လူလိမ်လား အနုကြမ်းစီးတာ လား (ဇာတ်သိမ်း)

မိုခ်ိဳApril 27, 20121min20921

ဒီလူ့ မျက်နှာ အရမ်းပျက် သွားပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ “ဆက်လေ ” လို့ အေးစက်စက် ပြန်ပြော ပြီး သူ့ ပေါင် ပေါ် ရောက်နေတဲ့ ကျမသားကို ခပ်တင်းတင်း ပြင် ဖက်လိုက်ပါတယ်။ ပြီးတော့ ကျမကို ခပ် တည်တည်နဲ့ ပဲ နင့် ကလး ငါ့ လက်ထဲမှာ ဆိုတဲ့ မျက်နှာပေး မျိုးနဲ့ ပြန် ကြည့် လာပါတယ်။ သူ့ မျက်နှာ ပေါ်မှာ ကြံရာ မရ ရင် တခုခုကိုဇွတ် အတင်း လုပ် တော့ မယ့် ပုံမျိုး အတိုင်း သားပေါ်နေပါတယ်။လက်တဖက် က သားကို ဖက်ထားပြီး နောက် တဖက်က ခါးနားမှာ ထောက် လို့ တစုံတခု တုံ့ပြန် ဖို့အသင့်ပုံစံမျိုး ဖြစ် နေပါတယ်။ ကျမနဲ့ ဒီလူတို့ တယောက် အကြံကို တယောက် သိနေပြီး အသံတိတ် စစ်ခင်းနေတာ အမေနဲ့မောင် လေး က လုံးဝ မရိပ် မိပါဘူး။ သူတို့ စိတ် ထဲမှာ ကိုချို့ သူငယ်ချင်း အဖြစ် ပဲ လက်ခံ ယုံကြည် နေကြပါတယ်။
သူဟာ ရှပ် အကျင်္ီ အပြင် ထုတ်ဝတ်ထားတဲ့ အတွက် သူ့ ခါးကြားမှာ လက်နတ် တခုခု မပါဘူးလို့ မပြောနိုင် ပါဘူး။ ကလေးက သူ့ လက်ထဲမှာ ဓါးစာခံ ပုံစံမျိုး ဖြစ်နေ ပါတယ်။ ကျမသာ အမျိုးသားကို ဖုန်းခေါ် လိုက်မယ် ဆိုရင် ၊ ဒါမှမဟုတ် အိမ်သားတွ ကို အသိပေးလိုက်မယ် ဆိုရင် ကလေးကို တခုခု မလုပ်လိုက် ဘူးလို့ အာမ မခံနိုင် ပါဘူး။ နောက်ပြီး အလုပ်ခွင် ထဲမှာ ရှိနေမယ့် ခင်ပွန်းကို ဖုန်းခေါ် ပြီး ပြောလိုက် လို့ လူစိမ်းတယောက် အိမ်ပေါ်ထိရောက် နေပြီး ငွေလာတောင်း နေတယ် ဆိုတာ သိလိုက်ရင် သူ့ရဲ့ စိုးရိမ် ပူပန်မှု က သွေးတိုး ရှိတဲ့သူ့ ကို ဒုက္ခ ဖြစ်စေပါလိမ့်မယ်။
ကျမမောင် ကို တစုံတရာ အချက်ပြဖို လှမ်းကြည့် လိုက် တော့လည်း ဘသားချောက ကျမတို့ကို စိတ်မဝင်စားပဲ ခပ်လှမ်းလှမ်းမှာ ဂျာနယ် တစောင် နဲ့ ငြိမ့် နေတယ်။ သူလည်း သူ့ယောက်ဖနဲ့ ရွယ်တူ လူရည် သန့်သန့် အဝတ်စား သန့်သန့်လူတယာက် ကို ယောက်ဖ သူငယ်ချင်းအဖြစ် ယုံကြည် လက်ခံနေမှာပေါ့။ ကျမစိတ်ထဲမှာ ဒီလူ့ လက်ထဲကနေ ကျမသားကို လွတ်ထွက် လာစေချင် တာပဲ သိတယ်။
ကျမလည်း သားကို “သား အမေ့ ဆီ လာခဲ့” လို့ ပြောပေမယ့် သားက ထုံပေပေ နဲ့ လှုပ်တာင် မလှုပ်ပါဘူ း။ ကျမ သားက အသက် ၅ နှစ် ပေမယ့် ပုံမှန်ကလေး တယောက် လို မဟုတ်ပဲ၊ သူ့ အပြုမူတွေက ကလေး ငယ် လေး သာသာ ပဲ ရှိပါတယ်။ အသက် ၅နှစ် မှာ သူပြောတတ်တဲ့ စကားလုံး က ၁ဝ လုံး ထက် မပိုပါဘူး။ လူကြီး ပြောတာ တွေ ကို လုံးစေ့ ပတ်စေ့ နားမလည် သလို နားလည် ခဲ့ ရင် တောင် အာရုံ စူးစိုက် လိုက် နာ တတ်တဲ့ attention မရှိပါဘူး ။ တကယ်တော့ ကျမ သားက autism (အော် တစ် ဇင်) ကလေး တယောက်ပါ။
အဖေကို အရမ်းချစ်ပြီး လွမ်းနေတဲ့ သားက အဖေအရွယ် လူတယောက်က သူ့ကို အရေးတယူ ပေါင်ပေါ်တင် ဖက်ထားပြီး သူ့ အဖေ နာမည် မကြာခဏ ထည့် ပြောနေတာကို သဘော အကျကြီးကျ ပြီး ကျေနပ်နေတယ်။ သူပြောတတ်တဲ့ စကားတွေထဲက တခွန်း ဖြစ်တဲ့ “ဖေဖေ” ကိုတွင်တွင် ရွက်လို့ ပြုံးပြုံးကြီးလုပ်နေလေရဲ့။ ကျမ လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေမိတယ်။ အဲဒီ တဒင်္ဂ အချိန် က တော်တော်ကြာတယ် လို့ ထင် မိပါတယ်။
နောက်ဆုံးတော့သူတောင်းတဲ့ သုံးသောင်းခွဲ ဆိုတဲ့ငွေက နည်းတယ် မဆိုနိုင် ပေမယ့် အလွယ်တကူ ထုတ်မပေးရင် ဖြစ် လာမဲ့ အကျိုးဆက်တွေ နဲ့ချိန်ဆကြည့် လိုက်တော့ ကိုယ်တတ်နိုင်တဲ့ ပမာဏ ပဲလေဆိုပြီး ပေးဖို့ ဆုံးဖြတ်လိုက်ရ ပါတယ်။ ကျမလည်း ငွေကို လက်တဖက်နဲ့ သူ့ လက်ထဲ ထည့် ပေးပြီး နောက် လက်တဖက်နဲ့ သားကို လှမ်းဆွဲ ခေါ်လိုက် ရပါတယ်။ အဲဒီတော့ မှ ကျမလည်း သားကို ရင်ခွင်ထဲ ထည့် ပြီး အသက် ဝဝ ရှူမိတော့တယ်။
ဒီလူလည်း သူ့ လက်ထဲ ပိုက်ဆံ ရတာနဲ့ သုတ်ခနဲ ထထွက် သွားလိုက် တာ ကျမ သတိ ဝင်တဲ့အချိန်ကျတော့ ခြံတခါးနား ရောက်သွားပါပြီ ။ ကျမလည်း ကျမမောင် ကို “အဲဒါလိမ်သွားတာဟဲ့” လို့ ပြောလည်းပြော ကိုယ်တိုင်လည်း ဆင်း လိုက် သွားတော့ မောင်လေးလည်း ဝုန်းဒိုင်းကြဲ ပြီး ဆင်းချ လာပါတယ်။ ကျမတို့ ခြံတခါးဝရောက်တော့ အိမ်ပေါ်က လှမ်းကြည့်ရင် မမြင်ရတဲ့ သစ်ပင်ကွယ်မှာ ဒီလူရဲ့ အဖေါ် တယောက်က ဆိုင်ကယ် ကို စက်အသင့် နှိုးပြီး စောင့် နေပါတယ်။
ဒီလူ နောက်က ခုံပေါ် ထိုင်လိုက် တာနဲ့တပြိုင် နက် တရှိန် ထိုး မောင်း ထွက်သွားပါတယ်။ ဆိုင်ကယ်က နံ ပါတ် ပြားမပါ ပါ ဘူး ။အဲဒိတော့မှ သူခိုးပြေးမှ ထိုးကွင်း ထ တဲ့ မောင် လေး က လမ်း ဘေး က အုတ်နီခဲ ကောက်ကိုင်ပြီး လှမ်းထုဖို့ လုပ်နေလို့ပြန်ဆွဲရသေးတယ်။ တော်ကြာ သူတို့ ဆိုင်ကယ် မထိပဲ လမ်းသွားလမ်းလာ တွေ ထိသွားလို့ ထပ်လျော်နေရအုံးမယ်။ ဓါတ်ပုံ လှမ်းရိုက်ဖို့စိတ်ကူးရ ပေမယ့် ဖုန်းကလည်း အိမ်ပေါ် ကျန်နေခဲ့ ပါတယ်။ မောင်လေးကသူ့ ကို သိသိချင်း ဘာလို့ မပြောလည်း ဆိုပြီး တဗျစ်တောက်တောက် လုပ်နေ လို့” ဟဲ့ ငါ့ သားကို ချုပ်ထားတာ မမြင် ဘူးလား ၊ နင်က ဂျာနယ်ပဲ ဖတ် နေပြီးတော့’’ လို့ ပြန် ကောပစ်ရသေးတယ်။ တကယ် တော့ လူလိမ်က ကျမမောင် ထက် ကိုယ် လုံးကိုယ် ထည် ကြီး သလို အပြင်မှာ အဖေါ် ပါလာတာတောင် ကျမတို့ က နောက်မှ သိတာပါ။
ကျမတို့ မောင် နှမ ဝရုံးသုန်းကား ဖြစ်နေတာ တွေ့ တော့ မျက်စောင်းထိုး အိမ် က အိမ် ဆိုင် ဖွင့် ထားတဲ့ အဖိုးကြီး အဖွားကြီး လင်မယားက လှမ်းမေးပါတယ်။ ကျမက အကျိုးအကြောင်း ပြောပြတော့ အဲဒီ ဆိုင် ကယ်နဲ့ လူ ၂ ယောက် ကျမတို့ အိမ် ထဲ မဝင်ခင် သူတို့ ဆိုင် မှာ စီးကရက် ဝယ်ရင်းနဲ့ ကျမတို့ အိမ် ကို လက်ညှိုးထိုးပြီး ဒီအိမ်က စင်္ကာပူ သွားတဲ့ အကိုနဲ့ သူ့ မိန်းမ နာမည် မေးပါသတဲ့။ အဖိုးကြီး အဖွားကြီး ကလည်း သဘောရိုးနဲ့ထင်လို့ ပြော ပြလိုက်ပြီး ဘာလုပ် ဖို့ လဲ လို့ပြန် မေးလိုက်တော့ သူ့အသိက လိပ်စာပေး ပြီး လူကြုံ ပါးခိုင်းလိုက် တာ နာမည်မေ့ သွားလို့ လို့ ပြန်ပြောပါသတဲ့။
တကယ်တော့ ဒီလူဟာ ဝင် လိမ်ဖို့အတွက် သိပ် ပြီး တော့တောင် လုံ့လ မစိုက်လိုက် ရပါဘူး။ ဒီ အိမ် က လူ တယောက် စင်္ကာပူ မှာ ရှိနေ တာသိရုံနဲ့၊ စင်္ကာပူက လူတွေရဲ့ အလေ့ အထ ကို နည်းနည်းပါးပါး သိထားရုံနဲ့ ၊ နာမည် သိအောင် ကြိုးသားလိုက် ရုံ နဲ့ လိမ်လို့ ရသွားပါပြီး။ အိမ်ရှင်နဲ့ တွေ့ ရင် အန္တရာယ် ပြုတတ်တဲ့ သူခိုးတွေ လိုပါပဲ သူ့ရဲ့ plan A က လိမ် ဖို့ ဆိုရင် ၊ plan B ကတော့အကြမ်းဖက် ခြိမ်းခြောက် ဖို့ဖြစ်ပါလိမ့် မယ်။
ဒါတောင် ကျမအမေ ကတော့ သူများကို အထင်နဲ့မစွတ်စွဲ ဖို့၊ ပိုက်ဆံ ပြန်လာပေး မယ် ဆိုတဲ့မနက် ဖြန်ထိ စောင့် ကြည့် ဖို့ ပြောနေ တုန်းပဲ။ ကျမလည်း နက်ဖြန်ထိ စောင့် စရာမလို ပဲ ခုပဲ သက်သေ ပြမယ် ဆိုပြီး အဲဒီတော့ မှ အမျိုးသား ဆီ ဖုန်းခေါ် ၊ စပီကာ ဖွင့် ပြီး ရှင့်သူငယ်ချင်းတယောက် ပိုက် ဆံ လာချေးသွားတယ် ဘာညာ ဆိုပြီး ပေါ့ပေါ့ပါးပါး ပုံစံမျိုး ပဲ ပြောပြတော့ ဒီရက်ပိုင်းတွင်း ပြန်တဲ့ သူငယ်ချင်း မရှိကြောင်း နဲ့ ဘယ်သူ့ ကိုမှ အိမ် လိပ်စာ မပေး ဘူးကြောင်း ၊ ကျမကိုလည်း အဲလောက်တောင် ‘အ’ ရ သားလို့ ဆိုပြီး ပြော နေပါတော့ တယ်။ နောက်တော့ မှ အင်တာနက်ကနေ အကျိုးကြောင်း သေချာ ပြန် ပြောပြ ရပါတယ်။
သိသိ ကြီးနဲ့ ပေးလိုက် ရတဲ့ အတွက် ကိုယ့် ကို ကိုယ် ပဲ အပြစ် တင် မိတယ်။ တကယ်တော့ ခြံဝင်းတံခါး ကို သော့ ပြန် မခတ်မိလို့ ဖြစ်ရတာပါ။ သော့ သာ ခတ်ထားခဲ့ ရင် အလွယ်တကူ ဝင်လာလို့ မရပဲ ၊ မျက် နှာ စိမ်း ဆိုတော့ မေးမြန်း နိုင် သလို ့ မသင်္ကာရင် မဖွင့် ပေးပဲ နေလို့ ရပါတယ်။
ဒီခေတ်မှာ နိုင်ငံ ခြား၊ သို့မဟုတ် တနယ်တကျေးမှာ အလုပ်သွားလုပ်နေတဲ့ အိမ်သား တဦးဦး ရှိတဲ့ မိသားစုတွေ အများကြီး ရှိကြပါတယ် ။ အဲဒီ မိသားစုတွေ ကို ဒီလို လိမ်တတ်တဲ့ လူတွေ ရှိတယ် ဆိုတာ ကျယ်ကျယ် ပြန့်ပြန့် သိစေချင်ပါတယ်။ ကျမရဲ့ ဒီစာကို ဖတ်မိတဲ့ သူတွေက ဒီ စာအတိုင်းဖြစ် စေ၊ အဖြစ်အပျက် ကိုပဲ ယူပြီး ကိုယ့် အရေးအသားနဲ့ ပြန်ရေးလို့ ဖြစ် စေ၊ ဖြန့် ဝေစေချင် ပါတယ်။ ကျမက စာရေးဆရာ အစစ် မဟုတ်တဲ့ အတွက် စာရေးဆရာများမှ မဂဇင်း ၊ဂျာနယ် တွေ မှာ ထည့် ရေးချင်လည်း ရေးနိုင် ပါတယ်။ ကိုယ့် အိမ်သားတွေ နိုင်ငံ ရပ်ခြားမှာ ပင်ပင် ပန်းပန်း ရှာထားရတဲ့ ပိုက်ဆံ ကို ဒီလို နည်းနဲ့ အလိမ်မခံရအောင်၊ အနိုင်ကျင့် မခံရအောင် လူများများသိစေဖို့ ရည်ရွယ်ပါတယ်။

21 comments

  • mocho

    April 27, 2012 at 2:01 pm

    မနေ့ က ဒီပိုစ့် အစ ပိုင်းမှာ ပေးထားတဲ့ကွန်မန့်တွေ ကို ဖတ်ရပါတယ်။ ဒီနေ့ အပြီးတင်ချင်တဲ့ အတွက် ကြိုးစားရေးနေ ရလို့ ပြန်မမန့် နိုင်တာ ခွင့် လွှတ်ကြပါ။ ဒီပိုစ့် ကို နှစ်ဆန်း ၂ ရက် နေ့တည်းက ၃ နှစ် ပြည့် အမှတ်တရ တင် မယ်ဆိုပြီး ရေးနေတာပါ။ မနေ့ ကမှ ပြီးသလောက် ထဲက လိမ်တဲ့ အပိုင်း ကို အရင် တင်လိုက်တာ ကောင်းခန်းမှာ ဖြတ် လိုက်သလိုဖြစ်သွားလို့ တောင်းပန်ပါတယ်။
    အာဂ မှန်း တာကွက်တိ ကို မှန်ပါတယ်။ နွယ်ပင် ရေ နောက်ဆို ကိုယ်ပိုင် စုံထောက် အေးဂျင့်ထောင်ပြီး အာဂကို အလွတ်စုံထောက်သာ လုပ်ခိုင်းလိုက်တော့။
    အင်တာနက် ဆိုင် တွေ မှာ အများစုက အော် ပြီး ပြောကြတော့ သူအော် ကိုယ် အော် ဆိုရင် ဟို ဘက် က ကောင်းကောင်း မကြားရတော့ ပါဘူး ။ ကျမကတော့ မိုက် ကို တစ်ရှူး နဲ့ပတ်ပြီး ပါးစပ် နားထား၊ လက်နဲ့ အုပ်ပြီး နှစ်ကိုယ် ကြားပြော သလောက် ပဲပြောပါတယ်။ အဲဒါမှ ဟိုဘက်က ကိုယ့် အသံ တခုထဲကို သေချာ ကြားရတာပါ။
    မသိရင် ကျမ ကို ယောက်ျားနဲ့ပြောနေတဲ့ အိမ်ထောင်သည် လို့မထင်ရပဲ အွန်လိုင်းမှာ အီနေတဲ့ သူလို့ တောင် ထင်ကြပါလိမ့် မယ်။
    ဖုန်းပြောရင်တော့မြန်မာ့ဆက်သွယ်ရေး ရဲ ့ ကျေးဇူးကြောင့် အများအားဖြင့် ခြံထဲ ဆင်းပြောရသလို တခါတလေဆို လမ်း ပေါ် ထွက်ပြီး တလမ်းလုံး ကြားအောင် အော်နေရတာ ဆိုတော့ ဖြတ်သွားဖြတ်လာ တွေ ထဲကလည်း ကိုယ့် အကြောင်း နဲနဲ ပါးပါး သိသွားနိုင်ပါတယ်။

    • R Ga

      April 27, 2012 at 5:31 pm

      အစ်မို ရေ ကျွန်တော့်ကို စုံထောက် လုပ်ခိုင်းနေတယ်။ ဒါဆိုရင်တော့ နွယ်ပင်တစ်ယောက်တော့ ငတ်လုံးစိုက်လိမ့်မယ်ဗျ။ အစ်မ ပထမပို့စ် မှာ ပါတာကို ဆက်စပ် တွေးကြည့်မိယုံလေးပါ။ နောက် တစ်မျိုး ရှိသေးတယ်။ ကိုယ့်ဘေးအိမ် (သို့)လမ်းသူလမ်းသား။ကွမ်းယာဆိုင်တို့ကို အိမ်ရှာသလိုလိုနဲမေးပြီး ကိုယ့်အိမ်သားတွေ အကြောင်း စုံစမ်းတာမျိုး။ ဥပမာ- ဘေးအိမ်ကို အမှတ် (၀) ကအိမ်က ကို အမတ်ဒိန်တို့ အိမ်လားလို့မေးရင်း ဘေးအိမ် သို့ လမ်းသူလမ်းသားတွေက မဟုတ်ဘူး။ ဒါ ကိုဖက်ကပ်တို့အိမ်လို့ပြောလိမ့်မယ်။ ဒီတော့ စကားစပ်လိုက်ရင် အဲဒီလူ ဘာလုပ် ဘာညာသိသွားတာမျိုးလေးတွေလည်း ဆင်ခြင်သင့်တယ်။ နောက် တိုက်ခန်းနဲ့နေတဲ့လူတွေ သတိထား သင့်တာတစ်ခုရှိသေးတယ်။ တိုက်ခန်းအဝင်တံခါးကို မပိတ်မိဘဲ စေ့ရုံစေ့ထားရင် အလစ်သုတ်မယ့်လူက တံခါးကိုတွန်းပြီး ဝင်လာမယ်။ အထဲမှ လူလစ်ရင် ရရာလစ်ပြေးမယ်။ လူတွေရင်တော့ ဒါ ကို အာဂတို့ အိမ်လား ဘာလာ လုပ်မယ်။ မဟုတ်ဘူး လို့ အိမ်ရှင်ကပြောလိုက်ရင် ဆော်ရီး ကျွန်တော့်ကိုပြောထားတာ ဒီလိပ်စာပဲလို့ပြောပြီး ပြန်သွားလိမ့်မယ်။

  • Ma Ei

    April 27, 2012 at 2:13 pm

    သားကလေးထိခိုက်မှာစိုးတဲ့ အတွက် အလိမ်ခံခဲ့တဲ့
    မိုချိုရဲ့ မိခင်မေတ္တာကို ချီးမွမ်းဂုဏ်ပြုပါရစေကွယ်…

  • Thel Nu Aye

    April 27, 2012 at 2:23 pm

    အင်းတော်သေးတာပေါ့အမရယ်။ လူထက်တော့ဘာမှတန်ဖိုးမရှိပါဘူး။ အမဆုံးဖြတ်တာမှန်ပါတယ်။ ဒီလိုတင်လိုက်တော့အားလုံးပိုပြီးသတိထားလို့ရသွားတာပေါ့။ ကျေးဇူးပါ။ တိုက်ခန်းမှာနေရတဲ့ကျွန်မတို့ ကပိုသတိထားရပါတယ်။ သားကိုလဲပြောပြရအုံးမယ်။ သူကအရမ်းအရမ်းတံခါးဖွင့်တတ်လွန်းလို့။ ကျေးဇူး အထူးပါမမိုချို။

  • Mon Kit

    April 27, 2012 at 2:25 pm

    အင်း…….. မှတ်သားစရာပါ… ရင်သွေးငယ်နဲ့ ချိန်းခြောက်လာတော့လဲ … မချစ်သော်လဲ အောင့်ကာနမ်း.. အဲ.. မှားလို့.. လူလိမ်မှန်းသိရက်နဲ့ မျက်စိမှိတ်ပေးလိုက်ရတာပေါ့နော်.. မိုချိူလုပ်ရပ်မှန်ပါတယ်….

  • ကိုရင်မောင်

    April 27, 2012 at 2:58 pm

    ခုလိုကိုယ်တွေ့ဖြစ်ရပ် မျှဝေပေးတဲ့အတွက်
    ကျေးဇူးတင်ပါတယ် မိုချိုရေ….

  • mocho

    April 27, 2012 at 3:01 pm

    မိခင်တိုင်း ဟာ သားသမီးနဲ့ ယှဉ်လာရင် ကျန်တာကို စွန့် လွှတ်နိုင် မယ် ထင်ပါရဲ့။ အဲတုန်းက ငွေ ၃ သောင်း ခွဲ ဟာ ခု စွန့်လွှတ်ရတာနဲ့ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး။ ဘာဖြစ်လို့ လဲ ဆိုတော့ ပုံမှန် မဟုတ် တဲ့ ကျမသား ကို ရင် အုပ် မကွာ စောင့်ရှောက် ဖို့ အတွက် ဒီ စလုံးမှာ တလ ဝင် ငွေ အနည်းဆုံး S$၂၀၀ဝ ကျော် ရနိုင် တဲ့ အခွင့်ရေးတွေ ကို စွန့်လွှတ်ပြီး အလုပ်မလုပ်တဲ့ BE ဘွဲ့ ရ ကလေးထိန်း လုပ်နေ ရတာပါ။

  • etone

    April 27, 2012 at 3:17 pm

    အစ်မ မိုချိုရဲ့ ဖြတ်ထိုးဉာဏ်ကောင်းပုံနဲ့ လက်တလော အခြေနေကို အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်ဖြေရှင်းနိုင်ပုံတွေကို ဖတ်ရပြီး သဘောကျမိပါတယ် ။ အခုလိုပို့စ်တင်လိုက်တော့ … မကြုံဖူးသူတွေ အဲ့လို အခြေနေမျိုး ကြုံတဲ့အခါ …ကာကွယ်လို့ ရတယ်လေ .. ။ မှတ်သားစရာပို့စ်လေးပါပဲ .. ။

    ကျွန်မသာဆို …. လူလိမ်ကိုဖော်ထုတ်ချင်တဲ့စိတ်ဇောကပ်တာနဲ့ သားလေးနဲ့ အဖွားဖြစ်သူကိုတောင် သတိရမိမှာမဟုတ်ဘူး … ။ ကြီးမားတဲ့ မိခင်မေတ္တာကို ခံစားမိပြီး … မျက်ရည်ဝဲမိပါတယ် အစ်မရေ ။
    နွေးထွေးပျော်စရာကောင်းတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ။ 🙂

  • kaung kin pyar

    April 27, 2012 at 3:23 pm

    ကလေးကို ရွေးလိုက်တာ တကယ်ကို မှန်ပါတယ်…..။ မမိုချိုရဲ့ အဲ့ဒီအချိန်ဖြစ်သွားမယ့် အခက်အခဲကိုလဲ ကိုယ်ချင်းစာနိုင်ပါတယ်…။ တကယ်ကတော့ မမိုချိုတစ်ယောက်တည်း သတိထားလိုက်မိပြီး အိမ်သားတွေ သတိမမူလိုက်မိလို့လဲ ပါပါတယ်…။ အစ်မ ကလေးက အစ်မအတွက် ပျော့ကွက်တစ်ခု ဖြစ်သွားတာပါ..။ အစ်မသိတယ်ဆိုတာ မပြဘဲ ကလေးကို မသိမသာပြန်ခေါ်နိုင်ရင် ဖြစ်ဖြစ်၊ ကလေးက အဲ့ဒီလူနားမရောက်သွားတာမျိုးပဲဖြစ်ဖြစ် ဖြစ်လာမယ်ဆိုရင်တော့ အခြေအနေက တစ်မျိုးဖြစ်သွားနိုင်ပါတယ်..။ အစ်မ မောင်လဲရှိနေတဲ့အချိန်၊ ပတ်ဝန်းကျင်ကလူတွေကိုလဲ အဆင်သင့်အော်ခေါ်အကူအညီတောင်းနိုင်ရင်တော့ ဒီလူ ဒီလောက် အတင့်မရဲနိုင်ပါဘူး…။ ပိုက်ဆံက သုံးသောင်းခွဲမို့ တော်သေးတာပေါ့နော်…။

  • Novy

    April 27, 2012 at 3:30 pm

    မချိုရဲ့ အဖြစ်အပျက်လေးကို အိမ်က မေမေနဲ့ သမီးကို ပြောပြရမယ်
    မေမေက လူတစ်ဖက်သားအပေါ် သိပ်ယုံတက်တယ်
    လူ့ အသက်ထက် ဘယ်ဟာမှာ အရေးမကြီးပါဘူး
    မချိုရဲ့ ဆုံးဖြတ်ချက်မှန်လို့သာ ကလေး အန်တရယ်ကင်းတာပေါ့

  • ရွာစားကျော်

    April 27, 2012 at 3:37 pm

    ကျနော်လဲ သားမွေးထားတော့
    မိုချိုကို ကိုယ်ချင်းစာမိပါတယ်ဗျာ..
    အဲဒီ အချိန်က ဘယ်လောက်များ ရင်ပူသဲထိတ်ဖြစ်နေလိမ့်မလဲဆိုတာ
    ငွေသုံးသောင်းလောက်ဟာ ကိုယ့်သားသမီး နဲ့ ယှဉ်လိုက်ရင် ဘာမှ မပြောလောက်ပါဘူးဗျာ..

  • ဗိုက်ကလေး

    April 27, 2012 at 3:40 pm

    Action ကား ကြည့်နေရသလိုပဲဗျာ..
    လူလိမ်အေလိုးကြီး ဆိုင်ကယ်မှောက်ပြီး တေဘာဇေဗျာ

    • MaMa

      April 28, 2012 at 7:38 am

      မိုချိုရဲ့ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မှာ မှန်ကန်စွာ တုန့်ပြန်တတ်တဲ့ စဉ်းစားချင့်ချိန်ဉာဏ်လေးက အတုခိုးစရာပဲ။
      ဆရာမလေး မိုးစက်ရဲ့ အထောက်အကူကလည်း ကျေးဇူးတင် ချီးကျူးလောက်စရာပါပဲ။

  • windtalker

    April 27, 2012 at 9:47 pm

    ရန်ကုန်မြို ့သူားများ မှာလည်း ၊ ကိုယ့်အိမ်ကိုယ်နေတာတောင် ၊ အိမ်အရောက် လာလိမ်တဲ့လူနဲ ့ခြိမ်းခြောက်မယ့်လူနဲ ့၊ အားပါး… ခေတ်ကာလကြီးနှယ်..ဗျာ ။ ဖိုးသူတော် ပြောင်းဖူးချိုးသလို များ ဖြစ်နေပေါ့လား ။

  • ဦးဦးပါလေရာ

    April 27, 2012 at 10:37 pm

    ဒီအခြေအနေမှာ မိုချိုရဲ့လုပ်ရပ်က မှန်ပါတယ်။
    မတတ်သာရင်တော့ ပေးရတော့တာပေါ့
    အဲဒါကလဲ သူခိုးလူလိမ်တွေမှမဟုတ်ပါဘူူး….။

  • mocho

    April 28, 2012 at 9:10 am

    ကျမ ပိုစ့် ကို ဝင်ဖတ်တဲ့ သူတွေရော ၊ ကွန်မန့် ပေးတဲ့ သူတွေ ကော အားလုံးကို ကျေးဇူးတင်ပါတယ်။ ဖြန့် ဝေပေးကြဖို့လည်း မေတ္တာ ရပ်ခံပါတယ်။ ကျမ အမျိုးသားက ကိုယ် ခံလိုက်ရ တာကို လျောက်ပြောနေတာ မရှက်ဘူးလားတဲ့။ ဒါ ရှက်စရာမှ မဟုတ်တာနော့။ ကိုယ် အ လို့ မှမဟုတ်တာ။ တကယ်ဆို ဒါ ရာဇဝတ်မှု ပါပဲ၊ သိတဲ့ တိုင်းပဲ ကူညီ ပါရစေ တို့ ဆီမှာ အကူညီတောင်း ရင် နောက်က ထပ်ကုန်မှာ အများကြီး ။ ကိုယ့် ကို ကိုယ် ပဲ ကြိုတင် ကာကွယ်နိုင် ကြအောင် အသိပေးချင်တာပါ။

  • mocho

    April 28, 2012 at 9:26 am

    ညီမလေး မိုးဇက် ရေ
    သားသား အတွက် စိတ်ဝင်တစားနဲ့ လင့်ခ် ပေးတဲ့ အတွက် ကျေးဇူးပါ။ တော်တော် များများက အော်တစ်ဇင် လို့ ပြောလိုက်ရင် မသိကြတာ များတယ်။ နောက်တော့မှ အော်တစ်ဇင် ကလေးတွေ အကြောင်း သားသားကို ဥပမာ ထားပြီး ရေးပြပါအုံးမယ်။

    • Moe Z

      April 30, 2012 at 9:27 am

      မမမိုချိုရေ စောင့်ဖတ်နေပါ့မယ်နော် ..

  • နွယ်ပင်

    April 28, 2012 at 9:47 am

    အစ်မမိုချိုရေ
    အဲဒီတစ်ခဏအတွင်းမှာ ဆုံးဖြတ်လိုက်တဲ့ အစ်မဆုံးဖြတ်ချက်က တကယ့်ကို မှန်ပါပေတယ် ။

Leave a Reply