သီတဂူ သုမေဓာ သို့ ခရီးစဉ်

ဆူးApril 24, 20121min28640

သီတဂူ သုမေဓာ ဆေးရုံ ဆေးဝါး ဒါန အလှူတော် မင်္ဂလာ ဖိတ်ကြားလွှာ

https://myanmargazette.net/107492/health-fitness/

သီတဂူ ဆရာတော် ဘုရားကြီး နှင့် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့မှာ တည်ရှိတဲ့ မြတောင် ကျောင်းတိုက်မှ ဆရာတော် မြတောင်ကြီး ဦးဆောင် ဆောက်လုပ်သော သီတဂူ သုမေဓာ ဆေးရုံကြီး ၏ ဆေးဝါးဒါန အဖြစ် အများပြည်သူ အယုတ်လတ် အမြတ်မရွေး ကျန်းမာရေး စောင့်ရှောက်နိုင်ရန် အတွက်ငှာ ရည်သန် အာရုံပြုလျက်
အလှူ့ဒါကာများဖြစ်ကြသော မန္တလေးဂေဇက် အဖွဲ့ဝင်များနှင့် အခြားသော ပြင်ပမှ ပုဂ္ဂိုလ် အသီးသီးတို့၏ အလှူငွေများကို ပန်းတနော်မြို့နယ် မြတောင်ကျောင်းသို့ ရန်ကုန်မှ နေ၍ ကိုယ်တိုင် ကိုယ်ကျ လှူဒါန်းရန် အတွက် သွားမည် ဖြစ်ပါသည်။

အလှူသွားရန် အစီအစဉ်

နေရက်။ ။ ၁.၅.၂၀၁၂ (အလုပ်သမားနေ့)
၁၃၇၄ခုနှစ်၊ ကဆုန်လဆန်း (၁၁) ရက် (အင်္ဂါနေ့)

အချိန်။ ။ မနက် ၆နာရီ တိတိ

စုရပ် ၁။ ။ မြေနီကုန်း Dagon Centre II
စုရပ် ၂။ ။ လှည်းတန်း စိန်ဂေဟာ ရှေ့
စုရပ် ၃။ ။ ဘုရင့်နောင် တံတား အတက်လမ်း မြဝတီ ဘဏ်ရှေ့


ကားနဖူးစည်းမှာ တပ်ထားတဲ့ စာတမ်းဖြစ်ပါတယ်။
ကားလာသည်ကို အဝေးကမြင်နိုင်ပြီး သိရှိနိုင်ရန် ဖြစ်ပါသည်။

စုရပ် အားလုံးကို မနက် ၆နာရီ တိတိ မှာ သတ်မှတ်ထားပါသည်။ နောက်ကျလို့ လုံးဝ မဖြစ်ပါဘူး။ မနက်စောစော ဖြစ်တဲ့ အတွက် စုရပ် တခုနှင့် တခုကို ကားဖြင့် မောင်းနှင်ချိန်သိပ်ကြာမြင့်မှာ မဟုတ်တဲ့ အပြင် ကားရပ်ရန် အခက်အခဲ ရှိတဲ့ အတွက် စုရပ်မှာ စုထားတဲ့ လူများ တခါတည်း တက်ပြီး တခါဆက်တည်း ထွက်ခွာမှာ ဖြစ်ပါတယ်။ လုံးဝ စောင့်လို့ မဖြစ်ပါဘူး။ အချိန်စောစော ထွက်ခွာခြင်းသည် နေပူသက်သာပြီး အပူသက်သာစေရန်နှင့် ခရီးသက်တောင့် သက်သာ ဖြစ်စေရန် ဖြစ်ပါသည်။

ပန်းတနော်မြို့ ရောက်ခဲ့လျှင် တံတားဦး ကျောင်းတိုက်တွင် မုန့်ဟင်းခါးဖြင့် မနက်စာ တည့်ခင်း ဧည့်ခံမှာ ဖြစ်ပြီး မနက်စာ သုံးဆောင်ပြီးလျှင် ဖျာဆိုင်များသို့ ဈေးဝယ်ထွက်ပြီး ဘုရားပတ်ပြီး ဖူးမှာ ဖြစ်ပါတယ်။ မနက်နေ့မွန်းမတည့်ခင် သွားတဲ့ အတွက် ရာသီဥတု အပူဒဏ် ကို သက်သာစေရန် အတွက်ဖြစ်ပါသည်။ ထို့ကြောင့် စုရပ်ကို လုံးဝ နောက်မကျစေရန် မေတ္တာရပ်ခံအပ်ပါသည်။

ဘုရားဖူးပြီးနောက်တွင်တောင် တံတားဦး ဘုန်းကြီးကျောင်းတွက် နေ့လည်စာ စားမှာ ဖြစ်ပါတယ်။ တံတားဦး ဆရာတော် သို့ လှူဖွယ်များ ကပ်လှူပြီးနောက်တွင် မြတောင် ကျောင်းသို့ ထွက်ခွာမည်ဖြစ်ပြီး ကျောင်းအတွက် ယူဆောင်သွားသော လှူဖွယ်များ လှူဒါန်းပြီး သီတဂူ သုမေဓာ ဆေးရုံသို့ မြတောင် ဆရာတော် ဦးဆောင်၍ သွားမည် ဖြစ်ပါသည်။

သီတဂူ သုမေဓာ ဆေးရုံသို့ ရောက်သည့်အခါ အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို ပြုလုပ်မည် ဖြစ်ပါသည်။
အလှူအထမြောက်ပြီး ဆေးရုံအား ကြည့်ရှု့လေ့လာပြီးနောက်တွင် ရန်ကုန်မြို့တော် ဆီသို့ ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။ ရန်ကုန် မြို့ အဝင် လှိုင်သာယာ ဝန်းကျင်မှာတော့ ညစာ ကျွေးမွေးမည်ဖြစ်ပါသည်။ ညစာကို အေးချမ်းစွာ သုံးဆောင်ပြီး နောက်တွင်တော့ မိမိတို့ စုရပ်တွင် ပြန်လည် ချပေးမည် ဖြစ်ပါသည်။
ကုသိုလ် အပြည့်ဖြင့် အေးချမ်းစွာဖြင့် ရန်ကုန်မြို့တော် မိမိတို့၏ နေအိမ်ကို ညနေ ၆နာရီခွဲ ဝန်းကျင်လောက် ပြန်ရောက်မည် ဖြစ်ပါသည်။

40 comments

  • weiwei

    April 24, 2012 at 5:33 pm

    ရေသန့်ဗူးနဲ့ အလှူအမှတ်တရ ယပ်တောင်များလဲ ဝေပေးမှာဖြစ်ပါတယ် …
    ယခုအလှူမှာ မြတော်ဆရာတော်ကို အမှူးထားပြီးလှူဒါန်းတာဖြစ်ပေမယ့် ဘာသာရေးအလှူဒါနမဟုတ်ပဲ လူမျိုးဘာသာမရွေးအတွက် ရည်ရွယ်ဆောက်လုပ်ထားသော ဆေးရုံအတွက် ဆေးဝါးဒါနသာဖြစ်ပါတယ် … ပျော်ပျော်ပါးပါး ခရီးသွားရင်း ရွာသူားအချင်းချင်း ပိုမိုရင်းနှီးနိုင်မယ့် အခွင့်အရေးရရှိနိုင်ပါလိမ့်မယ် …

    ဓါတ်ပုံဆရာများအားလုံးနီးပါး လိုက်ပါကြမှာမို့ အနေအထိုင်လေးတော့ သတိရှိရမှာပေါ့နော် … နို့မို့ဆိုရင် ကိုးရိုးကားယားပုံတွေ အွန်လိုင်းပေါ်ရောက်သွားမှာ ….. 😛

  • ကိုရင်မောင်

    April 24, 2012 at 5:39 pm

    ကိုယ်တိုင်မလိုက်နိုင်ပေမဲ့….အလှူငွေထည့်ဝင်နိုင်လိုက်တဲ့အတွက်
    ဝမ်းသာပီတိဖြစ်မိပါတယ်….ပျော်ပျော်ရွင်ရွင်စည်းစည်းလုံးလုံး
    နဲ့သွားကြမဲ့ရွာသူားတွေအတွက်ကြည်နူးမိပါတယ်
    ဓါတ်ပုံများများတင်ပေးပါလို့တောင်းဆိုလိုက်ပါတယ်ဗျာ………..

  • ဆူး

    April 24, 2012 at 5:45 pm

    လိုင်းမကောင်းတဲ့ ကြားထဲက မရမက တင်သွားပါသည်။ စာလုံးပေါင်းတွေ မှားသွားတယ် နောက်နေ့ ကောင်းမှ ပြန်ပြင်ပေးပါမည်။

    ငှားထားသည့် ကား နံပါတ် ၆ခ/ ၂၄၄ရ ဖြစ်ပါသည်။

  • Thel Nu Aye

    April 24, 2012 at 5:51 pm

    ဆူးရေ အစီအစဉ်လေးကို ကူးထားလိုက်ပါတယ်။

  • water-melon

    April 24, 2012 at 6:01 pm

    ညဖက် ၆ နာရီပြန်ရောက်မယ်ဆိုတော့
    အဟိ ကဲဖို့အချိန်ကျန်သေးတယ်
    မပြန်ခင် အပြတ်ကဲမယ်။
    မုန့်ဟင်းခါးက အစုံလား ရိုးရိုးလား ဖွားဆူး။
    မီးမီးက ၂ ပွဲစားမှာနော်

    • MaMa

      April 24, 2012 at 7:01 pm

      မုန့်ဟင်းခါးက ရိုးရိုးလား၊ ရှယ်လား ဆိုတာတော့ သွားတဲ့လူတွေရဲ့ ကုသိုလ်ကံကိုပဲ ရိုးမယ်ဖွဲ့ရမယ်။ 😀
      ဘာပဲဖြစ်ဖြစ် မြစ်ဝကျွန်းပေါ်ဒေသရဲ့ မုန့်ဟင်းခါးအရသာကိုတော့ မြည်းစမ်းခွင့်ရမှာပေ့ါ။ 🙂

  • MaMa

    April 24, 2012 at 6:02 pm

    ပျော်ရွှင်ကြည်နူးဖွယ်ရာ အမှတ်တရများစွာကို ရရှိနိုင်ရန်……..
    ခရီးစဉ်တလျှောက် အဆင်ပြေစေရန်……..
    ခင်မင်ရင်းနှီးသူများ စုပေါင်း၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားထားပါသည်။
    အဆင်မပြေမှုများ ဖြစ်ခဲ့/ရှိခဲ့ပါလျှင်လည်း သည်းခံခွင့်လွှတ်ကြပါရန် ကြိုတင် တောင်းပန်အပ်ပါသည်။
    လိုက်ပါမည့်သူစာရင်းကိုလည်း အတိအကျ ဖြစ်စေရန် ဖိုရမ်တွင် တင်ပေးကြစေလိုပါသည်။
    လိုက်ပါလိုသူ ပြင်ပမှ စာဖတ်သူများအနေဖြင့်လည်း ကြိုတင်၍ (ဖုံးဖြင့်ဖြစ်စေ) တနည်းနည်းဖြင့် အကြောင်းကြားပေးစေလိုပါသည်။
    ဒီခရီးမှာ ဓာတ်ပုံဆြာပေါင်းများစွာ ပါဝင်နိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါသဖြင့်……..
    မလိုက်ပါနိုင်ကြသူများအတွက်………
    မျှော်……….. ပါ……….. ဟုသာ… 😉

    • Moe Z

      April 25, 2012 at 4:23 pm

      ဟုတ် .. မျှော်နေပါ့မယ် 😀
      မမရေ ပန်းတနော်က သင်ဖြူးဖျာချောချောလေးတွေထွက်တယ်နော
      အခုလိုပူတဲ့အချိန် သစ်ပင်ရိပ်ကောင်းကောင်းမှာ
      ဖျာလေးခင်းပြီး စာအုပ်တစ်အုပ်နဲ့နှပ်နေရရင်ဇိမ်ပဲ
      ဝယ်မလာနဲ့နော် စကားအဖြစ်ပြောတာ :mrgreen:

  • တညင်သား

    April 24, 2012 at 6:06 pm

    ဗီနိုင်း ပိုစတာ ကြီးနဲ့ပါလား ပျော်စရာကြီးနေမှာ…………..
    ကောင်းကောင်းသွားကြနော် ရန်မဖြစ်ကြနဲ့….:)

  • Gipsy

    April 24, 2012 at 8:47 pm

    အဟမ်း…အဟမ်း…. အဟွတ်…
    ပြောမဲ့ကြံ… ဒီ ချောင်းကလဲ…
    လူပျိုကြီးများ လူပျိုလေးများခင်ဗျား…
    အပျိုကြီးများ အပျိုလေးများ ပါမည်ဖြစ်ပါသဖြင့်….

  • Inz@ghi

    April 24, 2012 at 8:59 pm

    အဟမ်း ….

    ဘာမှ မဟုတ်တော့ဘာဘူးလေ….

    ဒက်ဂလောက်…ဒက်ဂလောက်…ဒက်ဂလောက်…

    (ကော်လေး မကောင်း လို့ ပါ….)

    • ချစ်ရင်ထူးနှစ်

      April 24, 2012 at 10:08 pm

      ကိုကို ဂျပန် ကြီး
      ကော်နရှင် မကောင်းဘူး ဆိုတာ ဘာလဲ သိသွားပြီလား ..
      သားတို့ဆီမှာ အဲလိုပဲ အစ်ကိုရဲ့

  • ရွာစားကျော်

    April 24, 2012 at 9:16 pm

    ကျနော်တို့မိသားစု(၃)ယောက် ဧပြီလ(၃၀)ရက် ရာဇာမင်း ညကားနဲ့ နေပြည်တော်ကထွက်ခဲ့ပါမယ်
    အောင်မင်္ဂလာအဝေးပြေးကနေ ရာဇာမင်းက မြို့ထဲကို ကမာ္ဘအေးဘုရားလမ်းအတိုင်း ဖယ်ရီ ပို့ပေးတယ်ပြောပါတယ်။ ရွှေဂုံတိုင်မှာဆင်းပြီး တက္ကစီနဲ့ ဒဂုံစင်တာ ၂ ရှေ့ ဆုံရပ်ကိုသွားမည်ဟု ခရီးစဉ် ဆွဲလိုက်ပါတယ်..။ ရန်ကုန်မှာ မလည်ပတ်ရတာ နှစ်အတော်ကြာဘီ ဖြစ်လို့ ကျနော်ဆွဲထားတဲ့ လမ်းကြောင်းက အိုကေရဲ့လား ပြောကြပါအုံး.. ရန်ကုန်သူားတို့..။ (မနက်အစောကြီး ရွှေဂုံတိုင်နဲ့ မြေနီကုန်း တက္ကစီခ ဘယ်လောက်ပေးရလောက်လဲ.. တောသားဆိုပြီး နှပ်ခံရမှာစိုးလို့ ဟီး :mrgreen: )

    • Mလုလင်

      April 24, 2012 at 9:49 pm

      ကျွန်တော့် Taxi နဲ့ တွေ့ ရင်တော့ အလဂါး လိုက်ပို့ ပေးပါ့မယ် ဗျာ။

  • Gipsy

    April 24, 2012 at 9:44 pm

    အများဆုံး ၁၅၀ဝ ပေးရမယ် ထင်ပါတယ် …။

    • Thel Nu Aye

      April 25, 2012 at 7:48 pm

      အောင်မယ်လေးမနက်အစောကြီး ၁၅၀ဝ မရပါ။ ၃ ထောင်မှ ၅ ထောင်ကြားပေးရပါလိမ့်မည်။ စီးမည့်အချိန်မှာ မှန်းချေ ၅ နာရီနှင့် ၆ နာရီကြားဖြစ်လိမ့်မည်ထင်ပါသည်။ အဲဒီအချိန်ကားရှားပါသည်။ ကျွန်မတုန်းက အောင်မင်္ဂလာကနေ လှည်းတန်းကို မနက် ၅ နာရီမှာ ၈ ထောင်ပေးခဲ့ရပါသည်။

  • TTNU

    April 24, 2012 at 9:52 pm

    လူမလိုက်နိုင်ပေမဲ့
    စိတ်လိုက်ခဲ့တယ်နော်။

  • ချစ်ရင်ထူးနှစ်

    April 24, 2012 at 10:11 pm

    ကျွန်တော်က နှစ်ယောက်ပါမယ် .. ဖရဲ တို့ နဲ့ အတူတူလာခဲ့မယ်နော် ..
    တိုတိုဖဲ .. မီးကို စောင့်ခေါ်ဦးနော် ..တောသားလေး ရန်ကုန်မှာ လည်နေမှာစိုးလို့ပါ ..

  • Swal Taw Ywet

    April 24, 2012 at 11:24 pm

    So……Sad.:sad:
    This time, I would not arrive back in time.
    Next time, Next time…
    Now I will wait for the photos of that trip.
    I do respect you all, I have to be proud of MG.
    Go ahead brothers and sisters.
    Wishing for you to be in good health and good wealth.

    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

  • minn zaw

    April 25, 2012 at 12:06 am

    ရေသန့်က ဘယ်နှ ကဒ် လောက်ဆိုလောက်မလဲ ဟင်။

    နောက်ပြီး 0.6လား 1 litre လား? ခင်ဗျာ။

    အားမနာနဲ့ ကြိုက်တာပြော။ လိုသလောက်ပြော။

    ရေသန့်showroomမှာ bill တို့လို့ရတယ်။ ဟီး၊။၊

    • ဆူး

      April 25, 2012 at 9:21 am

      0.6 ထက် စာရင် ဝဝ လင်လင် ၁လီတာ ဆို ပိုကောင်းမလား တွေးမိပါတယ်။

      လူ ၆ဝ လောက် ရှိတဲ့ အတွက်.. အဟမ်း.. အားမနာဘူးနော်.. အဲလောက်ပဲ..

  • ကြောင်ကြီး

    April 25, 2012 at 9:47 am

    ဂရင်းရိုင်ရယ် ဝီစကီစက်ရုံကလည်း လိုသလောက် ပေးမယ်ဒဲ့..။ အလှူအကြောင်းပြ အလွဲသုံးစားမှု မဖြစ်အောင် ပုလင်းနဲ့မပေးဘဲ ပလပ်စတစ်အိတ်နဲ့ ပေးဂျင်ဒယ်ပြောဒယ်။ လမ်းမှာသောက်ဖို့ကြဖို့ပါ…။ လူအယောက်ခြောက်ဆယ်နှစ်ဆ တရာ့နှစ်ဆယ်စာ အလုံအလောက်ထည့်ပေးမယ်ပြောဒယ်…။ မိန်းခလေးများလည်း မီနီစကပ်အတိုများဝတ်ပြီး မောင်ရင်းနှမ ဆွေရင်းမိတ်ချာလို စိတ်ချလက်ချ ယမကာသုံးဆောင်ရင်း လိုက်ပါသွားနိုင်ပါဒယ်..။
    အလှူပြီးနောက်တနေ့မှာ မှတ်တမ်းတင်ဗီဒီယိုအခွေကို ညမင်းသားဆိုက်နဲ့ ဒေါက်တာချက်ကြီးဆိုက်တို့မှာ နတ်လူအပေါင်း သာဓုခေါ်နိုင်စေရန် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။။။။ 😳

  • mocho

    April 25, 2012 at 10:11 am

    ကိုယ်တိုင် လိုက်ချင် ပေမယ့် မဖြစ်နိုင် လို့ ရွာသူားတွေ ခရီးက ပြန် လာမှ ဝေမျှမယ့် အတွေ့ ကြုံတွေကိုစောင့် မျှော်အားပေးပါ့မယ်။

  • kyeemite

    April 25, 2012 at 11:13 am

    ကျွန်တော်မလိုက်ဖြစ်ဘူး ဒေါ်ဆူးခင်ဗျား..
    အလုပ်ကိစ္စ အရေးကြီးနေလို့ပါ..

  • ahnyartamar

    April 25, 2012 at 11:14 am

    ကိုရွာစားကျော်…..၁၀၀ဝ ကျပ်ထက်ပိုမပေးနဲ့။ ဈေးမှန်ပဲ။

    • ရွာစားကျော်

      April 25, 2012 at 12:02 pm

      ကျေးကျေးပါ ဂျစ်ပစီနဲ့ အညာတမာရေ
      မနက်အစောကြီးဆိုတော့ ပုံမှန်ဈေးနဲ့ ရလောက်ဘူးထင်တယ်.. ရိုက်တော့ ရိုက်ကြမှာ
      ရွာထဲက ဒါ့ပုံဆြာ ကိုလုင်ကတော့ သူ့ တက္ကစီနဲ့ ဂိတ်လာကြိုပီး အရဂါး လိုက်ပို့မယ်ဆိုလား
      အာဟိ 😳 😆

  • Tin Tin

    April 25, 2012 at 1:52 pm

    ကိုယ်တိုင်မလိုက်နိုင်ပေမဲ့ အလှူငွေ လှူလိုက်ရလို့ အရမ်းဝမ်းသာပိတိဖြစ်ရပါတယ်။
    အလှူငွေကိုလာပြီး ယူပေးတဲ့ မောင်လေး Mလုလင်ကိုလည်း ကျေးှဇူးအများကြီးတင်ပါတယ်။
    အလှူပွဲဖြစ်မြောက်အောင် ကမကထပြုပေးကြတဲ့ မမနဲ့ဆူး တို့အားလုံးကိုလည်းကျေးဇူးပါ.
    အလှူနေ့ကိုတော့ စိတ်ထဲကမှန်းပြီးအာရုံပြုလိုက်မယ်နော်
    အဖွဲ့သားများအားလုံး ကိုယ်ရောစိတ်ရော ကျန်းမာချမ်းသာစွာနဲ့ ပျော်ပျော်ပါးပါးသွားနိုင်ကြပါစေ..

  • blackchaw

    April 25, 2012 at 2:55 pm

    မန်းဂဇက် အလှူပွဲကို ဦးဆောင်ကြကုန်သော
    ဆူးနှင့် မမတို့ နှင့်တကွ ရွာသူရွာသားအားလုံး
    အောင်မြင်ပျော်ရွှင်သော အလှူတစ်ခုကို စီစဉ်နိုင်ခဲ့ကြသည့်အတွက်
    ကျွန်တော် က လေးလေးစားစား ဂုဏ်ပြုပါတယ်ဗျာ။
    ကျေးဇူးလည်းတင်မိပါတယ်။
    ဒီပွဲမှာတော့ ကွင်းထဲဆင်းပြီး မကစားနိုင်ပေမယ့်
    ပရိသတ်အဖြစ် အားပေးနေပါကြောင်း…။
    :mrgreen:

  • amatmin

    April 25, 2012 at 4:57 pm

    ဒေါ်ဆူးခင်ဗျ..ဘုရင့်နောင် တံတားမှာ လမ်းတံတားကြေးကောက်ပြီး တာနဲ့..
    ဂျူတီချိန်းပြီး ကားလာတာနဲ့ ချက်ချင်းလိုက်ပါ့မယ် ဆိုတာလေး အသိပေးပါတယ်. နော့ 🙂

    • ဆူး

      April 25, 2012 at 5:10 pm

      ဘဏ်တိုက်ဖောက်ပြီး ဘဏ်ထဲက ထွက်ပြီး စောင့်မှာ မဟုတ်ဘူးလား.. 😀

  • MaMa

    April 25, 2012 at 9:00 pm

    အခုသွားမယ့် ခရီးမှာ နေပြည်တော်ကနေ တိုက်ရိုက်လာမယ့် ရွာစားကျော်အတွက် ပိုအဆင်ပြေမယ်ထင်တဲ့ ပုံစံလေး ပြောပြပေးချင်ပါတယ်။
    အောင်မင်္ဂလာအဝေးပြေးဂိတ်ကနေ ဘုရင့်နောင်တံတားအတက်က မြဝတီဘဏ်ရှေ့ (စုရပ် ၃) ကို ကားငှားလာရင် အချိန်ကုန်လည်း သက်သာပြီး ပိုလည်းအဆင်ပြေလိမ့်မယ်။
    နယ်ဝေးကားတွေက အောင်မင်္ဂလာအဝေးပြေးဂိတ်ရောက်ရင် လူချ၊ ကုန်ချနဲ့ မြို့ထဲသွားဖို့ အချိန်နည်းနည်း စောင့်ရမယ်ထင်တယ်။
    နောက်ပြီး ဒဂုံစင်တာ စုရပ်က ပထမဦးဆုံး စုရပ်ဖြစ်တဲ့အတွက် အချိန်အနည်းငယ်ပိုစောလိမ့်မယ်။
    မြဝတီဘဏ်ရှေ့ကို ပေးရမယ့် ကားငှားခနဲ့ ဒဂုံစင်တာကို ကားငှားခလည်း တူတူလောက်ပဲ (သို့) မြဝတီဘဏ်ရှေ့က ပိုသက်သာလိမ့်မယ်လို့ ထင်ပါတယ်။
    လိုလိုမယ်မယ် ဖုံးနံပါတ်လေးတွေလည်း မှတ်လာခဲ့စေချင်ပါတယ်။

    • ရွာစားကျော်

      April 25, 2012 at 10:54 pm

      ဟုတ်ကဲ့ မမရေ
      ညနေ ၆နာရီ နေပြည်တော်က ထွက်တဲ့ကားစီးရင် ည ၁၂ နာရီ ဝန်းကျင်ရန်ကုန် ဝင်တယ်ပြောပါတယ် ။ ကျနော်တို့ကို မြေနီကုန်း ကျွန်းတောလမ်းမှာ နေတဲ့ အသိတယောက်ကတော့ စောစောလာပြီး သူ့အိမ်ကမှ စုရပ်(၁) ကို ၁မှတ်တိုင်စာလောက်ပဲ လမ်းလျှောက်ရမယ် အကြံပေးပါတယ်.. ည ၁၂ နာရီ ရောက်ရင်တော့ ကားမရှားလောက်ပါဘူးနော်..

      • ဆူး

        April 26, 2012 at 9:24 am

        ကိုရွာစားကျော်လည်း အဆင်ပြေပြေ နဲ့ မနက် ခရီးကို အမှီလာနိုင်ပါစေနော်။

  • ငပွကြီး

    April 26, 2012 at 10:03 am

    ကျုပ်လဲလာဖြစ်ဖို့များတယ်ဗျ..

    • ဆူး

      April 26, 2012 at 10:37 am

      ကိုပွကြီးရေ.. ဆူး တို့ တံတားဦး ဘုန်းကြီးကျောင်းမှာ မနက်မုန့်ဟင်းခါးနဲ့ ထမင်းစားမှာ ဖြစ်တဲ့ အတွက် ပန်းတနော်မြို့ကို ရောက်လျှင် တံတားဦး ကျောင်းကို မေးပြီး လာခဲ့လိုက်ပါ။
      ၁၁ခွဲကျော်လောက်တော့ ထမင်းစားဖို့ ရောက်ပါလိမ့်မယ် ထင်ပါတယ်။

      အဆင်မပြေဖြစ်မှာ စိုးလို့.. အလှူမတိုင်ခင် ဆူး ဆီကို ဖုန်းတခါလောက် ဆက်ပေးပါနော်။

  • တညင်သား

    April 29, 2012 at 4:36 pm

    အလှူ ငွေ ပေးပို့ထားပါသည် အစဉ်ပြေရင် အကြောင်းပြန်ပါ…………

    • ဆူး

      April 29, 2012 at 4:42 pm

      OK.. စိတ်မပူနဲ့ ကိုတညင်သားရေ.. အဆင်ပြေမှာပါ။

  • manawphyulay

    April 29, 2012 at 5:42 pm

    စုရပ် ၃ မှာ ဘယ်သူတွေ စုကြမှာလဲဟင်…. မနောလည်း စုရပ် ၃ မှာ လာစောင့်မလို့ ရှာမတွေ့မှာစိုးလို့။

  • pan pan

    April 29, 2012 at 5:45 pm

    မနေ့က ခရီးစဉ်အတွက်တွေ့ကြတုန်းက စိမ်းလန်းစိုပြေကအပြန်မှာ ချာတူးလန်နဲ့ ၄၈ကားပေါ်မှာ စိမ်းလန်းစိုပြေကကပ်ပေးလိုက်တဲ့
    ၃၀ဝကျပ်တန် ဝင်ခွင့်စတေကာကို ထိုင်ခုံတစ်ခုနောက်ကျောမှာ ကပ်ခဲ့တယ်
    ချာတူးနဲ့ တစ်ယောက်တစ်ခုစီ၂ခုယှဉ်ကပ်ခဲ့တော့ နောက်မြင်တဲ့လူက မသိရင် စုံတွဲလေး၂ယောက်လိုလို 😳
    တံဆိပ်မှာ စာလေးပါရေးခဲ့ရင်ကောင်းသား
    လန်လန်နဲ့ ပန်ပန်
    ပန်ပန်နဲ့ လန်လန်
    အဟစ် :mrgreen:

    • ဆူး

      April 29, 2012 at 5:51 pm

      ကား နံပါတ် တူလို့လား…
      အလှူနေ့မှ.. ပြန်လန်.. အဲ.. ပန်လန် ဆိုပြီး နေရာတွဲ ပေးမယ်။

Leave a Reply