ငြိမ်းချမ်းသောသာသနာများအပေါ် ဉာဏ်မျက်စိရှိသူတို ့၏အမြင်

သူကြီးစကားနဲ ့အစချီမှပါ။အားကိုးရှာတာပါ။တင်ပြီးသားပို ့စ်(၃)ခုကို မဖတ်မိသေးသူ
များအတွက် ပြန်ဝေမျှပါတယ်။သီးခံပြီး ဖတ်ပေးစေလိုပါတယ်။ကျေးဇူး ဥပကာရအထူး
တင်ရှိပါကြောင်း ဂါရဝ စကားဆိုပါရစေ။
            kai says: 
မြန်မာနိုင်ငံဟာ ဘာသာရေး ခွဲခြားဖိနှိပ်မှု အရှိဆုံး တနိုင်ငံ လို့ပြင်ပေးလိုက်ပါတယ်..နော..။
တနှစ်ထဲတောင်မဟုတ်.. နှစ်တိုင်းလိုလိုရနေတာ…။
တခြားမပြော.. ဗုဒ္ဓဘာသာအချင်းချင်းထဲတောင်.. ငါ့ဟာကြီးမှ..အမှန်တဲ့.။
ဆိုတော့.. အတွေးမတူတဲ့သူ..ဝိုင်းသမ,တာပဲ..။
သမ,ယုံတင်မဟုတ်.. ဖမ်းပြီးထောင်ထဲပါထည့်တယ်..။ ကွိ.. ကွိ..။ 
Ref: http://www.unhcr.org/refworld/category,COI,,,MMR,4e734caec,0.html

http://articles.cnn.com/2009-05-01/us/religious.freedom_1_countries-of-particular-concern-cpc-international-religious-freedom-act?_s=PM:US
Nations with worst religious tolerance named
A U.S. government panel listed 13 countries Friday as “egregious” violators of religious freedom.
May 01, 2009
The U.S. Commission on International Religious Freedom’s annual report named Myanmar, North Korea, Eritrea, Iran, Iraq, Nigeria, Pakistan, China, Saudi Arabia, Sudan, Turkmenistan, Uzbekistan, and Vietnam.
==
http://www.radioaustralia.net.au/asiapac/stories/201109/s3317969.htm
US report lists worst violators of religious freedom
Updated September 14, 2011 21:20:03
China, Burma, and North Korea have all been named among the world’s eight worst violators of religious rights.

ငြိမ်းချမ်းသော သာသနာများနှင့် ဆရာများအမြင်(၁)
https://myanmargazette.net/76408/creative-writing
““သမိုင်းစဉ်တလျှောက်လုံး၌ မြန်မာတိုင်းရင်းသားမှန်လျှင်  ဘာသာအယူဝါဒ မည်မျှပင်ခြားနားစေကာမူ တိုင်းရင်းသားအချင်းချင်း ဟူသော မျိုးချစ်စိတ်ဓာတ်ဖြင့် ညီညွတ်သင့်မြတ်စွာ ဆက်ဆံပေါင်းသင်းနေထိုင် ကြသည့် သာဓကကို ဝေးဝေးရှာရန်မလိုပါ။ရန်ကုန်မြို ့ သိမ်ကြီးဈေးနှင့်လသာ မြို ့နယ် တစ်ဝိုက်ကိုကြည့်ပါ။
သိမ်တော်ကြီးနှင့် ဆူးလေစေတီတော်ပတ်ဝန်းကျင်တွင်အစ္စလာမ်ဗလီ ဝတ်ကျောင်းများ၊ဟိန္ဒူဘုရားရှိခိုးကျောင်းများ၊ခရစ်ယန် ဘုရားရှိခိုးကျောင်းများ၊တရုတ်ဘုံကျောင်းအမျိုးမျိုး တို ့လည်းရှိကြသည်။ထိုဒေသ ပတ်ဝန်းကျင်တွင် နေထိုင်ကြသူတို ့သည် မိမိတို ့ကိုးကွယ်ရာ ဘာသာအလိုက် ဆူးလေဘုရားကုန်းပေါ်တက်သူတက်၊ဗလီတက်သူတက်၊ဟိန္ဒူဘုရားကျောင်းသွားသူသွား၊ဘုံကျောင်းတက်သူတက် အသီးသီးသွားလာ နေထိုင် ကြရာ ကွဲပြားသော၊ခြားနားသော ဘာသာယဉ်ကျေးမှုများသဟဇာတဖြစ်နေကြပုံကိုပေါ်လွင်စေအောင် သရုပ်ဖော်ပေးနေပါသည်။
ဤကဲ့သို ့မြင်ကွင်းမျိုးကို အခြားသော တိုင်းတစ်ပါးတို ့တွင်မည်သူမျှမြင်တွေ ့ဖူးကြလိမ့်မည် မထင်ပါ။မြန်မာနိုင်ငံ၌ သာလျှင် ဘာသာရေးအားဖြင့် သဘောထားကြီးသော သရုပ်သကန်ကို တွေ ့နိုင်ပါသည်။ကျွန်ုပ်တို ့မြန်မာနိုင်ငံသည် ဘာသာအယူဝါဒ တို ့အပေါ်လေးစားသောသဘောထား ရှိမြဲဖြစ်လေသည်။””[မောင်ထင်(၁၉၈၀)၊လုပ်သားပြည်သူ ့နေ ့စဉ်။၂၂-၁-၈၀(စာ-၄)]ဟူ၍ဖော်ပြထားရာလေးစားဖွယ်ဖြစ်လေသည်။
ထို ့အပြင် ဆရာတက်တိုး(၁၉၁၃-၂၀၀၃)ကလည်း“အနေတတ်ဖို ့လိုသည်”ဟူသော ဆောင်းပါး၌ လူ၏တန်ဖိုးတွင် မြတ်သောစရဏ အကျင့်ရှိရန်လိုအပ်ပုံကိုဖော်ပြပြီး-

 
““တကယ်တော့ ကျွန်တော်တို ့မြန်မာနိုင်ငံသည် ပထဝီအနေအထား အားဖြင့်သော်လည်းကောင်း၊ထေရဝါဒ ဗုဒ္ဓသာသနာ ၏တန်ခိုးအာနုဘော်ဖြင့်သော်လည်းကောင်း အခြေအနေငြိမ်းအေးလှပါ၏။(အခြားဘာသာဝင် လူနည်းစုတို ့လည်းငြိမ်းချမ်းစွာနေကြပေသည်။သူတို ့၌လည်း စရဏ တရားရှိကြသည် ဆိုရပေမည်။)ထို ့ကြောင့်ကျွန်တော်တို ့အနေတတ်ဖို ့လိုသည်။ကျွန်တော်တို ့မှာ စရဏ တရားရှိပြီးဖြစ်ရာ ခိုင်မာသည်ထက်ခိုင်မာရန် အားထုတ်ကြဖို ့သာလိုလေသည်။မတရားမှု၊မသမာမှု၊ရက်စက်မှုစသည့်မကောင်းသော အမူအကျင့်များကို အထူးဂရုစိုက်၍ ရှောင်ကြဉ်၍၊စေတနာမှန်ကန်လျှက် မေတ္တာ၊ဂရုဏာ၊မုဒိတာပွားလျှက် မိမိတို ့ရင်ဝယ်ကိန်းပြီးလျှင် လက်တွေ ့လုပ်ကိုင် ဆောင်ရွက်ကြရပေလိမ့်မည်။””ဟူ၍ရှုမြင် သုံးသပ်ထားပုံမှာ လူတိုင်းလိုက်နာ ထိုက်ပါသည်။[တက်တိုး(၂၀၀၀)”အနေတတ်ဖို ့လိုသည်”။၂၁ရာစု စီမံခန် ့ခွဲမှုပညာ မဂ္ဂဇင်း။အမှတ်(၂)။၁၂၁-၁၂၅]
ဘာသာယုံကြည်မှုကို အကြောင်းပြု၍ အငြင်းပွားဖွယ်မသင့် အနိဋ္ဌာရုံ မဖြစ်သင့်ပုံကို သမိုင်းပေါမောက္ခဆရာ ဒေါက်တာသန်းထွန်းက သူ၏အအြင်အဖြစ် ယခုလို ဖော်ပြဖူးပါတယ်။မြန်မာပြည်တွင် အတူယှဉ်တွဲနေထိုင်ကြသူတို ့ရှေးပဝေဏီ ကတည်းက သင့်မြတ်စွာနေထိုင်ခဲ့ ကြပုံကိုအစချီပြီးနောက်-
““ငါတို ့ကဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်။သူတို ့က ခရစ်ယန် လို ့မခွဲခြားပါ။မွတ်စလင်ကလည်း ကျွန်တော်တို ့ကို ဂရုတစိုက်အရေးထားပြီးဆက်ဆံတာ မျိုးမရှိပါ။ယုံကြည်မှုသည်းခံရေး(Religious Toleration)ကိုအဲဒီအခါက ပဲ ကျွန်တော်တို ့ကျင့်သားရပြီး၊နားလည်ပြီးသားဖြစ်ခဲ့ပီလို ့ထင်ရပါတယ်။ယုံကြည်မှုနဲ ့ပတ်သက်ပြီး ကိုယ်ကအနိုင်ရအောင် အလုအယက်မပြော သင့်ဘူးလို ့နားလည်ပြီးသားဖြစ်ခဲ့တယ်လို ့ဆိုလိုပါတယ်။ ကောလိပ်ကျောင်းကိုရောက်ပြီး သမိုင်းဘာသာကိုစပြီးသင်တဲ့အခါ ယုံကြည်မှုစစ်(Religious War) ကြောင့် ဥရောပနဲ ့အနောက်အာရှမှာ ဘယ်အထိဒုက္ခရောက်ကြရတယ် ဆိုတာတွေကို ကောင်းကောင်းသိနားလည်လာပါတယ်။ယုံကြည်မှုစစ် ပြီးတော့ နယ်မြေလုစစ်(Expensionnism)ပြီးတော့ စီးပွားရေးစစ်(Mercanlism)တွေ ဆက်ခါဆက်ခါ တွေ ့ကြပြီးမှ ငြိမ်းချမ်းရေးစစ်. (Fighting for Peace)ကိုတွေ ့ရပြန်တယ်။ငြိမ်းချမ်းရေးရဖို ့စစ်တိုက်ယူရတယ်လို ့တောင်ပြောပါသေးတယ်။ဒါပေမယ့် စစ်ဟာစစ်ပါဘဲ။ဘယ်လို အကျိုးအမြတ်တွေ ရတယ်ဆိုပေမယ့်လူတွေရဲ ့အသက်နဲ ့ရင်းနှီးရတာဖြစ်လို ့အကြီးအကျယ်ဝမ်းသာအားရ ထောက်ခံသင့်တယ်လို ့မပြောနိုင်ပါ။ပြောနေကြတိုင်းပြောရရင် အနိဋ္ဌာရုံတွေ ့ရင်လဲ နောက်ထပ်မတွေ ့အောင်ရှောင်ရှားရန်၊က္ကုဋ္ဌာရုံတွေ ့ရင်လဲ ဒါမျိုးထပ်ပြန်တလဲလဲ ရရှိနိုင်အောင် ကြိုးစားကြဖို ့တိုက်တွန်းခွင့်ရပါတယ်””ဟုဖော်ပြထားသည်မှာ အလွန်မှတ်သားဖွယ်ကောင်းလှပါတယ်။[သန်းထွန်း(၂၀၀၅)။မြန်မာ့သမိုင်းမြေပုံများ။အချီး။ရန်ကုန်တက္ကသိုလ်များပုံနှိပ်တိုက်။င-စ]

ငြိမ်းချမ်းသော သာသနာများနှင့် ဆရာများအမြင်(၂)
https://myanmargazette.net/76913/creative-writing
မှတ်သားဖွယ်ရာ ဘာသာရေးဆိုင်ရာ အမြင်တစ်ရပ်ကိုဖော်ပြပါမယ်။၂၀၀၁ ခုနှစ် မေလထုတ် မြတ်သတိဝါဒ သဒ္ဓမ္မမဂ္ဂဇင်း အမှတ်၁၁၊ဘာသာဥဒါန်းဆိုသည့် ခေါင်းကြီးပိုင်းက ပါ။
““ဘာသာ တရားတိုင်းသည် လူ ့ယဉ်ကျေးမှု အဆောက်အဦးတို ့ကို မြင့်တက်စေသည်မှာ အမှန်ဖြစ်ပေသည်။ထိုသို ့မြင့်
တက်စေရာတွင်လည်း ဗဟိဒ္ဓအဆောက်အဦးကို မြင့်စေခြင်းအဇ္ဈတ္တအဆောက်အဦးကိုမြင့်စေခြင်း ဟူ၍နှစ်မျိုးနှစ်စားရှိလေ၏။
ရွှေတိဂုံစေတီတော်၊အန်ကောဝပ်ကျောင်းတော်၊ဂရိတို ့၏ နတ်ကွန်းကြီးများ၊ခရစ်ယန်တို ့၏ ဘုရားကျောင်းများ၊ဟိန္ဒူဘုရားရှိခိုးကျောင်းကြီးများ စသည်တို ့က ဘာသာတရားတို ့ကြောင့်မြင့်တက်လာသော လူ ့ယဉ်ကျေးမှုအဆောက်အအုံများ၏ သာဓကများပင်။
စာနာခြင်း၊အများအကျိုးသယ်ပိုးခြင်း၊လူ ့တန်ဖိုးကို အချင်းချင်းအသိအမှတ်ပြုတန်ဖိုးထားတတ်ခြင်း၊မေတ္တာထားခြင်း စသည်တို ့ကား အတွင်းယဉ်ကျေးမှု မြင့်တက်လာခြင်းပင်ဖြစ်လေသည်။သို ့သော်အချို ့သောသူများက ထိုယဉ်ကျေးမှုတန်ဖိုးများကို အစွန်းရောက်မှု တိမ်သလ္လာ တို ့ဖုံးကာ မမြင်နိုင်ကြဘဲ ဖျောက်ဖျက်ပစ်မိတတ်ကြပေသည်။ ထိုသူတို ့သည် မိမိတို ့ကိုယဉ်ကျေးစေသော ဘာသာတရား၏ မျက်နှာကိုမျှမထောက်ရုံမက မိမိတို ့မယဉ်ကျေးကြောင်းကိုလဲ ပြသရာရောက်ချေသည်။
ထိုသို ့အပ ယဉ်ကျေးမှုအဆောက်အဦးတို ့ကိုမည်သို ့ဖြိုဖျက်ကြပါစေ၊အတွင်းယဉ်ကျေးမှု အဆောက်အဦးတို ့မှာ ဘယ်ခါမှထိပါးနိုင်မည်မဟုတ်ချေ။
အကြောင်းသော်. မယဉ်ကျေးခြင်းသည် ယဉ်ကျေးခြင်းကို မည်သည့်အခါမျှ အနိုင်မယူနိုင်ဘဲ ယဉ်ကျေးခြင်းကသာ မယဉ်ကျေးခြင်းကို ဆုံးမ နိုင်သောကြောင့်တည်း။”ဟူ၍ဖြစ်ပါတယ်။မှတ်သားလိုက်နာ နှလုံးမူရပါလိမ့်မည်။
ထို ့ပြင် ၂၀၀၅ ခုနှစ်ဧပြီလထုတ် အတွေးအမြင်စာစောင်၊စာစဉ် ၁၇၂ တွင်ဆရာပါရဂူ ရေးသည့်“ကွန်မောင်း ပလက်ဖောင်း”ဟူသည့်ဆောင်းပါးမှလည်း ကောက်နှတ်ပြပါရစေ။
““ဓမ္မ သို ့မဟုတ် ဘာသာတရားကို အသုံးချတတ်လျှင် အမြတ်ထွက်လာနိုင်ပြီး အသုံးမချတတ်လျှင် အရှုံးပေါ်လာနိုင်သည်။ရေငတ်လျှင် ရေပုံးကြိုးနှင့်ဆွဲပြီး ရေတွင်းထဲက ရေကို ခပ်ယူသောက်နိုင်သည်။ရေတွင်းထဲက ရေကိုခပ်ပေးသော ကြိုးနှင့်ပင် ကြိုးဆွဲချသေကြောင်းကြံလျှင်လဲရသည်””ဟူ၍လည်းကောင်း၊
““မီးသည်အကျိုးနှစ်ခုကို ဖြစ်ပေါ်စေနိုင်သည်။မီးကို အသုံးပြု၍ လူတို ့အတွက် အသက်ရှည်ရာရှည်ကြောင်း အစာအာဟာရကိုလည်း ဖန်တီး၍ရ သည်။မီးကို အသုံးပြုလျှက် အိုးအိမ်ကိုလည်း ပြာကျသွားစေနိုင်သည်။ရပ်ရွာ၊မြို ့နယ်၊တိုင်းပြည်ကိုလည်းလောင်ကျွမ်းစေနိုင်ပါသည်။နျူစွမ်းအင်သည် ကမ္ဘာပြုဖို ့အတွက်လဲဖြစ်သည်။ကမ္ဘာဖျက်ဖို ့အတွက်လည်းဖြစ်သည်။ဘာသာတရားတခုခုကို အစွဲသန်နေလျှင် ငါ့ဘာသာ တရားကသာအမှန်ဖြစ်ပြီးတခြားဘာသာ တရားတွေက ဘာသာတရားမဟုတ်ဟူသောဘအစွဲမျိုးရှိနေလျှင် မိမိဘာသာတရားအတွက်လဲ ကောင်းကျိုးရှိမလာနိုင်ပါ။တခြားဘာသာတရားတွေ အတွက်လည်း ကောင်းကျိုးမဖြစ်လာနိုင်ပေ။””ဟူ၍ ဖော်ပြထားပါတယ်။

 
နောက်ထပ် တင်မယ့်ပို ့စ်မှာတော့ မဟတ္တမဂန္ဓီ၊ဆရာပါရဂူ တို ့ရဲ ့အတွေးအမြင် နဲ ့အမျှော်အမြင်ကြီးပုံတို ့ကို ထုတ်နှုတ်တင်ပြပေးပါမယ်နော်။ရွာသူ၊ရွာသားများအားလုံး ကျန်းမာ၊ချမ်းသာ၍ ကိုယ်စိတ်နှလုံးရွှင်ပြနိုင်ကြပါစေ။
 

ငြိမ်းချမ်းသော သာသနာများနှင့်ဆရာများအမြင်(၃)
https://myanmargazette.net/77695/creative-writing

ကမ္ဘာပေါ်တွင် ဘာသာတရားကြီး(၄)မျိုးရှိသည်။ဘာ
သာတရားလေးမျိုးထဲက ဘာသာတရားတခုခုသည်သည် အခြားဘာသာတရားတစ်ခုခုနှင့်ပတ်သက်ပြီး အပြစ်ပြောနေစရာမလိုပေ။ဘာသာတရားတိုင်းသည် လိုက်နာသင့်လိုက်နာထိုက်သော ကျင့်ဝတ်အနည်းနှင့်အများ ရှိနေကြသည်သာဖြစ်သည်။ယင်းကောင်းကွက်ကို ကြည့်လျှက် ဘာသာတရားတခုနှင့်တခု စိတ်ဝမ်းကွဲပြားစေမည့် ပြစ်တင်ရှုတ်ချခြင်းမျိုးများကို ရှောင်ရှားပြီး ဘာသာတရားအချင်းချင်း သွေးစည်းညီးညွတ်ရေးကို ကြိုးပမ်းအားထုတ်သင့်ပါသည်။
မဟတ္တမဂန္ဒီ မကွယ်လွန်မီအချိန်က အမေရိကန်နိုင်ငံမှ အမေရိကန်လူမျိုးတစ်ဦးက ဂန္ဒီကြီးကို အားကျပြီး ဟိန္ဒူ အကြေင်းကြားသောအခါ မဟတ္တမဂန္ဒီသည် သူ၏ပြန်ကြားစာ၌ ဘာသာတရားယုံကြည်ကိုးကွယ်မှုနှင့်ပတ်သက်ပြီး သူ၏အယူအဆကို တင်ပြထားသည်။
““ကျွန်ုပ် တစ်စုံတစ်ယောက်သောသူကို ဟိန္ဒူဘာသာထဲဝင်ပါ။အစ္စလာမ်ဘာသာဝင်လုပ်ပါ လို ့မတိုက်တွန်းပါဘူး။မိမိ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားကိုသာ အူလှိုက်သဲလှိုက် ယုံကြည်ကိုးကွယ်ပြီး မိမိဘာသာတရားထဲမှာ ညွှန်ကြားပြောပြထားတာတွေကိုလိုက်နာကျင့်သုံးပါလို ့ဘဲပြောချင်ပါတယ်။တကယ်လို ့ခရစ်ယန်ဘာသာဝင် တစ်ယောက်ဖြစ်တယ် ဆိုရင်လဲ ခရစ်ယန်ကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားစေချင်ပါတယ်။တကယ်လို ့ဟိန္ဒူဘာသာဝင် တစ်ယောက်ဖြစ်တယ်ဆိုလျှင်လဲ ဟိန္ဒူဘာသာဝင်ကောင်း တစ်ယောက်ဖြစ်အောင်ကြိုးစားစေချင်တယ်။အစ္စလာမ်ဘာသာဝင် တစ်ယောက်ဖြစ်မယ်ဆိုရင်လဲ အစ္စလာမ်ဘာသာဝင်ကောင်းတစ်ယောက်ဖြစ်အောင်၊ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်တယ်ဆိုရင်လဲ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားစေချင်ပါတယ်။ဘာသာတရားတစ်ခုခုရဲ ့ လိုက်နာသင့်၊လိုက်နာထိုက်တဲ့ ကျင့်ဝတ်များကို လိုက်နာသူ တစ်ယောက်မဖြစ်ခင် ရှေးဦးစွာ လူသားကောင်းတစ်ယောက် ဖြစ်လာဖို ့လဲကြိုးစားအားထုတ်ရမည်။လူသားတစ်ယောက်၏ ကျင့်ဝတ်သိက္ခာဟာ ကျွန်ုပ်တို ့၏ပထမဆုံးသော ဘာသာတရားဖြစ်တယ်။နောက်တစ်ခုပြောချင်တာရှိသေးတယ်။ဘာသာတရားတခုခုကို မှန်ကန်တဲ့ နည်းလမ်းနဲ ့လိုက်နာကျင့်သုံးတဲ့ ပုဂ္ဂိုလ်ဟာ မိမိဘာသာတရားနဲ ့သူတစ်ပါးဘာသာတရားကြားထဲမှာ ခွဲခြားတဲ့အလုပ်ကို မလုပ်ဘူး။မန္ဒိရ်၊ချာချ်၊ဗလီ များရဲ ့ကြားထဲမှာ လည်းကွာဟချက်ကို မဖန်တီးဘူး။””
မဟတ္တမဂန္ဒီ၏ယင်းပြန်ကြားချက်ကို ဖတ်ရသော အမေရိကန်သည် အိန္ဒိယ၌ မတူကွဲပြားဘာသာတရား၊ခြားနားသော ဘာသာတရားများကို ကိုးကွယ်ဆည်းကပ်သူ လူတွေအားလုံး မဟတ္တမဂန္ဒီကို တညီတညွတ်တည်းကြည်ညို လေးစားကြသည်ဆိုသည့် အကြောင်းသဘောပေါက်သွားသည်။

 
ဘာသာပေါင်းစုံချစ်ကြည်ခြင်း၊အပြန်အလှန် တန်ဖိုးထားလေးစားခြင်းသည် တိုင်းပြည်၏ ကြီးပွားတိုးတက်ခြင်း၊ကမ္ဘာကြီး၏ ငြိမ်းချမ်းသာယာခြင်း ဖြစ်သည်ဟု
မမှိတ်မသုန် ယုံကြည် ပါသည်။
MG ရွာသားများ ကျန်းမာချမ်းသာကြပါစေ။

7 comments

  • pho chet

    April 27, 2012 at 11:07 pm

    ခက်တာဘဲဗျာ လူတွေကလည်း အမုန်းတွေ တစ်ဘက်နဲ ့တစ်ဘက်ပွားနေကြရင် အဆုံးရှိမှာကို မဟုတ်တော့ဘူး။
    သူဂျီးတို ့စကားနဲ ့ဘဲပြောတော့မယ်
    တရားဥပဒေကို သေသေချာချာထုတ်၊ကြပ်မတ်။
    မွတ်ဆလင်က မြန်မာကို ယူလို ့ဘာသာ အတင်းပြောင်းခိုင်းရင် အဲ့ကောင်ကို ဥပဒေနဲ ့အရေးယူ။
    နိုင်ငံသားဖြစ်ပြီးသားသူကို လည်း နိုင်ငံသား အခွင့်အရေး အပြည်အဝပေး။
    နယ်စပ်မှာ သေချာတင်းကြပ်၊ စင်ကာပူ လို မျိုး ကိုယ့်နိုင်ငံ အတွက် ကောင်းကျိုးပြုနိုင်မယ့် ကောင်မျိုးမှ လက်ခံ။
    ဥပဒေဖောက်လို ့ကား တရုတ်၊ကုလား၊ မြန်မာ၊ ဟို အဖြူကောင်တွေလည်း ပါ ပစေ၊ ဘဘဂျီး တို ့ ဘာတွေ ညာတွေ လည်း အကုန် ကိုင်ပစ်လိုက်…ဘာမှကြောက်မနေနဲ ့။ ဒါဆို ဂွတ်သွားမယ်…..

    မောထှာ။။။

  • shwe kyi

    April 27, 2012 at 11:25 pm

    အရမ်းကောင်းတဲ့ ပို့စ်ပါ။ ရွှေကြည်ထောက်ခံပါတယ်။ ဘာသာဝင်တိုင်းဟာကိုယ့်ဘာသာရဲ့ အနှစ်သာရကို
    သေချာနားလည်ပြီးလေးစားလိုက်နာကြမယ်ဆိုရင်အကောင်းဆုံးပါပဲ။ ကိုယ်ချင်းစာစိတ်ရှိရင် ဘယ်ဘာသာ၊
    ဘယ်လူမျိုးဖြစ်ဖြစ် အဆင်ပြေကြမှာပါ။
    ရွှေကြည်ကိုယ်တိုင်လည်း ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်အောင်ကြိုးစားနေပါတယ်။ ဂန္ဒီကြီးရဲ့စကားဟာအရမ်းကောင်းတာပါပဲ။
    ထောက်ခံပါတယ်။ ဘာသာရေးတွေကလွတ်လပ်ဖို့လိုပါတယ်။ တစ်ဦးရဲ့ယုံကြည်မှုကိုတစ်ဦးလေးစားရင်
    အားလုံးအေးချမ်းမှာပါ။ ဘာသာတိုင်းရဲ့ ခေါင်းဆောင်တွေ၊ ဆရာတွေ၊ ဘာသာထိန်းသိမ်းသူတွေ၊
    ဘာသာဝင်အားလုံး ဂန္ဒီကြီးရဲ့စာကိုဖတ်မိပြီး ဂန္ဒီကြီးရဲ့စိတ်ထားမျိုးထားနိုင်ကြပါစေ။ ရွှေကြည်ကိုယ်တိုင်လည်းကြိုးးစာနေပါတယ်။
    ုငြိမ်းချမ်းကြပါစေရှင်

  • kai

    April 28, 2012 at 12:20 am

    ဆြာရေ့..
    အဲလိုမိုဒယ်အောက်နေတဲ့ သတင်းကြီးနဲ့ မလုပ်နဲ့လေ..
    ဒီနှစ်(၂၀၁၂) မတ်လထဲလည်း.. အသစ်ထုတ်ပြန်ပေးထားတာ.. :mrgreen:
    အဲ..အဲ..
    မြန်မာပြည်က.. ပါတုံး..ပါဆဲ.. (ဒီအတိုင်းဆို.).. နောက်နှစ်များလည်း.. . ပါလတံ့…

    “ပါတော့ဘာဖြစ်လဲကွ”.. ပြောချင်မှာပေါ့..
    အဲဒီစာရင်းထဲနှစ်စဉ် ထိပ်ဆုံးကပါနေတော့..
    မြန်မာပြည်ဟာ.. အစွန်းရောက်အများစုတို့ရဲ့တိုင်းပြည်ဖြစ်တာပေါ့..
    ဧည့်သည်(တိုးရစ်)တွေ.. သိပ်မလာကြဘူးပေါ့..
    စီးပွားရေးရင်းနှီးမြုတ်နှံတာ သိပ်မလုပ်ရဲတော့ဘူးပေါ့..
    ဆိုတော့..
    သူများတိုင်းပြည်တွေထက်ဆင်းရဲပြီး..မတိုးတက်ပဲ.. ရှိနေဦးမှာပေါ့.. . 🙁


    Burma Among Worst For Religious Freedom: Report | The Irrawaddy …
    http://www.irrawaddy.org/archives/1339
    Mar 29, 2012 – The US Commission on International Religious Freedom (USCIRF) released its 2012 Annual Report on Tuesday which includes Burma on its …

    USCIRF Annual Report 2012 – Countries of Particular Concern: Burma
    http://www.unhcr.org/refworld/country,,USCIRF,,MMR,,4f71a67846,0.html
    Mar 20, 2012 – Cite as, United States Commission on International Religious Freedom, USCIRF Annual Report 2012 – Countries of Particular Concern: Burma, …

  • pho chet

    April 28, 2012 at 3:14 am

    စကားမစပ် သဂျီးတို ့ အမေရိကား မှာ ရော လွတ်လပ်တယ်ဆိုပြီး မွတ်ဆလင်ထဲက အမတ်ဖြစ်သူတို ့၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတို ့ဖြစ်သူတွေကော များများစားစားရှိလားဗျ။ စိတ်ဝင်စားဖို ့တော့ကောင်းသား……

    • kai

      April 28, 2012 at 3:39 am

      ပြည်နယ်တော့ ပြောမနေတော့ပါဘူး..။ အမတ်နဲ့..မေယာအဆင့်တွေအများကြီး..
      ဖယ်ဒရယ်အဆင့်မှာ.. အောက်က.. ဝိကီကိုကြည့်ပေါ့နော..
      စကားအတင်းစပ်ပြောရရင်.. အခုသမ္မတအိုဘားမားအဖေဟာ.. မွတ်စလင်ဖြစ်ပြီး.. အိုဘားမားကိုယ်တိုင်.. အစ္စလမ်မစ်တိုင်းပြည်(အင်ဒိုနီးရှား)မှာ.. အစ္စလမ်မစ်ကျောင်းတက်ကြိးပျင်းခဲ့တာပါ..
      အခု.. သူနဲ့ပြိုင်ရွေးခံမယ့်.. မစ်ရောမနီ(ရီပါ့ဗလ်ကန်င်သမ္မတလောင်း)ကလည်း. မိုမန်ဘာသာဝင်ဖြစ်ပါတယ်..။

      တခုသတိထားဖို့က.. မြန်မာပြည်ဟာ..( အစွန်းရောက်တွေအကြောင်းပြောရေးနေပေမဲ့..) ကမ္ဘာမှာအစွန်းအရောက်ဆုံး.. ကွန်ဆာဗေးတစ်နဲ့..အာဏာရှင်တို့ရဲ့တိုင်းပြည်တခုဖြစ်နေတယ်လို့.. တကမ္ဘာလုံးက အသိအမှတ်ပြုထားတာကိုပါပဲ..
      1 to 10 အတွင်းမှာ အမြဲပါတာ…။ :mrgreen:

      http://en.wikipedia.org/wiki/Religious_affiliation_in_the_United_States_Senate
      Muslim 0.4%
      Buddhist 0.4%

      The top five religious affliliations in the 111th Congress were Roman Catholic (30.1%), Baptist (12.4%), Methodist (10.7%), Jewish (8.4%), and Presbyterian (8.1%).[1] Protestant denominations have held a large majority throughout congressional history, reflecting American’s traditional demographics. In the 111th Congress, 54.7% of seats were held by members of Protestant denominations.

      45 Jews served in the 111th Congress. Eleven representatives and six senators were members of The Church of Jesus Christ of Latter-day Saints. Senator Olympia Snowe, as well as Representatives John Sarbanes, Zack Space, Gus Bilirakis, Dina Titus, Niki Tsongas and Melissa Bean are Orthodox Christians.

      In 2007, Keith Ellison of Minnesota became the first practicing Muslim to become a member of the United States Congress. He was joined by André Carson of Indiana following a special election on March 11, 2008. Both are converts to Islam. Mazie Hirono of Hawaii and Hank Johnson of Georgia became the first two Buddhists to be elected to the United States Congress on November 7, 2006. Johnson is a member of the Soka Gakkai movement and Hirono is a member of the Jodo Shinshu sect, although she is non-practicing. Both are Japanese Buddhist oriented.

      Senator Kent Conrad (D-N.D.) and Representatives Walt Minnick (D-Idaho) and Pete Stark (D-CA) were the only Unitarian Universalists that served in the 111th Congress. In a response to a March 2007 survey from the Secular Coalition for America, Rep. Pete Stark became the only open atheist in the history of Congress.[2] One member of the 111th Congress is a Quaker, Representative Rush Holt (D-NJ).

      Nine members of the 111th Congress were categorized Not Given / Unspecified / Unavailable / Don’t Know.

      Hawaii is the only state that currently holds a majority non-Christian House delegation; both representatives Mazie Hirono and Colleen Hanabusa are Buddhist

  • သူကြီး ကိုခိုင်ရေ—– မတူကွဲပြားအတွေးတွေနဲ ့အားလုံးငြင်းခုံရင်း စိတ်ဝမ်းတွေကွဲ၊
    အချင်းများ ရန်ဖြစ်နေကြလေတော့. ပြန်ဖတ်ကြစေလို လို ့အရင်စလို ပြန်တင်မိလို ့ပါ။
    ပြန်မစစ်ဆေးမိသည်ကို တောင်းပန်အပ်ပါသည်။

  • Patriotic Burma

    April 28, 2012 at 11:30 pm

    I really appreciate this post.Moreover I really agree with Gandhi Speech,and I’ll try my best to be A Good Buddhism.

Leave a Reply