ငါးဆရာဝန်များ

zaylayJune 14, 20101min612

Garra Rufa Obtusa ဆိုတာ ငါးဆရာဝန်လို့ တင်စားခံပြီး ထူးခြားတဲ့ ငါးအုပ်စုဝင်တွေဖြစ်ပါတယ် ။ သူတို့ကို တူရကီလို နိုင်ငံမျိုးမှာ မြောက်ဖက်
နဲ့ အတွင်းပိုင်း အထူးသဖြင့် အရှေ့အလယ်ပိုင်းတွေမှာလည်း တွေ့ရလေ့ရှိပါတယ် ။
လူတွေဟာ အဲဒီငါးတွေကို ကြီးမားတဲ့ ဘေစင်ကြီးတွေမှာ ထည့်ပြီး
အရေပြားရောဂါတွေကို စတင်ပြီး ကုသလာကြပြီ ဖြစ်ပါတယ် ။

ငါးအသေးလေးတွေဆိုရင် 43
degrees Celsius မှာ ရှင်သန်နိုင်ပါတယ် ။ သူတို့က ပုပ်ဆွေးနေတဲ့
တစ်ရှုး သေတွေကို စားသောက်ရတာ နှစ်သက်ပါတယ် ။ လူနာတစ်ယောက်က ရောဂါဖြစ်နေတဲ့
ခြေထောက်ကို ချလိုက်မယ်ဆိုရင် ငါးတွေက သူတို့ ပါးစပ်နဲ့ လိုက်တို့ပြီး
ညှင်သာစွာ တစ်ရှုးသေတွေကို ဖယ်ရှားသွားပေးမှာ ဖြစ်ပါတယ် ။

2 comments

  • azure

    June 23, 2010 at 8:00 am

    မြန်မာနိုင်ငံဘယ်အပိုင်းမှာ ဝယ်လို့ရလည်းဟင် အိမ်မှာမွေးထားချင်လို့ပါ ငါးတွေဆိုရင် ချစ်လို့ပါ ငါးရောင်းတဲ့နေရာလေးတွေသိရင်ပြောပေးကြပါဦးနော်

  • winne

    July 30, 2010 at 11:12 am

    ငါးပုံလေးပါရင် သိပ်ကောင်းမှာဘဲနော် မပါတော့ သိဘဲသိရတယ် ဘာမှန်းမသိလိုက်ဘူး

Leave a Reply