နေဝန်းနီ….ပါဆယ်ဆွဲတယ်-၆

naywoon niApril 24, 20121min1795

ဆေးခန်းရှေ့ ပြန်ရောက်တော့ ဆရာဝန်က ကျောက်ကပ် ကျောက်တည်တာ ဖြစ်ကြောင်း ဆီလမ်းကြောင်းမှာ ကျောက်က ခံနေတာဖြစ်နိုင်ကြောင်း ဆီးကြိတ်ရောင်နေတာလည်း ဖြစ်နိုင်ကြောင်း ပြောပါတယ်…။ ဒါနဲ့ နေဝန်းနီကလည်း ဆီးသွားမှနာနေတာ ကျန်တဲ့ အချိန်တွေ မှာ မနာကြောင်းပြောတော့ ဆရာဝန်က ကျင်ချောင်း ကိုပြခိုင်းပါတယ်…။ ဟုတ်တယ်..။ ခုမှရှက်နေလို့ကော ဘာထူးမှာလည်း …။ ဆီသွားတိုင်းမခံ မရပ်နိုင်အောင်နာကျင်မှုက အရှက်အကြောက်ဆိုတာကို ဖုံးလွှမ်းသွားခဲ့ပြီပဲ…။ မနက်ကလိုပဲ လက်အိတ်ပြန်စွပ်တယ်…။ ဘယ်နေရာလောက်က အောင့် တာလဲတဲ့…။ လက်နဲ့ ထောက်ပြတော့…… နံရံမှာ ချိတ်ထားတဲ့ ကပ်ကျေးလိုလို သံချောင်းလိုလို တစ်ခုကို ဆွဲယူလိုက်ပါတယ်…။ ဆေးဗူးတစ်ခုထဲက ဆေးရည်ပျစ်ချွဲချွဲ တစ်ချို့ကို ညှစ်ယူလိုက်ပြီး စောစောက တုတ်တန်ပေါ်ကို သုတ်လိမ်းလိုက်ပါတယ်…။ ပြီးတော့ ကျင်ချောင်းထဲက ပူကနဲခဲစားလိုက်ရပါတယ်…။ နာတော့ သိပ်မနာပါဘူး…။ ဟုတ်တယ်…။ နေဝန်းနီ ကြားဖူးသလိုထိုးမွှေနေတာ…။ ခေါင်းမတ်ပြီးကြည့်ခိုင်းသေးတယ်..။ ခင်ဗျားပြတဲ့ နေရာကိုမက တော့ဘူးတဲ့…။ ဒီလိုထိုးမွှေလိုက်ရင် ကျောက်ရှိနေရင် အသံကြားရမှာ …။ ဒါမှမဟုတ်တုတ်တံနဲ့ ထိခိုက်ပြီးခင်ဗျားနာရမှာတဲ့…။ ခုတော့မနာဘူးဆိုတော့ ဆီးကြိတ်ယောင်တာလားမသိဘူး…။ နောက်နေ့ ခွဲစိတ်ဆရာဝန်နဲ့ တွေ့ပေးမယ်တဲ့…။ ကျောက်က ခင်ဗျားမသိတုန်းထွက်သွားပြီး ရှခဲ့သလားမသိဘူး…။ ဒါမှမဟုတ်ရင် ဆီးကြိတ်ရောင်တာလည်းဖြစ်နိုင်တယ်…။ ခုတော့ ရေများများသောက် ဒီဆေးဆက်စား ဆိုပြိး ဆေးကတ် နှစ်ကတ်ထုတ်ပေးပါတယ်…။ မနက်က အကူကောင်မလေးရောက်လာပြီး ဆေးထိုးဖို့လုပ်ပါတယ်…။ ဘာတွေလည်းတော့ မသိဘူး နှစ်ခါပြန်ထိုးလိုက်တာ ပဲသိတယ်…။ ဆေးထိုးပြီးတော့ မနက်ကလိုပဲ ကောင်မလေးက လာဆိုပြီး ဦးဆောင်လို့ ကောင်တာဆီကိုခေါ်သွားပြီး ဆေးဘိုးခြောက်ထောင်ကျပါသတဲ့…။ အင်း မနက်က လ္ဘက်ရည်ဆိုင်မှာပြောတဲ့ သူငယ်ချင်းစကား ကွက်တိပါပဲ…။ ဆေးဘိုးနဲ့ ဓါတ်မှန်ရိုက်ခ သောင်းနှစ်ထောင်…။ စဉ်းစားလိုက်ရင်းမောလာသလိုပဲ…။ စောစောက ဟာ ပြန်မြင်ရင်း ဒူးတောင်တုန်လာတယ်…။ ဟုတ်တယ်…။ အဲဒိလိုထိုးမွှေလို့ရတယ်လို့သာ ကြားဖူးတာ…။ ကိုယ့်ရှေ့မှာမြင်ဖူးတာမှမဟုတ်တာ….။ ဒါနဲ့ပဲ စက်ဘိးလေးစီးပြီး ပြန်လာတယ်…။ ကျောက်ကပ် ရောင်တယ်သာပြောတာ စက်ဘီးအစီးမပျက်သေးတာ သတိရလာတယ်…။ စောစောက ဆရာဝန်ကလည်း သူ့ရှေ့ စက်ဘီးစီးပြီး ဝင်လာတာ တွေ့မှာပါ …။ ဘာမှမပြောလိုက်…။ အင်းးး သူပြောပြော မပြောပြော စက်ဘီးစီးတာတော့ လျော့ဦးမှပါလေ…။ ကျောက်ကပ် သမားက အလေးအပင် မတာတွေ စက်ဘီးစီးတာတွေ မလုပ်ရဘူးလို့ ကြားဖူးတာပဲ..။ အဲ သဟာနဲ့ ဘယ်မှလည်း သွားချင်စိတ်မရှိတာနဲ့ အိမ်မှာပဲ ပြန်ခွေနေလိုက်တော့တယ်…။ ဆီးသွားတိုင်းတော့ နာနေအောင့်နေသေးတာပ…။ ရေများများသောက်ဆိုတဲ့ စကားနဲ့ပဲ….။ ဆီးသွားတဲ့ အရှိန်နဲ့ ကျောက် ကပ် နေတာဆိုရင်ပါသွားမလားမျှော်လင့်ချက်နဲ့ သောက် သောက်သောက်…။ နောက်တစ်နေ့လည်း ရေသောက်လိုက် ပေးလိုက်တဲ့ ဆေးတွေသောက်လိုက်လုပ်ရင်း ဆီးသွားနည်းလာတာ သတိထားမိတယ်…။ ဆီးအရောင်က ကြံရည်လို ဝါကျန့်ကျန့်ကနေ အနီဘက်ပါလာပြီ…။ အိမ်ကနေ အပြင်ဘက်မထွက်ချင်ဘူး…။ ပူတာကလည်း အရမ်း…။ ချွေးတွေကလည်း တစ်ကိုယ်လုံး ရေချိုးထားသလားအောင့်မေ့ရတယ်…။ ညနေငါးနာရီလောက်ရောက်တော့ အိမ်ထဲမှာဆက်မနေနိုင်တော့ဘူး…။ အိမ်နဲ့ အဲသည်လောက်တည့်တာမှမဟုတ်တာ…။ လ္ဘက်ရည်ဆိုင်ဘက်ထွက်လာရင်းနဲ့ သူငယ်ချင်းတစ်ယောက်နဲ့တွေ့တော့ နေဝန်းနီကို ဆေးပေးနေကျ တိုင်းရင်းဆေး ဆရာပြန်ရောက်နေပြီတဲ့…။ သင်္ကြန်နားနီးလို့ ဘုရားဖူးသွားတာဆိုပဲ…။ အဲဒါနဲ့ လ္ဘက်ရည်ဆိုင်ကအပြန် ဆရာနှင်းဆီဝင်ခဲ့တာပေါ့….။ နေဝန်းနီကို ငှက်ဖျားရောဂါ အကင်းသေအောင်ကုပေးထားဖူးတယ်…။ နေဝန်းနီလိုပဲ… တစ်ယောက်ရောဂါတစ်မျိုး ပျောက်အောင်ကုပေးထားတာ ကြားနေရတာပဲ…။ မတွေ့လိုက်နဲ့ အဲဒိဆရာက ကျွန်တော့ကို ဘာရောဂါ ဖြစ်တာ သူနဲ့ တွေ့မှပျောက်သွားတာ ဆိုတာမျိုး ခဏခဏ ကြားရတွေ့ရဖူးတယ်…။ နေဝန်းနီနဲ့က ဆရာနဲ့လူနာဆက်ဆံရေးထက်ပိုပြီး ခင်မင်နေတော့ ကိုယ့်မှာဖြစ်နေတဲ့ အခက်အခဲ ရင်ဖွင့်မိတာလည်းပါတာပေါ့….။ ဆရာဆီရောက်တော့ မနေ့က ဓါတ်မှန်ရိုက်ထားတာပါယူသွားမိတာနဲ့ ပြလိုက်တော့
“ ကိုနေရဲ့ အသည်းရောင်တာက ဆီ မစားရဖူးနော်….။ ကျောက်ကပ်ရောင်တာကတော့ အပူအစပ်ရှောင်ရမယ်…။ အငန် လုံးဝ လောက်ရှောင်ထားဦး…။ ခင်ဗျား အစားအတွက်ကတော့ နည်းနည်းကသီမှာပဲ…။ ကျုပ်တို့လူမျိုးက ဟင်းမကောင်းချင်နေပါစေ ဆီနဲ့ ဆားနဲ့ ပါမှ ထမင်းဝင်တဲ့လူမျိုးကိုဗျ…။ ကျွန်တော့အထင်တော့ ဗမာလူမျိုးတွေ ဆီနဲ့ဆား စားတာလွန်တယ်လို့ထင်တာပဲ…။ အပူအစပ်စားတာလည်း ကြောက်စရာကောင်းတယ်ဗျ တော်ရုံတန်ရုံမဟုတ်ဘူး…။ ဒီလောက်ရာသိဥတုက ပူနေတာကိုတောင် ချွေးတစ်ရွှဲရွှဲ နဲ့ စားနေလိုက်ကြတာ…။ ကျုပ်တော့ ငရုပ်သီးမှိုတွေက ရောဂါဖြစ်နေတယ်လို့ထင်တယ်…။ သေချာဓါတ်ခွဲကြည့်သင့်တယ်…။ အင်းစစ်ဆေးပြီးတော့လည် သေချာ မကြပ်မတ်ပါဘူးဗျာ…။ တံဆိပ်ပြောင်းလိုက်ပြိး ဒီကုန်ကြမ်းပဲပြန်ထွက်လာတာဆိုတော့ ထူးမခြားနားပါပဲ…။ အဲဒါကြောင့် အသဲနဲ့ ကျောက်ကပ် ဖြစ်လိုက်ရင် အသည်းအသန်ပဲ…။ ခု ကျွန်တော်ပေးလိုက်တဲ့ ဆေးက ဆီးများများ သွားဖို့ပဲ…။ နာတာကတော့ ဆီးသွားတာများလာတာနဲ့ ပျောက်သွားမှာပဲ…။ ဆီးနည်းချင်နည်းပါစေ နာတာသက်သာချင်တယ်ဆိုလို့တော့မရဘူး…။ ဆီးများလာတာနဲ့ အမျှ နာတာလည်း သက်သာလာမှာပဲ…။ ”
ဆေးမှုန်း ပုလင်းများကိုယူရင်း ဆေးဘူးထဲ ခွဲထည့်နေပါတယ်…။ ထည့်နေရင်းက ……….
“ ဆေးတွေက ခါးမယ်နော်…။ ရေအစား လ္ဘက်ခြောက်နဲ့ သကြားတစ်ဇွန်းလောက်ကို အရင်စိမ်ထားလိုက်…။ ဆေးချိန်က လ္ဘက်စားဇွန်းအသေးနဲ့ တစ်ဇွန်းစီ စားပြီး စောစောက လ္ဘက်ခြောက်နဲ့ သကြားရေစိမ်ထားတာသောက်ချ….။ ရေကုန်သွားရင်ရေထပ်ဖြည့်ပေးပြီးစိမ်ထား…။ ဒါကတော့ ခင်ဗျား ငှက်ဖျားဖြစ်တုန်းက သောက်ဖူးတာပဲ…။ ဝမ်းညှိဆေး…။ ဝမ်းပျော့ပျော့သွားအောင်ပေးထားတာ…။ ရေများများသောက်ပြိးအစာလည်းပျော့ပျော့စားဗျာ…။ခုရက်ပိုင်းဆီးအောင့်တာဖြစ်တဲ့သူများတယ်..။ နေပူထဲ ဖြစ်နိုင်ရင်မထွက်တာအကောင်းဆုံးပဲ…။”
ထည့်ပြိးတဲ့ဆေးဗူးတွေ ပေးရင်းပြောပါတယ်…။ မှောင်ရီလည်းပျိုးပြိီ နေဝန်းနီလည်း ညည်းစီစီ ဖြစ်လာတာနဲ့ အိမ်ကိုပြန်ခဲ့ပါတယ်….။ သကြားနဲ့ လ္ဘက်ခြောက်တစ်ဇွန်စီရေခွက်ကြီးကြီးထဲ ထည့်စိမ်….။ ဆေးသောက်ဖို့လုပ်ရင်းနဲ့ တီဗွီ ထိုင်ကြည့်နေပါတယ်…။ သင်္ကြန်နားနီးလို့နဲ့တူရဲ့ …။ မြနန္ဒာနဲ့ တူးပို့တူးပို့ကလွဲရင် ညိုမ …။ ဒီအစဉ်အလာကကို မထွက်နိုင်သေးပါလားလို့………….။

5 comments

  • water-melon

    April 25, 2012 at 6:51 am

    ကိုနေ သများလည်း
    ဆီးအောင့်တတ်တယ်
    ဥတစ်ခြမ်းနာတာအောင့်ရင်
    အနော်ကတော့ ရေနွေးကြမ်းနဲ့သကြားထည့်သောက်လိုက်တယ်
    ရောဂါအမည်မတူလို့ထင်တယ်

  • Khaing Khaing

    April 25, 2012 at 12:11 pm

    ကိုနေ ပါဆယ်ဆွဲကနေ ဘယ်လိုလုပ်တွဲဖြစ်သွားတာတုန်း အဟိ……. သည်းခံပါရှင်

  • ဗိုက်ကလေး

    April 25, 2012 at 12:23 pm

    ဪ..
    အူးနီ..အူးနီ..
    ခုထိ ဘာရောဂါမှန်း မသိရသေးပါကလားဗျာ..
    မဆုံးတဲ့သီချင်းရေးပြီးတော့ မဆုံးတဲ့ရောဂါအကြောင်း ရေးနေတယ်ထင်ပါ့

    ပါဆယ်တွဲတွေ စောင့်ဖတ်နေပါဦးမယ်..အူးနီရဲ့

  • ရွာစားကျော်

    April 25, 2012 at 2:08 pm

    ကျနော်လည်း ကျောက်ကပ်သမားပဲဗျ
    ခါးလည်း အမြဲနာတတ်တယ်
    ပြလိုက်ရတဲ့ ဆရာ၊ သောက်လိုက်ရတဲ့ ဆေးတွေလည်း မနည်းဘူးဗျို့
    ဆီးထဲက ကျောက်ထွက်ကျပြီးနောက်ပိုင်းမှ သက်သာသွားတာ..
    တောဇီးဖြူပဉ္စငါးပါးနဲ့ ထန်းလျက်နဲ့ ကျိုသောက်ဗျ.. ကျနော့ ယောက္ခမကြီး တိုက်တဲ့ဆေး .. ကိုယ်တွေ့

  • htet way

    April 25, 2012 at 9:59 pm

    တောင်ဆီးဖြူ ကို ကြိတ်မှန်ရွက် နဲ့ သုံးခွက်တစ်ခွက်တင်ကျို နေ့စဉ်သောက်
    တိုင်းရင်းဆေး အမှတ် ၂၁ ဆီးဆေးဖြူသောက်
    ညကို စက္ခု ပါလ ကိုနေဝန်းနီ ဆရာပေးတဲ့ဆေး အမှတ်၁၂ (ခ) ၅ပြားသောက်
    ဆီးရောဂါကတော့ ပျောက်တယ်။
    အဲဆီး မသွားရင်တော့ အမှတ် ၂၉ ကို သကြားနဲ့သောက်ရပါတယ် ။
    ဒီရာသီကတော့ အပူငြိမ်းဆေးပါတွဲရင် ပိုသင့်ပါတယ်။
    ကျောက်တည်လည်း ကြောက်စရာမရှိပါ ကိုနေဝန်းနီခင်ဗျား။
    ကျောက်ကပ်ထဲကျောက်တည်ရင် သာ နည်းနည်း ကြာတတ်ပါကြောင်း။
    စနစ်တကျ ကုသမှုခံယူရင် ပျောက်ပါတယ်။
    ခင်မင်တဲ့
    ဆရာထက် (မြန်မာ့တိုင်းရင်းဆေးဆရာ)

Leave a Reply