ကွန်ပြူတာအသက်မွေးမှု ့ပညာအပိုင်း(၃)

zaylayJune 14, 20101min290

ကွန်ပျူတာကိုုသုံးပြီး အသံတည်းဖြတ်ခြင်း၊ အသံ Sound Effect များပြုလုပ်ခြင်း၊

(၇) Sound Designer

ကွန်ပျူတာကိုုသုံးပြီး အသံတည်းဖြတ်ခြင်း၊ အသံ Sound Effect များပြုလုပ်ခြင်း၊ ရုပ်ရှင်နှင့် ဗွီဒီယိုကားများတွင် Sound

Design ပြုလုပ်ခြင်းနှင့် နောက်ခံတီးလုံးများ ထည့်သွင်းခြင်း၊ တီးခတ်ခြင်း၊ ကွန်ပျူတာဖြင့် အသံဖမ်းခြင်း၊ စသည်တို့

လုပ်ကိုင်လို့ရပါတယ်။ စသည့်နေရာများတွင် အလုပ်ရနိုင်ပါတယ်။ နောင်ဆိုရင် ကျွန်တော်တို့ မြန်မာပြည်မှာ Visual Effect

Designer တို့၊ Sound Designer တို့ အများကြီး လိုလာတော့မှာ ဖြစ်ပါတယ်။ ဒီပညာရပ်တွေက ဝါသနာအပြင် Talent

ပါရှိရပါတယ်။ Talent မရှိရင် သင်တိုင်းမတတ်ဖြစ်တတ်တယ်။ သူကတော့ BA ဘွဲ့ရ Background Field ရှိရင်

ပိုကောင်းပါတယ်။ Music နှင့်ပတ်သက်လို့ဖြစ်စေ၊ Audio နှင့်ပတ်သက်လို့ဖြစ်စေ၊ ဒီပလိုမာ သင်တန်းတွေတက်ပြီး

ဒီပလိုမာရယူလည်းရပါတယ်။ နိုင်ငံတကာကနေ နှစ်စဉ်ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲတွေမှာ အသံတည်းဖြတ် အကယ်ဒမီတို့၊

နောက်ခံတီးလုံး အကယ်ဒမီဆုတွေကို ရယူနေကြတာကိုလည်း အားကျဖွယ်တွေ့ရှိရမှာပါ။ လူငယ်တွေအနေနှင့်

ဒီလိုပညာရပ်တွေမှာ ဝါရင့်အနုပညာကြီးများရဲ့ ပခုံးပြောင်းတာဝန်ကို ထမ်းဆောင်ဖို့ ကြိုးစားစေချင်ပါတယ်။ ဒီအလုပ်တွေက

နောက်ဆို ကွန်ပျူတာတွေနှင့် လုပ်လာကြတော့မှာပါ။ ယခုတောင် Video နှင့် DVD တွေမှာ ကွန်ပျူတာနှင့်ပဲ

အသံတည်းဖြတ်တဲ့ အလုပ်တွေလုပ်လာကြပါပြီ။

ဒီအလုပ်တွေက ဝါသနာနှင့်လုပ်ရတာမို့ အလုပ်၏ စိတ်ဖိစီးမှုဒဏ်ရှိနေတာတောင် လူဟာ စိတ်ချမ်းသာ ပျော်ရွှင်နေတတ်

ပါတယ်။ တစ်ခုပဲ သတိပေးချင်တာ။ ဒီအလုပ်က ဝါသနာနှင့် အနုပညာ တလွဲမာန သိပ်ရှေ့တန်းတင်ရင် ငွေရနည်းတတ်

ပါတယ်။ ပရိသတ်ဘက်ရော၊ ထုတ်လုပ်သူဘက်ရော၊ မိမိဘက်ပါ ကြည့်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။

ပုံ၁.၇

(၈) IT Technician

ကွန်ပျူတာစက်ပိုင်းဆိုင်ရာ ပြုပြင်ခြင်းဖြစ်ပါတယ်။ ဒီလိုဖြစ်ချင်ရင်တော့ A+ သင်တန်းကိုတက်ရမှာ ဖြစ်ပါတယ်။

ကွန်ပျူတာရဲ့ Hardware ပိုင်း System ကို လေ့လာရမှာဖြစ်ပါတယ်။ (၁၀)တန်းဖြေထားတဲ့ လူငယ်တွေ အတက်များတဲ့

သင်တန်းလည်း ဖြစ်ပါတယ်။ ကွန်ပျူတာ Technician အဖြစ် အသက်မွေးသည်ဖြစ်စေ၊ မမွေးသည်ဖြစ်စေ၊ ကွန်ပျူတာကို

ကိုင်တွယ်ရသူတိုင်းဟာ A+ အခြေခံလောက်တော့ သိထားသင့်ပါတယ်။ IT Technician အဖြစ်

အသက်မွေးမည့်သူကတော့ ဖြစ်နိုင်ရင် နိုင်ငံတကာ အသိအမှတ်ပြု A+ Exam ဖြေသင့်ပါတယ်။ မြန်မာပြည်မှာ

ဖြေလို့ရပါတယ်။ အလုပ်ရရင် လစာသင့်တင့်ပါတယ်။ မြန်မာပြည်မှာလည်း ဒီရာထူးဟာ အလုပ်ရဖို့ လွယ်ပါတယ်။ သူက

ဝါသနာတွေ၊ အနုပညာတွေ၊ Talent တွေ၊ သိပ်ရင်းစရာ မလိုပါဘူး။ သင်တန်းမှာ စာသင်တာကို လိုက်နိုင်ရင်

ကောင်းကောင်းအလုပ်ဖြစ်တယ်။ ဒါပေမယ့် သင်ဟာ IT Technician အဖြစ်နဲ့ ရပ်မနေဘဲ Network ပိုင်းကို

ဆက်လက်လေ့လာသင့်ပါတယ်။ အလုပ်လုပ်နေရင်းနှင့်လည်း လေ့လာသွားလို့ရပါတယ်။ ဒီမှာပဲတော့ ရပ်မနေသင့်ပါဘူး။

ဒီရာထူးဟာ သင့်ဘဝတစ်ခုလုံးအတွက် Cover ဖြစ်ဖို့ သိပ်မလွယ်ပါဘူး။ ဖြစ်လည်းရှားပါတယ်။

ပုံ ၁.၈

ဒီလိုင်းဟာ လိုက်ရလွယ်ကူပါတယ်။ Field တွေထက်စာရင် အလုပ်ရဖို့လည်း လွယ်ပါတယ်။ သင်ရတာလည်း

လွယ်ပါတယ်။ ဒါပေမယ့် ရာထူးကြီးကြီးနှင့် လစာကောင်းကောင်းရတာတော့ ရှားပါတယ်။ ဘာပဲဖြစ်ဖြစ် မိသားစုအတွက်

လတ်တလောအလုပ်လိုသူနှင့် အိန္ဒြေရရလုပ်လိုသူများအတွက် အထူးအဆင်ပြေလှပါတယ်။

(၉) IT Engineer

ဒါကတော့ အစိုးရက ဖွင့်လှစ်ထားတဲ့ တက္ကသိုလ်ကနေ Engineer ဘွဲ့ရတဲ့သူတွေမှာ အလုပ်ရနိုင်တာပါ။ သူကတော့

အောက်ထပ် Manager Level ရာထူးဖြစ်သွားပါပြီ။ လစာလည်း ကောင်းမွန်ပါတယ်။ လုပ်ရကိုင်ရတာလည်း

သက်တောင့်သက်သာ ရှိလှပါတယ်။ ဆရာဝန်နှင့် သူနာပြုကွာသလိုပေါ့ဗျာ။ IT Engineer နှင့် IT Technician ဤသို့

ကွာခြားပါတယ်။ ပြောရရင် ဘွဲ့နှင့် Certification က အဲဒီမှာကွာသွားတာ။ သူကတော့ ကွန်ပျူတာစက်ပြင်ရတာမျိုး

မဟုတ်တော့ဘဲ ကိုယ်ဝင်ရောက်တဲ့ အလုပ်ပေါ်မူတည်ပြီး IT လုပ်ငန်းများကို Management လုပ်ရမှာဖြစ်ပါတယ်။

ပုံ ၁.၉