ငါပြောသလိုလုပ်.. ငါလုပ်သလိုမလုပ်နဲ့.. သဘောပေါက်လား.. (Hot Video Clip)

winterkoeApril 24, 20121min32024
မြန်မာအမျိုးသမီးများအနေနှင့်မည်သို့ဝတ်စားဆင်ယင်သင့်သည်ဟု မြန်မာအမျိုးသမီးထုတရပ်လုံးကိုဆုံးမနေရသော စင်္ကာပူနိုင်ငံရောက်မြန်မာအမျိုးသမီးလေး

စင်္ကာပူတွင် နေထိုင်သော မြန်မာအလွန်ဆန်လှသူ မြန်မာအမျိုးသမီးချောလေးတဦးမှ အဝတ်အစားဝတ်ဆင်မှုနှင့်ပတ်သက်ပြီး မြန်မာပြည်တွင်းနေ မြန်မာအမျိုးသမီးများအား မြန်မာပီပီမြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းကြရန် ဆုံးမထားပါတယ်။ သူမလေးအနေနဲ့ မယဉ်ကျေးဘူးလို့ယူဆထားတဲ့ မြန်မာအမျိုးသမီးတွေကို အခုချိန်ကစပြီး ယဉ်ယဉ်ကျေးကျေးဝတ်ဖို့ဆုံးမထားတဲ့ Youtube က  ဆုံးမဩဝါဒဗီဒီယိုမိန့်ခွန်းကို တုံ့ပြန်ထားတဲ့ Video Clip တခုထွက်လာအပြီးမှာ အခြေအနေမကောင်းလို့ သူမလေးအနေနဲ့ သူမရဲ့မူရင်းဗီဒီယိုကိုပြန်ဖျက်လိုက်အပြီးမှာ အဲဒါကိုပြန်လည်တုံ့ပြန်ထားတဲ့ ဗီဒီယိုလေးပါ။ အပျင်းပြေကြည့်ရှုနိုင်ပါတယ်။ (သူမလေးရဲ့မူရင်းဗီဒီယိုကတော ပိုင်ရှင်ဖြစ်တဲ့သူမလေးက ဖျက်လိုက်တယ်လို့ဆိုပါတယ်)

http://www.youtube.com/watch?feature=player_embedded&v=4ymeJwFIfGY

 

ဖြစ်ချင်တော့ မိန်းကလေးကိုတုံ့ပြန်ထားတဲ့ဗီဒီယိုလေးမှာ စင်္ကာပူက Sentosa Beach ကိုရောက်နေတဲ့ မိန်းကလေးရဲ့ ဝတ်စားဆင်ယင်မှုလေးလဲပါပါတယ်။ မိန်းကလေးက အင်္ဂလိပ်လိုတွေပြောထားပါသေးတယ်။ အဲဒီအပိုင်းကတော့ Climax ပါပဲ။ ကြည့်လိုက်ရင်ရှင်းသွားမှာပါ။ အဲဒီ Response Video Clip ထွက်လာအပြီးမှာ မိန်းကလေးရဲ့ မူရင်းဆုံးမစာရော၊ Youtube Account,  Facebook Account တွေအားလုံးကို မိန်းကလေးက ဖျက်သိမ်းလိုက်ပုံရပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့  Response Video Clip  ကိုအဆုံးထိကြည့်လိုက်ရင်ရှင်းသွားမှာပါ။

အော်..ဒါနဲ့.. အခုတွဲလျက်ပါတဲ့ဓါတ်ပုံရှင်ကတော့ မြန်မာတွေကိုဘယ်လိုဘယ်ဝါဝတ်သင့်တယ်လို့ ဆုံးမဩဝါဒခြွေထားတဲ့ အသံရှင်စင်္ကာပူက လုံလုံခြုံခြုံဝတ်ရတာနဲ့ Tiger Beer သောက်ရတာမျိုးကို သိပ်မကြိုက်တဲ့အမျိုးသမီးချောလေးရဲ့ပုံလို့ ဆိုပါတယ်။ အဲဒီမိန်းကလေးကိုတုံ့ပြန်ထားတဲ့ အလယ်နဲ့အောက်ကဗီဒီယိုလင့်ခ်ကိုနှိပ်ပြီး သူမလေးကိုတုံ့ပြန်ထားတဲ့ဗီဒီယိုကိုအပျင်းပြေကြည့်ရှုနိုင်ပါတယ်။ ပြုံးချင်စရာလေးပါ…

24 comments

  • နေဝန်းနီ

    April 24, 2012 at 9:57 pm

    ငါလုပ်သလိုပြော …. ငါပြောသလိုမပြောနဲ့….။ ပြောင်းပြန်ပြန်တွေးကြည့်တာ 😛

  • အမေရိကန်ငတုံး

    April 24, 2012 at 10:10 pm

    အောင်မလေး ကို Daniel ရေ ရီချင်လို်က်တာဖတ်ဖတ်မော ရင်ဘက်နောက်ကကျော
    လို.ကိုဖြစ်နေဘီ။သူပြောနေတာနားထောင်နေရင်းနဲ.ဒီမိန်းမ ကျပ်ကောပြည့်ရဲ့သေးလားလု.ိ
    တွေးမိနေတာနောက်ဆုံးကျမှရှင်းသာွးတယ်။ ကျွန်တော်ပြောတာအဲဒါပေ့ါ ရင်ထဲကအစစ်
    အမှန်ကိုလိုချင်တာ လူအထင်ကြီးအောင်စကားလုံးကြီးကြီးကျယ်ကျယ်တွေလျှောက်ပြော
    ပီးတော့သူတို.လူများထက်ကိုအဆ ၁၀ဝလောက်ပိုလွဲပြနေတယ်။ကျုပ်တို.နိုင်ငံမှာအဲလိုမျိုးတွေ
    အများကြီး ကျန်တာရွာသူားတွေဆက်ဆွေးနွေးကြပါအုန်း ကျုုပ်ရင်ထဲလေးလေးနက်နက်အတွေး
    တစ်ခုဝင်သာွးတယ်။အခုလက်ရှိဖြစ်နေတဲ့အယူအဆကလည်းပိုပီးခိုင်မာလာဘီ 💡

  • အမေရိကန်ငတုံး

    April 24, 2012 at 10:23 pm

    ကွန်ဇဗေးတစ်(ဗ်)လူလိမ်မ အမူအရာကလဲမင်းသမီးရှုံးလောက်တယ်။ဒါပေမယ့်ရုပ်က
    ဇာတ်မင်းသမီးရုပ် :mrgreen: ကျုပ်တို.ကျောင်းနာမည်ပါကြားလိုက်ရသေးတယ်
    မဏ္ဌပ်လုပ်ဖို.ကိုကိုအမေရိကန်ကြီးက စပွန်ဆာပေးပါမယ်ကွယ်။တူတူပျော်ပျော်ကြတာပေါ့
    ကိုယ်ကတိုက်ပုံနဲ.ပုဆိုးတောင်ရှည်ဝတ် ခေါင်းပေါင်းပေါင်း သဲလေးကချိတ်ထမီလေးနဲ.
    ဇာတ်မင်းသမီးလေးလိုဝတ်လာခဲ့နော် တူတူကဲကြတာပေါ့ သားစို.သီချင်းနဲ.တော့ရှိတ်လို.
    ရပါတယ် 😆

  • ဘမျိုး ဘိုးတူ

    April 25, 2012 at 12:01 am

    ဟဲ့ ကလေးတို့ မြန်မာမိန်းကလေးတစ်ယောက်ကို ဘာအညှိုးနဲ့ ဒါ့လောက်
    သိက္ခာ ချနေရတာလဲ ၊ မင်းတို့ မရှက်တတ်ဖူး လားကွာ၊
    စိတ်ပျက်စရာ ကောင်းသနဲ့ ။

  • ဘမျိုး ဘိုးတူ

    April 25, 2012 at 12:26 am

    အေးကွဲ့ ကြည့်လို့လဲ ရ ဝူး အဝိုင်းလေးကလည်တယ်တယ် ဖြစ်ပြီး ထစ်ထစ်နေတော့
    မင်းတို့ လွန်နေပြီ ဆိုပီး ဝင်မန့်တာ ၊ ငါ့အလွန်များ ဖြစ်သွားပီလား ။

  • အမေရိကန်ငတုံး

    April 25, 2012 at 12:35 am

    လမ်းဘေးက Sexy Dance ကတဲ့မိန်းမက အချိန်တန်ရင်မေ့သာွးနိုင်ပေမယ့်
    အဲလိုမိန်းမမျိုးက လူပတ်ဝန်းကျင်ကိုအနှာက်အယှက်ပြုနိုင်လို.ပါခင်ဗျ
    ပြောတဲ့စကားလုံးတွေကိုသေချာတစ်လုံးချင်းစီစဉ်းစားကြည့်ပါ
    လုံးဝမူမမှန်ဝူး

  • TTCG

    April 25, 2012 at 12:38 am

    သူ့ရဲ့ To Myanmar With Love article ကို တုံ့ပြန်ထားတဲ့ video မှာ လူတွေက ဝိုင်းမြှောက်ပေးကြတာကိုး… အဲ့ဒီတော့ ငါပြောသမျှ လူတွေလက်ခံမှာပဲဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး လျှောက်လုပ်မိတယ်ထင်ပါတယ်

  • learner

    April 25, 2012 at 12:41 am

    မတူတယ့်အမြင်နဲ့ရေးကြည့်မယ်နော်။ ကျွန်တော်ထင်တာတော့သူ အဲလိုဝတ်ထားပေမယ့် သူသွားတဲ့နေရာက Beach လေ။ အဲဒီတော့ဒူးနေရာနဲ့ဒူးတော်နေရာနဲ့တော် ဆိုသလို မြန်မာမလေးများလဲ Night Club သွားရင်တော့ အတိုအဖော်တွေ ဝတ်လိုက မိမိသဘောသာဖြစ်ပြီး မြန်မာနှစ်သစ်ကူးမှာတော့ မြန်မာလို ယဉ်ယဉ်လေးသာ ဝတ်သင့်ကြောင်း ထင်မှတ်မိပါတယ်။

  • winterkoe

    April 25, 2012 at 12:42 am

    အခုလင့်ခ်ကတော့ ပုံပါမိန့်ခွန်းရှင်လေးကိုထောက်ခံတဲ့ပရိသတ်တယောက်ပါ။ သူပြောတာလေးတွေလည်းပဲ စိတ်ဝင်စားဖို့ကောင်းလှပါတယ်။
    http://www.youtube.com/watch?v=9dlf9ckCRfI&feature=share

  • အမေရိကန်ငတုံး

    April 25, 2012 at 1:19 am

    နောက်တစ်ယောက်ကပိုတောင်ဆိုးသေးတယ်။စကားအသုံးအနှုန်းတောင်
    ကောင်းကောင်းမသုံးနိုင်တော့ဝူး။ရိုင်းစိုင်းလိုက်တာ” -ာ” ထပ်တလဲလဲသုံးသာွးတယ်
    ယဉ်ကျေးစာွ သုံးနှုန်းလို.ရတဲ့မြန်မာစကားအသုံးအနှုန်းတွေအများကြီးရှိတယ်။
    မြန်မာစကားဝေါဟာရအရမ်းကြွယ်ဝပါတယ်။သူလည်းမူမမှန်ဝူး တစ်ခုခုကိုတစ်အား
    ဒေါသထွက်နေလို.ချုပ်တည်းပီးပြောနေရတဲ့ပုံစံ

  • water-melon

    April 25, 2012 at 7:12 am

    ဟီဟီ
    နာတော့ download ဆွဲလိုက်ပြီ
    စောင့်ကြည့်နေရင် ကြာတယ်
    ကြည့်ပြီးမှပြောတော့မယ်
    ဂလုလားမသိ ဂလု

  • ကြောင်ကြီး

    April 25, 2012 at 8:14 am

    ခံလိုက်ရသူဂ စိတ်နာနာနဲ့ ဆော်လိုက်တဲ့ ပို့စ်ပဲ…။ သူလည်းသူပြောဂျင်ဒါ ယူတျုမှာတင်သလို ကိုယ်လည်းကိုယ်ရေးဂျင်ဒါ ကိုယ်ရေးဒါ မျှတပါဒယ်.. သို့သော် ဖြတ်ညှပ်ကပ်ပုံစံ (အဲလောက်တော့ မဆိုးဘူး) ကိုယ်လိုရာဆွဲဖော်ပြချက်မျိုးဖြစ်နေဒယ်..။ လူတဦးတယောက်အကြောင်း တိုက်ရိုက်ပတ်သက်နေရင် ရိုးသားမှုစည်းတခုဒေါ့ ထားသင့်တယ်။ မန်းလေးဂေဇက်ကို မိန်းမတွေ အတင်းအဖျင်းပြောတဲ့ အဝါရောင်ဆိုက် မဖြစ်စေဂျင်ပါ…. ကာလသားကြိုက်အပြာရောင် အညှီအဟောက်ဆိုက်ဆို ဟုတ်တုတ်တုတ်..။

    • winterkoe

      April 25, 2012 at 4:02 pm

      ကြောင်ကြီးပြောတာတွေတော်တော်ချော်နေတယ်နော်…

  • winterkoe

    April 25, 2012 at 12:48 pm

    ပြောလိုက်ရင်အလွဲတွေချည်းပါပဲလား။

  • Davit

    April 25, 2012 at 2:09 pm

    တစ်ခုစဉ်းစားကြည့်ကြပါဦး……သူကမြန်မာနိုင်ငံရဲ့ ဒီလိုအချိန် ဒီလိုအခါမျိုးမှာ ဒီလိုမျိုးလုပ်ဖို့မသင့်တော်ဘူးဆိုတာကိုပြောသွားတာပါ။ ခုသူရောက်နေတဲ့နေရာ(သူအဝတ်အစားဝတ်ပြီးရောက်နေတဲ့နေရာ) က Beach မှာပါ။ ပြီးတော့ မြန်မာတွေတန်ဖိုးထားတဲ့ နှစ်သစ်ကူးပွဲတော်တို့၊ ရက်ကြီးခါကြီးတွေလည်းမဟုတ်ဘူး။ ဒါကြောင့်သူဒီအတိုင်းအတာအထိလောက် ဝတ်ခွင့်ရှိတယ်လို့ထင်တယ်၊ ပြီးတော့ ဘီယာကို ကမ်းခြေမှာ ဒီလိုမျိုးဝတ်ပြီး သောက်ခွင့်ရှိတယ်လို့လည်းထင်တယ်။ မဟုတ်ဘူးလား။ သူက အခါကြီးရက်ကြီးအတွင်း လုပ်တာမဟုတ်ပါဘူး။ သူပြောသွားတာတွေမှန်ချည်းပါပဲ။ မှားတာ တစ်ကွက်မှ မတွေ့မိဘူး။

    (ဒီလိုရေးလိုက်လိုက်လို့ ကွန်းမန့်မှာ ရဲရဲတောက်တော့မယ်ဆိုတာတယ်။ ဒါပေမဲ့အမှန်ကို သတိထားမိစေချင်လို့ ရေးတာပါ။)

    • Davit

      April 25, 2012 at 2:21 pm

      ဒါကတော့ ရိုးရာလေး ကနေကူးယူဖေါ်ပြထားတာပါ။ ( ကဲ … ကောင်းကြသေးရဲ့လား )

      နှစ်သစ်ကူးကာလ သင်္ကြန်ရက်များတွင် အရေးပေါ် သန္ဓေတားဆေး များရောင်းအားသုံး၊ လေးဆခန့်အထိမြင့်တက်ခဲ့ကြောင်း ရန်ကုန်မြို့တော် အတွင်းရှိ ဆေးပစ္စည်းအရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။ “ပုံမှန် တစ်ရက်ကို ဆေးကတ် လေးကတ်လောက်ရောင်းရတယ်ဆိုရင် သင်္ကြန် ရက်အတွင်း ၁၆ ကတ်၊ ၁၈ ကတ်လောက်ရောင်းရတယ်” ဟု အနော် ရထာ လမ်းမပေါ်ရှိ ဆေးပစ္စည်းအရောင်း ဆိုင်တစ်ဆိုင်မှ အသက် ၃ဝ အရွယ် အမျိုးသား တစ်ဦးကပြောကြားသည်။
      “ဆေးလာဝယ်တာ အသက် ၂ဝ ကျော်အရွယ်တွေအများဆုံးပဲ” ဟု အနော်ရထာလမ်းမကြီးနှင့် ၃၆ လမ်း အနီးရှိ ဆေးဆိုင်တစ်ဆိုင်မှ အမျိုး သား တစ်ဦးကဆိုသည်။ မြန်မာအမျိုးသမီးများ ရိုးရာ ယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ခြင်း မရှိတော့ဘဲ လူအများ အမြင် မသင့်လျော် သော ဝတ်စားဆင်ယင်ပုံပြောင်းလဲလာ ကြောင်း အမျိုးသမီးအချို့ကဆိုကြသည်။
      “ဝတ်တာစားတာတွေ အရမ်းရိုင်း လာကြတယ်” ဟု သင်္ကြန်တွင်းမဏ္ဍပ် ၌ ရေကစားခဲ့သော အမျိုးသမီးတစ်ဦး က ပြောကြားသည်။ “အဝတ်အစား ကို ပေါင်ပဲပေါ်ပေါ်၊ ချက်ပဲပေါ်ပေါ် ဝတ်ချင်သလို ဝတ်ပါ စေ။ အဲလိုဝတ်တာက ပြဿနာမဟုတ် သေးဘူး။ အရက်တွေမူးပြီးတော့ အချစ် နယ်ကျွံတာ က မှ ပြဿနာ” ဟု ကမာရွတ် မြို့နယ် ရွာမကွေ့မှ အသက် ၃ဝ အရွယ် အမျိုးသားတစ်ဦးက သုံးသပ်သည်။ အနောက်တိုင်းနှင့်ကိုရီးယား ရုပ်ရှင် များကြည့် ကာ မိမိနိုင်ငံယဉ်ကျေးမှုနှင့် မကိုက်ညီသော ယင်းနိုင်ငံများ၏ လူနေမှုပုံစံယဉ်ကျေးမှုများကို မြန်မာ လူငယ်များ၊ လူမျိုးများအတုခိုး၍ လုပ်ဆောင်လာကြခြင်း၊ သင်္ကြန်ရက် အတွင်း အရက်သေစာ၊ မူးယစ်ဆေးဝါး များ သုံးစွဲခြင်းများကြောင့် ယင်းသို့ မဖြစ်သင့်သော ပြဿနာရပ်များ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း အင်းစိန် မြို့နယ် သီရိစန္ဒာဆေးရုံမှ ဒေါက်တာ မြင့်ဦးက ပြောကြားသည်။
      ယင်းသို့ အချစ်နယ်ကျွံကြသူများ တွင် ခေတ်ပညာတတ်သောအမျိုးသမီး များ မပါဝင်နိုင်ကြောင်း၊ ကာရာအိုကေ၊ ကေတီဗီအစရှိသော လုပ်ငန်းများမှ ထိတွေ့ဖူးသော အမျိုးသမီးများဖြစ်နိုင် ကြောင်း၊ သင်္ကြန်ရက်အတွင်းတွင် အဝတ်အစား ဝတ်ဆင်ကြရာ၌ ပုံမှန် ဝတ်ဆင်ခြင်းမျိုးမဟုတ်၍ လိင်ဖောက် ပြန် မှု ပြဿနာများကို ပိုမိုဖြစ်ပွားနိုင် ကြောင်း အထက်ပါပုဂ္ဂိုလ်က သုံးသပ်သည်။ “သင်္ကြန်ရက်ဆိုရင် မူးယစ်ဆေး ဝါးတွေသုံးစွဲ၊ အရက်တွေသောက်ပြီး တော့ ကချင်သလိုက၊ လုပ်ချင်သလို လုပ်ကြတာပဲ။ ရေပက်ထားလို့အေးတဲ့ အချိန်ဖြစ်တဲ့အတွက် ထိတွေ့မှုလည်း ပိုများတယ်။ အဲဒီလိုဆိုတော့ မဖြစ်သင့် တာတွေဖြစ်ကြတာပေါ့” ဟု ဆေးရုံ လုပ်သက် နှစ် ၄ဝ ကျော်ရှိ ဒေါက်တာ မြင့်ဦးကရှင်းပြသည်။ “ဆရာတို့တုန်းကဆို မိန်းကလေး တွေ လက်ဖက်ရည် ဆိုင်တောင် မထိုင်ရဲ ကြဘူး။
      အခုမိန်းကလေးတွေက ဘီယာ ဆိုင်တောင် ထိုင်နေကြပြီ” ဟု ၎င်းက ပြောကြားသည်။ ယင်းသို့မဆင်မခြင် လိင်ဆက်ဆံ မှုများကြောင့် AIDS ၊ အ သည်းရောင် အသားဝါဘီ၊ စီရောဂါများ၊ ကာလသား ရောဂါများ၊ အရေပြားရောဂါများ၊ သားအိမ်ခေါင်းကင်ဆာ စသည့် လိင်ဆက်ဆံမှုနှင့် ဆိုင်သော ရောဂါ များဖြစ်ပွားနိုင်ကြောင်း ဒေါက်တာမြင့်ဦးက ဆိုသည်။ “အန္တရာယ်အရှိဆုံးကတော့ HIV လို ကူးစက်ရောဂါဖြစ်မှာရယ်။ ကလေး စွန့်ပစ်တဲ့ပြဿ နာတွေ ပေါ် လာမှာရယ် တွေပါ” ဟု ဒေါက်တာမြင့်ဦးက နောက်ဆက်တွဲလူမှုရေးပြဿနာအချို့ကိုပါ သုံးသပ်ပြောဆိုသည်။ အရေးပေါ် သန္ဓေ တားဆေးများ ကို သုံးစွဲခြင်းကြောင့် ဘေးထွက် အာနိသင်များအနေဖြင့် သွေးဆင်းမမှန်ခြင်း၊ ဟောမုန်းကြောင့် ပျို့အန်မှုများ၊ အားအင်ကုန် ခန်းခြင်း ၊ ခေါင်းမူး ခေါင်း ကိုက်ခြင်း၊ ရင်သားများ နာကျင်ခြင်း၊ ဆီးစပ်နာကျင်ခြင်းများကိုဖြစ်စေ နိုင်ကြောင်း သားဖွားနှင့် မီးယပ် အထူးကု ဆရာဝန်တစ် ဦးဖြစ် သူ ဒေါက်တာဝင်းကို က ပြောကြားသည်။ “ဘယ်သူမှ အဲလိုမျိုးမဖြစ်စေချင် ဘူး။
      အဲလိုဖြစ်နေတာကိုလည်း လက်မခံနိုင်ဘူး။ အဝတ်အစားဝတ်တာ စားတာက ခေတ်မီလာပေမယ့် သရုပ် ပျက်နေတာတော့ မကောင်းဘူး။ နောက်ပြီး သန္ဓေ တားဆေးအသုံးပြုတဲ့ လူငယ်တွေများလာရင် ထိန်းချုပ်ဖို့ အသိပညာပေးနိုင်ရမယ်” ဟု သမီးများ ၏ အမေတစ်ဦးဖြစ်သော အသက် ၄၅ နှစ်ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး က မှတ်ချက်ပြုပြောကြားသည်။ မြန်မာနိုင်ငံတွင် နယ်စပ်များမှ ဝင်လာသော အရေးပေါ်သန္ဓေတားဆေး များ တစ်နိုင်ငံလုံးတွင် ပျံ့နှံ့ လျက်ရှိပြီး ယင်းဆေးများကိုသုံးစွဲလျှင် ဆေးအာနိ သင်နည်းပါးကာ အန္တရာယ်များကြောင်း ဆရာဝန်များက သုံးသပ် သည်။မြန်မာနိုင်ငံတွင် လိင်ပိုင်း ဆိုင်ရာ များနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေးမှုအားနည်းလျက်ရှိပြီး လိင်ပိုင်းဆိုင်ရာဆက်ဆံမှု များ၏ နောက်ဆက် တွဲရော ဂါပြဿနာ များကို အသိပညာပေးမှု အားနည်းလျက်ရှိ ကြောင်း ဆရာဝန်များကဆိုသည်။ “နိုင်ငံတကာမှာဆိုရင် အသက် ၁၁ နှစ် အရွယ် ကလေးတွေကစလို့ စာ သင်ကျောင်းတွေမှာ ကျန်းမာရေး ပညာပေးတယ်။မြန်မာနိုင်ငံမှာလည်း အလယ်တန်းအဆင့်လောက်ကနေ ကျန်းမာရေး ပညာပေးတာကို သင် ရိုး ညွှန်းတမ်းတွေမှာ ထည့်ပေးသင့်တယ်။ အဲဒါတွေကတော့ နိုင်ငံ့ခေါင်းဆောင် တွေမှာ တာဝန်ရှိတယ်” ဟု ဒေါက်တာ ဝင်းကိုက သုံးသပ်သည်။

  • အော့ကြောလန်နန့်နန့်ထိုး ခွေးလယားသီး ဗြားကြီး

    April 25, 2012 at 3:44 pm

    မှန်တယ် ထောက်ခံတယ်
    ဘာလို့လဲဆိုတော့ ကျုပ်တို့ မျက်လုံးအဟာရလုပ်ဖို့ အတွက်ကို ကိုယ့်ထက်အသက်ကြီးတဲ့သူတို့၊
    မိန်းကလေးသူငယ်ချင်းတွေတို့၊အဒေါ်တို့ဘာတို့နဲ့ ရေပက်ခံထွက်မလည်ချင်ဘူး မျက်နှာပူတယ်
    မျက်လုံးအဟာရလောက်နဲ့ကတော့ သူငယ်ချင်းတွေစုပြီး အပြာကားထိုင်ကြည့်လိုက်မယ်
    ခုဟာက သကြန်သီချင်းခွေ ဝယ်ကြည့်တော့လဲ သီချင်းဆိုတဲ့လူရော ဘေးကနေကပြနေတဲ့သူတွေကရော
    ဒီဟိုဒင်းကနေဟိုဟာ လုပ်တာကို ဦးတည်ထားတဲ့ ရည်ရွယ်ချက်တွေကတော်တော်များများ ဆိုတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ထဲကို က မိသားစုနဲ့ သကြန်သီချင်းခွေ အသစ်တွေဝယ်မကြည့်ဖြစ်တော့ဘူး။
    ခုနောက်ပိုင်း တော့ dancer ဆိုတာနဲ့ ဖာကပဲကနေကြတော့တာပဲ ထွင်ကြပါ ချစ်စရာကောင်းအောင် တက္ကနစ်ကောင်းအောင် မြူးကြွလာအောင် ကကွက်တွေ ခုတော့ဗျာ သားနဲ့မအေ သမီးနဲ့ ဖအေ မကြည့်ရဲအောင်ပဲ။
    ကျုပ်လဲ ကျားပဲ ကြိုက်တာပေါ့ ဒါပေမယ့် ကြည့်ချင်ရင် အပြာကားပဲကြည့်တော့မယ် ဒင်းတို့ကတာတော့ မကြည့်ဘူး။
    တစ်ခုတော့ရှိတယ် ဒင်းတို့ အပြာကားရိုက်ပြမယ်ဆိုရင် တော့ ရှေ့ဆုံးကနေကို အားပေးမယ်။
    မစို့မပို့ နဲ့တော့ လာမလုပ်ပြကြပါနဲ့ အကုသိုလ် တက်လွန်းလို့ဗျို့

  • အော့ကြောလန်နန့်နန့်ထိုး ခွေးလယားသီး ဗြားကြီး

    April 25, 2012 at 3:55 pm

    နောက်ရှိသေးတယ် မဏ္ဏပ်ကြေညာတွေမှာ hot dancer တွေပါတယ်ဆိုပြီး မာကတ်တင်း လုပ်တဲ့
    မဏ္ဏပ်တွေတော်တော်များတယ်ဗျာ
    အမှန်က အဲဒီ hot dancer တွေမထားနဲ့ မာဆက်တို့ ကေတီဗွီခန်းတို့ ဖာသည်မတွေ သာပြင်ဆင်ထားလိုက်ကြပါတော့ဗျို့

  • ဝက်ပေါက်

    April 25, 2012 at 5:05 pm

    တစ်ယောက်ထဲကို ဝိုင်းလက်ညိုး ထိုးတာကိုတော့ အားမပေးချင်ပါဘူး အဲလို ထိုးတဲ့သူကလဲ ပုဂ္ဂိုလ်ရေးကြောင့် ထိုးတာလို့ မြင်မိပါတယ် အတတ်နိုင်ဆုံးကတော့ ထောက်ခံသွားတဲ့ အစ်မရဲ့
    စကားတွေက ရိုင်းတာမှန်ပေမယ့် လက်ခံချင်စရာပါ သူပြောသွားတာက အဓိက ဆင်ခြင်ကြဖို့ နဲ့ ဝိုင်းဝန်း ထိန်းသိမ်းပေးကြဖို့ပါ ကဲ…ဝိုင်းဝန်းပြီး အသိပေး မဟုတ်သော်လည်း အနားမှာ ရှိတဲ့သူများကို လက်တို့လိုက်ကြရအောင် 🙂

  • winterkoe

    April 25, 2012 at 5:50 pm

    အားလုံးပဲ..

    ကျနော့်အနေနဲ့ကတော့ ကျနော်ကြည့်ခဲ့ရတဲ့ ပြုံးချင်စရာအဖြစ်အပျက်လေးကို မျှဝေတဲ့သဘောပါ။ ကျနော်နဲ့ဒီကိစ္စနဲ့ တိုက်ရိုက်ရော၊ သွယ်ဝိုက်ပါမသက်ဆိုင်ပါဘူး။ ဓါတ်ပုံပါမိန့်ခွန်းရှင်လေးကိုလဲ တိုက်ခိုက်တဲ့သဘောမပါပါဘူး။ အမြီးအမောက်မတည့်ပဲ၊ ရှေ့ကဖုံးနောက်ကပေါ်ဖြစ်နေတာလေးကို ကြည့်ပြီး ပြုံးမိတာနဲ့ မျှဝေပေးတာပါ။ ဒီပို့စ်နဲ့ပတ်သက်ပြီး သိပ်အရှည်ကြီးတွေးလို့ အိပ်မပျော်နိုင်တဲ့သူတွေတော့မရှိလောက်ဘူးထင်ပါတယ်။ ပေါ့ပေါ့ပါးပါးပေါ့… 🙂

  • အမေရိကန်ငတုံး

    April 25, 2012 at 7:01 pm

    အေးလေ အနော်တို.ကနောက်တာကိုအူးလေးတို.ကလည်း
    အတည်ကြီးတွေ ဝိုင်းပြောနေကြတယ်။နောက်တာကိုများ သေချာ
    ကြည့် ြ့ကည့်ပါလားလို. ရီစရာကြီးဟာကို :mrgreeen:

  • luu noutlay

    April 28, 2012 at 10:58 am

    သငြ်္င်္ကန်တုန်းကတော့ အနုပညာရှင်တွေလည်းတော်တော်ဆိုးတယ်ဆိုပဲ
    ကြည့်လုပ်ကြပါဦးခင်ဗျာ
    မြန်မားရိုးရာနှစ်သစ်ကူးသင်္ကြန်တွေ ဘယ်လိုဖြစ်ကုန်တာလည်း မူးလိုက်ကြတာလည်းလွန်ပါရော
    (ဟိ ဟိ ကျနော်လည်းပါတယ်အဲဒီထဲမှာ ဟ ဟ)နောက်နောင်ဆင်ခြင်နိုင်ရင်တော့ကောင်းတာပေါ့ှဗျာ

Leave a Reply