အညာက ထန်းလျက်ချက်တဲ့ စက်ရုံ

ရွာပြန်တုန်းက တောထဲ ထင်သွားရှာရင်း အပြန်မှာ ထန်းတဲထဲ ဝင်နားရင်းနဲ့ ရွာထဲက မသိသေးတဲ့ ရွာသူားတွေအတွက် ကျုပ်တို့ အညာမှာ ထန်းလျက် ကျိုချက်ပုံကို မြင်ဖူးအောင်လို့ နည်းနည်းပါးပါး ရိုက်လာတာပါ …

အော် .. ဒါနဲ့ …

ကျုပ်တို့ ရွာမှာ ထန်းရည်ခါး ကို တင်စားခေါ်တာက တစ်မျိုးဗျ။ “ရေအေးအေးလေး တစ်ခွက်လောက်” .. တဲ့။ အဲဒါဆို အထာသိပြီ ထန်းရည်ခါး ကို ပြောတာ။ ကဲဗျာ .. အောက်မှာ ကြည့်ကြပါဗျာ ….။

 

ဒါက ထန်းတက်သမား

 

ထန်းပင်ပေါ်က ထန်းအိုးတွေ

 

တောထဲက ထန်းတဲလေး

 

ထန်းရည်ထည့်သည့် မြေအိုးများ (မီးဖုတ်ဖို့ လုပ်ထားတဲ့ပုံ)

 

ထန်းရည်ချက်တဲ့ မီးဖို

 

ကျိုထားတဲ့ ထန်းရည်တွေကို ပျစ်လာအောင် မွှေပေးနေတာ

 

ပျစ်လာတာကို ဒယ်အိုးထဲမှာ ခုလို လုံးလိုက်တယ်

 

ခုလို အလုံးလေးတွေ ဖြစ်လာအောင် လုံးလိုက်တာ၊ အဲဒါနဲ့ ထန်းလျက် ဖြစ်ကရော ဆိုပါတော့ ...

 

နောက်ဆုံး အဆင့်ပြီးတာနဲ့ ထန်းလျက်ခဲတွေကို အခြောက်ခံလိုက်တာပါပဲ …….

ထန်းပင်ပေါ်က ရလာတဲ့ ထန်းရည်ချိုတွေကို ဒယ်အိုးကြီးတွေထဲ စုထည့်ပြီး ကျိုချက်တယ် …

ပွတ်လာ၊ ဆူလာပြီဆို၊ တကာရည်အဆင့် ရောက်ပြီဆို မီးဖိုပေါ်က ချပြီး ပုံထဲကလို မွှေတော့တာပါပဲ …

ထန်းရည်ချိုကို ထန်းရည်ခါး လုပ်ချင်ရင်တော့ ထန်းရည်အိုးကို တောင်းနဲ့ ၂ ရက်၊ ၃ ရက်လောက် မှောက်ထားလိုက်တာပဲ ….

ဒါနဲ့ ထန်းရည်ခါး ဖြစ်သွားကရော ……

ကျနော်ကတော့ အခါး မကြိုက်ဘူး၊ ထန်းပင်ပေါ်က ချကာစ ထန်းရည်ချိုချိုလေးကိုပဲ တအား ကြိုက်မိပါကြောင်း ……

 

အားလုံးကို ခင်တဲ့ …

အံစာတုံး

45 comments

  • Ma Ei

    April 25, 2012 at 3:13 pm

    အံစာတုံးရေ…
    ထန်းလျှက် စက်ရုံအလည်ခေါ်သွားလို့
    ထန်းလျှက်မစားချင်တော့ဘူး…
    မချက်ခင် ထန်းရည်ချိုဘဲ သောက်တော့မယ်…

    • မဟာရာဇာ အံစာတုံး

      April 25, 2012 at 3:36 pm

      အမအိရေ …
      ထန်းလျက်ပဲ စားစား
      ထန်းရည်ချိုပဲ သောက်သောက်
      အညာသူားတွေ
      ဘယ်လောက် ဖော်ရွေတယ်ဆိုတာ
      အပိုဆာဒါး ပြောလိုက်ချင်သေးဗျား ………

  • ကိုရင်မောင်

    April 25, 2012 at 3:25 pm

    တခါမှမမြင်ဘူးလို့ကျေးဇူးဘဲအံစာတုံးရေ…..
    ထန်းလျှက်ကဖွဲနုရောသေးလားလို့
    ထန်းလျှက်အကြမ်းနဲ့အနုရှိတယ်မို့လား
    တန်းလျှက်အကြမ်းအမဲကဘာထည့်ထားတာလဲ
    သိယင်ပြောပြပေးပါလား….
    သိချင်လို့ပါ….

    • မဟာရာဇာ အံစာတုံး

      April 25, 2012 at 3:47 pm

      အကို ကိုရင်မောင်ရေ ..
      ထန်းလျှက်ထဲမှာ ဖွဲနု မရောပါဘူးဗျာ ..
      ထန်းလျှက် အကြမ်းနဲ့ အနုဆိုလို့ ..
      ပုံထဲက ထန်းလျှက် အလုံးသေးကို အနုလို့ ခေါ်နိုင်ပြီး အဲဒီထက် ဆယ်ဆလောက်ကြီးတဲ့ ထန်းလျှက်ခဲကြီးတွေကိုတော့ အကြမ်းလို့ ခေါ်နိုင်မယ် ထင်ပါတယ် …
      ထန်းလျှက်က ကျိုချက်တဲ့ အပေါ်မှာ မူတည်ပြီး အဝါရောင်လည်း ဖြစ်တတ်သလို၊ နီညိုရောင် လည်း ဖြစ်တတ်ပါတယ် …

  • mocho

    April 25, 2012 at 3:28 pm

    မတွေ့ ဖူးတာ တွေ့ခွင့်ရလို့ ကျေးဇူးပါ အံဇာတုံးရေ။
    အောက် ပြန်ကြည့် ရင် ၃ ပုံမြောက် မှာ ဒယ်အိုးထဲ အကုန် ကပ်သွားပြီ ထင်တာ အောက်ကပုံတွေ ကျမှ မကပ်ပဲ အလုံးလိုက် ကြီး ဖြစ်သွားတယ်နော် ၊အိုးကို ဆီ သုတ် ထားလို့လား။

  • ရွာစားကျော်

    April 25, 2012 at 3:31 pm

    မြန်မာ ချောကလက် ကို မီလျံ ဘစ်ဇစ်နပ်လုပ်ဖို့ ဂီဂီကို ရောက်တုန်း ကိုအံစာတုံး လေ့လာရေးခေါ်လိုက်ပါဗျာ။
    ရာသီဥတု ပူလိုက်တာဗျာ။ ကို အံစာ.. ရေအေးအေးလေး တစ်ခွက်လောက်.. 😆

    • မဟာရာဇာ အံစာတုံး

      April 25, 2012 at 3:57 pm

      @Mocho
      အန်တီရေ ..
      ဒယ်အိုးကို ဆီ မသုတ်ထားပါဘူးဗျာ ..
      ဒယ်အိုးမှာ ကပ်တဲ့ ထန်းလျှက်တွေကို ဘယ်ဘက် ဒယ်အိုးထဲက ထန်းပါးပြားလေးနဲ့ ပြန်ခြစ်လိုက်တာပါ …
      ________________________

      @ရွာစားကျော်

      ကိုရွာစားကတော့ ပြောနေပြီ …
      ဂီဂီရေ .. ဘီလိုလဲ .. 😀

      ရေအေးအေးလေး တစ်ခွက် မကဘူး မူးမှောက်တဲ့ထိ .. အဲ .. ဝတဲ့ထိပေါ့ ..
      လဂါးကို တိုက်ပစ်လိုက်ဦးမှာ ..
      သိန်းထီဆုကြီး ပေါက်ခဲ့ရင် ….. 😀

  • Khaing Khaing

    April 25, 2012 at 4:10 pm

    ကိုကြီးအံရေ …….. ထန်းလျှက်စက်ရုံကို အင်တာနက်ပေါ်သိပ်မတင်ပါနဲ့ဗျို့ တော်ကြာ အစိုးရကသိပြီ လိုင်စင်တွေ ဝင်ငွေခွန်တွေလိုက်ကောက်နေပါဦးမယ် ……. ကိုကြီးအံပေးမယ့် ထန်းလျှက်ကိုမျှော်နေဂျောင်း ပါချင့် ……..

    • မဟာရာဇာ အံစာတုံး

      April 25, 2012 at 5:35 pm

      အငြိုးငြိုးဘဲ … 😀
      ဘာကို ယုံရမလဲဟင် းးးးးးး
      မခိုင် ပြောသလို အစိုးရက အခွန်တွေ လာကောက်လို့ကတော့ ပြေးဖို့ပဲ ရှိဒယ် ..
      စားဖို့တောင် အနိုင်နိုင် …
      အခွန်သာ ဆောင်ရရင် … အင်း … လွယ်ဘူးရယ် … 🙄

      • Khaing Khaing

        April 25, 2012 at 9:29 pm

        ဘာဖစ်လဲ အငြိုးငြိုးကြောတော့ စိတ်ဇိုးလား မကျေနပ်အိမ်ကိုလာပေးလိုက် ……… ထန်းလျှက်ကို ပြန်ကြိုပြီး ထန်းရေလုပ်သောက်မယ် ဒါဗြဲ ……….

  • Mလုလင်

    April 25, 2012 at 4:48 pm

    ဖြူလွလွ ဖြစ်သွားအောင် အရောင်ချွတ်တဲ့ အဆင့် က ဘယ်နား မှာ လုပ်သလဲ ဗျို ့ ….။

    • မဟာရာဇာ အံစာတုံး

      April 25, 2012 at 5:44 pm

      ကိုလုရေ ..

      အောက်မှာ ကိုနွေဦး က ပြောထားပါတယ် ခင်ဗျာ့
      ဘာကြောင့် ထန်းလျှက် ဖြူတယ်၊ မဲတယ် ဆိုတာကိုပါ …

      • Mလုလင်

        April 25, 2012 at 7:42 pm

        သိပါဘူး ဗျာ … ကျွန်တော်က .. ဖြူ ရင်ချွတ်ဆေး ထည့်တယ်ပဲ ထင်လို့ ..ထညက် ဖြူဖြူ ဆိုမစား တာ ကြာပါပေါ့ .. 🙂

  • kyeemite

    April 25, 2012 at 5:03 pm

    မိအံဇာရေ..ထန်းရေအဝတိုက်ဘို့များ
    သိန်းထီဆုကြီးပေါက်စရာမလိုပါဘူးအေ..
    ဒို့သမဂ္ဂက အကုန်အကျခံပါ့မယ်..
    ညဉ်းသာဖိတ်လိုက်ပါ..နင့်ရွာကို..

    • မဟာရာဇာ အံစာတုံး

      April 25, 2012 at 5:49 pm

      မိကြီးမိုက်ရေ ..
      နာကတော့ အမြဲတမ်း
      ဝဲလ်ကမ်းဘဲ …
      ဖိတ်စရာလိုဘူး .. လာတာလာခဲ့ ..
      ဟိုရောက်ရင် ငါ့တာဝန်ထား …. အဟား းးးးးးးး

  • နွေဦး

    April 25, 2012 at 5:12 pm

    ထန်းရေ ခံတဲ့အချိန်မှာ မိုးအုံ့နေခဲ့ရင် အဲသည် ထန်းရေနဲ့ချက်တဲ့ ထန်းလျှက်က ညို မဲမဲ ဖြစ်ပါသတဲ့။
    ရာသီဥတုသာယာပြီး ကောင်းကင် ကြည်လင်နေရင် ထန်းလျှက်အဖြူ ရပါတယ်တဲ့။
    ပိုဖြူပြီး အိမ်စားဖု့ိအတွက် သီးသန့် လုပ်တော့မယ်ဆို ကြိုတဲ့အချိန်မှာ ထွက်လာတဲ့အမြှုပ် ကို စိတ်ရှည်လက်ရှည် ဆယ်ပေးရင် ပိုပြီးဖြူ တဲ့ ထန်းလျှက် ကို ရပါတယ်တဲ့။
    သိသမျှလေးနဲ့ ပြောပြတာ မှားတာရှိက ခွင့်လွှတ်ပါ..။

    • မဟာရာဇာ အံစာတုံး

      April 25, 2012 at 5:54 pm

      ကိုနွေဦးရေ ..
      ခုလို မျှဝေပေးတာ ရှဲရှဲပါ ခင်ဗျာ
      ရာသီဥတု ကြည်နေတဲ့အချိန်ဆို ထန်းလျှက်က ဖြူတတ်တာ ဟုတ်ကြောင်းရယ်ပါလို့ …

    • etone

      April 26, 2012 at 10:46 am

      ဗဟုသုတအလွန်ရပါတယ် …. တစ်သက်နဲ့တစ်ကိုယ် အရင်က လုံးဝမသိခဲ့လို့ပါပဲ … ။
      ထန်းလျက် အဖြူမဲ ကိစ္စက ထန်းရည်ခံတဲ့ အချိန်ရာသီဥတုပေါ်မူတည်တာဆိုတော့ … ထန်းရည် ခံပုံလေးကိုလည်း စိတ်ဝင်စားမိပါတယ် …. ။ထန်းရည်ခံချိန်ဘယ်လောက်ကြာမြင့်သလဲ သိချင်ပါတယ် … ။ ထန်းရည်ခံတာက … အိုးလေးတွေတွဲလောင်းလေး ချိတ်ထားပြီးမှ ပြန်တက်ယူတာလား … အိုးကိုယူပြီးတက်သွားပြီးမှ အပေါ်ရောက်မှာ အရေခံယူတာလား.. သိချင်ပါတယ် … ။ ဈေးမှာရောင်းတဲ့ ထန်းသီးလေးတွေကတော့ … အနုလေးတွေဖြစ်မယ်ထင်တယ်နော် … ဒီတိုင်းစားလို့ရတာလေးတွေကိုပြောတာ… 🙄

  • aye.kk

    April 25, 2012 at 5:16 pm

    အံစာတုံးရေ..
    ကျေးဇူးနော်..
    ခုမှမြင်ဘူးတာ..
    နီညိုရောင်ထန်းလျှက်အခဲတုံးကြီး(အကြမ်းကို)
    မုန် ့လုပ်သမားတွေက
    အိမ်မှာ(အရင်ကပေါ့နော်)ဈေးလာဝယ်ရင်အင်တုံခဲရှိလားဆိုပြီးမေးကြတယ်..
    မုန် ့ကျွဲသဲလုပ်ရောင်းတဲ့သူတွေ၊ဆေးဖော်စပ်တဲ့သူတွေ..
    ဝယ်ကြတာများတယ်၊အချိုစူးပြီးစားကြည့်ရင်နဲနဲသက်တယ်..
    အဝါရောင်ကအနုစားပေါ့နော်၊အချိုသပ်သပ်ပါဘဲ..
    ကျမတော့ထမင်းစားပြီးတိုင်းထန်းလျှက်ခဲတစ်လုံးကျစီစားပေးတယ်..
    အစာကြေတယ်၊ရင်ချောင်တယ်။အခုထက်ထိစားပါတယ်။
    ငယ်ငယ်ကအဲဒီလိုချက်တာမြင်တွေ ့ရင်ကြိုက်ပါ့မလားမပြောနိုင်ဘူးဘဲ..။
    အညာကိုမရောက်ဘူးပေမဲ့၊ဇီးယိုဆိုအရမ်းကိုကြိုက်၊ဇီးသီးအကောက်ကောင်းလို ့
    ခွေးအလိုက်ခံရသေးမှတ်မှတ်ရရတွေပေါ့နော်။

  • မဟာရာဇာ အံစာတုံး

    April 25, 2012 at 6:01 pm

    အမအေးရေ …
    ထန်းလျှက်က အစာကြေတယ်၊
    ရင်ချောင်စေပါတယ် ..
    ထမင်း စားပြီးတိုင်းစားတာ ကျန်းမာရေးအတွက် ကောင်းတာပေါ့ဗျာ ..
    ဒီထဲက ပုံတွေကို ကြည့်ပြီး ဆက်မစားဘဲ နေပါနဲ့လို့ ..
    တောင်သူ ဆင်းရဲသား အညာသားလေး ကျနော်က မေတ္တာရပ်ကြောင်းရယ်ပါ ….

  • water-melon

    April 25, 2012 at 6:59 pm

    တောင်မစုတ်
    နာ့အတွက်ပါလား
    မပါရင် နင့်ကိုဖြတ်ပစ်မယ်

    • မဟာရာဇာ အံစာတုံး

      April 25, 2012 at 8:47 pm

      @ကိုအလင်းဆက်
      ချဲချဲပါ ..
      ရသ ထပ်ပြည့်သွားအောင်
      ရေအေးအေးလည်း တစ်ခွက်လောက် သောက်သွားပါဦးလား လို့ .. 😀
      __________
      @ဗြဲသီး
      ဖြတ်တော့ ဖြတ်ပါနဲ့ဂျ ..
      ဒါလေးပဲ ချမ်းသာတာ .. 😀
      တောင်မရေ ..
      ရွာအပြန် ထန်းလျက်ပဲ ပါဒယ်အေ့ …
      စားချင်ရင် ပြော .. ချန်ထားမယ် .. ဒါဗြဲ ..

  • နေဝန်းနီ

    April 25, 2012 at 7:37 pm

    ထန်းပင်ကျရေ…. ထန်း ပင်ကျရေ ချိုသမျှ မျှ ခါးသလေးလေး…………။ တို့ကတော့ ငှက်ခါးတောင်ပဲကြိုက်တယ်….။

  • ညောင်ဦးနား ကရွာဖက်များလားဗျ ။
    ထန်းတောထဲမှာ ထိုင် ထန်းရည်ချိုသောက်
    ရတာ အကောင်းဆုံးပေါ့။ကျောင်းသား ဘဝ
    က ထန်းတောထဲက အချိန်တွေ ပြန်တွေးမိပါ
    ရဲ ့။

  • မဟာရာဇာ အံစာတုံး

    April 25, 2012 at 8:57 pm

    @နေဝန်းနီ
    အူးနေ က အခါးပဲ ကြိုက်တာလားဂျ ..
    ရေအေးအေးလေး တစ်ခွက်ပေါ့ …
    ဟုတ်လားလို့ပဲ .. အဟဲ ..
    😀
    _________________
    @ကိုနာဂ
    ကျနော်က ရေနံချောင်းဘက်ကပါ …
    ကိုကြီးမိုက် ရောက်ဖူးတဲ့ နဂါးရွာနဲ့ နှစ်ရွာကျော်မှာ ရှိပါတယ် ကိုနာဂရေ …
    ကျနော်လည်း ငယ်ငယ်ကဆို အပင်က ချကာစ ထန်းရည်ချိုမြမြကို သောက်ခဲ့တာ ..
    အရသာကတော့ ချယ်ပဲဗျ … နော့ …

  • တညင်သား

    April 25, 2012 at 9:52 pm

    လာပြန်ပြီ ထန်းပင်အကြောင်း……….:)
    ထန်းရည်ကနေပြီး တန်းလျက် ချက်တဲ့ အဆင့်ရောက်သွားပြီဆိုတော့ တန်းလျက်ကနေ အရက်ချက်တဲ့ အကြောင်းလေးလုပ်ပါအုံး..အလွန်ဆေးဖက်ဝင်တယ်နော်…

  • တညင်သား

    April 25, 2012 at 10:04 pm

    ထန်းလျက်ပါဆို .. တန်းလျက်ဖြစ်သွားတယ် တောင်းပန်ပါ၏

  • Thit Sar Lin

    April 26, 2012 at 9:15 am

    ထန်းရည်တော့တခါမှ မသောက်ဖူးဘူး..ဒါပေမဲ့ ထန်းရည်အချိုတော့ သောက်ချင်တယ်..
    အဲဒါက ချိုချု်ိလေးနဲ့ အေးအေးလေးတဲ့ သောက်လိ်ုက်ရင်အမောတောင်ပြေတယ်ဆိုပဲ…
    အဲဒီအရည်က မနက်ပိုင်းပဲသောက်ရတာတဲ့ နေ့ခင်းလောက်ကျရင်ချဉ်သွားတယ်တဲ့ …
    ထန်းလျှက်ချက်တာလည်း မမြင်ဖူးဘူးဆိုတော့ အခုလိုတင်ပေးတာကျေးကျေးပါဗျို့….
    ဗဟုသုတ ရပါတယ်….

  • mg mg

    April 26, 2012 at 9:26 am

    ကိုလေးထောင့်၊
    အခြောက်ခံတဲ့ပုံလေး ဘာလို့မရိုက်ခဲ့လဲ၊(အဟီးးး ထန်းလျက်ကိုပြောတာပါ)
    ရေအေးအေးလေးပါဆယ်ဆွဲခဲ့သေးလားဗျ။

    • မဟာရာဇာ အံစာတုံး

      April 29, 2012 at 10:59 am

      @တညင်သား

      ကိုတညင်သားရေ ..
      ထန်းလျက်ကနေ အရက်ချက်တာလည်း ရှိပါရဲ့ဗျာ …
      ဒါပေမယ့် ဘယ်လိုချက်လဲဆိုတာတော့ မလေ့လာခဲ့ပါဘူး …
      နောက်တစ်ခေါက် ကျမှပဲ …
      _______________________
      @Thit Sar Lin

      ထန်းရည်က အပင်ပေါ်က ချကာစ သောက်တာက အကောင်းဆုံးပါပဲ ..
      နို့မဟုတ် ချဉ်သွားတတ်ပါတယ် ..
      အဲ … ချဉ်ရုံတင် ဘယ်ကမလဲ ..
      ကျနော် ပြောခဲ့သလို ရေအေးအေးလေး တစ်ခွက်တောင် ဖြစ်သွားသေးဗျ .. 😀
      _______________________
      @Mg Mg

      အူးမောင်ရေ ..
      ရေအေးအေးလေးက ပါဆယ်ဆွဲလို့ လွယ်ဘူးဂျ ..
      ဒါကြောင့် ဆွဲခဲ့ဖူးဂျို့ ..
      _______________________

      ခင်တဲ့ … အံစာတုံး

  • ဗိုက်ကလေး

    April 26, 2012 at 10:32 am

    အပေါ်က ထန်းတက်သမားက ကျုပ်ဘော်ဒါ အူးပေနဲ ့ခပ်ဆင်ဆင်ပဲဗျ
    ထောင်ထောင်မောင်းမောင်းနဲ ့ဆိုတော့လေ..
    ဒါနဲ ့
    မောင်ရင်ရေ
    ရေဆာလို ့ ကျုပ်ကို တစ်ခွက်လောက်ဗျာ
    အဲ.
    ထန်းလျက်ခဲက အဲသလို လုံးတာလား
    ဒါကြောင့် တစ်ခါတလေ စားနေရင်း ဘာဖတ်တွေ ဝါးမိမှန်းမသိတာကိုးဗျ
    တယ်ခက်တော့တာဘဲ

  • ahnyartamar

    April 26, 2012 at 1:46 pm

    နည်းပညာမတိုးတက်သေးလို့ ဒီလို hand made ကလေးတွေပဲ သီးခံပြီး သုံးဆောင်ကြပါအုံး။ ဟီ…ဟီ..

  • sugar sugar

    April 26, 2012 at 2:25 pm

    ကို အံစာရေ
    ခင်ဗျားတင်ထားမှ သတိရတယ်
    ကျွန်တော်မြင်ဖူးတယ်ဗျ
    ထန်းလျက် လုံးတဲ့အချိန် လက်တော်တော်ပူတယ် ဗျ

  • char too lan

    April 26, 2012 at 2:33 pm

    အယ်!! အဆင်သင့်လိုက်တာ… ခုပဲ အဲ့ဒီထန်လျှက်စားနေတာ
    ဒါနဲ့သူကျတော့ ဘာလို့မမူးလဲ ???

  • လူ ဟား

    April 26, 2012 at 3:22 pm

    အညာရောက်ရင် မဟာရာဇာ အံစာတုံး ကိုလိုက်ရှာမယ်… ပြီးရင် ဟိုအပေါ်က ထန်းတဲကို လိုက်ပို့.. ဒါဘဲပြောချင်တယ်။

    • မဟာရာဇာ အံစာတုံး

      April 29, 2012 at 11:09 am

      @တိုတိုဗိုက်

      တိုဗိုက်ရေ ..
      ကျနော်တို့ဆီမှာ ထန်းလျက်လုံးတဲ့အခါ ဘာဖက်မှ ပါပါဘူးဗျာ ..
      မြို့ပေါ်မှာ ရောင်းတဲ့ ထန်းလျက်တွေတော့ ပြောတတ်ဘူးပေါ့ ..
      အကယ်၍ အဖက်တွေ ပါခဲ့တယ် ဆိုရင်တော ထန်းရွက်ဖက်ပဲ ဖြစ်ပါလိမ့်မယ်လို့ …
      _______________________

      @ahnyartamar

      ကျနော်ကတော့ အဲဒီလို သဘာဝကျတဲ့ Hand Made လေးကိုပဲ ပိုသဘောကျမိနေသလားပဲ ..
      _______________________
      @Sugar Sugar

      ဟုတ်တယ်ဗျ ..
      အဲလို ထန်းလျက် လုံးနေတဲ့အချိန်မှာ လက်တော့ တော်တော် ပူတယ် ..
      ဒါကြောင့် ဘေးနားမှာ ရေအိုးလေး တစ်လုံးတောင် ချထားရသေးဗျား …
      _______________________
      @Char Too Lan

      ထန်းလျှက်ကို မူးတယ်လို့ ပြောတာလား မသိဘူး ..
      ထန်းလျှက်က မမူးဘူး ခင်ဗျ ..
      ထန်းလျှက် အခါးကမှ မူးတာပါလို့ …
      _______________________
      @လူဟား

      ရောက်အောင်သာ လာခဲ့ပါဗျာ ..
      လိုက်ပြီး ပို့ဖို့က ကျုပ်တာဝန်ထား ..
      ဟုတ်ပလား .. 😀
      _______________________

      ခင်တဲ့ .. အံစာတုံး

  • MaMa

    April 26, 2012 at 6:34 pm

    အညာကလူတွေဆီက ထန်းလျက်လက်ဆောင်ရရင် ဒီမှာ ဝယ်စားတာထက်ပိုကောင်းတယ်။ ထန်းဖိုဦးလို့ ပြောကြတယ်။ အဲဒါလေးကကော…….

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 26, 2012 at 7:35 pm

    ရွာစားကျော် ပြောတဲ့ မြန်မာချောကလက်လို့ဆိုလိုက်မှ ဟုတ်တယ်ဟလို့တွေးမိတယ်ဗျို့
    ကျုပ်တို့ယခင် ကနဦး ပြောနေခဲ့ကြတာကတော့ ထန်းရည်ကို သံဗူးလုပ်မယ်ဘာမယ်ပေါ့နော
    ခုမှတွေးမိတယ် ထန်းရည်ကို အဆင့်မြင့်နည်းပညာနဲ့ ချောကလက်လုပ်နိုင်ရင်သိပ်ကောင်းမှာဘဲ
    ထန်းလျှက်ချက်တဲ့ စက်ရုံ ဆိုလို့ အင်္ဂျင်သံတွေ ဝုန်းဒိုင်းညံနေတယ်မှတ်တာ
    မိုးဗျဲဒယ်အိုးတွေနဲ့အပီကျိုနေကြတာဘဲဂလား
    ဒီအကြောင်းတွေကို ကြည့်ပြီးတွေးမိတာက အဲ့သည်ဒေသကလူတွေထင်းတော်တော်ရှားမဲ့ပုံဘဲနော
    ဒယ်အိုးဘေးက ကိုင်းခြောက်ကလေးတွေက ထင်းအဖြစ်အသုံးပြုထားပုံရတယ်
    ထန်းလျှက်ဖြူဘို့ကတော့ ချွတ်ဆေးဆိုတဲ့သဘောလေးလည်းရှိဦးမလားဘဲ 😀
    နောင်များကြုံရင်အကြံပေးလိုက်ပါရစေဗျာ
    အချို့အညာထန်းလျှက်တွေက သဲတွေအတော်ရှပ်သဗျ ပုံကလေးကိုကြည့်ပြီးမှ ဟုတ်တန်ပါရဲ့လို့
    တွေးမိပါတယ်
    ဒါ့ကြောင့် နောင်များအဲ့သည်လိုထန်းလျှက်အခြောက်လှန်းတဲ့အခါ စင်ကလေးတစ်ခုလုပ်ပြီး
    သဲကင်းစင်တဲ့ အညာထန်းလျှက်များပြုလုပ်ပြီး ဈေးကွက်ကိုထိမ်းသိမ်းကြပါလို့

  • windtalker

    April 26, 2012 at 8:25 pm

    မဟာအံကြီး ထန်းရည်တော နဲ ့ထန်းလျှက်ဖို ကို မြင်တော့ ၊ ကျောက်ကပ်မကောင်းဖြစ်နေရှာတဲ့ ဘိုနီ ကြီး ကို သတိရမိသဗျာ ။ နောက်တစ်ခါ ရွာပြန်ရင် ဘိုနီကြီး ခေါ်သွားပြီး ထန်းရည်အဝ တိုက်လိုက်စမ်းပါဗျာ ။ သူ ့ရောဂါ က ထန်းရည်နိုင်နိုင်သောက်ပေးရင် ရှောကနဲ ရှောကနဲ နဲ ့သက်သာသွားမယ့် အမျိုး ။

    • မဟာရာဇာ အံစာတုံး

      April 29, 2012 at 11:20 am

      @MaMa

      မမရေ ..
      ထန်းဖိုဦး ဆိုတာက အဲလို ထန်းလျှက် အခဲလေးတွေကို အချိန်ယူပြီး သိမ်းထားလိုက်လို့ ဖြစ်လာတဲ့ ထန်းလျှက်ကို ဆိုလိုတာပါ ခင်ဗျာ ..
      _______________________
      @ဦးအောင်ပု

      ဦးအောင်ပုက အမြင်စူးတာပဲဗျ ..
      ဟုတ်ပါတယ် .. ဦးအောင်ပု အကြံပြုတဲ့အတိုင်း စင်ကလေးတွေနဲ့ လုပ်ဖို့ ကောင်းပါတယ် ..
      ခုလိုဆို သဲတော့ နည်းနည်း ကပ်မပေါ့ ..
      ပြီးတော့ ကျနော်တို့ဆီမှာ ထင်းလည်း ရှားပါတယ် …
      ပုံထဲက ထင်းစိုက်တဲ့ဟာက ပဲစင်းငုံရိုးတွေ ပါပဲခင်ဗျာ …….
      _______________________
      @ကိုပေ

      နောင်တစ်ခေါက် ရွာပြန်ခဲ့ရင် ..
      ကိုပေပြောတဲ့ ဘိုနီကြီးကို
      ခေါ်သွားရဦးမယ် ဆိုတဲ့ အကြောင်း ……
      _______________________

      ခင်တဲ့ … အံစာတုံး

  • khinsaw aye

    April 26, 2012 at 9:10 pm

    ဟောဗျာ….အညာသားကို ထန်းတောနဲ ့ ထန်လျှက်စက်ရုံ လာပြတော ့ (ဟေ ့)
    လေတောင်တက်လာပြီ။
    ထန်းရည် အချိုလိုချင်ရင် အိုးကိုမီးဖုတ်ရပြီး တယ်ခေါက်(သို ့)သစ်ရာခေါက် ထည့်ပြီး
    ထန်ရည်ခံရပါတယ်ဗျာ။
    ပင်ပေါ်ကျ ယစ်ရွေရည် တောဘီယာ ထန်ရည်ခါး ဘက်လိုပဲခေါ်ခေါ် ဆီးရွှင်ချင်လို ့ပဲဖြစ်ဖြစ်
    နေပူခံချင်လို ့ပဲဖြစ်ဖြစ် အကိုတစ်ခွက် တစ်ဖလား လောက်မော ့လိုက်ချင်တဲ ့ တောဘီယာ
    ကိုတော ့ မြူအိုးကိုပြောင်အောင်ရေဆေးပြီး ထန်းရည်ချိုးခံပြီး ပင်ပေါ်ချိပ်ရပါတယ် မှတ်သားလော ့။
    ထန်းရည်ချိုက ထန်လျှက်စက်ရုံသွား ထန်းရည်ခါးက ဟဲဟဲ……သိတယ်ဟုတ်။

  • TTNU

    April 26, 2012 at 9:51 pm

    အံစာရေ..
    “ကျနော်ကတော့ အခါး မကြိုက်ဘူး၊
    ထန်းပင်ပေါ်က ချကာစ ထန်းရည်ချိုချိုလေးကိုပဲ
    တအား ကြိုက်မိပါကြောင်း ”

    ဟုတ်တယ်။တီချာတို့ အ သုံလုံးလုပ်အားပေးသွားတုန်းက
    ထန်းရည်ချိုချိုလေးနဲ့ ထမင်းကြမ်းစားခဲ့ဖူးတာဗျ။
    ဒါကြောင့် ထောက်ခံပါသည်။

  • မဟာရာဇာ အံစာတုံး

    April 29, 2012 at 11:26 am

    @Khinsaw Aye

    အညာသား အဖော်တစ်ယောက်တော့ ရပေါ့ .. 😀
    ကျနော်တို့ ဘက်မှာတော့ တယ်ခေါက်နဲ့ သစ်ရာခေါက်တွေ အပြင် ထုံးလည်း ခပ်သေးတယ် ခင်ဗျ ..
    ပြီးတော့ ထန်းရည်ခါး လိုချင်ရင် … အဟဲ ..
    နေညိုချိန် တိမ်တောက်တဲ့အခါ .. ဦးအဝှာကြီး အိမ်ကိုသာ သွားပါဗျာ .. လို့ပဲ … 😀
    ________________________

    @တီချယ်ကြီး

    ထန်းရည်ချိုနဲ့ ထမင်းကြမ်းရဲ့ အရသာကလည်း
    တစ်မျိုးဗျ .. နော့ ..
    သူ့ဟာနဲ့သူ ကောင်းနေတာပဲ …
    ________________________

    ခင်တဲ့ … အံစာတုံး

  • may flowers

    May 1, 2012 at 1:35 pm

    ဟယ် ထန်းလျက်ချက်တာ အဲလိုလား…. တစ်ခါမှမမြင်ဖူးဘူး။ ဗဟုသုအဖြစ်ကြည့်သွားတယ်နော်။

    ကျေးဇူး။

Leave a Reply