2000 Group ( B -15 ) ပွင့်သောပန်းတိုင်းလန်းစေချင် (၃၁) by May Aye Oo

Swal Taw YwetApril 27, 20123min1142

ပွင့်သောပန်းတိုင်းလန်းစေချင် (၃၁) by May Aye Oo on Wednesday, April 25, 2012 at 4:51am ·

 ဘဝဆိုတာ ဖယောင်းတိုင်လေးလိုပဲ..

မကြာခင်မှာ ငြိမ်းသွားမှာ..။

ကိုယ့်ပတ်ဝန်းကျင်ကို အလင်းရောင်ပေးပါ..။

ပတ်ဝန်းကျင်ကိုတော့ လောင်မြှိုက်မပစ်ပါနဲ့။

ငြိမ်းသွားရင်လဲ အနွေးဓါတ်လေးကျန်နေအောင်ပြင်ဆင်ထားခဲ့ပါ..။

အရှင် ဧသက

 

 

ယဉ်ကျေးလိမ္မာသင်တန်း ၄၃/၂၀၁၂၊ အခမဲ့ဆေးခန်းနဲ့ ညနေခင်းအင်္ဂလိပ်စာသင်တန်း

မြောင်ရင်းရွာ၊ ထုံးဘို၊ ပန်းတောင်းမြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး။

၅ – ၉ ဧပြီလ-၂၀၁၂ 

မြောင်ရင်းရွာ၊ ထုံးဘိုမှာ ကျမတို့ရဲ့ ယဉ်ကျေးလိမ္မာ သင်တန်းက တတိယအကြိမ် ဖြစ်သွားပါပြီ။

ယဉ်ကျေးလိမ္မာသင်တန်း ၄၃/၂၀၁၂၊ အခမဲ့ဆေးခန်းနဲ့ ညနေခင်းအင်္ဂလိပ်စာသင်တန်း မြောင်ရင်းရွာ၊ ထုံးဘို၊ ပန်းတောင်းမြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး။ ၅ - ၉ ဧပြီလ-၂၀၁၂

ဒီတစ်ခေါက်မှာတော့

ပုညကြိယ ဝတ္တု ၁ဝပါး

ယှဉ်ပြိုင်ခြင်း၏နိဂုံး (သီတဂူ ကမာ္ဘဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အရှင် နန္ဒမာလာဘိဝံသ ရဲ့ တရားတော်)

ဂေဟစံနစ်၊ သဘာဝပတ်ဝန်းကျင် နှင့် ကြွပ်ကြွပ်အိပ်

သက်ရှည်ကျန်းမာ မူးယစ်ဆေးဝါးရှောင်ကျဉ်ပါ .. စတဲ့ခေါင်းစဉ်တွေ သင်ကြားပေးခဲ့ပါတယ်..။

ယဉ်ကျေးလိမ္မာသင်တန်း ၄၃/၂၀၁၂၊ အခမဲ့ဆေးခန်းနဲ့ ညနေခင်းအင်္ဂလိပ်စာသင်တန်း မြောင်ရင်းရွာ၊ ထုံးဘို၊ ပန်းတောင်းမြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး။ ၅ - ၉ ဧပြီလ-၂၀၁၂

သင်တန်းသား စုစုပေါင်း ၁၆ဝ တက်ရောက်ခဲ့ကြပြီး၊ အခမဲ့ဆေးခန်းမှာတော့ လူနာပေါင်း ရာကျော် ကုသပေးခဲ့ပါတယ်..။

Free Clinic at ယဉ်ကျေးလိမ္မာသင်တန်း ၄၃/၂၀၁၂၊ အခမဲ့ဆေးခန်းနဲ့ ညနေခင်းအင်္ဂလိပ်စာသင်တန်း မြောင်ရင်းရွာ၊ ထုံးဘို၊ ပန်းတောင်းမြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး။ ၅ - ၉ ဧပြီလ-၂၀၁၂

 

မြောင်ရင်းဓမ္မရိပ်သာ ရဲ့ ဆရာတော်ကြီးကမိန့်ပါတယ်..။

ဒီကျောင်းမှာ အခြားသော အလှူတွေ၊ အခန်းအနားတွေ အမြဲရှိတတ်ပါတယ်..။ ဒါပေမဲ့ နှစ်စဉ် အမြဲတန်းကျင်းပတဲ့ အလှူကြီး (၃) ခု ရှိပါသတဲ့..။ အဲဒါတွေကတော့ (၁) တရားစခန်းပွဲပါ..တဲ့..၊ (၂) ကတော့ ပဌန်းပွဲပါ..တဲ့..၊ (၃) ကတော့ ကျမတို့ရဲ့ယဉ်ကျေးလိမ္မာသင်တန်းပါ..တဲ့..။

 

“အဲဒီ ၃ ပွဲကတော့ မဖြစ်မနေ..၊ တို့မသေမချင်း လုပ်သွားမှာ..၊ မှတ်ထားနော်..” လို့ မိန့်ပါတယ်..။

2000 Group's Donation

 

ကျမက တခြားနေရာတွေကို အလှည့်ပေးတဲ့ အနေနဲ့ နေရာတစ်ချို့မှာ ၃ နှစ်လုပ်ပေးပြီးရင်.. ထပ်မသွားတော့ပါဘူး..။ နောင်နှစ်တွေ မလာမှာ စိုးလို့ ကျမကို မိန့်တာနေမှာ..။ ဒီလို နဲ့ဘဲ..ကျမတို့မှာ ရောက်ပြီးသားနေရာတွေက ထပ်၊ ထပ် ပြီး လာစေချင်ကြ၊ မရောက်ရသေးတဲ့နေရာတွေကလဲ.. လာဖို့ရန် ဖိတ်ကြနဲ့ မို့ ၊ ကြာလေ.. အချိန်မလောက်လေ.. ဖြစ်လာပြီး..၊ နှစ်စတာနဲ့ ဘယ်ရက်မှာတော့ ဘယ်နယ်.. ဆိုပြီး .. plan ချထားရတော့တာ..။ ဒါတောင်မှ ကြားဖောက် တွေ ဝင်လာရင်.. ရက်ရှာရတာ.. ခက်နေရော..။

ယဉ်ကျေးလိမ္မာသင်တန်း ၄၃/၂၀၁၂၊ အခမဲ့ဆေးခန်းနဲ့ ညနေခင်းအင်္ဂလိပ်စာသင်တန်း မြောင်ရင်းရွာ၊ ထုံးဘို၊ ပန်းတောင်းမြို့နယ်၊ ပဲခူးတိုင်း ဒေသကြီး။ ၅ - ၉ ဧပြီလ-၂၀၁၂

ဘာဘဲပြောပြော .. ဒီအလုပ်ကလေးဟာ..၊ ကလေးတွေအတွက်..၊ မိဘ ပြည်သူတွေ အတွက်၊ အများအတွက်..၊ လိုအပ်သူတွေ အတွက် အကျိုးရှိတဲ့ အလုပ်ဖြစ်တဲ့ အပြင်..၊ ကျမရဲ့ အိပ်မက် လဲဖြစ်တာမို့ ၊ ကျမ passion နဲ့ လုပ်တဲ့ အလုပ်ကလေး.. အခုလို.. အောင်မြင်လာတာ..၊ သူတော်ကောင်း အများက လက်ခံ သဘောကျကြတာ..၊ ကြည်နူး ဝမ်းသာမိ ပါတယ်..။ ရှေ့ဆက်ပြီးတော့လည်း.. တတ်နိုင်သလောက်.. ဆက်ပြီး လုပ်သွားပါအုံးမယ်.. လို့..။

အကောက်တောင်မှ အဆင်း၊ ကလေးများနှင့် ပျော်ပျော်ပါးပါး
Group Photo အကောက်တောင်

မြောင်ရင်းရွာ ခရီးစဉ်ရဲ့ volunteer များကတော့

ဒေါက်တာ အေးအေးတင့်

ဒေါ်မေအေးဦး

မရည်မွန်သန့်

ဆရာမလေး မိုင်သီတာဦး

မောင်ဝေဠုကျော်

မလွင်လွင်မာ  နဲ့

သားငယ်လေး စိုင်းသားသား   တို့ဖြစ်ပါတယ်..။

 

ဓါတ်ပုံတွေကတော့ ဒီ Link မှာပါ …။

https://www.facebook.com/media/set/?set=a.3006120868569.2119738.1128815099&type=3

အလှူရှင်များ၊ Volunteerများ အားလုံးကို ကျေးဇူးအထူး တင်ပါတယ်..။ ကုသိုလ်ကောင်းမှုများအားလုံးကိုလဲ အမျှပေးပါတယ်..။ အလှူရှင်များ၊ မိသားစုများနဲ့ တစ်ကွ အနန္တစင်္ကြာဝဠာရှိ နတ်၊ လူ၊ သတ္တဝါများ အားလုံး အမျှရကြ၍ ကျန်းမာ ချမ်းသာ ဝမ်းသာကြ ပါစေ …။

အမျှ ..၊ အမျှ ..၊ အမျှ ..၊

သာ..ဓု…။ သာ..ဓု…။ သာ..ဓု…။

 

အလှူရှင် များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

အလှူခံ များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

လိုအပ်သူတိုင်းကို ပေးလှူနိုင်သောသူ ဖြစ်ရပါလို၏ …. …။

 

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

GIVE THE WORLD THE BEST YOU HAVE !

P.S – ကျမရဲ့  notes  များကို..  Share  လိုပါက ခွင့်တောင်းရန် မလိုပါ..   Share   နိုင်ပါသည်.. ရှင်….။

 

Dear Readers and MG villagers,

Please share good deeds of 2000 Group.

Please try to support 2000 Group as much as you can.

They need your supports and encouragement.

 

Let’s try our best for our mother land.

With respect,

Swal Taw Ywet.

2 comments

  • ဗိုက်ကလေး

    April 28, 2012 at 12:37 pm

    ပျော်စရာကြီး
    မဟာသီရီသုဓမ္မ ဖွားခင်ကြည်သာသိရင် သာဓုခေါ်မှာမလွဲပဲဗျာ..

    • Swal Taw Ywet

      April 30, 2012 at 12:57 am

      Dear brother, ဗိုက်ကလေး,
      Thanks for your comment.
      Now our sister from MG, Daw May Aye Oo is trying hard to help the needy people.
      She need our support as much as we can.
      Please try to support 2000 group.

      With respect,
      Swal Taw Ywet.

Leave a Reply