ကွန်ပြူတာအသက်မွေးမှု ့ပညာအပိုင်း(၅)

zaylayJune 14, 20101min410

Multimedia Developer အကြောင်း…

Multimedia Developer

ဒီအလုပ်ဟာ Web Developer လိုပဲ ကျွန်တော်တို့ငယ်ငယ်တုန်းက မရှိသေးဘူးဗျ။ Multimedia

ခေတ်တွေထွန်းကားလာပြီးမှ ဖြစ်ပေါ်လာတာပါ။ ဒီအလုပ်ဟာ Macro Media Flash ကို အဓိကထား လေ့လာရမှာ

ဖြစ်ပါတယ်။ ဒီအလုပ်ဟာ Animator အလုပ်နဲ့ ခပ်ဆင်ဆင်တော့ ဖြစ်ပါတယ်။ ဒါပေမယ့်

တကယ်တမ်းပြောမယ်ဆိုရင် သပ်သပ်စီလို့လည်း ပြောလို့ရပါတယ်။ Animator က ရုပ်ရှင်ကားကြီးတွေ

ထိတာသွားနိုင်တယ်။ အခုပြောတဲ့ အလုပ်ကတော့ Multimedia ပိုင်းဆိုင်ရာ ကဏ္ဍတွေမှာ အလွန်ကျယ်ပြန့်တယ်။

လုပ်ရတဲ့ အလုုပ်တွေဟာ လုပ်ငန်းအရ သေးသေးလေးလည်း ဖြစ်နိုင်တယ်။ အကြီးကြီးလည်း ဖြစ်နိုင်တယ်။

ဒါမှမဟုတ် ကာတွန်းကား သေးသေးလေးလည်း ဖြစ်နိုင်တယ်။ ဒီပညာဟာ ဘွဲ့တွေ၊ ဒီပလိုမာတွေအထိလည်း

ရယူနိုင်တယ်။ ဗမာပြည်မှာကော နိုင်ငံတကာမှာ အလုပ်ရနိုင်တယ်။ လူငယ်တော်တော်များများဟာ

ကွန်ပျူတာနဲ့ပတ်သက်လာရင် Hardware ပိုင်း၊ Network ပိုင်း၊ ဒါမှမဟုတ်ရင် Programming ပိုင်း၊

အဲ့ဒါမှမဟုတ်ရင် Graphic Design ပိုင်းလောက်ပဲ အသိများကြတယ်။

တကယ်တော့ ရုပ်တွေကို လှုပ်ရှားတဲ့ Multimedia ပိုင်းဟာ ကျွန်တော်တို့ဆီမှာ တစ်စတစ်စနဲ့ ကျယ်ပြန့်စွာ

ဖွံ့ဖြိုးလာနေပြီမို့ လူငယ်တွေဟာ ဝါသနာသာပါခဲ့မယ်ဆိုရင် ဒီလိုင်းဟာ သင်တို့အတွက် အဆင်ပြေစေမှာ

ဖြစ်ပါတယ်။ သူကလည်း ကွန်ပျူတာရှေ့မှာ တကုတ်ကုတ်ထိုင်ရတဲ့ အလုပ်မျိုးဖြစ်ပါတယ်။ နောက်ပြီး ဝါသနာနှင့်

ရင်းရတဲ့ အလုပ်မျိုး ဖြစ်ပါတယ်။ Hardware ပိုင်းတို့၊ Network ပိုင်းတို့က ဝါသနာမပါဘဲ အလုပ်လုပ်နေရလည်း

ပြဿနာမရှိပါဘူး။ ဒါပေမယ့် ဒီ Multimedia အလုပ်က ဝါသနာကို အခြေခံပြီးလုပ်မှ အဆင်ပြေပါလိမ့်မယ်။ သူဟာ

စိတ်ကူးစိတ်သန်းလည်း ကောင်းရမယ်။ ဉာဏအားလည်း အသင့်အတင့် စိုက်ထုတ်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး

၎င်းအလုပ်ဟာ Animator လိုပဲ တိုင်မင်တွေကို နားလည်ရဦးမှာ ဖြစ်ပါတယ်။ ထို့အတူ Character တွေရဲ့

စရိုက်ကိုလည်း နားလည်ရမှာဖြစ်ပါတယ်။ ဒီအလုပ်ဟာ ဝါသနာနဲ့လုပ်ရတဲ့အလုပ်မို့ သိပ်ပင်ပန်းလှတယ်လို့တော့

မထင်ရဘူးပေါ့။ ယနေ့ကမ္ဘာမှာ Multimedia လို့ ပြောလိုက်တာနဲ့ တော်တော်များများဟာ Flash ကိုပဲ

ပြေးမြင်တာကြောင့် သင်ဟာ ဒီအလုပ်ကို လိုချင်တယ်ဆိုရင် Flash ကို ကောင်းစွာကျွမ်းကျင်ရမှာ ဖြစ်ပါတယ်။

ယနေ့ခေတ်ပညာရေးနဲ့ပတ်သက်တဲ့ Interactive Learning CD Rom တွေဟာ များသောအားဖြင့် Flash နဲ့

ပြုလုပ်ကြတယ်။ Flash နှင့်အတူနောက်ထပ် လေ့လာထားစေချင်တာကတော့ Macromedia Director ပဲ

ဖြစ်ပါတယ်။ ဒီအလုပ်အတွက် လိုအပ်တဲ့ပညာရပ်များ လေ့လာမှု၊ အချိန်ပေးမှု၊ အတွေ့အကြုံ နှင့် လစာတို့ဟာ

Web Developer နှင့် တန်းတူလောက်ရှိပါတယ်။ များသောအားဖြင့် လစာဟာ Web ပိုင်းဆိုင်ရာ အလုပ်တွေနှင့်

အနည်းအများမကွာလှသော်လည်း ဒီ Multimedia Developer အလုပ်ဟာ ပိုပြီးတော့ ပင်ပန်းပါတယ်။

အလုပ်သဘောအရ Project Size ပေါ်မူတည်ပြီး လူအများနှင့် အပိုင်းလိုက်ခွဲထုတ်ပြီး လုပ်ရတဲ့ အလုပ်မျိုးပဲ

ဖြစ်ပါတယ်။ Animator တို့၊ Web Developer တို့၊ Programmer တို့နှင့်အတူ အခုပြောနေတဲ့ Multimedia

Developer အလုပ်ဟာ အုပ်စုဖွဲ့၍လုပ်ရသော အလုပ်များဖြစ်တာကြောင့် အဲဒီအလုပ်မှာ ဝင်လုပ်မယ့်လူငယ်ဟာ

Teamwork ရှိဖို့လိုအပ်ပါတယ်။ တစ်ယောက်တည်း ချွန်ထွက်နေလို့ မရပါဘူး။ ဒီအချက်တွေကအစ

ကျွန်တော်ပြောပြချင်တာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုအလုပ်မျိုးတွေမှာ သူ့ဘာသာသူ ဘယ်လောက်ကြီးပဲ

တော်နေပါစေ Teamwork မရှိရင် အလုုပ်မှာ အဆင်မပြေ ဖြစ်တတ်ပါတယ်။ Teamwork ဆိုတာကလည်း

ငယ်စဉ်ဘဝကျောင်းမှာကတည်းက ပါလာရမယ့် အလေ့အထဖြစ်ပါတယ်။ ဒီလိုအလုပ်မျိုးမှာ

ငါကဘယ်လောက်တော်တာ။ ငါကဘယ်လိုတော်တာ။ သူက ဘာမို့လို့လဲ စသည်ဖြင့်

အငြင်းပွားတွယ်ကပ်နေသူများ၊ မာနတံခွန်ထူနေသူများပါလာရင် အလုပ်မှာ ထိန်းသိမ်းရခက်ခြင်း၊

အချင်းချင်းအဆင်မပြေ ဖြစ်ခြင်း အလုပ်မှာပါမတွင်ကျယ်ဖြစ်တတ်ပါတယ်။ ဒါကြောင့် တော်ရုံနဲ့မပြီးဘဲ

Teamwork ရှိဖို့ လိုအပ်တယ်ဆိုတာကို သတိပေးလိုပါတယ်။ အထူးသဖြင့် လူတော်တွေဟာ အချင်းချင်း

ပညာပြပြီး တစ်ဖက်သားကို ဒုက္ခပေးတတ်ပါတယ်။ ငယ်စဉ်ဘဝက စာကိုသာ ဖိကျက်ခဲ့သော တစ်ချို့သော

လူငယ်တွေမှာ ဤကဲ့သို့ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီလို နေရာမျိုးမှာ စာကျက်ချိန်စာကျက်ပြီး

ကစားချိန်ကစားတဲ့လူငယ်ကသာ သာသွားလေ့ရှိပါတယ်။