ကော်ဖီချိန်အတွက်…

Ma EiApril 26, 20122min32451

ကော်ဖီချိန်အတွက်…

Coffee & Sandwich

 

ကော်ဖီချိန်ရောက်နေပြီမို့ ရွာသူ၊ရွာသားတွေအတွက် Sandwich လေးတင်ပေးလိုက်ပါတယ်…

သမီးလေးအကြိုက်မို့ အိမ်မှာမကြာခဏလုပ်စားဖြစ်တဲ့အစားအစာလေးဖြစ်ပါတယ်…

ပြုလုပ်ရလွယ်ကူပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်…

 

ပါဝင်ပစ္စည်းတွေကတော့

1.ပေါင်မုန့်ဖြူ ( Moe   or   We & We )

2.Cheese     ( Cowhead          )  or  .ကြက်သားပြား (CP ) ဆီပူလေးထိုးထားပါတယ်

3.Margarine ( Mother Choice   )  or  .Butter          ( Best Food     )

4.ခရမ်းချဉ်သီး (ပါးပါးလှီးထားပါ)

5.သခွားသီး    (ပါးပါးလှီးထားပါ)

6.ဆလပ်ရွက် (အရိုးမာဖယ်ပြီး ရေစင်စင်ဆေးထားပါ )တို့ဖြစ်ပါတယ်…

1.ပါဝင်ပစ္စည်းတွေပါ...

 

ပြုလုပ်ပုံအဆင့်ဆင့်ကတော့…

ပေါင်မုန့်ကို Margarine or Butter  တစ်ဖက် သုတ်ထားပါတယ်…

အဲ့ဒီပေါ်ကို ဆလပ်ရွက်လေးခင်းပြီး သခွားသီး၊ခရမ်းချဉ်သီးအဝိုင်းလေးတွေတင်လိုက်ပါတယ်…

2.ဒီလိုလေးပြင်တာ...

 

ခုပုံထဲမှာတော့ Cheese နဲ့ရယ် CP ကြက်သားပြား နဲ့ရယ် နှစ်မျိုးပြင်ထားပါတယ်…

ကြက်သားနဲ့လည်းပြုလုပ်လို့ရပါတယ်…နောက်ထပ်တင်ပါ့မယ်…

3.Cheese နဲ့ရယ် CP ကြက်သားပြား နဲ့ရယ် နှစ်မျိုးပြင်ထားပါတယ်…

 

နောက်ထပ်ပေါင်မုန့်တစ်ချပ်အုပ်ပြီးတြိဂံပုံ လေးစိပ်လှီးလိုက်ပါတယ်…

ပေါင်မုန့် 8 ချပ်စာပါ…16 ခုရပါမယ်…

4.ပေါင်မုန့် 8 ချပ်စာပါ…

ကော်ဖီလေးနဲ့ လိုက်ပါတယ်…

အားပေးကြပါဦးနော်…

ခင်တဲ့

မအိ

51 comments

  • ထုံးဘဲဥ

    April 26, 2012 at 9:32 am

    သုံးဆောင်သွားကြောင်းပါ
    စကားမစပ် ကော်ဖီတစ်ခွက်တည်းဆိုမဝဘူးဗျ :mrgreen:

    • Ma Ei

      April 26, 2012 at 9:49 am

      တိုင်ကီမှာပေးရမလား…(ဆိုင်မှာ ခွက်အကြီးနဲ့ဆို တိုင်ကီလို့ခေါ်တာနော်)
      ထုံးဘဲဥ ဆိုလို့ ဆေးဘဲဥသုပ်လေး တင်အုံးမယ်…

  • kaung kin pyar

    April 26, 2012 at 9:42 am

    ကျေးဇူးပါ မအိရေ…။ အိမ်မှာ အဆင်သင့်ရှိနိုင်တဲ့ပစ္စည်းတွေနဲ့မို့ လုပ်ရအဆင်ပြေတဲ့ မနက်စာပါ…။ မအိကျေးဇူးကို အဲ့ဒါအဝလုပ်စားပြီး ဆပ်ပါ့မယ်…။

    • Ma Ei

      April 26, 2012 at 11:38 am

      အဲ့ဒီကျေးဇူးဆပ်နည်း ကောင်းမှကောင်း…

    • kaung kin pyar

      April 26, 2012 at 4:36 pm

      ဘာလဲဟ…။ နာ့ကို နီထားဒယ်..။ ဒါမျိုးတွေ မြင်ရင် စိတ်ထိခယက်တယ်လို့ ပြောထားတယ်နော်..။ အဟင့်…။

  • etone

    April 26, 2012 at 9:55 am

    အာ .. ဗိုက်ဆာနေတာ ကြည့်မိတော့မှ … ဗိုက်ထဲ ထီးဝိုင်းရောက်နေသလိုပဲ ..အသံစုံထွက်နေပြီ … ။

    အန်တီအိရေ … လွယ်လည်း လွယ်အများကြီးလည်း စားရလို့ လုပ်စားပါဦးမယ် … ။
    တနေ့က ရုံးကလစ်ပြီး ruby mart မှာ သွားစားတုန်းက … လေးခုပဲ ပါတယ် … တစ်ပွဲတစ်ထောင်လေ … အထဲကလည်း ဘာမှ ဟုတ်တိပတ်တိထည့်မထားဘူး … ကိုယ့်ဘာသာကိုယ်ပဲ လုပ်စားကြည့်ဦးမယ် … ကျေးဇုူးပါ အန်တီရေ … ။ 🙄

    • Ma Ei

      April 26, 2012 at 11:46 am

      အန်တီအိလည်း ဝယ်စားရတာ မတန်ဘူးထင်မိတယ်…
      အိမ်မှာလုပ်စားရင် သန့်သန့်ရှင်းရှင်းနဲ့ များများစားလို့ရတာပေါ့နော်…
      ကြက်သား၊ငါးသေတ္တာတို့နဲ့လုပ်နည်းလေးတင်ပေးဦးမယ်နော်…

  • Mလုလင်

    April 26, 2012 at 10:10 am

    အန်တီ အိ ရေ …. ဂွီ …….. .

    • Ma Ei

      April 26, 2012 at 11:49 am

      နှိပ်စက်မိပြီ…
      sorry ..

  • ဆူး

    April 26, 2012 at 10:53 am

    အန်တီ အိ.. ဝင်စားသွားတယ်နော်။
    အဲလို ကြည့်တော့ စားချင်စရာ တော်တော် ကောင်းနေတယ်။
    ဟိဟိ.. လာ အားပေးသွားတယ်။

    • Ma Ei

      April 26, 2012 at 11:53 am

      လာအားပေးလို့ကျေးဇူးနော်…
      တကယ်စားကောင်းတာပါ…
      သမီးပြောနေကျလေးပေါ့…

  • Mon Kit

    April 26, 2012 at 11:42 am

    မအိရေ………….. မွန်ကစ်ကိုလဲ တူနာငါး (ဒါမှမဟုတ်) ဆာဒင်းငါးနဲ့ ထပ်လုပ်ကျွေးပါအုံးနော်…
    အရသာလေးကို မမေ့သေးလို့ပါ… ခုလဲ ဗိုက်ဆာဆာနဲ့ အားရပါးရ စားသွားပါတယ်…
    ကျေးဇူးများကြီးတင်ပါတယ်…….. 😀

    • Ma Ei

      April 26, 2012 at 12:15 pm

      မကြာမီ လာမည် မျှော်…
      အားရပါးရ စားသွားပါတယ်ဆိုလို့လဲ ကျေးဇူးပါကွယ်…

  • ကောင်းမြတ်သူ

    April 26, 2012 at 12:18 pm

    မြင်သာမြင် မကြင်ရတဲ့ဘဝ… ရေပဲ အရိုးထွင်ပြီး ခပ်ညက်ညက်ဝါးသွားပါတယ်….

  • ဗိုက်ကလေး

    April 26, 2012 at 12:21 pm

    ဂျီးဒေါ်တို ့က မစားရအညှော်ခံ အရမ်းလုပ်ဒါဘဲဗျာ

    • Ma Ei

      April 26, 2012 at 1:30 pm

      ကောင်းမြတ်သူ…နဲ့
      ဗိုက်ကလေးတို့ရေ…
      Post ကိုကြည့် ပြီးရင် သက်ဆိုင်သူများကို ဒီလိုလေး လုပ်ကြည့်ပါလား…
      MG ရွာထဲမှာ ဒို့ဂျီးဒေါ် ဒီလိုလေးတင်ထားတာ ဘာညာနဲ့ နဲနဲပွားလိုက်လေ…
      ဒါဆိုရင် ကြင်ရ…
      စားရပြီပေါ့ကွယ်…

  • ရောင်ခြည်ခ

    April 26, 2012 at 12:35 pm

    မအိ မုန့်တွေကြည့်ပြီး ဗိုက်ဆာနေတာနဲ့အတော်ပဲ စားသွားပြီနော်၊ ကျေးကျေးပါ.. 🙂

    • Ma Ei

      April 26, 2012 at 1:21 pm

      မုန့်တွေကြည့်ပြီး ဗိုက်ပိုဆာသွားတယ်လို့
      မပြောလို့တော်သေးနော်…

  • လူ ဟား

    April 26, 2012 at 1:37 pm

    ခုလေးတင်..ရုံးက ထမင်းကြွေးလို့ လိုက်စားတာ.. မဝခဲ့ပါဘူးဆိုမှ…

    • Ma Ei

      April 26, 2012 at 4:12 pm

      မဝဆို
      လူကြီးတွေနဲ့စားရင်စား ဒါမှမဟုတ်
      ကလေးမလေးများနဲ့ စားရလို့ မို့လား…

  • sugar sugar

    April 26, 2012 at 1:51 pm

    မအိ ရေ 16 ခုလုံးကုန်အောင်စားသွားပါကြောင်း
    ကော်ဖီ လည်း အပြီးသောက်သွားတယ်နော်

    • Ma Ei

      April 26, 2012 at 4:18 pm

      MG မှာ Post တင်ထားတဲ့အတွက်
      ဘယ်သူဘယ်လောက်စားစား မကုန်တဲ့စားစရာ ဖြစ်သွားပြီလေ…
      သူကြီး ကျေးဇူးနဲ့ပေါ့…

  • manawphyulay

    April 26, 2012 at 2:17 pm

    မမအိ…. အိမ်မှာ လုပ်မစားတော့ဘူးနော် ကော်ဖီသောက်ချိန်ဆို လာလည်မယ်နော်။ ၁၆ ခုပဲဆိုတော့ အရင်လာတဲ့သူပဲ ကျွေးမှာလားမသိ…

    • Ma Ei

      April 26, 2012 at 4:48 pm

      မနောရေ…
      ဆာတဲ့အချိန် အလည်လာပါနော်…

      ဖောင်းဖောင်းလေး…
      အန်တီအိလည်း လွယ်တာလေးတွေဘဲ လုပ်တတ်တာပါကွယ်…

  • Phaung Phaung

    April 26, 2012 at 3:02 pm

    မအိရဲ့ ပြုလုပ်ပုံလေးက ရှင်းရှင်းလင်းလင်းလေးမို့ ပိုပြီးသဘောပေါက်သွားပါတယ်။ မှတ်ထားပြီး အိမ်မှာ
    လုပ်စားဦးမယ်။ ကျေးဇူးတင်ပါတယ်။ နောက်လည်း လွယ်ကူရိုးရှင်းတဲ့ သရေစာလေးတွေလည်း တင်ပေးပါ
    ဦးနော်။

  • ahnyartamar

    April 26, 2012 at 3:45 pm

    မအိရေ…စားလို့တော့ပြီးသွားပြီ၊ how much it?

  • amatmin

    April 26, 2012 at 3:49 pm

    အမအိရေ..
    အခုပဲ ကော်ဖီကို မုန့်မပါဘဲ ဂလုနေတာခင်ည..
    ဒါလေးလဲ တွေ့လိုက်ရော..ဂလု ဂလု ပိုဖြစ်သဗျာ..
    အကြွေးတွေ များနေပီ ဗျနော်..အိမ်လိပ်စာ အမြန်ပေးတော့..ဒါဘဲ. 🙂 🙂

    • Ma Ei

      April 26, 2012 at 4:58 pm

      အညာကတမာရှင့်…
      It is FOC…

      အမတ်မင်းရေ…
      တင်စရာလေးတွေလဲ ရှိသေးတော့
      အကြွေးဆက်မှတ်ထားပါဦးနော်…

      ကိုမိုက်ရေ..
      မဒမ်မိုက်ကိုခိုင်းရင်လဲ စကားချိုလေးနဲ့ ခိုင်းပါနော်..
      ပိုပိုသာသာ စားရအောင်ပါ…

      ဖရဲသီးလေး…
      အိုဗာတင်းလေးနဲ့လဲကောင်းပါတယ်…
      ဟိုကောင်လေးလို…ဘီဘီနဲ့မဟုတ်ပြီးရော…

  • kyeemite

    April 26, 2012 at 3:53 pm

    ကျုပ်လည်းဆင်းဒဝတ်တော့
    အသဲစွဲဗျို့…အိမ်ကျမှ မဒမ်မိုက်ကိုလုပ်ခိုင်းရမယ်..
    သင့်ခရုပါတော်…အဲ..ဗျာ။

  • water-melon

    April 26, 2012 at 3:58 pm

    အနော်က အဲလောက်နဲ့ဝဘူးဗျာ
    နွားနို့ အိုဗာတင်းလေးနဲ့ဆို ပိုကောင်းမယ်
    ဗို်က်ဆာလာပြီ
    တစ်ခုနှိုက်စားသွားပါကြောင်း

  • နွယ်ပင်

    April 26, 2012 at 4:07 pm

    Sandwich ကို ငါးသေတ္တာနဲ့ လုပ်တာအကြိုက်ဆုံးပဲ
    ဒါပင်မယ့် အခုတော့ အန်တီ လက်ရာလေးကို စားသွားပါတယ်ရှင့် …

    • Ma Ei

      April 26, 2012 at 4:26 pm

      ငါးသေတ္တာနဲ့ ဆိုရင် စက်ကလေးနဲ့ 10 မိနစ်လောက်ဖိလိုက်ရင်
      ပူပူနွေးနွေး မွှေးမွှေးလေးစားရတာပိုကောင်းပါတယ် နွယ်ပင်လေးရေ…
      နောက်မှ ထပ်တင်မယ်နော်…
      ဒီနေ့တော့ အစိမ်းလေးဘဲစားပါဦး…

  • ginny

    April 26, 2012 at 4:23 pm

    ရုံးမှာကော်ဖီဖျော်သောက်ပြီး အန်တီအိရဲ့sandwich နဲ့စားသွားပါတယ်………:)

  • MaMa

    April 26, 2012 at 6:19 pm

    ဒီတခါတော့ တရွာလုံးကို အဝ ကျွေးရအောင် များများလုပ်ထားတယ်ထင်ပါ့။ 🙂

  • windtalker

    April 26, 2012 at 8:53 pm

    အန်တီအိ ခင်ဗျား ။ ကော်ဖီချိန်အတွက်ဘဲလား ခင်ဗျ ။ ဘီယာချိန်မှာကော စားမယ် ဆိုရင် ဖြစ်လောက်ပါတယ် နော ခင်ဗျ ။

  • ရွာစားကျော်

    April 26, 2012 at 10:09 pm

    တောက်
    အိပ်ရာဝင်ခါနီးမှ ဝင်ကြည့်မိတယ်.. ကျန်သေးရဲ့လားပဲ
    အို.. ရတဲ့အချိန် ဝင်စားမှာပဲ.. ဟီး
    အားပေးသွားပါတယ် တီတီအိရေ

  • ညလေး အိတုံ

    April 26, 2012 at 10:54 pm

    စာနေတာနဲ.အတော်ပဲ……….စားလိုက်ပီအကုန်…..အဟိဟိကောင်းလိုက်တာ
    နောက်လဲကျွေးဦးနော်………

  • surmi

    April 26, 2012 at 11:32 pm

    ကျုပ်က ညနက်သန်းကောင်မှရွာထဲရောက်တာဆိုတော. …
    အင်း းးးးးးးး
    စားစရာဝယ်ထားဦးမှ ….

  • ကြောင်ကြီး

    April 27, 2012 at 9:42 am

    သမီးဂ ဘယ်အရွယ်လဲ..။ ကြောင်ကြီးလည်း ခင်ဓာတ်ပါဒယ်..။ 😳

    • Ma Ei

      April 27, 2012 at 11:57 am

      သမီးလေးက ရှစ်နှစ်ခွဲ ပါရှင်…
      Comment ဖတ်ရတာ နဲနဲလောက် ကျောခြမ်းသွားတယ်…

      • windtalker

        April 27, 2012 at 12:01 pm

        နောင်၈နှစ်ဆိုတာလဲ သိပ်မဝေးလှပါဘူး ကွယ် ။ ဟီဟိ
        အတည်ပေါက်နဲ ့စလိုက်သည် ။

        • Moe Z

          April 27, 2012 at 12:07 pm

          ကိုပေ သားလေးအတွက်လားဟင်
          မိဘဝတ္တရား တယ်ကျေသကိုး 😀

        • Ma Ei

          April 27, 2012 at 12:25 pm

          နောင် ၈ နှစ် သိပ်မဝေးတော့ပေမဲ့
          သူအသက်ကြီးလာသလို ကျမတို့ကလဲ အသက်ကြီးသွားမှာနဲ့
          တွေးပြီး မောနေတယ်…

  • weiwei

    April 27, 2012 at 10:08 am

    အဲဒီလိုမျိုး မကြာခဏလုပ်စားဖြစ်ပါတယ် .. တစ်ခါတစ်လေ ထမင်းမစားပဲ နေ့လည်စာ (သို့မဟုတ်) ညနေစာအဖြစ် စားဖြစ်သေးတယ် …
    အချိန်ရတဲ့အခါမှာတော့ sandwich လုပ်တဲ့ စက်ကလေးထဲထည့်ပြီး ဖိပြီးမှ စားဖြစ်တယ် … စက်နဲ့လုပ်ဖြစ်တဲ့အခါမှာ အရွက်တွေ မထည့်ပဲ အသားပြားနဲ့ ချိစ်နဲ့ပဲ လုပ်တယ် …

  • Ma Ei

    April 27, 2012 at 12:13 pm

    Ginny ရေ… ဒါကြောင့် ကော်ဖီချိန်အမှီ တင်လိုက်တာလေ…
    အားပေးလို့ ကျေးဇူးနော်…

    မမရေ… စားလဲစား မကုန်စေနဲ့ ဆိုသလိုဖြစ်နေပြီလားမသိနော်…

    ကိုပေနော်… ကော်ဖီချိန်အတွက်ပါချင့်…

    ရွာစားကျော်ရေ… အချိန်ရှိခိုက် လာစားလိုက်ပါနော်…

    ညလေးရေ… ကျွေးဦးမှာ…နောက်လဲလာလည်နော်…

    ကိုဆာမိရေ… ချမ်းတဲ့အချိန် မီးရောင်မြင်လို့ နွေးပေမဲ့
    ဆာတဲ့အချိန်တော့ အစာတွေ့ရင် ပိုဆာတယ်နော်…

    ဝေဝေရေ… စက်နဲ့ဆိုရင် Cheese Sandwich ကအကောင်းဆုံးပါ…
    မအိတို့သားအမိ အကြိုက်ဖြစ်ပါတယ်…

  • marnat

    May 29, 2012 at 3:13 pm

    ကျေးဇူးတင်ပါတယ်။
    ဒါပေမဲ့ ကျွန်တော်လုပ်ကြည်.တာအဆင်မပြေလို.
    တစ်မျိုးတော့မထင်ပါနဲ.။

    • Ma Ei

      May 29, 2012 at 4:52 pm

      နဲနဲပြန်ဖတ်ကြည့်ပါ လွယ်ပါတယ်…
      ဘယ်နေရာမှာ အဆင်မပြေလဲ ပြောနော်…

  • ကိုရင်စည်သူ

    May 29, 2012 at 5:32 pm

    ခုချိန်သာ အဲ့တစ်ပန်းကန်လုံး စားလိုက်ရင်တော့
    အကုန်ကုန်ပဲ မအိရေ.. ဟိဟိ…
    စတာပါ…
    ကျနော်က ကော်ဖီကို မုန့်နဲ့ တွဲစားတာထက်..
    ဆေးလိပ်နဲ့ တွဲသောက်ရတာပိုကြိုက်တယ်ဗျာ…
    သို့ပေမဲ့ စေတနာ တကယ်ရှိရှိ ကျွေးတယ်ဆိုရင်တော့
    အဆိပ်ခတ်ထားလည်း ကိုရင်က စားရဲပါတယ်ဂျ..

    ခင်တဲ့

  • si tone

    August 22, 2012 at 5:22 pm

    လွယ်လွယ်လေးပဲ…………….. ဒါပေမဲ့ ပုံတွေကိုကြည့်ရင် ဗိုက်ဆာလာတယ်…….. ဟီးဟီး

  • padonmar

    August 22, 2012 at 11:00 pm

    မအိရေ ကြိုက်ပါသည်။
    အပြင်မှာကျွေးရင် ပိုကောင်းပါသည်

    • Ma Ei

      August 23, 2012 at 11:33 am

      အမ ပဒုမ္မာရေ…
      အပြင်မှာ ကြုံလို့ ဆုံဖြစ်တဲ့အခါ
      တစ်ကယ်လဲကျွေးပါမယ်နော်…

      ကိုရင်စည်သူ says:
      si tone says:
      အားပေးကြလို့ ကျေးဇူးနော်…

Leave a Reply