ကမ္ဘာကြီးပျက်လျှင် ခိုလှုံရာနေရာ ရနိုင်ပြီ

BayoteJune 14, 20101min500

ဘားစ်တို-ကမ္ဘာပျက်နေ့အတွက် ကြိုတင်စီစဉ်ထားသော အရောင်းစာရေးတစ်ဦးသည် တစ်နေ့ကျလျှင်သက်သောင့်သက်သာရှိမည့် ‘နျူ’ဗုံးခံနိုင်ရည်ရှိသော ကတုတ် ကျင်းတစ်ခုကို မိုဟာဗီကန္တာရအောက်တွင် ၎င်းတူးဖော်ထားကြောင်း ပြောကြား ကာ ငှားရမ်းခများ ယူလျက်ရှိသည်။ ရော့ဘတ်ဗင်စီနိုသည် ဘားစ်တိုရှိ ၎င်း၏ ကတုတ်ကျင်းအတွက် ကြိုတင်နေရာများ ရောင်းချလျက်ရှိသည်။

မြေအောက် တွင် စတုရန်းပေ ၁၃,၀၀ဝ ကျယ်ဝန်းသော ၎င်းကတုတ်ကျင်းတွင် အားကစားရုံ၊ ရေကူးကန်၊ စားသောက်ဆိုင် စသည် တို့ပါဝင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ဗင်စီနို၏ စခန်းတွင် အခန်းဝယ်လိုလျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀ဝ ခန့် ကုန်ကျ မည် ဖြစ်ပြီး အခန်းပေါင်း ၁၃၂ ခန်းရှိကာ ထက်ဝက်ခန့်မှာ ကြိုတင်ဝယ်ယူပြီး ဖြစ်ကြောင်း သိရသည်။