မင်းမြတ်ကျန်စစ်သားမင်းရဲ့ ရွှေစည်းခုံဘုရား ကျောက်စာ

BayoteJune 14, 20101min1262

” ပုဂံကို ရန်သူတို့ ဖျက်ဆီးသောအခါ အမျိုးလေးပါးသည် စစ်သုံ့ပန်းဖြစ်၍ အချို့လည်း အောက်အကြေသို့ ပါကြရသည်။ အချို ့လည်း အထက်အညာသို့ ပါကြရသည်။

ငါ၏ အကူအညီဖြင့် ထိုသူတို့ ပုဂံသို့ ပြန်ရောက်စေပါအံ့။ များစွာသော သူခပ်သိမ်းတို့သည် သားတကွဲ ၊မယားတကွဲ ၊ မိကွဲ ၊ ဖကွဲ ဖြစ်ကြရကုန်၏။ ထိုသူတို့၏ ဒုက္ခကို ငါငြိမ်းပါအံ့။ ထိုသူတို့၏ မျက်ရည်ကို ငါသုတ်ပါအံ့၊

ငါ၏ ယာလက်ဖြင့် ဆန်စပါးရိက္ခာ ကိုပေးအံ့၊ ငါ၏ဝဲလက်ဖြင့် ဝတ်စား တန်ဆာ ပေးအံ့။ အမိသည် သားငယ်အား ရင်ခွင်၌ နှစ်သိမ့်သကဲ့သို့ ငါသည်လည်း တိုင်းသူပြည်သားတို့ကို နှစ်သိမ့်ပါအံ့၊´ တိုင်းသူပြည်သားတွေကို မိမိ၏ ရင်နှစ်သားများကဲ့သို့ မေတ္တာဂရုဏာ ဖြင့် ရေးသားခဲ့ပါတယ်….

2 comments

  • သတင်းလူသား

    June 14, 2010 at 4:24 pm

    ငယ်ငယ်က သင်ကြားခဲ့ရတာကို ပြန်အောင့်မေ့မိပါတယ်။ သူရဲကောင်း၊ မင်းကောင်း၊ ခေါင်းဆောင်ကောင်းတွေဆိုတာ ခုလိုစိတ်ဓာတ်မျိုးထားရှိသင့်၊ ထားရှိအပ်ပါတယ်။ သို့မှလည်း လက်အောက်ပြည်သူများ စားဝတ်နေရေးမှာ အဆင်ပြေပြေနဲ့ ဖြစ်နိုင်ပါလိမ့်မယ်။ တိုင်းပြည်အေးချမ်းသာယာပါလိမ့်မယ်။

  • ဆူး

    October 12, 2010 at 4:26 am

    ဒီပိုစ့်လေးကို ဖတ်ရတာ အခု လက်ရှိ ဖြစ်နေကြတဲ့ ဘဝ များစွာကို ပြေးမြင်မိတယ်.. ကျန်စစ်သား အဆို မိန့် အတိုင်း ဖြစ်လာရင် ကောင်းမယ်နော်..

Leave a Reply