Gmail ကို လုံခြုံမှုရှိရန်နည်းလမ်းလေးပါ’*Gmail Password မေ့နေသူများ Reset from gtalk*သတိထားပါ… မိမိ၏အကောင့်ကို Hacker လုပ်သွားနိုင်ပါသည်။

zaylayJune 14, 20106min803

*’Gmail ကို လုံခြုံမှုရှိရန်နည်းလမ်းလေးပါ’*

ဂျီမေးလ် အကောင့်လေး စိုးရိမ်တက်သူများအတွက်
ရေးပေးလိုက်တာပါ ဘာပညာမှတော့
ထူးထူးဆန်းဆန်းမပါပါဘူး ပညာရှင်များအတွက်တော့ ဟာသဖြစ်နေမှာပါ ဒါပေမယ့်
ကျနော်လို ဘာမှ မသိသေးသူများအတွက် ရည်ရွယ်ပြီး ရှင်းပြလိုက်တာပါ
ပထမအဆင့် *Protocol Secure*
ကိုယ့်အကောင့်ကို *Changing the HTTPS setting* သို့ပြောင်းပါ HTTPS
*(Hypertext Transfer Protocol Secure) *ဆိုတာက *HTTP (Hypertext Transfer
Protocol)* ထက် ပိုပြီး လုံခြုံရေးအဆင့်တခုရှိနေပါတယ် သူက *secure protocol*
ပါ
လုပ်ရတာလွယ်ပါတယ်
(၁) မိမိအကောင့်ကို *Sign up *လုပ်ဝင်လိုက်ပါ
(၂) *yourmail@gmail.com *ဘေးနားမှ *Settings* ထဲကို ဝင်လိုက်ပါ
(၃) *General* မှာ *Browser connection * မှ *Always use https* ကို
မှတ်ပေးလိုက်ပါ
(၄) အောက်ဆုံးမှာသွားပြီး *Save Changes* လုပ်လိုက်ရင် ပြီးပါပြီ
ကိုယ်မေးလ်အကောင့် ကို ဝင်လိုက်တို်င်း *http:// *မဟုတ်တော့ပါဘူး *https://*
ဖြစ်နေတာကိုတွေ့ရမှာပါ

ဒုတိယအဆင့် Password
မိမိ အကောင့် *password *ကို ရိုးရိုးကြီး မပေးထားပါနှင့် ဥပမာ*( password
)*ဆိုတာမျိုးထက*်( pAssWord123SeCurE )*လို့ပေးနိုင်ရင် အကောင်းဆုံးလို့
Google ဆိုထားပါတယ် နောက်ပြီး အကောင့် *password ကို တနှစ်မှာ အနည်းဆုံး
နှစ်ကြိမ်ပြောင်းရန် Google တိုက်တွန်းထားပါတယ် Microsoft အဆိုအရ password
တခုဟာ (၇၂) ရက်ထက်ပိုပြီး မလုံခြုံပါဘူးလို့ ပြောထားတာလည်း ရှိပါတယ်*
မိမိနှစ်သက်သလို ရွေးချယ်ပါ

တတိယအဆင့် Password recovery options
အရေးအကြောင်းရှိလို့ ကိုယ့်အကောင့် *password *မေ့သွားရင် ဖြစ်ဖြစ် ဒါမှမဟုတ်
အခြားသူတယောက်က မိမိအကောင့်ကို *password recovery *လုပ်ပြီးအခိုးမခံရအောင်
မိမိအကောင့်စဖွင့်တဲ့အချိန်က ပေးထားသော *recovery *အကောင့်ကို
များသောအားဖြင့် သူငယ်ချင်း တယောက်ယောက်ရဲ့ အကောင့်ပေးထားလေ့ရှိပါတယ်
အဲဒီလို ပေးထားရင် အကောင်းဆုံးက အမြန်ဆုံးပြောင်းလိုက်ပါ မိမိရဲ့ အကောင့်
*Recovery* ကိုလည်း စိတ်တိုင်းကျ ပြောင်းရအောင်
(၁) မိမိအကောင့်ကို *Sign up *လုပ်ဝင်လိုက်ပါ
(၂) *yourmail@gmail.com *ဘေးနားမှ *Settings *ထဲကို ဝင်လိုက်ပါ
(၃) *Account and Import *မှ အောက်ဆုံးမှာရှိသော *Google Account setting* မှ
*Visit your Google Account setting *ကလစ်နှိပ်ဝင်ပါ
(၄) *Personal Settings *အောက်မှ *Change password recovery options* ကို
ကလစ်နှိပ်ဝင်ပြီး မိမိစိတ်တိုင်းကျ လုံခြုံစိတ်ချရအောင်ပြောင်းနို
င်ပါသည်။

ဒီလောက်လုပ်ပြီးရင်တော့ တော်တော်လေးစိတ်ချရပါပြီ *Google နှင့်
အဆင့်မြင့်နည်းပညာသုံး ပညာရှင်များသာလျှင်*
မိမိအကောင့်ကိုခိုးနိုင် ဖတ်နိုင်ပါလိမ့်မည်။
ဒီနည်းလေးတွေကဖတ်ဖူးတာကိုပြန်လည်မျှဝေတာနော်။အဆင်ပြေကြပါစေသူငယ်ချင်းတို့။

မှတ်ချက်။ ။
*အထက်ပါ အကြောင်း အရာများသည် နည်းလမ်းတစ်ခုသာဖြစ်ပါသည်။ လုံးဝ စိတ်ချယုံကြည်
နေရမည်ဟု မဆိုလိုပါ။
အဆင်မြင့် နည်းပညာများသည် အမြဲဆက်လက် တည်ရှိနေဦးမည် ဖြစ်သောကြောင့်*………..
**
——————————————————————————————————–
Gmail Password မေ့နေသူများ Reset from gtalk*သတိထားပါ… မိမိ၏အကောင့်ကို
Hacker လုပ်သွားနိုင်ပါသည်။*

*ကောင်း တဲ့နေရာမှာပဲ အသုံးချစေချင်ပါတယ်…. သူများမေးတွေကို Reset
မလုပ်ကြပါနဲ့….*

Gtalk မှာ forgotpwd@bot.im ကို add လုပ်လိုက်ပါ… online ဖြစ်နေပါလိမ့်မယ်…
“Reset Pwd!” လို့ရိုက်လိုက်ပါ………..
——————————————————————————————————–
*Memory Stick ကောင်းမကောင်း စမ်းသပ်နည်း*

စာဖတ်သူဆီမှာရှိတဲ့ Memory Stick ကောင်းမကောင်း စမ်းသပ်ချင်ရင်တော့ Check Flash
ဆိုတဲ့ ဆော့ဖ်ဝဲလေးတစ်ခု ရှိပါတယ်။ install လုပ်စရာမလိုပါဘူး။ သူ့ကိုဖွင့်ပြီး
Start ကို နှိပ်လိုက်ရုံပါပဲ။ တကယ်လို့များ Memory မှာ error ရှိခဲ့မယ်ဆိုရင်
အနီရောင်အတုံးလေးတွေ ပေါ်လာမှာပါ။ ဒါ့အပြင် ဒီဆော့ဖ်ဝဲကို read speed နဲ့ write
speed ကို တိုင်းတာဖို့အတွက်လည်း အသုံးပြုနိုင်ပါသေးတယ်။

Download Check Flash
By IT Men at itmen.myanmarbloggers.org
——————————————————————————————————–
—————————————————–
Gtalk သုံးသူများသတိထားနိုင်စေရန်

Ø ချက်တင်ထိုင်တဲ့သူတိုင်း အောက်မှာရေးထားတာကိုသိမှာပါ…..

Ø အထူးသဖြင့် ဝက်ဆိုဒ်တွေထဲက ဂိမ်းလေးတွေနဲ့ နောက်ကြတာပါ……

Ø ကိုယ်ကြိုက်တဲ့ဂိမ်းရဲ့ လိပ်စာကို Address bar ကနေကူးပြီးတော့ Gtalk ရဲ့
costume message လေးတွေမှာ
ထည့်ထားတာပေါ့

Ø အဲ့ဂိမ်းတွေကလည်းတော်တော်ဆိုးတာဗျ……

Ø အစကတော့ ဂိမ်းကစားသလိုမျိုးနဲ့ နောက်တော့ဝုန်းခနဲဆို
သရဲပုံကြီးပေါ်လာတာပေ့ါ…..

Ø နားကြပ်တပ်ထားတဲ့သူဆိုတော်တော်ကိုခံရမှာ……အသံကလဲကြောက်စရာကြီး…….

Ø ကျွန်တော်လဲ ခံဖူးပါတယ်……. အမတစ်ယောက်ကနောက်တာပါ….

Ø အဲ့လိုနောက်တာလေးကတော့ ချက်တင်ဝါနုတဲ့သူတွေကိုပဲနောက်လို့ရမှာပါ…

Ø ဝါရင့်တဲ့သူတွေကတော့ ဒါတွေသိပြီးသားပါ……

Ø မသိသေးတဲ့သူများအတွက် သူများကိုနောက်လို့ရအောင် ကျွန်တော်တစ်ခုပေးခဲ့ပါမယ်…

Ø ဘာကြီးလဲဆိုတာ သေချာကြည့်ချင်ရင်ဖွင့်ကြည့်လိုက်ပေါ့…….

Ø *http://stuff.pyzam.com/toys/tictacscare.swf *ဆိုတာပါ……

Ø ( ကျွန်တော်ခံလိုက်ရတာအဲ့ဒါလိပ်စာနဲ့ပါ )

Ø အဲ့ဒီမှာသတိထားရမှာက နှလုံးရောဂါသည်တွေကိုပါ……

Ø အကယ်လို့ ဒီစာကိုဖတ်တဲ့သူထဲမှာ နှလုံးရောဂါရှိတဲ့သူတွေပါနေခဲ့ရင်
အွန်လိုင်းမှာ သူများဖွင့်ခိုင်းသမျှလိုုက်ပြီး
မဖွင့်မိပါစေနဲ့………

Ø ကိုယ်ကတော့ costume message ထဲမှာဂိမ်းရဲ့လိပ်စာကိုထည့်ထားတယ်……..

Ø ဒါလိုမျိုးတွေကိုမသိတဲ့ ချက်တင်ဝါနုသေးတဲ့သူများ ( နှလုံးရောဂါရှိသူများ )
ကသွားဖွင့်မိလို့ အခန့်မသင့်ရင်
ရှော့ဖြစ်ပြီး သေသွားနိုင်ပါတယ်……….

Ø မသေရင်လည်း အခန့်မသင့် သတိလစ်နိုင်ပါတယ်……..

Ø မတော်တဆ အိမ်မှာကိုယ်တစ်ယောက်တည်းရှိချိန် အဲ့ဒီ့ဂိမ်းတွေကိုသွားဖွင့်မိလို့
နှလုံးခုန်ရပ်သွားရင်ပြသနာ တက်ပါပြီ……..

Ø ဒါကြောင့်စာဖတ်သူကိုပြောချင်တာက နောက်ရင်လည်း တစ်ယောက်ချင်းကိုပဲ
သီးသန့်နောက်ပါ……….

Ø ခုနကလိုမျိုး အားလုံးမြင်နိုင်အောင် costume message ထဲမှာထည့်ထားတာကတော့
နှလုံးရောဂါရှိတဲ့သူတွေအတွက်မကောင်းပါဘူး…………

Ø ပြီးတော့နောက်မယ်ဆိုရင်လည်း ကိုယ်နဲ့ရင်းနှီးတဲ့သူကိုပဲနောက်ပါ…….

Ø ကိုယ်နဲ့သိပ်မရင်းနှီးသေးတဲ့သူကိုသွားနောက်ရင် ဟိုကစိတ်ကောင်းနေတုန်းဆို
ကိစ္စမရှိပါဘူး…………

Ø ဟိုကစိတ်ဆိုးနေတုန်းနောက်မိရင် အဆဲခံရနိုင်ပါတယ်………

Ø နည်းနည်းစွာတဲ့ကောင်မလေးတွေဆိုရင် ဘလော့ပါကောက်နှိပ်လိုက်ရော……..

Ø ပြီးတော့ ကိုယ့်အွန်လိုင်းချစ်သူကိုသွားနောက်ရင် စိတ်ကောက်ရကိန်းရှိပါတယ်…

Ø ဒါကြောင့်နောက်မယ်ဆိုရင်လည်း လူရွေးပြီးနောက်ဖို့နဲ့ နှလုံးရောဂါသည်တွေကို
မနောက်မိစေဖို့
သတိပေးလိုက်ပါတယ်ခင်ဗျား……………..

ချစ်သောမောင်
————————————————————————————————————————————–
*Forward Letter* *မလိုခြင်သောသူများအတွက် သတင်းကောင်း*

*ပထမဆုံး အဖြစ် Gmail*
ထဲကတစ်ခုနဲ့ စမယ်နော်။ တစ်စုံတစ်ယောက်ကို မခေါ်ချင် မပြောချင်တော့ရင်
Gmail မှာ Block ထားလို့ရတယ်။ ဒါပေမယ့် Email ကို တားထားလို့မရဘူးလေ။
အဲဒါကို မမြင်ချင်လည်း လိုက်ဖြတ်ပေးနေရတာ အလုပ်ရှုပ်ပါတယ်။ နောက်တစ်ခုက
အခုနောက်ပိုင်း လုပ်လာတဲ့ Network group တွေပေါ့ဗျာ။
ဘာတွေမှန်းလည်းမသိဘူး မေးလ်တွေဝင်တယ်။ စိတ်ရှုပ်တယ်ဗျာ။ Email Account
တစ်ခုကို မိမိသဘောအတိုင်း ပိတ်ပင်တားဆီးထားချင်ပါတယ်။ အဲဒီအတွက် ကျနော်
နည်းလမ်းတယ်ခု ပြောပြမယ်။
ဘာလုပ်ပေးမလဲဆိုတော့ မိမိသတ်မှတ်ထားတဲ့ Email address ကနေ မေးလ်
ဝင်လာတာနဲ့ ဖြတ်ချင်လား၊ ဖြတ်ပေးမယ်။
Label တစ်ခု ထဲကို အလိုလို ထည့်ပေးစေချင်လား၊ ထည့်ပေးမယ်လေ။ (ဥပမာ –
“ချစ်သူဆီမှ” ဆိုပြီး Label တစ်ခုလုပ်ထားပြီး သူ့ဆီက မေးလ်ဝင်တာနဲ့
အလိုလို အဲဒီ Label ထဲ ဝင်နေမယ်လေ။ သူပို့ထားသမျှ မေးလ်တွေကို
ခေါင်းစဉ်လေးတစ်ခု နှိပ်လိုက်တာနဲ့ အားလုံးပြပေးနိုင်မယ်ပေါ့)
အသုံးဝင်မယ်ထင်ပါတယ်။ စမ်းကြည့်ရအောင်နော် ……

မိမိ Gmail Inbox ထဲမှာ ရှိတဲ့ သူ့ဆီက မေးလ်တစ်စောင်ကို check လုပ်ပြီး
More Actions ထဲက Filter massages like these ဆိုတာကို နှိပ်လိုက်ပါ။

ထပ်ပေါ်လာတဲ့ မြင်ကွင်းရဲ့ From ဆိုတဲ့အကွက်မှာ မိမိရွေးချယ်လိုက်တဲ့
အီးမေးလ် ပိုင်ရှင်ရဲ့ လိပ်စာ ဝင်နေပါလိမ့်မယ်။ ဘာမှ ထပ်မဖြည့်ပဲ Next
Step > ကို နှိပ်နိုင်ပါတယ်။ (ဖြည့်ပေးရင်လည်း ရပါတယ်)

နောက်တစ်ဆင့်ပေါ်လာမှာကတော့ ဘာလုပ်မှာလဲဆိုတဲ့ Options တွေပဲ ဖြစ်ပါတယ်။
ကျနော်က သူ့ဆီက အီးမေးလ်တွေကို ထပ်မမြင်ချင်တော့တာဗျ။ အဲဒီအတွက် အခုလို
ရွေးချယ်လိုက်ပါတယ်။ Delete it ပေါ့ဗျာ။ Create Filter ကို
နှိပ်လိုက်ပါတယ်။ သူ့ဘေးက ဟာလေးကတော့ လက်ရှိ ရွေးချယ်ထားတဲ့ မေးလ်ကိုပါ
ပါဝင်စေဖို့ဖြစ်ပါတယ်။

ထပ်မြင်ရမှာတော့ Setting ထဲက Filter ဆီကို ရောက်သွားပါလိမ့်မယ်။
လုပ်ပြီးသား Filter တွေရဲ့ Options ကို ပြင်ဆင်ဖို့ Edit
ကိုနှိပ်နိုင်သလို၊ ဒီ Filter ကို ဖြတ်ပစ်ဖို့ Delete
ကိုနှိပ်နိုင်ပါတယ်။

မိမိ အပေါ်ကအတိုင်း ဖြတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တဲ့ မေးလ်ပိုင်ရှင်က
ဘယ်လောက်ပဲ မေးတွေ ထပ်ပို့ပို့ Trash (အမှိုက်ပုံး) ထဲအလိုလိုရောက်နေတာ
တွေ့ရပါလိမ့်မယ်။

တကယ်လို့ မိမိက ဖြတ်ချင်တာမဟုတ်ပဲ အပေါ်ဆုံးက ပြောချင်သလို Label တစ်ခု
လုပ်ထားပြီး သတ်သတ်မှတ်မှတ် လုပ်ထားချင်တယ်ဆိုပါစို့။ ခုနက
အဆင့်တွေအတိုင်းပဲ လုပ်ဆောင်ရမှာပါ။ ကွာသွားမှာကတော့ Filter ရဲ့ Options
တွေ ရွေးချယ်တဲ့ နေရမှာပဲ ကွာမှာပါ။ ခုနက Delete it ကို check
လုပ်ပေးလိုက်တဲ့ နေရာမှာ apply the label ဆိုပြီး label တစ်ခုကို
ရွေးချယ်ပေးလိုက်ပါ။ (label တစ်ခုမှ မရှိတဲ့လူကတော့ အဲဒီနေရာမှာပဲ New
label ဆိုတာကို နှိပ်ပြီး နာမည်ပေးလိုက်ရုံပါပဲ)

အပေါ်မှာ ပြောခဲ့တဲ့ အတိုင်းပဲဆက်သွားပေါ့ဗျာ ။ အခု Filter အတွက်
လုပ်ပြီးတာနဲ့ Gmail ထဲမှာ Label ဆိုတာကို ရှာပါ။ မိမိပေးထားတဲ့ Label
နာမည်ကို နှိပ်လိုက်ပါ။ အဲဒီမေးလ်ပိုင်ရှင်ရဲ့ အီးမေးလ်တွေ
(ယခုရွေးချယ်လိုက်တဲ့ မေးလ်နဲ့ ထပ်ရောက်လာမယ့် မေးလ်တွေ) ကို
ပြသပေးပါလိမ့်မယ်။

Gmail မှာပါတဲ့ Filter ကို သုံးပြီး မလိုချင်တာကိုဖြတ်၊ လိုချင်တာကို
သက်သက် ရွေးထုတ်ပေးနိုင်အောင် တင်ပြတာ ဖြစ်ပါတယ်။ ကျနော့် အရေးအသား
ညံ့ဖျင်းမှုကြောင့် နားမလည် ခဲ့ဘူးဆိုရင် ခွင့်လွတ်ပေးပါ။ ကိုယ်တိုင်လည်း
မိမိရဲ့ account နဲ့ စမ်းသပ်ကြည့်လိုက်ပါ။ အသုံးဝင်ပါစေ ……

The creator address is :
http://www.thanlonnge.com/2009/02/email.html
—————————————————————————–
Email ကျင့်ဝတ်များ –
ရှောင်ရန်
via ရွှေပြည်သူ by ရွှေပြည်သူ on 8/29/08

ကျွန်မ
Internet စသုံးဖူးတာ လွန်ခဲ့တဲ့ ရနှစ်ကျော် (၂၀၀၁ခုနှစ်) လောက်ကပါ။ လိုချင်တဲ့
အချက်အလက်ကို ခဏလေးအတွင်းမှာ
ရှာနိုင်တဲ့၊ Computer တစ်လုံးရှေ့ကနေ တစ်ကမာ္ဘလုံးအနှံ့ ရောက်အောင်
ပို့ပေးနိုင်တဲ့ Internet ကို အဲဒီအချိန်ကစပြီး စွဲလမ်းလာခဲ့တာ အခုဆိုရင်
Internet မရှိဘဲ ရက်ကြာကြာ မနေနိုင်တော့လောက်တဲ့ အထိပါပဲ။ Internet နဲ့အတူ
ကျွန်မ စွဲလမ်းမိတဲ့ နောက်တစ်ခုကတော့ Email ပါ။ လက်ခံသူဆီ
ရောက်ဖို့ရက်အတော်ကြာ စောင့်ရတဲ့ Snail Mail ကို သိပ်မနှစ်သက်တဲ့
ကျွန်မအတွက်တော့ အဖိုးတန်ပစ္စည်းတစ်ခု ရှာတွေ့လိုက်သလိုပါပဲ။ Email စသုံးခါစ
ကာလတွေကို ခုပြန်တွေးတော့ ရယ်စရာတော်တော် ကောင်းပါတယ်။ Free Email Account
တွေဖွင့်ပြီး သူငယ်ချင်းတွေ အချင်းချင်း အပြန်အလှန်ပို့ကြ၊ နောက်
ကျွန်မတို့သုံးနေတဲ့ Free Email Website တွေကို BaganNET က Ban လုပ်
လိုက်ပြန်တော့ နောက်တစ်ခု အသစ်ရှာသုံးလိုက်ကြနဲ့ တော်တော်လေး
အလုပ်လည်းရှုပ်ခဲ့ ပျော်လည်းပျော်ခဲ့ကြပါတယ်။ အဲဒီနောက် Email ကို
သူငယ်ချင်းတွေနဲ့ ဆက်သွယ်ဖို့ ပို့တာအပြင် ကိုယ်ရသမျှ စိတ်ဝင်စားစရာEmail
အားလုံးကို မျှဝေတဲ့အနေနဲ့ Forward ပြန်ပို့တဲ့အကျင့်တစ်ခုပါ စွဲလာပါတယ်။
ပို့လွန်းလို့ သူငယ်ချင်းတွေ ငြိုငြင်တာ ခံရတဲ့အထိပါပဲ။ “ငါ့ Email
စစ်လိုက်ရင် အကုန်လုံး နင့် Forward တွေချည်းပဲ” လို့ ညည်းတဲ့သူက ညည်းသလို
“Email စစ်လိုက်တိုင်း အသစ်ရောက်နေလို့ ပျော်သွားတာ။ ပြီးမှ နင့်ဆီကချည်း
ဖြစ်နေတယ်” လို့ သူ့ချစ်သူဆီက Email မျှော်နေတဲ့သူငယ်ချင်း
မြည်တွန်တောက်တီးတာလည်း ခံရဖူးပါတယ် း) နှစ်ပေါင်း အတော်ကြာ Email
ပို့နေပြီးတော့မှ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက Email ပို့ရာမှာ သိသင့်တဲ့
ဆောင်ရန်ရှောင်ရန်တွေကို ဖတ်မိပါတယ်။ Email ပို့ဖူးတဲ့သူအားလုံး
သိပြီးသားအချက်တွေ ဖြစ်နိုင်ပေမယ့် တစုတစည်းလေး ဖတ်လို့ရအောင်
ဒီနေရာကနေ
ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။
အလုပ်နဲ့ ပတ်သက်ပြီး Email ပို့ရတဲ့ လူတွေအတွက်လည်း အသုံးဝင်မယ် ထင်ပါတယ်။

Email ပို့တဲ့အခါ ရှောင်ရမယ့် အပြုအမူတွေကတော့ ~

– လူတိုင်းမသိစေချင် မဖတ်စေချင်တဲ့ စာမျိုးတွေကို Email ထဲမှာ အတတ်နိုင်ဆုံး
ထည့်မရေးပါနဲ့။ ကိုယ်သတိထားနေတဲ့ကြားက Email ဟာ နေရာမှားရောက်တတ်လို့ပါ။
ဒါကြောင့်
ကိုယ့်စာကို လက်ခံမယ့်သူ (Recipient) စာရင်းကို နှစ်ခါလောက်
သေချာပြန်စစ်ပါ။ ကိုယ့်ဆီကို တခြားလူရဲ့စာ မှားရောက်လာရင်လည်း ပို့တဲ့သူကို
အသိပေးပါ။ (တခါတုန်းက ကျွန်မ university တစ်ခုက professor တစ်ယောက် email
နဲ့ သူငယ်ချင်း email ကို မှားပို့ဖူးပါတယ်။ ရေးထားတဲ့ အကြောင်းအရာကလည်း
လျှောက်ထားတဲ့ သူ့ကျောင်းကို မတက်တော့ဘဲ တခြားကျောင်းကိုပဲ
တက်ဖြစ်မယ့်အကြောင်းပါ။ သူနဲ့မှ တည့်တည့်မှားတာကို မသိလိုက်ပါဘူး။
သူစာပြန်ရေးလာမှ သူ့ကို လူမမြင်ရဘဲ မျက်နှာတွေ အရမ်းပူမိပါတော့တယ်။ (ညီမလေး
သဲသဲ မှတ်မိမယ် ထင်ပါတယ် း) တကယ့်ကို အမှတ်တရ ကိုယ်တွေ့ပါ။)
– Attachment တွေကို Email လက်ခံမယ့်သူက လိုချင်တာမျိုး စောင့်နေတာမျိုး
မဟုတ်ရင် မလိုအပ်ဘဲ မပို့ပါနဲ့။ စာသားတွေကို Email ထဲမှာ တိုက်ရိုက်ဖတ်လိုက်တာက
Attachment ကိုဖွင့်ပြီးမှ
ဖတ်ရတာထက် အများကြီး ပိုမြန်ပါတယ်။ အဲဒီ့အပြင် စာချည်းသက်သက်ရေးထားတဲ့
Email တွေက Attachment နဲ့တွဲပို့တဲ့ Email တွေထက် Email System နဲ့
Network ကို အများကြီး ဝန်လျော့စေပါတယ်။ ပြီးတော့လည်း လူတိုင်းက တူညီတဲ့
Computer နဲ့ Software တွေ သုံးစွဲတာ မဟုတ်ကြပါဘူး။ ဒါကြောင့်
ရိုးရိုးစာသားတွေပဲ ပို့ခြင်းအားဖြင့် စာလက်ခံတဲ့သူက (ဘယ်လို computer
မျိုး software မျိုးပဲ သုံးသည်ဖြစ်စေ) ကိုယ်ရေးလိုက်တဲ့စာကို
ကောင်းကောင်းဖတ်နိုင်ဖို့ ပိုသေချာပါတယ်။
– စာတွေအားလုံးကို (အင်္ဂလိပ်လို ပို့တဲ့အခါမှာ) Capital Letter တွေနဲ့ချည်းပဲ
မရေးပါနဲ့။ အဲဒီလိုရေးတာဟာ အော်ဟစ်ပြောတာနဲ့ တူလို့ပါ။
– အဓိပ္ပါယ်ပြည့်ဝတဲ့ Subject မထည့်ဘဲနဲ့လည်း Email ကို မပို့ပါနဲ့။ Email
တွေ အများကြီးရလေ့ရှိတဲ့သူအတွက် Subject ကို ကြည့်ရုံနဲ့ ဘာအကြောင်းအရာနဲ့
ပတ်သက်တဲ့စာလည်း ဆိုတာကို မှန်မှန်ကန်ကန် ခွဲလို့မရတာ
စိတ်ရှုပ်ထွေးညစ်ညူးစရာ ကောင်းပါလိမ့်မယ်။ “Reply” button နှိပ်ပြီး Reply
ပြန်တဲ့အခါမှာလည်း အလိုအလျောက် (မူရင်း Subject ကိုယူပြီး)
ဖြည့်ပေးထားပြီးသားဖြစ်တဲ့ Subject ကလည်း ကိုယ်ရေးထားတဲ့ အကြောင်းအရာနဲ့
ကိုက်ညီကြောင်း သေချာပါစေ။
– CC (Carbon Copies) ကိုလည်း အလွန်အကျွံ မသုံးမိပါစေနဲ့။
စာလက်ခံရမယ့်သူနေရာက စဉ်းစားပေးပြီး သူဒီစာကို တကယ်ရဖို့ လိုအပ်သလားဆိုတာ
သေချာဆုံးဖြတ်ပါ။ (တနည်းအားဖြင့် စာကို မလိုအပ်တဲ့လူတွေဆီကို မပို့ပါနဲ့။)
– Chain Letter တွေကို မဖန်တီး မဖြန့်ဝေပါနဲ့။ ဒီစာတွေဟာ Network
ရဲ့တန်ဖိုးရှိတဲ့ Resource တွေကို သုံးဖြုန်းပစ်သလို လုပ်ငန်းခွင်ထဲမှာရော
Internet ပေါ်မှာပါ မသင့်တော်ပါဘူး။
(ဒီစာကို လူဘယ်နှစ်ယောက်ကို ဆက်ပြီး Forward မလုပ်ရင် ဘာဖြစ်ပါလိမ့်မယ်။
ဘယ်သူကတော့ မလုပ်မိလို့ ဘာဖြစ်သွားပါတယ် ဆိုတဲ့ Chain Letter မျိုးတွေကို
ကျွန်မသဘောမကျလွန်းလို့ ထူးထူးခြားခြား အကြောင်းအရာမပါတဲ့ စာတွေဆိုရင်
ချက်ချင်း Delete လုပ်ပစ်သလို၊ မူရင်းပို့တဲ့အကြောင်းအရာကို
အရမ်းသဘောကျရင်လည်း အဲဒီခြိမ်းခြောက်စာတွေပါတဲ့ အပိုင်းကို Delete
လုပ်ပြီးမှ သူငယ်ချင်းတွေဆီ Forward လုပ်ပါတယ်။ ကျွန်မတော့ ခုချိန်အထိ
အကောင်းပကတိပါပဲ း)
– ကိုယ့်ကို ဒေါသထွက်စေတဲ့ Email တွေကို ချက်ချင်းပြန်စာ မရေးပါနဲ့။ Email
ဟာ အသံနေအသံထားနဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှု ဘာသာဗေဒတွေကို မြင်သာအောင်
ပြသနိုင်စွမ်း မရှိသလို ဖတ်ရတဲ့စာကလည်း ကိုယ်ထင်သလို အဓိပ္ပါယ်မျိုး
ဟုတ်ချင်မှဟုတ်မှာပါ။ ခဏလောက်စောင့်ပြီးမှ Email နဲ့ အကြောင်းမပြန်ဘဲ
တခြားဘယ်လိုနည်းလမ်းတွေ သုံးပြီး အကြောင်းပြန်နိုင်မလဲလို့
စဉ်းစားဆုံးဖြတ်ပါ။
– ကိုယ့်ရဲ့ User ID နဲ့ Password တွေကို တခြားဘယ်သူ့ကိုမှ မပေးပါနဲ့။
ကိုယ့်ရဲ့ account ကို ပြုပြင်ထိန်းသိမ်းဖို့၊ ပြဿနာတွေ ဖြေရှင်းဖို့
လိုတဲ့အခါမှာ
System Administrator တွေတောင် ကိုယ့် Password ကို မသိဘဲနဲ့
လုပ်ပေးနိုင်ပါတယ်။
– တခြားသူဆီကရတဲ့ Email Message ကိုပြင်ဆင်ပြီး ကိုယ်ဘယ်နေရာမှာ
ပြင်ထားသလဲဆိုတာ ရှင်းအောင်မပြောဘဲ ထပ်ပို့တာမျိုး မလုပ်ပါနဲ့။
– တစုံတယောက် ဟန်ဆောင်ပြီး Email မပို့ပါနဲ့။ ဥပမာ – သူများရဲ့ Email
Account ကို အသုံးပြုတာမျိုးပါ။

*Copy & Paste , Ctrl + C / V ကိုသတိထားရန*်

ကျွန်တော်တို့တွေ Ctrl + C/ Copy လုပ်တယ် ပြီးရင် past လုပ်ပါတယ်။ ဒီတော့
ဒီလိုလုပ်လိုက်တဲ့ဟာ အားလုံးကို clipboard မှာယာယီသိမ်းပေးသွားတယ်။
ဒါကိုအင်တာနက်ကနေပြီးတော့ အလွယ်တကွယ် Javascripts & ASP တွေနဲ့ပေါင်းပြီး
ကြည့်လို့ရပါတယ်။

ဥပမာအနေနဲ့ကြည့်မယ်ဆိုရင်
1) Copy any text by ctrl+c
2) Click the Link: www.friendlycanadian.com/applications/clipboard.htm
3) ဒါဆိုရင် မိမိ copy ကူးထားလိုက်တဲ့ စာသားကို ၎င်း webpage
မှာမြင်ရပါလိမ့်မယ်။

ဒါကြောင့် မိမိရဲ့ password, creditcard numbers, pin စသည်တို့ကို မိမိအင်တာနက်
သုံးနေစဉ် copy မလုပ်ပါနဲ့။ မိမိရဲ့ clipboard မှ အလွယ်တကူ ခိုးယူနိုင်တယ်ဆိုတာ
သိစေချင်လို့ပါ။
ဒါကလည်း အခုအချိန်မှာ firefox မှ လွဲပြီး အခြား browser တွေမှာ
ဖြစ်တာများပါတယ်။ Browser တိုင်းမှာ လုံခြုံရေးဆိုင်ရာ script တွေကို access
လုပ်မယ် မလုပ်ဘူးဆိုတာ Inform လုပ်ပေမဲ့ user တိုင်းက message ကိုတော်တော်နဲ့
မဖတ်တတ်ပါဘူး။ yes or no ဆိုရင် ” yes” လိုက်တာပဲ။ allow or disallow ဆိုရင်
“allow” လိုက်တာပဲ။

ဒါကိုကာကွယ်ဖို့ IE မှာဆိုရင်
အောက်ပါအပိုင်း setting လုပ်မယ်။

1. Go to internet options->security

2. Press custom level

3. In the security settings, select disable under Allow paste operations via
script.

ဒါဆိုရင် လုံခြုံသွားပါပြီ။

————————————————————————————————————————–

*တကယ်လို့ သင်ဟာ **passwords ရိုက်ပြီး Login ဝင်ရမှာပျင်းရင်*
passwords တွေမေ့တတ်လို့ရှိရင် ဒါမှမဟုတ် သူများက ကိုယ့် passwords ကို
hacked မှာစိုးရင်
ပိုပြီး လုံခြုံတဲ့နည်းနဲ့ သင့်ရဲ့ computer ကို locked လုပ်ထားလို့ရပါတယ်။
လိုအပ်တာကတော့ USB stick တစ်ခုတည်းပါ..။

(My Computer>right click>Manage>Disk Management
ထဲမှာ သင့်ရဲ့ stick ကို right click>Change drive letter and
path>Change မှာ
A: လို့ ပြောင်းပေးရအုံးမယ်..Confirm လာမေးရင် Yes ကိုနှိပ်၊
ဒါဆိုရင် သင့် stick ဟာ driver letter ပြောင်းသွားပြီ..၊)
စစချင်း run ထဲမှာ syskey လို့ရိုက်လိုက် box တစ်ခုကျလာလိမ့်မယ်
အဲဒီမှာ encryption ကို enabled ဖြစ်နေအောင်ထား..
ပြီးတော့ Update ကိုနှိပ်..၊ Store startup key on floppy disk ကိုရွေးပါ..
> OK နှိပ်
Box သုံးခုကျလာလိမ့်မယ် OK ကြီးဘဲနှိပ်..
ပြီးရင် restart ချကြည့်လိုက်..
Box တစ်ခုကျလာလိမ့်မယ် Insert a key ဘာညာဘာညာ.. ဆိုပြီးတော့
အဲဒီမှာ stick မရှိရင် windows ထဲဝင်မရတော့ဘူး..
မမိုက်လား

Warning! Stick ထဲက StartKey.Key ဆိုတဲ့file ကိုမဖျက်မိစေနဲ့နော်…

—————————————————————————————–

*GTalk ပုံလေးတွေ တစ်မျိုးပြီး တစ်မျိုးပြောင်း*

အောက်မှာ ပေးထားတဲ့ ဆော့ဖ်ဝဲလ်လေးကို အရင် Install လုပ် ပေးပါ ။ ပြီးရင်
GTalk Setting နားလေးမှာ Sheel ဆိုတာလေးပေါ်လာပါလိမ့်မယ်…အဲ့
ဒီ Shell
ဆိုတာလေးကို နှိပ်လိုက်ရင် Avatar ဆိုတာလေး တွေ့ရပါမယ်…Avatar ကို
ဆက်နှိပ်ရင် Setting ဆိုတာကို တွေ့ရပါ့မယ်။ အဲ့ဒီမှာ Setting ကို
ဆက်နိုပ်လိုက်ရင်
Gtalk Shell Setting ဆိုတဲ့ Box ကျလာပါ့မယ်…
အဲ့ဒီမှာ Add button လေးကနေ ကိုယ်လိုချင်တဲ့ပုံလေးတွေထည့်ပြီး Interval
Seconds ကိုလည်း ကြိုက်သလောက်ထားပြီး သုံးလို့ရပါပြီ…
ပုံလေးတွေ တစ်မျိုးပြီး တစ်မျိုးပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်.။

အားလုံးဘဲ အဆင်ပြေကြပါစေ…..။
Attachments:

gtalkshell.zip,
619 KB

—————————————————
*ဒီ Dictionary Link လေးတွေကို G Talk ထဲမှာ Add ထားလိုက်ရုံနဲ့*
*သိချင်တဲ့ စာအဓိပ္ပာယ်တွေကို အလွယ်တကူနဲ့ အမြန်ဆုံးရှာနိုင်ပါတယ်။*
*အလွယ်တစ်ကူနစ်ထဲမှာ **add **ထားလိုက်ယုံနဲ့သူငယ်ချင်းတို့
အတွက်များစွာအသုံးဝင်မှာပါ…..*

***en2mm3@mmgeeks.org**(English to Myanmar)*
***mmgeeks.ru2mm** (Russia to Myanmar)*
** en2ar@bot.talk.google.com (English to Arabic)*
** en2de@bot.talk.google.com (English to German)*
** en2el@bot.talk.google.com (English to Greek)*
** en2es@bot.talk.google.com (English to Spanish)*
** en2fr@bot.talk.google.com (English to French)*
** en2it@bot.talk.google.com (English to Italian)*
** en2ja@bot.talk.google.com (English to Japanese)*
** en2ko@bot.talk.google.com (English to Korean)*
** en2nl@bot.talk.google.com (English to Dutch)*
** en2ru@bot.talk.google.com (English to Russian)*
** en2zh@bot.talk.google.com (English to Chinese)*
** GERMAN to ENGLISH – de2en@bot.talk.google.com*
** ARGENTINA to ENGLISH – ar2en@bot.talk.google.com*
** CHINESE to ENGLISH – zh2en@bot.talk.google.com*
** SPANISH to ENGLISH – es2en@bot.talk.google.com*
** JAPANESE to ENGLISH – ja2en@bot.talk.google.com*
** ITALIAN to ENGLISH – it2en@bot.talk.google.com*
** NETHERLANDS to ENGLISH – nl2en@bot.talk.google.com*
** RUSSIAN to ENGLISH – ru2en@bot.talk.google.com*
** KOREAN to ENGLISH – ko2en@bot.talk.google.com*

*English * *မှ မြန်မာ သို ့ ………..*
*မသိသေး မလုပ်ဖူးသေးတဲ့ သူတွေအတွက် နည်းလမ်းကောင်းလေးတစ်ခုပေးလိုက်ပါတယ်
………..
Gtalk – မှာ အင်္ဂလိပ် ကနေ မြန်မာလို ပြန်ပေးတဲ့ အရာလေးပါ။
သိပြီးသားသူတွေရှိနေရင်လည်း နားလည်ပေးပါ။
ကျနော် စူနာမီ ရဲ့ စေတနာ ရေစီး ကမ်းပြိုခြင်းလို ့ပဲ မှတ်လိုက်ပါ။
လုပ်ပုံလုပ်နည်းကတော့ Gtalk Box ရဲ့ အောက်နားမှာရှိတဲ့ Email Account တွေ
Invited လုပ်တဲ့နေရာလေး
+Add – ကို Click ခေါက်လိုက်ပါ။ ဒါမျိုးလေး=> user@gmail.com – ကိုဖျက်ပြီး
en2mm9@mmgeeks.org – ကို ဖြည့်လိုက်ပါ။ ပြီးရင် Enter – ကို ဖြည်းဖြည်း
တစ်ချက်ခြင်း သုံးချက်ခေါက်ပါ။
အဲလို Invitded လုပ်ပြီးနောက် လက္ခံလိုက်ပြီ စိမ်း သွားပြီဆိုတာနဲ ့
ကိုယ်အဓိပ္ပာယ်မသိသော စာလုံးကို အဲဒီအထဲမှာ
ချက်တင်ဝင်သလို ရိုက်ထည့်ပြီး Enter- ခေါက်လိုက်ပါ။ သူက အလိုလို မြန်မာ
ဘာသာပြန်ပေးသွားပါလိ်မ့်မယ်။
ကျနော့်ရဲ့ အွန်လိုင်းမိတ်ဆွေများ အဆင်ပြေနိုင်ပါစေ။*
—————————————————
( 5 – 5 – 2010 )

*ဒီသတင်းဟာယနေ့မနက်တွင်*
*Microsoftနှင့်Nortonတို့မှပေး**ပို့လိုက်သောသတင်းဖြစ်ပါသည်။ကျေးဇူးပြုပြီးဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ
သင်တို့ဆီသို့PowerPoint Presentation, Life
is beautifulဆိုပြီးမေးလ်တစ်ခုဝင်လာပါခဲ့လျှ**င်မဖွင့်ပါနှင့်ချက်ချင်းdeleteလုပ်ပစ်ပါ။သင်ထိုမေးကိုဖွင့်ခဲ့မိလျှင်သင်၏computer
secreen တွင် It istoo late now,your life is no
longer
beautifulဆိုသည့်စာပေါ်လာပါလိမ့်မယ်။ထိုအခါသင်၏PCမှအရာအားလုံးပျောက်ဆုံးသွားပြီးဒီမေးလ်ကိုပို့သူထံ
သင်၏ အမည်၊ e-mail
နှင့် passwordအားလုံးရောက်ရှိသွားပါလိမ့်မယ်။သည်အရာသည်အင်္ဂါနေ့
နေ့လည်ကစတင်ခဲ့သောvirusအသစ်ဖြစ်ပါသည်။ Virusဖန်တီးသူကတော့lifeowner ဟု
မိမိကိုယ်ကိုအမည်ပေးထားသူတစ်ဦးဖြစ်ပါသည်။*

3 comments

  • မန်း ရိပ်

    August 16, 2010 at 9:54 am

    အင်တာနက်စသုံးသူတွေအတွက် အသုံးဝင်တဲ့ပို့လေးပါ

  • မန်း ရိပ်

    September 5, 2010 at 3:34 am

    ဒီ Dictionary Link လေးတွေကို G Talk ထဲမှာ Add ထားလိုက်ရုံနဲ့*
    *သိချင်တဲ့ စာအဓိပ္ပာယ်တွေကို အလွယ်တကူနဲ့ အမြန်ဆုံးရှာနိုင်ပါတယ်။*
    *အလွယ်တစ်ကူနစ်ထဲမှာ **add **ထားလိုက်ယုံနဲ့သူငယ်ချင်းတို့
    အတွက် ကျေးဇူးပဲ

  • လင်းငယ်

    September 5, 2010 at 4:11 am

    တကယ်လေးစားတယ်ဗျာ။ အခုလို ချက်တင်တစ်ခုတည်းတင် သုံးနေတဲ့ လူငယ်တွေအတွက် အကျိုးရှိတဲ့ ပို့စ်တစ်ခုကို ခုလို တင်ပေးတဲ့အတွက် ကောင်းတဲ့ အချက်တစ်ချက်ပါပဲ။ နောက်လည်း ခုလို တင်ပေးပါဦးလို့ တောင်းဆိုလိုက်ပါတယ်။

Leave a Reply