WCDMA နဲ့ Handset များ….

တနေ့က ကျွန်တော်တို့ ရပ်ကွက်ထဲက အန်တီကြီး တစ်ယောက် ဖုန်းသွားဝယ်တယ် … ဘယ်သူ ဘယ်လိုညွှန်လိုက်လဲမသိဘူး WCDMA နှစ်လုံးတောင်ဝယ်လာတယ် … handsent က  Nokia 2700 (China) ပုံစံ နဲ့ ထည့်ထားတယ် … ဝယ်ပြီး ညနေပဲ ကျွန်တော့် အိမ်ကို ရောက်ချလာတယ် … သားကြည့်ပေးပါအုံးတဲ့ … ဘာမှလုပ်လို့မရဘူးဆိုပြီး ….ကျွန်တော်လဲ တတ်သလောက် မှတ်သလောက် ဟိုကလိ ဒီကလိပေါ့ … ကျွန်တော်ကြည့်လိုက်တော့ တစ်လုံးက လိုင်း တစ်တုံးပဲမိတယ် … နောက်တစ်လုံးက no network ဆိုပြီးပေါ်နေတယ် … သူ့ကို ပြန်မေးကြည့်တော့ … မြို့ထဲက ဟန်းဆက်ဝယ်တဲ့ဆိုင်က လုပ်ပေးလိုက်တုန်းက ဆက်လို့ရသေးတယ်တဲ့ … မင်္ဂလာဒုံရောက်တော့ ဘာမှဆက်လို့မရတော့ဘူးတဲ့ … ကောင်းရော … အော် …. အန်တီရယ် လိုင်းကျနေတာနေမှာပါဆိုပြီး နဲနဲ ဖောလိုက်တာပေါ့ … နောက်နေ့ထိစောင့်ကြည့်ပါအုံးဆိုပြီး ပြန်လွှတ်လိုက်တယ် …

နောက်တစ်နေ့ …

မနက်စောစော “သားရေ ”ဆိုပြီး ငိုမဲ့မဲ့မျက်နှာနဲ့ ပြန်လာတယ် … ကျွန်တော်က အိပ်လို့ကောင်းတုန်း … လန့်ပြီး ထထိုင်ပြီးကြည့်လိုက်တော့ အဲဒီအန်တီကြီး … ဖုန်းနှစ်လုံးကို ကိုင်ပြီး အားကိုးတဲ့ မျက်နှာပေးလေးနဲ့ … အေးလေ သူလဲ ပိုက်ဆံကုန်ပြီး ဖုန်းဆက်လို့မရတော့ စိတ်ညစ်မှာပဲဆိုပြီး ချက်ချင်းထပြီးကြည့်လိုက်တော့လဲ မနေ့က အတိုင်းပဲ … သူများတွေလဲသုံးနေတာပဲ … ဘာကြောင့်လဲဆိုပြီး လိုက်ကြည့်တော့ တွေ့ပြီ ….. ဒန်တန့်တန် … ဟန်းဆက် …. china အလုံးတွေက အဲဒီလိုကြောင်တောင်တောင်တွေဖြစ်တတ်တယ်တဲ့ … စင်္ကာပူက အလုံးနဲ့ ပြောင်းထည့်လိုက်မှပဲ အိုကေမှာ စိုပြေသွားတော့တယ်ဗျာ … နောက် WCDMA ဝယ်မဲ့သူတွေ China ကို ရှောင်နော် … အဲ China ထဲက ကောင်းတာတွေလဲရှိပါတယ် …

5 comments

  • Thel Nu Aye

    April 25, 2012 at 6:28 pm

    အင်းပြောမနေပါနဲ့တော့။ ကျွန်မတုန်းကလဲ handset သုံးလုံးပြောင်းမှပဲဖုန်းပြောလို့ရတော့တယ်။ China တွေနဲ့တလုံးမဆင်မပြေဘူး။

  • etone

    April 26, 2012 at 11:20 am

    ချိုင်းနား ဟမ်းဆက်သုံးတာ .. အောက်ပြုတ်ကျမိတော့ .. အသံလုံးဝမထွက်တော့ဘူး …. ။
    ဒီတော့ တင်းပြီး ကိုင်ပေါက်လိုက်တာ… အသံပြန်ထွက်လာတယ် … ။
    နောက်ပိုင်း အောက်ပြုတ်ကျလို့ အသံမထွက်တိုင်း အဲ့လိုချည်းပဲ ပြန်ကိုင်ပေါက်လိုက်တယ် တစ်ခါ မရရင် နှစ်ခါ ၊ သုံးလေးခါ ပစ်ပေါက်လိုက် အသံပြန်ထွက်ရော .. အဟဲ … 😆

    အခုထွက်နေတဲ့ တန်ဖိုးနည်းဖုန်းတွေက အိုဗာစီးခေါ်လို့ရသတဲ့ .. တမိနစ်ကို ငါးဆယ်တဲ့ ဖေ့စ်ဘွခ်မှာ ပလူပျံနေတာပါပဲ .. ဟုတ်မဟုတ်တော့ … မသိဘူး …. ။ အဲ့ဒါအမှန်ဆိုရင်တော့ အရမ်းတန်တယ် … ။ 😛

  • Kaung Myat Thu

    April 26, 2012 at 12:52 pm

    ကျွှန်တော့်CDMA800 HUAWEI ဖုန်းနဲ့ မိန်းမရဲ့ GSM 2သိန်းတန်ဖုန်းကို အိမ်ကဧည့်ခန်းထဲမှာခေါ်ကြည့်
    တာ ပထမတစ်ကြိမ်မဝင်ဘူး။ ဒုတိယတစ်ကြိမ်ကျတော့ GSM ကပြန်ဖြေသံထွက်လာတယ်။”လူကြီးမင်းခေါ်
    ဆိုသောဖုန်းမှာမအားသေးပါသဖြင့်ခေတ္တစောင့်ဆိုင်းပြီးမှပြန်လည်ခေါ်ဆိုပါရန်တဲ့” အဲဒါဘာကြောင့်လဲဟင်။

    • ဟိန်း ဝင်း (ထားဝယ်သား)

      April 26, 2012 at 5:05 pm

      အဲဒါက Network Busy ဖြစ်ရင်ပြောတဲ့ ဟာပါ …. လိုင်းက အခုထိကို မကောင်းသေးတာ … ချပေးတဲ့ဟာနဲ့ Network တိုင်နဲ့ မမျှဘူးဖြစ်နေတယ် … ဘယ်အချိန်မှကောင်းမလဲ မသိဘူးနော် …

  • water-melon

    April 26, 2012 at 4:27 pm

    ပြောနဲ့ပြောနဲ့
    ဖုန်းကလည်းစုတ်
    ဆက်သွယ်ရေးလဲစုတ်
    အကုန်စုတ်

Leave a Reply