မနက်ဖြန် 28.04.2012 ယခင်နှစ်အတိုင်း ကွာလာလမ်ပူ လွတ်လပ်ရေးကွင်း(Dataran Merdeka) မှာ သန် ့ရှင်းမှု(Bersih) ဆန္ဒပြပွဲလုပ်ပါမယ်

IMG_0311

ဒီနှစ်ဆန္ဒပြမှုဟာ မနှစ်ကလောက်တော့ မဆိုးလောက်ဘူးလို ့တော့ ထင်ရတယ်.. ဘာကြောင့်လဲဆိုတော့ ညနေ ရနာရီလောက်အထိ လိုင်းကား၊ အိမ်ကားတွေ သွားနေကြသေးလို ့.. လက်ရှိအစိုးရရဲ  ့လုပ်ဆောင်ချက်တွေ၊ မသမာသောနည်းနဲ ့နောင်နှစ်ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေအပေါ် အတိုက်ခံပါတီက သန် ့ရှင်းစေခြင်း လို ့အဓိပ္ပါယ်ရတဲ့ (Bersih) ဆန္ဒပြပွဲတရားဝင်ပြုလုပ်မှာကြောင့် ဒီကနေ ့ကနေ စပြီး အဲ့ဒီ လွတ်လပ်ရေးကွင်းဝန်းကျင်လမ်းတွေကို ပိတ်ထားလိုက်ပါပြီ..

အစောကလေးတင် အဲ့ဝန်းကျင်ကိုရောက်ခဲ့လို ့ ရွာသူားတွေကို သိစေလိုတဲ့ မြင်စေလိုတဲ့ ဆန္ဒတစ်ခုတည်းနဲ ့ဒီပို ့စ်ရေးလိုက်တာပါ.. ကျနော်အဲ့ဝန်းကျင်သွား ဓါတ်ပုံရိုက်ပေမယ့် ဘယ်ရဲမှ မြန်မာပြည်မှာလို စစ်ဆေး မေးမြန်းခြင်းမရှိပါဘူး.. ရဟတ်ယာဉ်တွေလည်း ဒီညနေပိုင်းကစပြီး လွတ်လပ်ရေးကွင်းဝန်းကင်မှာ ၁၅မိနစ်တစ်ခါလောက် ဝဲနေပါပြီ.. ဒီဝန်းကျင်တည်းခိုခန်းတွေမှာလည်း အခန်းတိုင်းလူပြည့်နီးနီးလို ့သတင်းရပါတယ်..

 ဒီပို ့စ်ကိုဖတ်ဖြစ်တဲ့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေ ဖြစ်နိုင်ရင် မနက်ဖြန် K.L မြို ့ထဲကို မသွားပါနဲ ့.. အန္တရာယ်ရှိပါတယ်.. တချို ့မသမာသူတွေက ဆန္ဒပြသူတွေနဲ ့ရောယောင်ပြီး ဆိုင်တွေဖောက်ဖျက်နှောင့်ယှက်တတ်တာကြောင့် ဆိုင်အတော်များများလည်းပိတ်ပါတယ်.. ကိုင်း မရိုက်တတ် ရိုက်တတ်ပုံလေးတွေကို ရှုစားလိုက်ကြပါဦး 😀

4 comments

  • ဗိုက်ကလေး

    April 28, 2012 at 12:00 pm

    ဆရာငြိမ်းရေ
    ဓာတ်ပုံမြင်ရဘူးဗျာ

  • ဗိုက်ကလေး

    April 28, 2012 at 12:24 pm

    ဒီနေ့၂၈.၄.၂၀၁၂ မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှိ မာဒေးကားကွင်း (မြန်မာဆိုင်များပတ်ဝန်းကျင်) တစ်လျှောက် တွင် မလေးရှားအစိုးရ အတိုက်ခံပါတီများ စုပေါင်းဆန္ဒုပြပွဲ ပြုလုပ်မည်ဖြစ်ပါတယ် ။

    သို့ပါသောကြောင့် ထိုနေရာများကို နံနက် ၈ နာရီမှ စတင်ပြီး လမ်းအားလုံး ပိတ်ဆို့သွားမည်ဖြစ်ပြီး ပို့ဆောင် ဆက်သွယ်မှု့များဖြတ်တောက်သွားမည်ဖြစ်ကြောင်း အထူးသတိပေးရပါတယ် ခင်ဗျာ။

    ပြီးခဲ့တဲ့ ၂၀၁၁ ဂျူလိုက်လ ၉ ရက်နေ့က ပြုလုပ်သွားတဲ့ ဆန္ဒပြပွဲ အတွေ့အကြုံအရ နိုင်ငံခြားသားများ ပါဝင် ပတ်သက်ပါက ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်းသိရပါတယ် ။

    ထိုအချိန်က မီးရထားဘူတာများတွင် အဆင်သင့်စောင့်ဆိုင်းနေသော ရဲများ ၊ ထောက်လမ်းရေးများ၏ ဖမ်းဆီးမှု့များကိုကြောက်ပြီး ထွက်ပြေးကြသော နိုင်ငံခြားသားများ ကို အမိအရ ဖမ်းဆီးမှု့များရှိတာကြောင့် ကွာလာလမ်ပူမြို့သို့ မသွားကြရန် အထူးသတိပေးရပါတယ်ခင်ဗျာ ။

    ထပ်မံပြီး လိုင်းကားများအားလုံး မူရင်းကားဂိတ်များသို့ ရောက်ရှိမည်မဟုတ်တော့ပဲ နီးစပ်ရာ ရပ်တန့်ဂိတ်များတွင်သာ ရပ်တန့်မည်ဖြစ်ပါတယ်။

    LRT , MONO RAIL , KTM ရထားများအားလုံး ရပ်တန့်မှု့ ကန့်သတ့်မည့် (သို့) အထူးစစ်ဆေးမည့် ဘူတာများမှာ

    1.Mesjid Jamek (LRT)
    2.Bandar Raya (LRT,KTM)

    3.Huntuah (LRT,MONO RAIL)
    4.Paza Sini (LRT)

    5. Plaza Rayak (LRT)

    စတဲ့ ဘူတာများဖြစ်ပြီး ထိုဘူတာများသို့မြန်မာများ မသွားကြဖို့ အထူးသတိပေး အကြောင်းကြားပါတယ် ။

    ပြီးခဲ့တဲ့ နှစ်က ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံခြားသားများကို သေချာစစ်ဆေးပြီးမှ ပြန်လွှတ်ခဲ့တာကြောင့် မိမိတို့ စာရွက်စာတမ်း မှန်ကန်သော်လည်း မလိုလားအပ်သော ပြဿနာများကို ရင်ဆိုင်ရတတ်ပါတယ် ။

    စာရွက်စာတမ်းမရှိသူများ, UN ကိုင်ဆောင်ထားသူများအတွက် မနက်ဖြန် KL သို့ လုံးဝမလာကြဖို့ အထူး သတိပေးတင်ပြရပါတယ် ။

    သတ်မှတ်ချိန်မှာ နေ့လည် ၂ နာရီဖြစ်ပြီး သတ်မှတ် ယူနီဖောင်းမှာ အဝါရောင် တီရှပ်ပြောင် ၊ အနီရောင် တီရှပ်ပြောင်များဖြစ်တာကြောင့် ဒီနေ့ ထိုအရောင်ပြောင်အကျီများမဝတ်ဆင်ရန် သတိပြုဖို့လိုပါတယ် ။

    ကျွန်တော်တို့ အွန်လိုင်းမှ အချိန်မှီ ကြော်ငြာပေးသော်လည်း ပြီးခဲ့တဲ့ နှစ်က မြန်မာများစွာ ကေအယ်လ်မြို့လယ်တွင် ဒုက္ခရောက်ပြီး သွားရန်ကားမရှိ တည်းစရာ ဟော်တယ် မလောက် ၊ စားစရာ ဆိုင်မရှိဖြင့် အလွန် ကသီလင်တဖြစ်ကြရတာကြောင့် KL သွားမည့် သူငယ်ချင်းများကို လက်တို့သတိပေးဖို့ အထူး အသိပေးရပါတယ်ခင်ဗျာ ။

    ဆက်လက်ပြီး မသိရှိသေးသောသူများအတွက် KL တွင်ပြုလုပ်သွားခဲ့သော ၉.၇.၂၀၁၁ ဆန္ဒပြပွဲတုန်းက ပုံများကို ပူးတွဲတင်ပြရင်း .. မနက်ဖြန် ကျွန်တော်တို့ ဧဒင်ဥယျာဉ်မှ မလေးရှား နိုင်ငံ ကွာလာလမ်ပူရှိ ဆန္ဒပြပွဲသတင်းများကို ဆက်တိုက် တင်ဆက်ပေးသွားမည်ဖြစ်ပါတယ် ။

    By: အဖြူရောင် သံယောဇဉ် http://www.facebook.com/profile.php?id=100001896195287
    &
    http://www.irrawaddyblog.com/2012/04/blog-post_2126.html

  • KoNyeinChan

    April 28, 2012 at 12:50 pm

    သူကြီးရေ.. ကျနော့်ပုံတွေ ဘယ်လိုဖြစ်တာတုန်း တင်တုန်းက အဟုတ်.. ပြန်ကြည့်လိုက်တော့ ဘာမှမမြင်ရဘူးဖြစ်နေတယ် ကူပါဦး.. ပုံတွေတင်ရင်လည်း (Youtube ထဲက WWE ကြည့်တာတောင် တချက်ကလေး မထောက်အောင်ကောင်းတဲ့လိုင်း) လိုင်းကောင်းနေလျက်နဲ ့ IO Error ခဏခဏ ဖြစ်တယ်

Leave a Reply