ရွှေဝါပြည် အပိုင်း(၂)

captainamericaApril 24, 20121min662

ကမ္ဘာမြေလုံးပေါ်ဍ် မြောက်ဘက် နေသာွးလမ်းကြောင်းတည့်တည့်လောက်တွင် ရွှေဝါပြည်ရှိ၏။
တောင်တန်းကြီးနှင့်ပင်လယ်တို.ကာပတ်ဝိုင်းရံထားသောကြောင့် ရှေးခေတ်အခါက အခြားသောတိုင်းပြည်တို.မှ
လာရောက်ဝင်ထွက်ရန်ခဲယဉ်းသည်။မုန်သုန်သစ်တောကြီးများ သံ သွပ် ခဲပုတ် ကျောက်စိမ်း ငွေ ပယင်းနှင့် ကျောက်နီထွက်သော
တောင်များရှိသည်။ရေနံထွက်သောမြေများဖြင့် သီးပင်စားပင်စိုက်ပျိုးရန်ကောင်းသော မြေဩဇာတို့ဖြင့် စိမ်းစိုနေသော မြေပြန်.လွင်ပြင်
များရှိသည်။မြောက်ဘက်တောင်တန်းကြီးများမှဖြတ်ကာ အနောက်တောင်ဘက် အလျှားလိုက်စီးဆင်းသောရွှေဝါဝတီမြစ်ကြီးလည်းရှိသေးသည်။
ထိုမြစ်ကြီး၏ကမ်းဘေးတွင် ခိုင်းကျွှဲ ခိုင်းနွားတို.သည်ကွင်းပြင်ဖုံးမျှပေါပြည့်၏။ကုန်းတောင်တန်းကမူတို.ဍ္ဍ်မူ မြင်းများနှင့်အခြားတောတိရိစ္ဆန်များ
ပျော်ပါးမြူးတူးကြ၏။
ထို.သို.သောအရပ်တွင်ရွှေဝါပြည်သားတို.သည် အချင်းချင်းဗိုလ်လုပြီး ပြည်နယ်ခွဲဝေလျှက် မြို.ပြနိုင်ငံများတည်ထောင်နေကြသည်။လွန်ခဲ့သောနှစ်ပေါင်း
၁၉၅ဝခန်.ကရောက်ဖူးသော အီရန်ကုန်သည်ကြီးတစ်ဦး၏မှတ်တမ်းတွင်အောက်ပါအတိုင်းမှတ်တမ်းပြုစုထားသည်။ရွှေဝါပြည်ကိုအစိုးရသောမင်းသည်ထင်ရှား
ကျေုာ်စော၏။သူ၏စစ်သည်ရဲမက်များသည် ကသ္မိယ ပလူဝ က္ကုန္ဒုမြစ်ဝှမ်းတစ်လျှောက် နိုင်ငံရှိရဲမက်ဗိုလ်ပါများထက် များပြားသည်။စစ်ချီတတ်တိုင်းတိုက်ဆင်
ပေါင်းငါးသောင်းကျော်နှင့်ချီတက်သည်။တပ်မတော်ကြီးတွင် စစ်သည်ရဲမက်မဆိုထားဘိ အဝတ်လျှော်သောခဝါသည်ဦးရေပင် သောင်းကျော်၏။
ထိုရွှေဝါပြည်ဍ္ဍ် အခြားဘယ်နိုင်ငံမျှမရက်တတ်သော အဝတ်အထည်မျိုးစုံကိုတွေ.ရ၏။ထိုအဝတ်အထည်မျိုးကိုဝတ်ဆင်ရန် ချုပ်လုပ်ပီးသောအခါ
အလွန်နူညံ့ပျော့ပျောင်းသောကြောင့် လက်စွပ်ကွင်းထဲသို.ထုတ်ပေါက်လျှိုနိုင်၏။သားမြီးဖြင့်ပြုလုပ်သောယပ်များကိုလည်းမြင်ဖူးခဲ့ရသည်။ခေါင်းပေါ်ဍ္ဍ်ဦးချို
တစ်ချောင်းသာရှိသော၎င်းတို.အခေါ်နှင့်ကြံခေါ်သည့်အကောင်မျိုးကိုလည်းတွေ.ခဲ့ရ၏။ကျွနုပ်တို.သည် ထိုရွှေဝါပြည်ဍ္ဍ်ကြံသားကိုစားခဲ့ကြရ၏။ရွှေဝါပြည်
သစ်တောတို.ဍ္ဍ်ကြံကောင်အလွန်ပေါများ၏။အခြားနိုင်ငံများတွင်ကြံကောင်ကိုတွေ.ဖူးသော်လည်း ရွှေဝါပြည်တွင်တွေ.ရသော ကြံကောင်များလောက်
ဦးချိုလှပသော ကြံကောင်တို.ကို မတွေ.ခဲ့ကြရ။
ရွှေဝါပြည်သားတို.သည် ထိုကြံကောင်များ၏ ဦးချိုကိုထွက်ကုန်အဖြစ် တရုပ်ပြည်သို.တင်ပို.ကြ၏။တရုပ်တို.သည်ကြံချိုများကို ခါးပတ်ပြုလုပ်ဝတ်ဆင်
ကြသည်။တန်ဖိုးကြီးစာွပေးကာ ဝယ်ကြသည်။ကြံချို၏ ပုံပန်းကိုလိုက်ပီး လှပလွန်းလျှင် ငွေပိသာချိန် သုံးလေးဆယ်ပေးကာ ဝယ်ယူကြသည်။ကြံချိုများအပြင်
ဆင်စွယ်တို.ကိုလည်း အရောင်းအဝယ်ပြုကြသေးသည်။ရွှေဝါပြည်သားတို.သည် ဆင်ကိုဖမ်းရာ မွေးမြူကြရာဍ္ဍ် ဂုတ္တနိုင်ငံသားတို.ထက် ပိုမိုကျွမ်းကျင်ကြသည်။
အထက်ပါအီရန်ကုန်သည်ကြီး၏ မှတ်တမ်းအပြင် တရုပ်ပြည်ကြီး၏ သမိုင်းဍ္ဍ်လည်း ရွှေဝါပြည်အကြောင်းကို ရေးသားထားသောမှတ်တမ်းမှတ်စုအချို.လည်းရှိသေးသည်။

2 comments

Leave a Reply