ရွာပြန်တုန်းက တောထဲ ထင်သွားရှာရင်း အပြန်မှာ ထန်းတဲထဲ ဝင်နားရင်းနဲ့ ရွာထဲက မသိသေးတဲ့ ရွာသူားတွေအတွက် ကျုပ်တို့ အညာမှာ ထန်းလျက် ကျိုချက်ပုံကို မြင်ဖူးအောင်လို့ နည်းနည်းပါးပါး ရိုက်လာတာပါ …

အော် .. ဒါနဲ့ …

ကျုပ်တို့ ရွာမှာ ထန်းရည်ခါး ကို တင်စားခေါ်တာက တစ်မျိုးဗျ။ “ရေအေးအေးလေး တစ်ခွက်လောက်” .. တဲ့။ အဲဒါဆို အထာသိပြီ ထန်းရည်ခါး ကို ပြောတာ။ ကဲဗျာ .. အောက်မှာ ကြည့်ကြပါဗျာ ….။

 

ဒါက ထန်းတက်သမား

 

ထန်းပင်ပေါ်က ထန်းအိုးတွေ

 

တောထဲက ထန်းတဲလေး

 

ထန်းရည်ထည့်သည့် မြေအိုးများ (မီးဖုတ်ဖို့ လုပ်ထားတဲ့ပုံ)

 

ထန်းရည်ချက်တဲ့ မီးဖို

 

ကျိုထားတဲ့ ထန်းရည်တွေကို ပျစ်လာအောင် မွှေပေးနေတာ

 

ပျစ်လာတာကို ဒယ်အိုးထဲမှာ ခုလို လုံးလိုက်တယ်

 

ခုလို အလုံးလေးတွေ ဖြစ်လာအောင် လုံးလိုက်တာ၊ အဲဒါနဲ့ ထန်းလျက် ဖြစ်ကရော ဆိုပါတော့ ...

 

နောက်ဆုံး အဆင့်ပြီးတာနဲ့ ထန်းလျက်ခဲတွေကို အခြောက်ခံလိုက်တာပါပဲ …….

ထန်းပင်ပေါ်က ရလာတဲ့ ထန်းရည်ချိုတွေကို ဒယ်အိုးကြီးတွေထဲ စုထည့်ပြီး ကျိုချက်တယ် …

ပွတ်လာ၊ ဆူလာပြီဆို၊ တကာရည်အဆင့် ရောက်ပြီဆို မီးဖိုပေါ်က ချပြီး ပုံထဲကလို မွှေတော့တာပါပဲ …

ထန်းရည်ချိုကို ထန်းရည်ခါး လုပ်ချင်ရင်တော့ ထန်းရည်အိုးကို တောင်းနဲ့ ၂ ရက်၊ ၃ ရက်လောက် မှောက်ထားလိုက်တာပဲ ….

ဒါနဲ့ ထန်းရည်ခါး ဖြစ်သွားကရော ……

ကျနော်ကတော့ အခါး မကြိုက်ဘူး၊ ထန်းပင်ပေါ်က ချကာစ ထန်းရည်ချိုချိုလေးကိုပဲ တအား ကြိုက်မိပါကြောင်း ……

 

အားလုံးကို ခင်တဲ့ …

အံစာတုံး

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။