ဗုဒ္ဓဘာသာဝင်များအတွက် အခမဲ့ ဘုရားဖူးခရီးစဉ်

ဘုရားကိုစေတီကွယ်သည်။
တရားကိုစာပေကျမ်းဂန်ကွယ်သည်။
သံဃာကိုဘုန်းကြီးကွယ်သည်။
တရားကွယ်လျှင် ဘုရားကိုတွေ့မည်မဟုတ်ပေ။
တရားတွေ့မှ ဘုရားကိုတွေ့မည်ဖြစ်သည်။
ဘုရားအားဖူးမျှော်နိုင်ရန် တရားကိုတွေ့မှ ဖူးမျှော်နိုင်မည်ဖြစ်သည်။
သို့ပါ၍ ဗုဒ္ဓမြတ်စွာဘုရားအားဖူးမျှော်နိုင်ရန် ဗုဒ္ဓဘာသာဝင်တို့ကိုအခမဲ့ ဘုရားဖူးပို့ဆောင်နေပါပြီ။

မှတ်ချက်။ ။
အသိမဲ့နှင့် အတွေးမဲ့တရားများကိုဗုဒ္ဓ၏တရားဟုထင်နေသူများအားဦးစားပေးပါမည်။

http://www.ariyathitsa.org

8 comments

  • ဇောက် ထိုး

    April 25, 2012 at 11:57 pm

    ဘုရားကို စေတီကွယ်ပုံ…တရားကို စာပေကျန်းဂန်ကွယ်ပုံ….သံဃာကို ဘုန်းကြီးကွယ်ပုံလေးကို အကျယ်လေးရှင်းပြရင် သိချင်လှတယ်ဗျာ။
    ကျွန်တော်သိတာကတော့….ဒီနေ့…ကမ္ဘာတဝှမ်းလုံး အတိုးတက်ဆုံးကတော့ သိပ္ပံပညာဘာသာရပ်ပဲ။ တကမ္ဘာလုံးမတိုးတက်ဆုံးကလဲ ဘာသာရေးပဲ။ အဲဒါဘာကြောင့်လဲလို့ ကျွန်တော်စဉ်းစားမိတာကတော့…ဘာသာရေးက စာပေကိုအခြေံခံတယ်။ စာပေကျန်းဂန်ကို တိုင်တည်တယ်။ အမှားအမှန်ကို စာပေကျန်းဂန်နဲ့ ဆုံးဖြတ်တယ်။ ဘာသာရပ်ကတော့ လက်တွေ့ကိုအခြေခံ တယ်။ လက်တွေ့ကို အဓိကထားတယ်။ အဲဒါကွာခြားမှုပဲ။

    • မိုးချမ်းမြေ့

      April 26, 2012 at 1:13 pm

      ကြားဖူးတာလေးပါ..။ ဘုရားဆိုတာ..ခေါင်းဆောင်တဲ့..ပုရုသျှ…ပုသျှ…ပုသျှား…ဖုရာ့..ဘုရား…
      ဆိုပြီး..ကာလာအတိုင်းရွေ့လျောဆင်းသက်လာတာတဲ့..။ အဓိပ္ပါယ်ကတော့..ရှေ့သွားခေါင်း
      ဆောင်ပေါ့..။ခုတော့သူမရှိတော့ဘူးလေ..။ ဒါပေမယ့်…သူဟော့တရားတွေက…သူမရှိလည်း
      ခေါင်းဆောင်လိမ့်မယ်လို့ပြောခဲ့ပါသတဲ့..။ သို့ပေသော်လည်း…ဆင်းတု၊ ရုပ်တု၊ စေတီ၊ ပုထိုး၊ စတဲ့အထိမ်းအမှတ်လောက်သာသာတွေကို…တကယ့်ခေါင်းဆောင်ထင်ပြီး…ပေးတာတွေလုပ်၊ ကမ်းတာတွေပြု..။ တောင်းတာတွေကလည်း…ရှိသေးရဲ့..။ မဖြစ်နိုင်မှန်းမှ…မသိကြတာပဲ… ။ အဲဒါအဝိဇ္ဇာပေါ့..။မသိတော့ဘူး..။ဘုရားဆိုတာ..ဘာလို့ကို..မမြင်ကြတော့…တကယ့်ခေါင်း
      ဆောင်ပါ…ကွယ်သွားတော့တာ..လို့….။ တရားဆိုတာ…အဲ့ဒီခေါင်းဆောင်ပြောတဲ့…လမ်းစဉ်
      တွေကို(အဆုံးအမ)တွေကိုပြောတာ..တဲ့…။ အဲဒါကလည်း…ကာလများစွာမှာ…သူ့ထက်ငါ.. လက်စွမ်း၊ ဉာဏ်စွမ်းတွေနဲ့…စာပေနဲ့တစ်မျိုး၊ စကားနဲ့တစ်ဖုံ၊ ပုံပြင်ကတသွယ်နဲ့…အမျိုးမျိုး.. အဖုံဖုံ…လုပ်လာကြတာ…တဲ့..။ အဲဒီတော့..မူရင်းပျောက်ပြီး…နောက်တိုးတရားတွေကိုပဲ… အစစ်ထင်နေကြတယ်ပေါ့..။ ဒီကြားထဲ..လက်ရှိအာဏာရ..သာသနာပိုင်တွေနဲ့..ကိုယ်နဲ့မတူ ကိုယ့်ရန်သူဆိုတဲ့သူတွေက…ဟိုစာနဲ့မညီလို့…ဒီစာနဲ့မကိုက်လို့…ဟိုသုံးပုံဆောင်ကငြင်းလို့.. ဒီဘုန်းကြီးလူထွက်…သာသနာ့အလိုတော်ရိတွေက..မကြိုက်လို့နဲ့…လုပ်ချင်တိုင်းလုပ်နေကြ တာဆိုတော့…ဘယ်လိုပဲ…စစ်မှန်ပါတယ်ပြောပြော…ယုံကြည်ချင်တာကို ယုံကြည်နေတဲ့.. ခုခေတ်မှာတော့..တရားကို…စာပေကျမ်းဂန်တွေကြောင့်..တိမ်မြုတ်ကွယ်ပျေက်နေရပြီလို့..
      လေ့လာသူပညာရှင်တွေက…ပြောနေကြတာ..ကြာပါပြီ။ အဲဒီလို..ဓမ္မဆိုတဲ့တရားတွေကွယ်
      မှတော့…အဲဒီတရားတွေကို..ကျင့်ကြံနေတဲ့အဖွဲ့အစည်းဝင်သံဃာတွေဆိုတာလည်း…
      အမှားသံသရာထဲမှာ…လမ်းပျောက်နေရပြီ..တဲ့…။ အဲဒါတွေကိုမသိကြတဲ့…ယုံကြည်သူ
      တွေကလည်း….သင်္ကန်းမြင်တာနဲ့..သံဃာထင်ပြီး…တောင်းချင်ရာတောင်း..ရောင်းချင်ရာ
      ရောင်းနဲ့…အထင်မှား..အမြင်မမှန်ဖြစ်တော့ကာ…..ဘုန်းကြီးဆိုတာကပဲ….သံဃာကို
      အဖြစ်မှားမျိုးအထိ..အထင်ရောက်စေတာမို့…အကွယ်ခံလိုက်ရပြီလို့…ဆိုချင်တာနဲ့..
      ပြောရခြင်းဖြစ်မယ်လို့……….( ဘယ်သူပြောပြော…မယုံနဲ့…အုံး….)….
      အဲ့ဒါ….ခေါင်းဆောင်ကြီးရဲ့…စကား………

      • mggwa

        April 26, 2012 at 5:45 pm

        (ကမ္ဘာတဝှမ်းလုံး အတိုးတက်ဆုံးကတော့ သိပ္ပံပညာဘာသာရပ်ပဲ။ တကမ္ဘာလုံးမတိုးတက်ဆုံးကလဲ ဘာသာရေး) . . . . GOOD Good good

        ဘာသာရေးက နာမ်အစွဲကို အခြေခံတယ်လေ၊ (ကိုယ်သိ၊ မသိသိ ဆိုင်ရာ ဘုရားပြောတာယုံ၊ စာထဲပါတာအမှန်)

        သိပ္ပံက ရုပ်ပေါ်မှာ လက်တွေ့မှဆိုတဲ့ အစွဲ (လက်တွေ့ကျရင်ယုံ)။

        အခုလောလောဆယ်တော့ – – – လက်တွေ့သမားတွေက သာနေတာပေါ့။

  • မင်း သာဂီ

    April 26, 2012 at 12:16 am

    အသိမဲ့နဲ့ အတွေးမဲ့တရားများကို ဘုရားတရားလို့ထင်နေသူများ ဦးစားပေမည် ဆို တော့ အသိမဲ့ဆိုတာဘယ်လိုဟာလဲ။ စိတ်ကိုဘယ်မှမသွားအောင် သိတတ်တဲ့စိတ်ကို…သိစရာတွေနဲ့အဆက်ဖြတ်ထားကြတဲ့သူတွေကိုပြောတာ လား။ အတွေးမဲ့ဆိုတာလဲ စိတ်ကိုဘာမှမတွေးအောင် နှာခေါင်းကိုကြိုးနဲ့ တုတ်ထားတဲ့သူတွေကိုဆိုလိုတာလား။ ရှင်းအောင်တော့ပြောဗျာ။ ကျုပ်ထင်ပါတယ်..ခင်ဗျာ ဟိုဟာကမဟုတ်လား။ အဲဒီဟာ စိတ်ဆိုတာ အမြဲတမ်းစဉ်းစားနေရမှာ..စိတ်ဆိုတာ ကူးနေရမှာ…စိတ်ဆိုတာ မကူးတော့ဘူး။ တစ်နေရာတည်းမှာချုပ်ထားပြီဆိုရင် စိတ်ကမကူးရတော့ ဘယ်မှမသွားတော့ဘူး။ ဘယ်မှမသွားတော့ ဘယ်မှမရောက်တော့ဘူး။သားဆီလဲ မရောက်။ မယားဆီလဲမရောက်တော့.. ဖခင်တာဝန်တွေ…လင်တာဝန်တွေ မကျေပွန်တော့ဘူး။ ဒီလို စိတ်က ဘယ်မှ မသွားတော့ဘူးဆိုရင်..စိတ်က နေရာအနှံ့မရောက်တော့ဘူး။ စိတ်ကနေရာအနှံ့မရောက်တော့ဘူးဆိုရင်…စိတ်မနှံ့တော့ဘူး..ဒါကိုပြောတာ မဟုတ်လား။ နာသိတယ်နော်……….

    • mggwa

      April 28, 2012 at 4:37 pm

      နင်သိသလို နာလည်း သိပါတယ် မင်းသာဂီရယ်။
      လူဟာ စိတ်ကူး အတွေးရပ်တန့်သွားရင် လူ့စိတ်ကူးအတွေးအခေါ်ဟာ မနှံ့တော့ဘူးဗျ။
      အဲဒါကို စိတ်မနှံတော့တာလို့ ပြောရမှာဗျ။
      ဟုတ်တယ်၊ ဟုတ်တယ်၊ အဲဒါ စိတ်မနှံ့စေတဲ့အကျင့်တွေပဲ၊

      လူဟာစိတ်မနှံ့တော့ ရင် ဘာမှမသိတော့ဘူး၊ အော် လောကကြီးမှာ လူတွေ စိတ်မနှံအောင်၊ ဘာမှ မသိတော့အောင်ကိုပဲ တကူးတကလုပ်နေကြပါလား ဟရို့၊

  • etone

    April 26, 2012 at 9:01 am

    တရား ဓမ္မစာပေတွေ ၊ စီဒီတွေ ၊ ယပ်တောင်တွေ ဆားဗစ်လုပ်ပေးတဲ့ လုပ်ငန်းလားဟင် … ။ 🙄

  • xman

    April 26, 2012 at 7:00 pm

    မိုးပြာအုပ်စုက အတိုင်အဖေါက်ညီတယ်။ အတိုင်အဖေါက်လုပ်ပုံလေးကို ချီးကျူးပါတယ်။

  • captainamerica

    April 27, 2012 at 11:00 pm

    ရုပ်ရှင်ရိုက်နေကြတာလားဟင် 🙄 😉 အတိုင်အဖောက်များဖြင့်တယ်ညီ

Leave a Reply