ကွန်ပြူတာအသက်မွေးမှု ့ပညာအပိုင်း(၂)

zaylayJune 14, 20101min360

Animator တော်တော်နက်နဲတဲ့ ပညာရပ်ပါ။

(၄) Animator

တော်တော်နက်နဲတဲ့ ပညာရပ်ပါ။ ဒီအလုုပ်ကပင်လည်း ပင်ပန်းပါတယ်။ နေ့မအိပ်၊ ညမအိပ်လည်း လုပ်ကောင်းလုပ်ရတတ်

ပါတယ်။ ကွန်ပျူတာအရှေ့မှာ အကြာကြီးလည်း ထိုင်ရတတ်ပါတယ်။ မျက်စေ့နှင့် အာရုံကြော အားနည်းသူများဟာ ဒီအလုပ်

လုပ်ရင်သူများထက် ပိုပင်ပန်းနိုင်ပါတယ်။ သိပ်ကိုအေးတဲ့ Aircon ခန်းထဲမှာ အနွေးထည်နှင့် အလုပ်လုပ်ရမှာဖြစ်ပါတယ်။

Animation Render လုပ်နေတဲ့ ကွန်ပျူတာတွေဟာ အေးစက်နေဖို့ လိုပါတယ်။ မဟုတ်ရင် ကွန်ပျူတာရပ်သွားမှာမို့ပါ။

အဆုတ်အားနည်းရင် ဒီအလုပ်မှာ သင်ဟာချောင်းလေးတဟွတ်ဟွတ်မကြာခင် ဖြစ်လာမှာပါ။ ဒီအလုပ်ကိုလုပ်ဖို့ သင်ဟာ

အနုပညာမျက်စေ့ရှိရုံတင်မကဘူး။ စိတ်ကူးစိတ်သန်းလေး ပါရှိရပါမယ်။ စိတ်လည်း ရှည်ဖို့လိုပါတယ်။ လစာကတော့ Graphic

Designer ထက်ပိုကောင်းပါတယ်။ သူက Animation တွေကိုလုပ်တဲ့ Animator ဖြစ်သွားပြီကိုး။

လောလောဆယ်တော့ ဒီပညာကိုတက်ဖို့သင်တန်းကြေး တော်တော်များများပေးရလိမ့်မယ်။ သင်တန်းမှာ သင်ရုံနှင့် မလုံ

လောက်သေးဘူး။ အိမ်မှာပြန်စမ်းဖို့ ကွန်ပျူတာကောင်းကောင်းတစ်လုံး ရှိဖို့လည်း လိုသေးတယ်။ ဒီလို Animation

ကောင်းတစ်ယောက်ဖြစ်ဖို့ သင်ဟာ (၂) နှစ်လောက်တော့ ရင်းရလိမ့်မယ်။ ဒီပညာက ပိုလေ့လာရတယ်လေ။ တွက်ချက်မှု

ပိုင်းဆိုင်ရာမှာ အားနည်းရင် သင့်အတွက်သိပ်မဟန်ဘူး။ သူက အတွက်အချက်လိုတယ်။ နောက်ပြီး Character တွေရဲ့

သဘောတရားကိုလည်း ကောင်းစွာနားလည်ရမယ်။ ဆိုလိုတာက ဥပမာ နွားနှစ်ကောင်ဝှေ့ရင် အမြှီးတွေဟာ လေထဲမှာ

တောင်မနေဘူး။ ဒါမျိုးကိုလည်း သင်သိဖို့လိုသေးတယ်။ အခြေခံတာကတော့ Art ပါပဲ။ ဒီပညာဟာလည်း ခုနက Graphic

Designer လို သင်တန်းဆင်းရုံနဲ့ Animator မဖြစ်နိုင်သေးပါဘူး။ အလုပ်ဝင်ရင်တောင် ချက်ချင်း Animator မဖြစ်နိုင်သေးဘဲ

Character ရေးဆွဲတဲ့အဆင့်စသည်ဖြင့် အကူအဆင့်ကစရမှာဖြစ်ပါတယ်။ မြန်မာပြည်အနေနဲ့ကတော့ နောက်ပိုင်းဆိုင်ရာ

Animator တွေအများကြီးလိုလာလိမ့်မယ်လို့ ထင်ပါတယ်။ ဒီပညာနှင့် ပတ်သက်လို့ နိုင်ငံခြားမှာ ဘွဲ့တို့၊

ဒီပလိုမာတို့သွားယူတဲ့ သူတွေလည်းရှိပါတယ်။ ပြောရရင်ဒီအလုပ်ဟာ တော်ရုံတန်ရုံ ဝါသနာနှင့် မရဘူး။ ငယ်ငယ်တုန်းက

ကျွန်တော်တို့လည်း Animator ဖြစ်ချင်ခဲ့ဖူးသေးတယ်။ ဒါပေမယ့် အထက်ကပြောသလိုပဲ။ ဖြစ်ချင်တာနဲ့ ခံနိုင်ရည်နဲ့ ချိန်တတ်

ဖို့လိုတယ်။ လူဆိုတာ အဓိကကိုယ့်ကိုယ်ကို သိဖို့ပဲ။ လမ်းတစ်ဝက်ရောက်မှ နောက်ပြန်ဆုတ်တာမျိုး မဖြစ်စေချင်ဘူး။ မလုပ်

ခင်ကတည်းကလိုအပ်တဲ့ Information ကိုလိုက်စု။ အခု လိုအပ်တာတွေ ကျွန်တော်ပြောပေးနေတယ်လေ။

ပုံ – ၄

(၅) Video Editing and Visual Effect

တကယ်တော့ ဒီအကြောင်းက Video Editor နှင့် Visual Effect Designer နှစ်ခုပေါင်းပြီး ပြောလိုက်တာ။ တကယ်တော့

သပ်သပ်စီ။ Video Editor က ရုပ်ရှင်ကားတွေ၊ ဗွီဒီယိုကားတွေ တည်းဖြတ်မယ်။ ဒါပေမယ့် ဘေးမှာ ဒါရိုက်တာက ဘာလုပ်၊

ဘာပြီးရင် ဘယ်အခန်းဆက်စသဖြင့် ပြောနေမှာ။ ကိုယ်က သူပြောတာလုပ်ရုံပဲ။ ဒီနေ့ခေတ်မှာ တစ်ချို့ ဒါရိုက်တာတွေတောင်

ကိုယ်တိုင်ကားကူး ကားဆက်လုပ်နေပြီ။ ဒီအလုပ်ကလည်း ဝါသနာနှင့် ရင်းရတဲ့အလုပ်ပဲ။

ကိုယ်ပိုင်လုပ်ငန်းထောင်မယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ ဖလင်ထုတ်လုပ်ရေးနှင့် ပတ်သက်ပြီး ဘွဲ့ရော၊ ဒီပလိုမာရော ယူပြီး

Film Production လုပ်ငန်းများလည်း လုပ်ဆောင်နို်င်ပါတယ်။ ၎င်း Film Production တွေမှာလည်း အလုပ်ရနိုင်ပါတယ်။

ဒီပညာရပ်ကဘေးက ဒါရိုက်တာ မပြောဘဲကိုယ့်ဘာသာကိုယ် တည်းဖြတ်မယ်ဆိုရင်လည်း ရတယ်ဆိုပေမယ့်

Presentation အပိုင်းမှာ အားနည်းသွားနိုင်ပါတယ်။ ဥပမာ ဂစ်တာတီးနည်းသင်ခန်းစာကို Video ရိုက်ပြီး ကျွန်တော့်ဘာသာ

ဗွီဒီယိုတည်းဖြတ်ထုတ်လုပ်ဖူးတယ်။ အလုပ်အရတော့ ဟုတ်တယ်။ ကိုယ်က ဒါရိုက်တာ အမြင်မျိုးမရှိရင် Presentation

ညံ့သွားတတ်ပါတယ်။

Visual Effect Designer ကတော့ ဗွီဒီယို၊ ရုပ်ရှင်တွေမှာ အထူးပြုလုပ်ချက်တွေ လုပ်ရတာပါ။ ဒါလည်း လစာကောင်းတဲ့

အလုပ်တစ်ခုပါပဲ။ ဒီအလုပ်တွေက ကိုယ်ဟာဒီပညာပေါ်မှာ ဘယ်လောက်ပဲ ကျွမ်းကျင်ပါစေ။ အနုပညာအရ ပေးတတ်မှ

ဖြစ်မှာပါ။ မဟုတ်ရင် Presentation မကောင်းဘူးဖြစ်တတ်ပါတယ်။ စိတ်လည်းရှည်ရပါတယ်။ သူနဲ့ပတ်သက်ပြီး ပြောရမယ့်

အကြောင်းအရာတွေက Animator နှင့် ခပ်ဆင်ဆင်ပဲ ဖြစ်ပါတယ်။ သူနဲ့ပတ်သက်တဲ့ ပြောရမယ့် အကြောင်းအရာတွေက

Animator နှင့် ခပ်ဆင်ဆင်ပဲ ဖြစ်ပါတယ်။ သူနဲ့ပတ်သက်လို့လည်း ဒီပလိုမာတန်းတွေ တက်လို့ရပါတယ်။

ပုံ – ၅

(၆) Computer Aided Manufacturing (CAM)

ကွန်ပျူတာကို အသုံးပြုပြီး ထုတ်ကုန်များထုတ်လုပ်တာ ဖြစ်ပါတယ်။ CNC Machine (Computer Numerical Control)

ဆိုတာ အရိုးရှင်းဆုံး ပြောရရင် ကွန်ပျူတာနှင့် တွင်ခုံလုပ်ငန်း လုပ်ခြင်းပါပဲ။ တွင်ခုံဆိုလို့ မျက်စေ့ထဲ ရပ်ကွက်ထဲက တွင်ခုံ

သွားမမြင်နဲ့ဦး။ သူက အင်မတန် Smart ကျတာ။ ဒီအလုပ်ဟာလည်း CAM တစ်မျိုးပါပဲ။ တကယ်တော့ CAM ဟာ အများ

ကြီးရှိပါတယ်။ ကွန်ပျူတာကိုသုံးပြီး ထုတ်ကုန်များ ထုတ်လုပ်နေခြင်းဟာ CAM ဖြစ်ပါတယ်။ CNC Machine နှင့်ကျွန်တော်တို့

ဟာ သံပြားတွေကို စိတ်ကြိုက်ဒီဇိုင်းလုပ်ပြီး ဖြတ်ထုတ်ခြင်း၊ ဖြတ်တောက်ခြင်း၊ ပြုလုပ်လို့ရပါတယ်။ ၎င်းနှင့် ပတ်သက်လို့

လည်းဘွဲ့တွေ၊ ဒီပလိုမာတွေ ယူလို့ရပါတယ်။ CAM ဟာ ကျယ်ပြန့်ပါတယ်။ CAM နှင့် ပတ်သက်ပြီး Background Field

ကတော့ Engineer ဖြစ်ပါတယ်။ Engineer ဆိုတာ ဆောက်လုပ်ရေး၊ အင်ဂျင်နီယာကိုပဲ ပြောတာမဟုတ်ပါ။ ဥပမာ-

စားသောက်ကုန်ထုတ်တဲ့စက်ရုံမှာ အရည်အသွေး အင်ဂျင်နီယာ၊ ဓာတုဗေဒ သုံးတဲ့စက်ရုံမျိုးဆိုရင်လည်း ဓာတုဗေဒဆိုင်ရာ

Engineer Field ကို ဆိုလိုတာပါ။

ပုံ – ၆