခေါ်ပါသတဲ့

           “နာမယ်တော့မမေးခဲ့ရဘူး………………ဒါပေမယ့်လှတယ် ”

 

ကျနော်က ရုပ်ကြမ်းကြမ်းစိတ်ကြမ်းကြမ်း။

ဒါပေမယ့်အလှအပတော့နှစ်သက်။.

နေတာထိုင်တာဝုန်းဒိုင်းကျဲ။

ပန်းကလေးတွေကိုတော့နှစ်သက်။

ရောက်လေရာမှာ စပ်စုလို့ လက်ဆော့။

ဒါပေမယ့် နုတ်ဆော့ပြီးမေးဘို့တော့ မဝံ့မရဲ။

သူများက မှားပြောလိုက်တဲ့အမှားကြီးကို ပြန်ဖြန့်ဝေမိမှာလဲကြောက်တာပါတယ်။.

အလှကြိုက်တဲ့လူနဲ့ လှတဲ့ပန်းတွေ့တော့ ဘာပြောကောင်းမလဲ ဆော်တာနှက်တာပေါ့။

မေးရမှာကြောက်တဲ့သူနဲ့ ဖြေသူမရှိတဲ့နေရာရောက်တော့ ဘာမှမလိုတော့ဘူးပေါ့။

အဲတော့ အသံတိတ်ပြီးလှနေတဲ့ပန်းလေးတွေကို တိတ်တိတ်ကလေးခံစားကြည့်တာပေါ့ဗျာ။

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့

(24-4-2012)

17 comments

  • may flowers

    May 1, 2012 at 11:24 am

    ပန်းနံမည်တော့မသိပါ…ဒါပေမဲ့လှတယ်

  • windtalker

    May 1, 2012 at 1:05 pm

    ဦးဦးပေါက် ခင်ဗျား ။ ကျုပ်တို ့မန်းတလေးမှာ ၊ ပျိုပျိုအိုအို ကြိုက်နှစ်သက်ကြတဲ့ ၊ ဟိုးရှေးရှေးကတဲ က အထမ်းကြီးနဲ ့ချဉ်ပေါင်းထုပ်တွေ လိုက်ရောင်းတဲ့ ချဉ်ပေါင်းသည် လူကြီးအော်နေကြအသံကတော့ “ နာမည်လေးကတော့ မစီမာ ” ပါတဲ့ ခင်ဗျား။

  • snow white

    May 1, 2012 at 1:36 pm

    12 အနီမှာ အဖြူစက်အပွင့်ထွက်နေပုံက ချစ်စရာအဲ့ပုံလေးတော့အကြိုက်ဆုံးပါဘဲ တကယ်ကို လှပါပေတယ်

  • Onyx

    May 1, 2012 at 2:40 pm

    လှတယ်ဂျာ ။အူးလေးကလဲ အဲတာတောင်သိဘူးလား အဲဒါ မြောက်ပေ ပင်က ပွင့်တဲ့ မြောက်ပေပန်းတွေပေါ့
    သိလား ။

  • အလင်းဆက်

    May 1, 2012 at 3:52 pm

    အိုး…သိပ် လှတဲ ့ရောင်စုံပန်းတွေ.ပါလာ း။

    ကျွန်တော်လည်း…ပန်းခင်းရဲ ့အလယ်ကို ရောက်သွားပါတယ် ။

    ပန်းတွေ..နဲ ့ ကျွန်တော့် ကို ဆက်သွယ်ပေးလို ့ ကိုပေါက်ရေ…ကျေးဇူးပါပဲ.ဗျ ။

  • shwe kyi

    May 1, 2012 at 6:03 pm

    အကြိုက်ဆုံးပုံ နံပါတ်ပြောမယ်ဆိုပြီးပြန်ကြည့်တာ အားလုံးကိုကြိုက်နေတော့ ခက်ပြီ။
    ကိုပေါက်ရေ ကျေးဇူးပါ။

  • ကိုပေါက်ရေ. အလှတွေ အားလုံး စနက်ရှော့မှာ မျောသွားတယ်ဗျ။
    အတော်ကို မျက်စိအေးတဲ ့ပန်းလေးတွေပါ။

  • TTNU

    May 1, 2012 at 9:45 pm

    ကိုပေါက်ရေ…
    “အဲတော့ အသံတိတ်ပြီးလှနေတဲ့ပန်းလေးတွေကို
    တိတ်တိတ်ကလေးခံစားကြည့်တာပေါ့ဗျာ။”
    ဒါကြောင့် တိတ်တိတ်လေး ၄။၈။၉။၁၀။၁၂။၁၃ တို့ကိုခေါ်သွားပြီနော်။

    အလှူပုံတွေစောင့်နေတယ်။
    မာမီ

  • Thel Nu Aye

    May 2, 2012 at 1:24 am

    လှလိုက်တာလေးပေါက်ရယ်။ ကျေးဇူးပါ။ အလှုပုံတွေလဲများများတင်ပေးပါအုံး။ မျှော်နေမယ်။

  • Mလုလင်

    May 2, 2012 at 1:41 am

    ရှေ ့ဆင့်နောက်ဆင့် ရောက်ခဲ့တာနော့ … ကျွန်တော် တော့ .. တစ်ပုံ မှ မရ .. 🙁

  • မာမီရေ အလှူကတော့ တကယ်ပျော်စရာကောင်းခဲ့ကြပါ၏။
    အလှူနဲ့ပါတ်သက်သောပုံများနှင့်ပို့စ်များကို အားလုံးတင်ပြီးမှ ကျနော်က ကောက်သင်းကောက်ပါမည်။

  • Ma Ei

    May 2, 2012 at 9:44 am

    အလှဆုံးရွေးမရအောင် အားလုံးလှနေကြတယ်…

  • ဆူး

    May 7, 2012 at 2:15 pm

    နာမည် မသိပေမဲ့ ပင်ကိုယ် အလှ ရှိပါတယ်။

  • nozomi

    May 7, 2012 at 4:21 pm

    အကုန်ကို သဘောကျမိပါ၏
    ပုံ ၃ မှာ ပေါက်ဖော်ကို လေးဖက်ထောက်လေးနဲ့ ထည့်ရိုက်လိုက်ရရင် စောင်းနေတဲ့ မြေကြီးကို တက်ဘို့ကြိုးစားနေသလိုမျိုးလေးဖြစ်မယ်

  • Yin Nyine Nway

    May 7, 2012 at 7:15 pm

    တိဘာဘူးဂျာ…. အနော်က နာမည်မမေးလိုက်ရဘူးဆိုလို့ အဒူများလဲမှတ်ဒယ်
    အဲဒါ ပြင်ဦးလွင် ကန်တော်ကြီးက ပန်းဒွေမလား လေးပေါက်
    လှတယ်နော်
    နွေးသီး တို့ မြိုကအခေါ်အဝေါ်ကတော့
    1…ပုံက lavender ဆေးဘက်ဝင်အပင်လေ…..
    2….ပုံက အဲဒါ သီတင်းကျွတ်ပန်းလို့ခေါ်တယ် …. သူက သီတင်းကျွတ်လမှာ နွေးသီးတို့ လူမျိုးတွေ ဘုရားပန်းအဖြစ် လှူကြဒယ်
    3… ကတော့ ပန်းစက်ဝိုင်းကြီး တိဘူး အဲဒါတော့
    4…ကော
    5…ဒူက ကျားပါးစပ်လိုလို ဘာလိုလိုနဲ့
    6….ကတော့ ကုလားပန်းလို့ပဲခေါ်တယ်…ကုလားကျောင်းတွေမှာ သုံးများလို့…သးလည်းဆေးဘက်ဝင်တယ်
    8…မှာစိုက်တားတဲ့ပန်းကို အပွင့်ရေ 9ပွင့်ရှိတဲ့ အပင်ကို ပဉ္စငါးပါး ကြိုသောက်ရင် ဆီးချို ကျတယ်လို့ပြောတယ် (အဖြူပဲ ဖြစ်ရမယ်)
    9—–13 ထိတော့ တိတော့ဘူး
    14…ကတော့ ဘိန်းပန်း… ကွမ်းယာထဲ ထည့်စားတဲ့ ဘိန်းစေ့လေေးတွေ ကို ဖြူးထားလိုက် ဒီပန်းလေးရဒယ်
    16 ..ကပဲပန်းက နွေးသီးတို့ဆီက ပဲပန်းနဲ့လည်း တူဝူး.ကော်….

    အရမ်းလှပါဒယ်
    သိသလောက် မှတ်သလောကလေး ပြောပြကြည့်တာပါ….

Leave a Reply