Facebook သူငယ်ချင်းများကို Gmail ဆီ ပို့မယ်

Facebook သုံးသူများအတွက် ကိုယ့် Facebook သူငယ်ချင်းများရဲ့ မေးလ် လိပ်စာများကို အလိုအလျောက်နဲ့ မြန်မြန်ဆန်ဆန်နဲ့ ကိုယ့် Gmail ထဲကို ပို့လို့ရမယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တစ်ခါတစ်လေ ကိုယ့် သူငယ်ချင်းများက သူတို့ရဲ့ Facebook profile မှာ Gmail လိပ်စာများကို ဖုံးထားတတ်ကြပါတယ်။ ဒါကြောင့် အရေးကြုံ့ရင် အီးမေးလ် ပို့တဲ့အခါ အီးမေးလ် လိပ်စာ မသိလို့ အခက်အခဲဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအခက်အခဲကို ဖြေရှင်းတဲ့ နည်းလမ်းတစ်ခုကို ပြောပြလိုက်ပါတယ်။

ဒီနည်းလမ်းမှာ အသုံးပြုရမှာက ဝက်ဘ်ဆိုက်တစ်ခုကို အသုံးပြုပြီး လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အဲဒီ ဝက်ဘ်ဆိုက်က   FriendstoGmail ပဲဖြစ်ပါတယ်။  ပေးထားတဲ့ လင့်ခ်ကို ကလစ်နှိပ်ပြီး ရင် အောက်ပုံမှာ ပေးထားတဲ့ အတိုင်း Load Friends ဆိုတာကို ကလစ်နှိပ်လိုက်ပါ။ ဒါကို ကလစ်မနှိပ်ခင် ကိုယ် တည့်ချင်တဲ့ Facebook အကောင့်ကိုတော့ အရင် ဖွင့်ထားဖို့လိုပါတယ်Load Friends

ဒါဆိုရင် အောက်က ပုံအတိုင်း Facebook သူငယ်ချင်းများကို Loading လုပ်နေပါလိမ့်မယ်။
ခေါ်နေပါလိမ့်မယ်။

ပြီးရင်တော့ အောက်မှာ ဖော်ပြထားတဲ့ ပုံအတိုင်း Facebook သူငယ်ချင်းများအားလုံးရဲ့ Contact list ကျလာပါလိမ့်မယ်။ ပြီးရင် Box ထဲက စာအားလုံးကို Copy ကူးပြီးတော့ Text Editor တစ်ခုခုတွင် Paste လုပ်လိုက်ပါ။ ကျွန်တော်ကတော့ Notepad ကို သုံးပြီး လုပ်ထားပါတယ်။
သူငယ်ချင်းများ

Notepad တွင် Paste လုပ်ပြီးရင် အဲဒီဖိုင်ကို Save လုပ်ရပါမယ်။ ဒါကြောင့် Ctrl+S ဒါမှမဟုတ် File ထဲကနေ Save ကို ကလစ်နှိပ်လိုက်ပါ။ ဒါဆိုရင် Save Window ကျလာပါမယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက Save Window ရဲ့ Save as type မှာ All files ကို ရွေးထားဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က Contact ဖိုင်အမျိုးအစားဖြစ်တဲ့ .csv အမျိုးအစားနဲ့ သိမ်းချင်လို့ပါ။ ဒါကြောင့် Fine name နေရာမှာ yourname.csv ဆိုပြီး ထည့်ပြီး သိမ်းလိုက်ပါ။ ကျွန်တော်ကတော့ facebook.csv ဆိုပြီး သိမ်းလိုက်ပါတယ်။

သိမ်းသည့် ပုံ
အထက်ပါ အဆင့်များ ပြီးသွားပြီဆိုရင် အောက်က ပြထားတဲ့အတိုင်း ကိုယ့် ထည့်ချင်တဲ့ Gmail အကောင့်ကို ဖွင့်ပြီး လုပ်လိုက်ပါ။

အဆင့် (၁)

အဆင့် (၁)

 

အဆင့် (၂)
အဆင့် (၂)

 

အဆင့် (၃)
အဆင့် (၃)

 

အဆင့် (၄)
အဆင့် (၄)

 

အဆင့် (၅)
အဆင့် (၅)

5 comments

  • ဝက်ပေါက်

    April 27, 2012 at 5:20 pm

    ွှတစ်ခါတစ်လေ ကိုယ့် သူငယ်ချင်းများက သူတို့ရဲ့ Facebook profile မှာ Gmail လိပ်စာများကို ဖုံးထားတတ်ကြပါတယ်။ ဒါကြောင့် အရေးကြုံ့ရင် အီးမေးလ် ပို့တဲ့အခါ အီးမေးလ် လိပ်စာ မသိလို့ အခက်အခဲဖြစ်တတ်ပါတယ်။ အီးမေးလိပ်စာမပေါ်ပါဘူး နာမည်တွေနဲ့ ဒေတာ အချို့ပဲ ပါလာပါတယ်
    ဘယ်လိုဆိုတာ ဆက်ပြောပါအုံး

  • kai

    April 27, 2012 at 10:59 pm

    Google Drive ရပါပြီ..

    drive.google.com/

    Access everywhere.
    Google Drive is everywhere you are—on the web, in your home, at the office and on the go. So wherever you are, your stuff is just…there. Ready to go, ready to share. Get started with 5 GB free.
    Google Drive is available for:
    PC and Mac
    iPhone and iPad (coming soon)
    Android devices

  • MTY

    April 28, 2012 at 4:39 am

    Admin ခင်ဗျာ

    Protected: ယနေ့အဆိုတော်မျိုးကြီးgtalk မှာတင်ထားသော custom massage(သူ့personalကိုသမီးတို့အကုန်သိတယ်အဲ့လိုလျှောက်ရေးတာမခံနိုင်လွန်းလို့ပါ)

    အဲဒီ Post ကိုPassword နဲ့ဘယ်လိုလုပ်Protectedပါလဲ.. သိခွင့်များရရင်…

    • sugar sugar

      April 28, 2012 at 1:29 pm

      ဟုတ်ပါတယ် ၊Password ထည့်လည်း မပွင့်ဘူးခင်ဗျ

  • Patriotic Burma

    April 28, 2012 at 10:08 am

    What should I do next?I imported facebook friends to G-mail.Where can i find out about that?

Leave a Reply