တစ်သက်တာ

virusApril 24, 20121min1004

စမ်းရေတွေထက်
စိမ် ့ရေတွေထက်
ပိုပိုအေးတဲ့အချစ်တွေနဲ့ငါ
မင်းဘဝတစ်ခုကိုပိုင်ဖို ့
ဖြားယောင်းကြည် ့ခဲ့တယ် ။ ။
ဘယ်တော ့မှမရတော ့ဘူးလား
ကြေကွဲညနေတွေရဲ့အဆုံးသတ်
အရင်လိုညနေတွေမှာ
တိမ်တွေလိုမြောခွင် ့ရရင်
အဲ့ဆည်းဆာအတွက်
တစ်ခါလောက်တော ့ဂုဏ်ယူချင်သေးတယ် ။ ။
ဘယ်ဘဝရောက်ရောက်ပါချစ်သူ
အရင်လိုကမ်းနေမယ် ့လက်တစ်စုံကတော ့
အရင်လိုပဲကြိုနေမှာပါ ။ ။
ပျက်ဆီးမှာမဟုတ်သလို
ဖျက်ဆီးပစ်မှာလည်းမဟုတ်ခဲ့ဘူး
ရင်နဲ့အမျှချစ်ရတာတွေအတွက်
ဘယ်ဘဝဘယ်ဘဝတွေပဲရောက်ရောက်
ချစ်မြဲချစ်နေမှာပါ
အမြဲတမ်းအတွက်ပေါ့ ။ ။ ။ ။ ။ ။

4 comments

  • Khaing Khaing

    April 24, 2012 at 9:18 pm

    အားပေးသွားပါတယ်နော် …….. ကို ဗိုင်းရပ် ……… အချစ်ဆိုတာ အေးမျှမှုဘယ်တော့မှရှိမှာမဟုတ်ပါ ဘူးနော် ……….

  • Gipsy

    April 24, 2012 at 9:49 pm

    လူကြီးများအဖို့
    အချစ်သည် အတိတ်ဖြစ်၏….
    လူငယ်များအဖို့
    အချစ်သည် အနာဂတ်ဖြစ်၏….
    လူကြီးများသည် အချစ်ကို လွမ်းဆွတ်၏….
    လူငယ်များသည် အချစ်ကို …..
    ဟီး….. သိတော့ဘူး…..။

  • အလင်းဆက်

    April 25, 2012 at 6:56 pm

    ကောင်းလေစွ….ကောင်းလေစွ..
    ဤလို….စကားလုံး လှလှကလေးများတွေ ့မြင်ရသောကြောင့်..ပီတိ ဖြစ်ရပါတကား….

  • aye.kk

    April 25, 2012 at 7:57 pm

    အချစ်ဆိုတာ..
    ကတ္တရာလမ်းပေါ်မှာအရှိန်နဲ ့သွားနေတဲ့ကားဘီးလည်နေသလိုပါဘဲ။
    စက္ကန် ့နဲ ့အချိန်နဲ ့အမျှပေါ့နော်၊ခရီးမိုင်အကွာအဝေးတွေပြောင်းလဲသွား
    နေပေမဲ့လည်း..။
    ဲ့ဘီးလည်နေပေမဲ့လည်းဘီးနဲ ့ကတ္တရာတို ့ကမပြောင်းလည်းသွားဘူး..
    ကွာလည်းမသွားဘူး..
    ထိမြဲထိကပ်လျှက်အတူရှိနေကြတယ်လေ..။
    အချစ်ဆိုတာလည်း….
    စိတ်ခံစားမှုတခုဖြစ်နေတာမို ့..
    အသက်ရှင်သန်နေသရွေ ့နောက်ဆုံးထွက်သက်အထိအတူရှိနေမဲ့အရာတခုလို ့ဘဲမြင်မိပါတယ်။

Leave a Reply