ရိုးသားမှု ့ခြင်း မတူသလားလို ့ပါ

phone_kyawApril 28, 20121min857

“ခင်ဗျားရဲ  ့စားဝတ်နေရေးအတွက် ဘယ်လိုရပ်တည်နေလဲ”

သူက-

“ကျနော် မြို  ့ထဲမှာ အင်တာနက်ဆိုင်ဖွင့်ထားတယ်”

“စားလောက်လို ့လား”

“စားလောက်ယုံပါပဲ”

ခြေထောက်ကလည်းထော့နဲ ့ထော့နဲ ့။ ထောင်ထဲက ထွက်လာတာမကြာသေးတဲ့လူ။

သူ ့စီးပွားရေးအခြေအနေနဲ ့ပက်သက်ပြီး  ပွင့်ပွင့်လင်းလင်းပြောတာကို ကျနော်တို ့အစည်းအဝေးထဲမှာ အတိုင်းသားကြားနေရတယ်။ ဒီအစည်းအဝေးကို နိုင်ငံပေါင်းစုံမှာ ရောက်နေတဲ့ ၈၈-ကျောင်းသားဟောင်းတွေနဲ ့နိုင်ငံရေးကို စိတ်ဝင်စားတဲ့ လူအတော်များများတက်ကြပါတယ်။ အင်တာနက်ကနေ တက်လို ့ရတဲ့ အစည်းအဝေးတစ်ခုပါ။ ပြီးခဲ့တဲ့အပတ်ကမှ ကျနော်လည်း စိတ်ဝင်စားတာရယ်၊ အလုပ်အားနေတာကြောင့်ပါ တနေကုန်နီးပါး နားထောင်ဖြစ်ခဲ့တယ်။

ကျနော်က ဆက်ပြီး နိုင်ငံရေးကို ထောင်ကျခံ စီးပွားအပျက်ခံပြီး လုပ်နေတဲ့ပြည်တွင်းက ဆင်းရဲတဲ့ လူတွေကို လက်တွေ ့ကျကျ ကူညီချင်လို ့ သူ ့ကို ဆက်မေးပါတယ်။

“ဗိုလ်ကြီးမှာခလေးဘယ်နှစ်ယောက်ရှိလဲဗျ”

“တစ်ယောက်တည်းပါ”

သူကဆက်ပြီး ကျနော့်ကို ဗိုလ်ကြီးလို ့မခေါ်ပါနဲ ့ဗျာလို ့ပြောတာအပြင် သူ ့ရဲ  ့ရပ်တည်ချက်ကို ယုံကြည်ချက်အပြည့်နဲ ့ဆက်ပြောပါတယ်။

“ကျနော်ကျောက်ကြားမှာ ပေါက်တဲ့ကြာပဲ ဖြစ်ချင်ပါတယ်။ တကယ်လို ့ခင်ဗျားတို ့ကူညီချင်ရင် အရမ်းကို ဆင်းရဲ ဒုက္ခရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီစေချင်တယ်။ ကျနော် အဆက်အသွယ်လုပ်ပေးလို ့ရပါတယ်”

သူ ့ရဲ  ့အခက်အခဲကို မပြောပဲ သူတစ်ပါးအခက်အခဲကို စာနာနားလည်ပြီးကူညီစေချင်တဲ့လူပါလားဆိုပြီး ကျနော် မှတ်ချက်ပေးခဲ့ရပါတယ်။ အစည်းအဝေးမှာ အန်အယ်ဒီရဲ  ့လက်ရှိအခက်အခဲအခြေအနေနဲ ့အနာဂတ်မှာ လူငယ်တွေနဲ ့ပြုပြင်အစားထိုးမဲ့ပုံစံကိုလည်း သူက တစ်ခါမှ မတွေ  ့ဘူးတဲ့ ကျနော်တို ့ကို စိတ်ရှည်လက်ရှည်နဲ ့နိုင်ငံရေးသမားပီသစွာရှင်းပြနေခဲ့တယ်။ အစည်းအဝေးမှာ တက်နေတဲ့လူအားလုံးကလည်း စိတ်ဝင်တစားမေးမြန်းကြရင်း သူ  ့ရဲ  ့စီးပွားရေးအခက်အခဲတွေကို မေ့သွားခဲ့ကြတယ်။

နိုင်ငံရေးလောကမှာ အနစ်နာခံပြီး စွန် ့လွှတ်ခဲ့တဲ့လူတွေရှိသလို ခုတုံးလုပ်ပြီး ချမ်းသာသွားတဲ့လူတွေလည်း ရှိတာကို စာဖတ်သူများ သတိထားမိမှာပါ။ အထူးသဖြင့် ပြည်ပက နိုင်ငံရေးအဖွဲ  ့အစည်းတွေကို ဒီကိစ္စနဲ ့ပက်သက်ပြီး အတော်ဝေဖန်ကြတာကိုလည်းတွေ ့နေရတယ်။

ဒါပေမဲ့ တချိူ  ့သောလူတွေကတော့ သူတို ့နဲ ့မတူပါဘူး။

တနေ ့တော့ ကျနော်လည်း သင်္ကြန်မှာ အလှူအတန်းလေးလုပ်ချင်တာရယ်၊ လူ ့ဘောင်သစ်လူငယ်ရဲ  ့ဈေးရောင်းပွဲကို ကူညီချင်တာကြောင့် ထိုင်းဘတ်ငွေငါးထောင်ကို သုံးဖြစ်ပါတယ်။ ဈေးရောင်းပွဲကနေ နန်းကြီးသုတ်ပွဲပေါင်းတစ်ရာကိုဝယ်ပြီး ဒေါက်တာစင်သီယာမောင်ဆေးခန်းက လူနာတွေကို ကျွေးခဲ့တယ်။ ဒီနေရာမှာ မေဘယ်ထူးကို ကျေးဇူးတင်ပါကြောင်း တလက်စတည်းပြောချင်ပါတယ်။ လူ ့ဘောင်သစ်က ကျနော်ထွက်ထားတာ ကြာပါပြီ။ ဒါပေမဲ့ သံယောဇဉ်က မပြတ်နိုင်တော့ ကျန်တဲ့ ငွေနှစ်ထောင်ကို ကိုထွဋ်ဦးလှိုင်ကို ကူညီဖို ့ကြိုးစားခဲ့ပါသေးတယ်။သူနဲ ့ဖုန်းဆက်ပြီး စကားအတော်များများပြောဖြစ်ကြတယ်။

“ငွေနှစ်ထောင်ကို ငါ့ကိုမပေးပါနဲ ့ကွာ။ တခါတည်းသာ လှူလိုက်ပါ”

“ဘာဖြစ်လို ့လည်း။ ကျနော်ဖားနေတာမဟုတ်ဘူးနော်”

ဒီလိုပြောတော့ သူ ့ရဲ  ့ရာထူးကို သူများတွေလို အားကြမခံ ကြွားပါတယ်။

“ငါလည်းဘာကောင်မှမဟုတ်ဘူး”

သူ ့မှာ ခလေးနှစ်ယောက်နဲ ့လစာမရပဲ မဲ့ဆောက်မှာ ဖြစ်သလိုနေနေတာကို ကျနော်သိပါတယ်။  မဲ့ဆောက်ဈေးမှာတွေ ့တုန်းက သူ…ဈေးလာဝယ်နေတဲ့အချိန်နဲ့တိုးတယ်။ အဝတ်အစားအနွမ်းလေးကို ဝတ်ပြီး မိန်းမ နဲ ့ခလေးစားဖို ့အတွက် မုန် ့လာဝယ်တာလို ့သိရတယ်။ သူများတွေ ကားတွေစီး အိုင်ပေါ့တွေကိုင်နေတဲ့အချိန်မှာလည်း သူမကိုင်နိုင်ပါဘူး။ သူများတွေဆိုင်ကယ်ပိုင်လည်း သူ ့မှာမရှိပါဘူး။ သူဟာ ပါတီရဲ   ့လူကြီးတစ်ယောက်ဖြစ်သလို ၈၈-ကတည်းက ယနေ ့အထိ တော်လှန်နေတဲ့နိုင်ငံရေးသမားဖြစ်ပါတယ်။ အခြားခေါင်းဆောင်တွေလိုပဲ သူလည်း လူရာဝင်တဲ့လူတစ်ဦးပါ။ သို ့သော် ပြည်ပက အဖွဲ  ့အစည်းတွေထဲက လူတစ်ယောက်ဖြစ်ပေမဲ့ သူ ့မှာ ဘာပိုင်ဆိုင်မှု  ့မှ မရှိသလို ဘယ်သူ ့ဆီကမှလည်း လက်ဖြန် ့ခံပြီး မတောင်းခဲ့တဲ့လူတစ်ဦးပါ။

အထက်မှာပြောခဲ့တဲ့ ကိုနေမျိူးဇင်နဲ ့ကိုထွဋ်တို ့လို လူမျိူး မြန်မာ့နိုင်ငံရေးလောကမှ ဒုနဲ ့ဒေးရှိနေပါတယ်။ ကျနော်ဆိုရင်တော့ ဘာပဲ အလကားပေးပေး ယူမှာပဲ။ သူတို ့ကတော့ ကျနော်နဲ ့မတူဘူး။

“မင်းတို ့က တော်သေးတာပေါ့ကွာ။ လူနဲ ့တူအောင်နေနိုင်သေးတယ်”

ကျနော်တို ့လည်း နိုင်ငံခြားမှာ နေရပေမဲ့လုံးဝကို မပျော်ကြောင်း သူ ့ကိုပြောတော့ ဒီအတိုင်းသူ ့ရဲ  ့ ခံစားချက်ကို လေးလေးနက်နက်ကြီး ကြားရတော့ စိတ်မကောင်းပါဘူး။

“ငါတို ့တင်မကဘူး။ ငါ့ခလေးပါ ထိုင်းတွေရဲ  ့နှိမ်တာကိုခံရတယ်။ သူတို ့ခလေးတွေနဲ ့ငါ့ခလေး ကစားတာကို သူတို ့မိဘတွေကမကြိုက်ဘူး။ မကစားစေချင်ဘူး”

ဟုတ်ပါတယ်။ ထိုင်းတွေက ဗမာတွေကို အတော်နှိမ်ပါတယ်။ ဒါကိုလည်း အားလုံးသိသိကြီး နဲ ့ဘဝပေးကုသိုလ်ကံကြောင့်ဆိုပြီး ထိုင်းတွေနဲ ့တည့်အောင်ပေါင်းနေရတဲ့ ဘဝတွေပါ။

မဲ့ဆောက်မှာ နှစ်ရှည်လများ ဒီလိုဘဝနဲ ့ဖြတ်သန်းနေရတဲ့ နိုင်ငံရေးသမားတွေအများကြီးပါ။ အပြောင်းအလဲကာလမှာ တချိူ  ့သော ပြောင်းလဲတာ မြန်ကြတဲ့ ပြည်ပက နိုင်ငံရေးသမားတွေတချိူ  ့ကတော့ ရန်ကုန်ကို ချောင်းပေါက်အောင်သွားနေကြပေမဲ့ ကိုထွဋ်တို ့လို လူမျိူးအတွက်ကတော့ စိတ်ကူးယဉ်ဖို ့လောက်ပဲ ရမယ်ထင်တယ်။ ပြည်တွင်းက နိုင်ငံရေသမား၊ နယ်စပ်က သူပုန်၊ တတိယနိုင်ငံတွေက တော်လှန်သူအဟောင်းကြီးတွေဟာ ယနေ ့အထိ အပြောင်းအလဲကို မခံစားရသေးပါဘူး။

ဒါပေမဲ့လည်း သူတို ့ယုံကြည်တဲ့ ပန်းတိုင်ကို ဘာအခက်အခဲပဲဖြစ်နေပါစေ ဆက်ပြီးလျှောက်မယ်ဆိုတာကို ဦထွဋ်နဲ ့ကိုနေမျိူးဇင်တို ့လို သာမန် နိုင်ငံရေးသမားတွေရဲ  ့အဖြစ်ကို ကြည့်တာနဲ ့တင် သိသာနိုင်တယ်။ ထိပ်သီးခေါင်းဆောင်တွေကတော့ ပြောနေစရာအကြောင်းမရှိတော့ပါဘူး။

တယ်လီဖုန်းအစည်းအဝေးမှာ ငြင်းကြခုန်ကြရင်းတစ်ယောက်နဲ ့တစ်ယောက် ခင်သွားကြတယ်။ အဓိကတော့ ခံစားချက်ချင်းတူလို ့ဖြစ်မယ်။ အားလုံးလူတိုင်း မှတ်ချက်ပြုတာက ယနေ ့အထိ စစ်အစိုးရရဲ  ့လုပ်ရပ်တွေဟာ မရိုးဘူးဆိုတာပါပဲ။ သူတို ့အပြင် အစည်းအဝေးမှာ မပါတဲ့ လူ ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဗဟိုအလုပ်အမှု ့ဆောင်ကော်မတီဝင် ကိုထွဋ်ဦးလှိူင်ကလည်း သူတို ့နဲ ့တစ်သားတည်း ဖြစ်နေတာကို သတိထားမိတယ်။

“မင်းကွာ စဉ်းစားကြည့်။ ကေအန်ယူကြတော့ သမ္မတကတောင် ထွက်ပြီးတွေ ့တယ်။ အေအယ်လ်ပီကြတော့ ဗိုလ်မှုးအဆင့်နဲ့တင်ပြီးသွားတယ်။ ဒါကိုက မရိုးသားတာကွ”

ကေအန်ယူက အဖွဲ  ့အစည်းကြီးဆိုတော့ တွေ ့မှာပေါ့။ ရခိုင်အဖွဲ  ့ကလည်း လူနှစ်ယောက်ရှိလို ့လဲဆိုပြီး ကျနော်က ကန် ့လန် ့လုပ်တော့…..

သူက-

“တကမ်းတမ်းရိုးသားတယ်ဆိုရင် အဖွဲ ့ကြီးတာ ငယ်တာနဲ ့မဆိုင်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ ့အားလုံးကို တန်းတူဆက်ဆံသင့်တယ်”

သမ္မတရဲ  ့လက်တော့ပေးတဲ့အရာကို အမှတ်ရတော့မှပဲ သူတို ့ပြောတာ တအားမှန်တာပဲလို ့နိဂုံးချူပ်မိတော့တယ်။ ဘာ့ကြောင့်လဲဆိုတော့ ကေအန်ယူလို အဖွဲ ့ကြီးကလွဲရင် အခြားအဖွဲ ့တွေကို မပေးခဲ့လို ့ပါ။ တကယ်တမ်းရိုးသားတယ် တန်းတူထားတယ်ဆိုရင် အကုန်လုံးကို လက်တော့ ပေးရမှာပေါ့။ နောက်ဆုံးကျနော်သုံးသပ်ချက်ကတော့ ကေအန်ယူက ထားဝယ်ဆိပ်ကမ်းနဲ ့အခြားစီမံကိန်းတွေ ပိုင်တာဆိုတော့ မျက်နှာလိုက်တာပဲ ဖြစ်မယ်လို ့။

 

7 comments

  • ထုံးဘဲဥ

    April 28, 2012 at 11:47 am

    အားပေးသွားဘာဒယ် ကဘုန်းကျော်ရေ…

  • လူ ဟား

    April 28, 2012 at 11:50 am

    ဒါကြောင့်ပြောတာပေါ့… Bloody ဘုန်းကျော် .. ပစ်ထားလို့ မရတဲ့ သူငယ်ချင်းမျိုးပါဆိုတာ..
    ဒီလို ပို့စ်ကျပြန်တော့လည်း ဘာမှပြောစရာမရှိသလို…လက်မလေးကိုသာ ထောင်လို်က်တယ်ဗျာ…

  • sugar sugar

    April 28, 2012 at 2:30 pm

    ဒီနေ့တော့ စိတ်ကောင်းဝင်နေပုံရတယ်

  • kokothandar

    April 28, 2012 at 4:17 pm

    ရေးလိုက်ရင်တော့တစ်ယောက်ယောက်ကို ဆော်တာဘဲ အဆိုးမြင်ဝါဒသမား ဖြစ်နေတယ် တောခိုတာကလဲ
    ဒုက္ခသည်ဘဝရောက်အောင်လုပ်ပြီ အော်စီ ကို ခိုလှုံခွင့် ရအောင်လုပ်သွားတဲ့ အခွင့်ရှာသမား ဖြစ်နေတာကိုး
    နောင်မဖတ်တော့ပါဘူး ရေးသမျှ ရန်လိုနေသလို လောကကြီးတစ်ခုလုံးအပေါ် မကျေနပ်နေတဲ့ပုံ…
    လက်သီးပြင်းသတဲ့ ……အုတ်နံရံကို အားတိုင်း ထိုးနေပါလား?

  • jujuma

    April 28, 2012 at 5:04 pm

    ဒီတစ်ခါတော့အမှန်အကန်ကို အားပေးသွားပါဒယ်ဂျ …

  • Patriotic Burma

    April 28, 2012 at 11:07 pm

    Thumb up man.In this post,I’ve seen the reality.

Leave a Reply