လွှတ်တော်မလိုသော ကျမ်းသစ္စာကျိန်ဆိုမှု စာသားပြောင်းလည်းခြင်း

ဘဲဥApril 27, 20123min1064

လွှတ်တော်မလိုသော ကျမ်းသစ္စာကျိန်ဆိုမှု စာသားပြောင်းလည်းခြင်း

(ဆောင်းပါးရှင် မောင်မောင်ဝမ်း)
မီဒီယာမှာ ကျမ်းသစ္စာ ကျိန်ဆိုခြင်းစာသား ပြောင်းလဲပြင်ဆင်ပေးရေးနဲ့ ပတ်သက်လို့ အင်တာဗျူးတွေကို နားထောင်လိုက်ရတဲ့အခါ… ပညာယူစရာ၊ ဆင်ခြင်နိုင်စရာ၊ မှတ်သားစရာတွေ မကြားရပဲ.. အာဏာကို ဘယ်လောက် ငန်းငန်းတက်နေသလဲ ဆိုတာလူသိအောင် ကိုယ့်အထုတ်ကို ဖြည်လိုက်တာပဲ အဖတ်တင်သွားတယ်…။
ဦးအောင်သောင်းတို့ ဦးဋ္ဌေးဦး တို့ အင်တာဗျူးတွေ နားထောင်ကြည့်ပါ… တိုင်းပြည်ရဲ့ပြသနာကို.. အကောင်းဆုံးဖြစ်အောင် ဘယ်လို ဖြေရှင်းကြမလည်းဆိုတဲ့..အရိပ်အရောင် တခုမှ မတွေ့ရဘူး။ ကြားဖြတ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နေရာအများစု နိုင်သွားတဲ့ အပေါ် ကလဲ့စားချေလိုတဲ့ မထိတထိ မျက်နှာပေးတွေနဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်း စာသားပြောင်းလဲ ပြင်ဆင်ရေးကိစ္စမှာ.. သူတို့က အထက်စီးက ရှိနေလေတဲ့ လေသံတွေနဲ့ ပြောဆိုနေတာတွေ့ရတော့.. အတော်စက်ဆုပ် မိတယ်ဗျာ။ မိမိ အတ္တကလွဲလို့ တိုင်းပြည်အရေးအတွက် အမျှော်အမြင် မရှိသူများအဖြစ် မှတ်တမ်းတင်ထားပါတယ်။
အမှန်တကယ်က တိုင်းပြည်ကို ပြန်လည် ဦးမော့စေချင်တဲ့ စေတနာကောင်းသာ ရှိမယ်ဆိုရင်… တိုင်းပြည်စီးပွားရေး  တိုးတက်ဖွံ့ဖြိုးလာအောင် လုပ်ဘို့လိုပါတယ်။ ဒီလိုလုပ်ဆောင်ဘို့ဆိုတာ… မိမိနိုင်ငံတံခါးကို ပိတ်ပြီး…ကိုယ့်အားကိုယ်ကိုး လုပ်ဆောင်ဘို့ဆိုတာ… ဆိုရှယ်လစ်ခေတ် မဟုတ်တော့ပါ….။ နိုင်ငံတကာ အကူညီအများကြီးလိုပါတယ်။ ကိုယ့်အားကိုယ်ကိုးပြီး တိုင်းပြည် တည်ဆောက်မယ်ဆိုတဲ့ လူတွေ လိုက်စုံစမ်းကြည့်ပါ။ သူတို့သားသမီးတွေ ဆွေမျိုးတွေအကုန် နိုင်ငံတကာလွှတ်… သူတို့ကိုယ်တိုင်က… ဝတ်ထားတဲ့အဝတ်.. စီးထားတဲ့ဘိနပ်ကအစ နိုင်ငံခြားဖြစ်မလွတ် ပါးစပ်ဖျားစကားက လွဲလို့ ဘယ်သူမှ လက်တွေ့ကျင့်ကြံတာမရှိ…၊ ဒီတော့… သေချာအောင် ထပ်ပြောချင်တယ် နိုင်ငံတကာ အကူညီလိုတယ်။ တရုတ်လောက် ထိုင်းလောက်နဲ့ မြန်မာပြည်ဦးမမော့ဘူး စိတ်ချ။ အထူးသဖြင့် အနောက်အုပ်စုရဲ့စီးပွားရေး ရင်းနှီးမြုပ်နှံမှု အများအပြားလိုတယ်……။ အနောက်အုပ်စုက စီးပွားရေး ရင်းနှီးမြုပ်နှံသူတွေ မြန်မာနိုင်ငံတွင်းကို ဝင်ရောက်လာဘို့လိုတယ်…..။ ဒါမှ တိုင်းပြည်စီးပွားရေး ဦးမော့မယ်….။ သူတို့ ဘယ်လို ရောက်လာနိုင်မလည်း…………….။
– လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအကျပ်အတည်းတွေပြေလည်အောင်ရှင်းနိုင်တဲ့အခါ
– တိုင်းပြည် ငြိမ်းချမ်းသာယာတဲ့အခါ
ဒီလောက်ယေဘူယျ သဘောပြေလည်ရင်တောင်…. နိုင်ငံတကာ စီးပွားရေးရင်းနှီးမြုပ်နှံသူတွေ ဝင် ရောက်လာနိုင်ပါတယ်……
လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကြပ်အတည်း ပြေလည်အောင်…. လက်ရှိအစိုးရအနေနဲ့ နိုင်ငံတကာရော ပြည်သူကပါ။ ထောက်ခံမှု အပြည့်အဝရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြေလည်ဘို့လိုပါတယ်။ ဒီလို မပြေလည်သမျှ ကာလပတ်လုံး ဘယ်အနောက်အုပ်စု စီးပွားရေးအုပ်စုကမှ ဝင်ရောက်မလာတဲ့ အပြင် စီးပွားရေး ပိတ်စို့ထားမှု ပွင့်လင်းလာရေးကိုလည်း.. မျှော်လင့်လို့မရပါဘူး……။ တိုင်းပြည် ငြိမ်းချမ်းသာယာဘို့… တရားဥပဒေစိုးမိုးဘို့ လိုပါတယ်။ လက်နှက်ကိုင် တိုင်းရင်းသား ညီအစ်ကိုများနဲ့ ချစ်ကြည်ရင်းနှီးပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရှိဘို့ လိုပါတယ်…..။
ဒီအချက်ကို ပြည်သူတွေကလည်း မျှော်လင့်ကြတယ်။ သူတို့ မျှော်လင့်ချက်တွေ အကောင်ထည်ဖော်နိုင်ဘို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပုံထောက်ခံကြတယ်။ ပုံမဲပေးကြတယ်။ မဲအောင်နိုင်တယ် ပြည်သူတွေပျော်ကြတယ်…..။ ဒီလို အပျော်တွေက မကုန်သေးခင်ပဲ လွှတ်တော်ထဲဝင်ဘို့ ကျမ်းသစ္စာ ကျိန်ဆိုရေးစာသား အခက်အခဲက လာခုနေလေတော့ ရှေ့ကို ဘယ်လိုခရီးဆက်ကြမလဲ။ စဉ်းစားစရာတွေ ရင်မောစရာတွေ ဒေါသထွက်စရာတွေ အပြည့်နဲ့ အမျိုးမျိုးသော ဝေဖန်ချက်တွေ အပြည့်နဲ့။
ဒီနေရာမှာ ပြသနာတခုက ကျမ်းသစ္စာ ကျိန်ဆိုရေးစာသား ကိစ္စမှာ NLD လုပ်ရပ် မှန်တယ်ဆိုတာ ကျနော် ထောက်ပြခဲ့ပြီးပါပြီ။ သို့သော် NLD အနေနဲ့ ပြောလို့မရတာတွေ မပြောသင့်တာတွေ သူတို့မှာရှိတယ်။ ဒါကဘာလို့လည်းဆိုတော့ အစိုးရနဲ့ နားလည်မှု တည်ဆောက်နေဆဲကာလ အမျိုးသားပြန်လည် သင့်မြတ်ရေး တံခါးကို စတင်ဖွင့်လှစ်ဆဲ ကာလများဆိုတော့ အပြောအဆို၊ အနေအထိုင် သတိထားရတယ်။ အရာရာ သတိထားရတယ်။ အရင် NLD မဟုတ်ဘူး…..။ လူထုက တခါ.. အာဏာ အပ်နှင်းထားခံရတဲ့ (Mandate power) တရားဝင်ရထားတဲ့ ပါတီ….။ နိုင်ငံတကာရော… အစိုးရရော ပြည်သူများကပါ… အချိန်ပြည့် စောင့်ကြည့်ခံနေရတဲ့ ပါတီ…။
ဒီတော့..သူတို့ရဲ့ ပြုမူဆောင်ရွက် ပြောဆိုချက်တွေဟာ အရပ်ဆန်လို့ မရဘူး။ ထင်တာတွေ ခန့်မှန်းတွေနဲ့ လျှောက်ပြောလို့ မရဘူး….။ ဟိုကွေ့ကို ဟိုတက်နဲ့လှော်.. ဒီကွေ့ကို ဒီတက်နဲ့ လှော်လုပ်လို့မရဘူး……။ ကတိတွေကို လွယ်လွယ်ပေးလို့မရဘူး….။ ဒီအချက်တွေကိုတည်မှီပြီး အခွင့်သာခိုက် အလစ်ချောင်း တိုက်ခိုက် ချင်သူများကလည်း လက်လှမ်းမှီရာ ဒဿန အတွေးအခေါ်တွေနဲ့ တိုက်ခိုက်ကြပေါ့။
သို့သော် မြန်မာ့နိုင်ငံရေးမှာ ကံကောင်းတယ်လို့ပြောနိုင်တဲ့ အစိုးရဘက်က ပြုပြင်ပြောင်းလည်းရေးကို လိုလားသူ သမ္မတ ဦးသိန်းစိန်လို၊ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းလို လူမျိုးတွေ ပေါ်ပေါက်လာလေတော့ နည်းနည်းတော့ အနာဂါတ် ရောင်ခြည်တန်းလေးမြင်နေရပြီလားလို့တွေးမယ်ဆို တွေးနိုင်ပါတယ် (ဒါပေမယ့် မသေချာသေး )။ ဒီနေရာမှာ ကျနော် ရင်ထဲ ကလိ ကလိဖြစ်နေတာရှိတယ်။ ဒါက….ဦးဋ္ဌေးဦး နဲ့ ဦးအောင်သောင်း အင်တာဗျူးကို နားထောင် လိုက်ရတဲ့အခါ…ဘာသွားတွေ့ ရသလည်းဆိုတော့…..
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တွေ့ဆုံခြင်းမှ ထွက်ပေါ်လာတဲ့ ရလာဒ်တွေအပေါ် သိပ်အစာ ကြေချင်ပုံမရဘူး။ ဦးသိန်းစိန်ကိုလည်း အထက်လူမို့သာ… သည်းခံထားရတယ်.. သိပ်ကျေနပ်ချင်ပုံမရဘူး။.ဦးဋ္ဌေးဦး ပြောတဲ့ စကားတွေမှာဆို… သဘောက… ခင်ဗျားတို့ နဲ့ပြေလည်တဲ့ သမ္မတက.. သူ့ပါဝါ ရှိသလောက် သူလုပ်ပေးပြီးသွားပြီ။ အခု ကျမ်းသစ္စာ ကျိန်ဆိုရေး စာသား ပြောင်းလည်းပေးဘို့ ကိစ္စက သမ္မတ တယောက်ထဲ လုပ်လို့မရဘူး။ ကျုပ်တို့ လွှတ်တော်က… လုပ်ပေးမှရမှာ….  ဒီအလုပ် ကျုပ်တို့ မလုပ်နိုင်ဘူး… လုပ်မပေးနိုင်ဘူး…(ဒီအဓိပ္ပါယ်သက်ဝင်နေတယ်)။ နောက်တခါ ဒီစာသားပြသနာဆိုတာ… ဘာမှ အရေးမကြီးတဲ့ပုံစံ… (NLD ဘက်က ဘယ်လောက်ပဲ အရေးကြီးတယ် သဘောထားထား) ပြင်ရမယ်ဆိုရင်တောင် လွှတ်တော်မှာ အဆိုတင်… မဲခွဲ…၇၅ % စသဖြင့်ပေါ့….. လုပ်ရမှာ… အရေးမကြီးတဲ့.. ကိစ္စမို့ မလိုအပ်………..။ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရမှာ (Amandment) ကို အလိုမရှိ……….။
ဒါဆို….ကျနော် အကြံပြုချင်တယ်..
လူကြီးမင်းတို့ပြောသလို.. စဉ်းစားတွေးခေါ် လုပ်ဆောင်နေသလို…. ကျမ်းသစ္စာ ကျိန်ဆိုရေး စာသားပြောင်းလည်းပေးဘို့.. ကိစ္စမှာ… ခင်ဗျားတို့လိုလူတွေ မလိုအပ်တဲ့… လွှတ်တော်လည်း ဘာမှ မလိုအပ်ပဲ လုပ်လို့ရတဲ့… သာဓကတွေ… ကမ္ဘာမှာရှိခဲ့ဘူးတယ်… ဒါကို ကျနော် ထောက်ပြမယ်……။

 

Informal amendment ( အခြေခံဥပဒေ၏ သာမာန်အစိတ် အပိုင်းများကိုပြုပြင်ခြင်း)

 

နိုင်ငံတော်တော် များများက အခြေခံဥပဒေများကို လေ့လာကြည့်တဲ့အခါ….. ဘယ်နိုင်ငံမှာ ပြည့်စုံတဲ့ ဟာမရှိဘူးဆိုတာ.. ဝန်ခံထားကြပါတယ်။ သို့သော်လည်း.. တတ်နိုင်သလောက်.. ပြင်ဆင်စရာမလိုအောင် ပြဋ္ဌာန်းထားတာတွေရှိပါတယ်…။ ဥပဒေတွေထဲမှာ.. အားနည်းချက်တွေလည်း ရှိပါတယ်..။ လုံးလုံး လျှားလျှား ပြင်ဆင်ဖြည့်စွက်ဘို့ လိုအပ်လို့ပြင်ဆင်လိုက်ရတာကို (Amendment ) လို့ခေါ်ပါတယ်….။ ဒါကတော့.. အခြေခံဥပဒေထဲမှာပါရှိတဲ့… အဓိကအရာ (Main Article )ကို ပြုပြင်ခြင်း ၊ ပြောင်းလည်းပြင်ဆင်သတ်မှတ်ခြင်း ၊ ဖျက်သိမ်းခြင်းများပဲဖြစ်ပါတယ်……။ အဓိက (Main Article) မဟုတ်ပဲ… အဲဒီ့ အထဲက.. လိုအပ်နေတဲ့ နားလည်မှု လွဲမှားသွားစေနိုင်တဲ့…အဓိပ္ပါယ် အမျိုးမျိုးထွက်စေနိုင်တဲ့ အချက်အလက်အချို့ကိုပြင်ဆင်ခြင်းကိုတော့ ( informal amendment ) လို့ခေါ်ပါတယ်။ အဓိက (main article ) ကိုပြုပြင်ခြင်းအတွက်…. အားလုံးသိနေကြသလို လွှတ်တော်နှစ်ရပ် မှ ကိုယ်စားလှယ်များ၏ ၇၅ ရာခိုင်နှုန်း မှထောက်ခံ၊ လူထုကလည်း အတည်ပြု စသဖြင့် (ဦးဋ္ဌေးဦး တို့ ဦးအောင်သောင်း တို့ ထင်နေသလို) လိုအပ်သော်လည်း……. Informal amendment ပြင်ဆင်ခြင်းမှာတော့… ဒါတွေ မလိုအပ်ပါဘူး….။
What are the five ways that the constitution can be informally amended?
Five methods to informally amend the Constitution
1. Basic Legislation
a. Details were added by Congresses
b. Ways it interprets the Constitution and carries out its duties
2. Executive Actions
a. Presidential use of “Necessary and Expedient Clause”
b. Executive Agreement
3. Supreme Court Decisions
a. Marbury v. Madison
4. Political Parties
a. Nomination process
b. Election process
5. Custom
a. Cabinet
b. 2 terms per President
c. Presidential succession
( Link -http://dhsvideo.tripod.com/id2.html )
အထက်ဖော်ပြပါ အချက်များကတော့ အမေရိကန် အစိုးရက ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ ( အခြေခံဥပဒေ၏ သာမာန် အချက်အလက်များကို ပြုပြင်ခြင်း – informal amendment ) ပါ…..။ အားလုံးကို တချက်ခြင်း ရှင်းပြနေရင် ပေရှည်ပြီး လိုရင်း မရောက်မှာမို့…. အဓိက အချက်ကိုပဲ တင်ပြပေးပါ့မယ်…..။ အထက်မှာ ဖော်ပြခဲ့သလို…..informal amendment ကို လွှတ်တော်မှာတင်ဆွေးနွေး ၇၅ ရာခိုင်နှုန်းထောက်ခံ လုပ်စရာမလိုပဲ…. သမ္မတ အခွင့်အာဏာနဲ့ လုပ်လို့ရကြောင်း… အပိုဒ် (၂) မှာ ဖော်ပြထားပါတယ်။
အမေရိကားမှာ ကြုံတွေ့ခဲ့ဘူးတဲ့ သာဓက ကိုတင်ပြချင်ပါတယ်…. အမေရိကား ပြည်တွင်းစစ်အပြီးမှာ ကျွန်များကို လွတ်မြောက်ခွင့်ပေးတဲ့ အကြောင်း ကွန်ဂရက် (မြန်မာပြည်လိုဆို လွှတ်တော်) ကနေ ဥပဒေ ကျမ်းကို အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့အခါ ကျွန်အများအပြားဟာ လွတ်မြောက်သွားခဲ့ပါတယ်။ သို့သော်ပြသနာက ဘာဖြစ်သလည်းဆိုတော့ ကျွန်အများပြားကို လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ ကျွန်ပိုင်ရှင်များက…. ဥပဒေပါ ပြဋ္ဌာန်းချက်ရဲ့ဟာကွက်ကို ထောက်ပြီး…. ကျွန်များက မွေးဖွားလာတဲ့ သားသမီး မျိုးဆက်များကိုတော့ လွတ်မြောက် ခွင့်မပြုဘူး….။ အဲဒီမှာတင်… အရေးပေါ်အနေနဲ့ ဗဟိုတရားရုံးချုပ်ကနေ နောက်ဆက်တွဲ ဖြစ်တဲ့
မျိုးဆက် (descendants) ဆိုတာ ထပ်မံဖြည့်တင်းပေးခဲ့ရပါတယ် လွှတ်တော် မလိုအပ်ခဲ့ပါဘူး။ ဥပဒေပါ စကားလုံးများဟာ ဘယ်လောက် အရေးကြီးသလည်းဆိုတာ… မှတ်သားစရာပါ….။ (ဥပမာဆိုပါတော့.. အဲဒီနေရာမှာ… Descendants အစား Sons and daughters ဆိုတာ ဖြည့်တင်းလိုက်ရင် ဘာဖြစ်နိုင်မလည်း…. မြေးတွေ မြစ်တွေ တီတွေ တွတ်တွေ  ဒုက္ခရောက်မှာပေါ့…..) အလားတူ လွှတ်တော် မလိုပဲ… ပြင်ဆင်ဖြည့်စွက်ချက်ကို ဘယ်လ်ဂျီယံ နိုင်ငံမှာလည်း ကြုံခဲ့ဘူးပါတယ်။ အခြား ကျနော် လေ့လာ မသိရှိသေးတဲ့ နိုင်ငံများလည်း ရှိဦးမှာပါ…..။
ကျမ်းကျိန်စာသားပြောင်းလည်းရေးကိစ္စဟာ တကယ်တော ဖွဲ့စည်းပုံအခြေခံဥပဒေ (Main Article) ကိုပြောင်းလည်းခြင်း မဟုတ်ပါဘူး။ အစိတ်အပိုင်း (portion) ကိုသာပြောင်းလည်းခြင် းဖြစ်သည့်အတွက် လွှတ်တော်မှ အပြီးသတ် ဆုံးဖြတ်ပေးဘို့ မလိုအပ်ပါ….။ တစုံလုံးကို ပြောင်းလည်းခြင်း (Amendment) လုပ်ရန်မလိုပါ။
လက်ရှိမြန်မာနိုင်ငံက ဖြစ်နေတဲ့ ကျမ်းသစ္စာ ကျိန်ဆိုရေးစာသား အပြောင်းအလည်း ကိစ္စမှာ ပထမအဆင့် အခြေခံဥပဒေ ခုံရုံး (အခြားနိုင်ငံတွေမှာတော့ ဗဟိုတရားရုံးချုပ် )ကနေပယ်ချလိုက်ပါတယ်။ သို့သော် ပြသနာမရှိ… သမ္မတရဲ့ အခွင့်အာဏာ ကျန်ရှိနေပါသေးတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် နားလည်မှု တစုံတရာရှိမယ်။ သမ္မတဟာ တိုင်းပြည်ရဲ့အနာဂါတ်အတွက် အမျှော်အမြင် ရှိသူတယောက် ဖြစ်မယ်ဆိုရင် စိုးရိမ်စရာ မလိုလောက်ဘူးလို့ ယူဆရပါတယ်။ ပြေလည်နိုင်မယ်လို့ ယုံကြည်ပါတယ်။
တကယ်လို့ ဒီကိစ္စတွေ ကိုကျော်လွန်အောင်မြင်ပြီးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ..လွှတ်တော်အတွင်း လျှောလျှောရှုရှု ဝင်ရောက်နိုင်ပြီး မိမိတို့ ရည်မှန်းချက်ပန်းတိုင်များကို အကောင်ထည်ဖော်နိုင်မည် ဆိုရင်ဖြင့် တိုင်းပြည် တိုးတက်ရေးထက် မိမိ အတ္တ မာနများကို… ရှေ့တန်းတင်သော.. ဦးအောင်သောင်း ၊ ဦးဋ္ဌေးဦးလို လူများအပါဝင်… ကြံ့ဖွတ် တယောက်တလေမှ လွှတ်တော်နား မကပ်နိုင်အောင် ၂၀၁၅ မှာ ကြိုးစားကြပါစို့။
(အားလုံးကို လေးစားစွာဖြင့်)
မောင်မောင်ဝမ်း
မူရင်း  ။   ။  ဒီမိုဝေယံ

4 comments

  • sugar sugar

    April 27, 2012 at 2:20 pm

    ဘဲဥရေပီး မှ သေချာ ဖတ်ပြီးမန့်မယ်နော်

  • အိမ်လွမ်းသူ

    April 27, 2012 at 6:12 pm

    ကောင်းတယ်ဗျို့။ မှားတာ မှန်တာ နောက်ထား အဲဒီလို အချက်အလက်လေးတွေနဲ့ ပညာရှင် ဆန်ဆန်တင်ပြ သွားတာ စာဖတ်သူတွေကို ဗဟုသုတရ စေပါတယ်။

  • sunday mgmg

    April 28, 2012 at 8:55 am

    post လေးကကောင်းတယ်ဗျာ.သေသေချာချာလေ့လာပြီးရေးထားတာဖတ်ရတဲ့သူတွေတွက်အကျိုး
    ရှိပါတယ်.ဒါပေမဲ့တိုင်းပြည်ရဲ့ဦးဆောင်သူတွေရဲ့နှစ်လုံးထဲနဲ့ဘောင်းဘီကျပ်နေတာတော့ရှက်
    စရာကောင်းပါတယ်.ဘဲဥထောက်ပြတဲ့အမေရိကန်မှာလွှတ်တော်မလိုဘဲပြင်တဲ့စာသားလေးကပြည်သူတွေ
    အတွက်အလွန်အကျိုးရှိပါတယ်.ဒါပေမဲ့မြန်မာပြည်မှာပြင်ရမဲ့စကားလုံးကတိုင်းပြည်အတွက်အလွန်
    အရေးကြီးလို့လား။ဒါထက်အရေးကြီးတဲ့.အမြန်လုပ်ရမဲ့အလုပ်တွေမရှိတော့ဘူးလား.
    NLDမပြင်ဘဲလွှတ်တော်တက်ရင်ဘာဖြစ်မှာမို့လို့လဲ .ဆွေးနွေးပေးပါဦးကိုဘဲဥ.
    ကျွန်တော်မှာအားကိုးရမဲ့သား(၂)ယောက်ရှိတယ်.အကြီးကတော့ဆုံးမမရတော့လက်လျော့ထားတယ်.
    အငယ်ကောင်ဘဲအားကိုးရတော့မယ်ထင်တယ်.ခုအငယ်ကောင်ကလဲ……………………..၊?

  • THE MOON

    April 30, 2012 at 12:51 am

    ““ပြင်ပေးရင်လွှတ်တော်တက်မယ်။ပြင်မပေးရင်လွှတ်တော်မတက်ဘူး””
    ဆိုတာထက်။
    ““ပြင်ပေးရင်ပြည်သူအတွက်ဘယ်လိုအကျိုးရှိတယ်။ပြင်မပေးရင်ပြည်သူတွေအကျိုး
    ဘယ်လိုထိခိုက်စေနိုင်တယ်””ဆိုတာကိုဆွေးနွေးကြရင်ပိုမကောင်းဘူးလား။

Leave a Reply