အွန်လိုင်းကနေ အဓမ္မ ခြိမ်းခြောက် ငွေတောင်းမှုများ အကြောင်း(ကောင်းဘူးနော်)

zaylayJune 14, 20101min511

အွန်လိုင်းကနေ အဓမ္မ ခြိမ်းခြောက် ငွေတောင်းမှုများ အကြောင်း

အင်တာနက် သုံးစွဲသောအမျိုး သမီး များအား အဓိက ပစ်မှတ်ထား ပြီး အင်တာနက်မှ တစ်ဆင့် ခြိမ်း ခြောက် ငွေတောင်း မှုများဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။

အသက်၁၉နှစ်အရွယ်ကျောင်း သူအမျိုးသမီးအား အမျိုးသားတစ် ဦးက
ငွေကျပ်သုံးသိန်းကို သူ့ထံသို့ ပေးပို့ရမည်၊ မပေးပါက အင်တာနက် မှတစ်ဆင့်
သူမ၏ဓာတ်ပုံများဖြန့် မည်ဟုခြိမ်းခြောက်မှုဖြစ်ပွားခဲ့သောကြောင့်

မြောက်ဥက္ကလာပရဲစခန်း တွင် အမှုဖွင့်တိုင်ကြားခဲ့ရကြောင်း သူမကပြောသည်။

“သူနဲ့တွေ့ကြတာကလည်းအွန် လိုင်းပေါ်မှာပဲ တွေ့တာပါ။ သူက
ကျွန်မရဲ့ဂျီမေးလ်ထဲကို အင်ဗိုက်လုပ် ပြီး ဝင်လာတော့ လက်ခံလိုက်တာ၊
သူနဲ့ဂျီတော့ထဲမှာ စကားပြောဖြစ် တယ်။ နောက်တော့ သူ့ရုပ်လည်း မြင်ရအောင်
ကိုယ့်ရုပ်လည်းမြင်ရ အောင်ဆိုပြီး ဗီဇက်အိုမှာ ပြောဖြစ် တယ်။
နောက်သူချစ်ခွင့်တောင်းတယ်။ လူချင်းမတွေ့ရတဲ့အတွက် ဓာတ်ပုံ
တွေပို့ပေးပါလို့ဆိုတာနဲ့ ပုံတွေပို့ပေး မိတယ်။ အခုတော့ သူက သူ့ဆီကို
ငွေသုံးသိန်းပို့ပေးရမယ်၊ မပို့ရင် ကျွန်မ ပုံတွေနဲ့စာတွေ၊
သူနဲ့ပြောခဲ့တဲ့ သမီး ရည်းစားစကားတွေကို သူ့ဝက်ဘ် ဆိုက်ပေါ်မှာ
တင်ထားမယ်လို့ပြော ပြီးခြိမ်းခြောက်တယ်။ အဲဒါ ပေးစရာ လည်းငွေမရှိဘူး၊
ကြောက်လည်း ကြောက်တာနဲ့ ရဲစခန်းမှာအမှုဖွင့် လိုက်တာပါ” ဟု အမည်မဖော်ပြလို
သောအမျိုးသမီးကပြောပြသည်။

ခြိမ်းခြောက်သောအမျိုးသားမှာ အသက် ၃ဝ ဝန်းကျင်ခန့်ရှိပြီဟု ထင်ကြောင်း၊
သူဝက်ဆိုက်တင်မည့် ပုံများမှာ သူမ၏ပုံများအား ကွန်ပျူ တာဖြင့်
ဝတ်လစ်စလစ်ပုံဖြစ်အောင် ပြုလုပ်ဖန်တီးထားသော ပုံများဖြစ် ပြီး
သူနှင့်အတူနေသည့်သဏ္ဌာန်ပုံ များကိုလည်း ဖန်တီးထားပြီး ငွေ
တောင်းခြင်းဖြစ်ကြောင်း သိရသည်။

အလားတူဖြစ်ရပ်တစ်ခုလည်း အသက် ၃ဝ ကျော်အရွယ်အိမ်ထောင် ရှင်
အမျိုးသမီးတစ်ဦးကြုံတွေ့ခဲ့ရ ကြောင်း ထိုအမျိုးသမီး၏ပြန်ပြောပြ
ချက်အရသိရသည်။

“ကျွန်မအမျိုးသားက စင်ကာပူ မှာဆိုတော့ ကျွန်မလည်း အင်တာ နက်ကို သူနဲ့
စကားပြောရအောင် မကြာခဏသုံးဖြစ်တယ်။ ဂျီတော့ သုံးရင်းနဲ့ မသိတဲ့
နာမည်တစ်ခုကို လက်ခံလိုက်တာ။ အဲဒီ့လူက အ သက် ၂၅ နှစ်လောက်တော့ရှိပြီ။ သူက
သူ့အစ်မနဲ့ နာမည်တူတယ်လို့ ပြောပြီး ခင်မင်အောင်လုပ်တာ။နောက် တော့
စာတွေအပြန်အလှန်ပို့ကြရင်း ကျွန်မအမျိုးသားလိပ်စာကိုတောင်း တယ်။
သဘောရိုးထင်ပြီး အမျိုးသား ရဲ့ဂျီမေးလ်လိပ်စာကိုပေးလိုက်မိတယ်။ နောက်တော့
ကျွန်မနဲ့ သူအပြင်မှာ တွေ့ကြတယ်။ အဲဒီမှာ ဘယ်လိုဓာတ် ပုံရိုက်လည်း မသိဘူး။
ကျွန်မမေးလ် ထဲကိုသူနဲ့ကျွန်မတွဲနေတဲ့ပုံတွေရောက် လာတယ်။ ကျွန်မလည်း
စိတ်တိုပြီး သူ့ကို ဂျီတော့ကနေ ပြောတော့ သူက အဲဒီပုံတွေ အမျိုးသားဆီပို့
မယ်ပေါ့၊ မပို့စေချင်ရင် ငွေတစ်သိန်း ပေးလို့ ပြောတယ်။ ပထမတုန်းက
တော့သူ့ကိုပေးလိုက်ဦးမလို့ပဲ။နောက် တော့တောင်းလို့ရရင် အမြဲတောင်း
နေမှာပဲလို့တွေးမိပြီး အမျိုးသားကိုပဲ အဖြစ်မှန်ပြောပြလိုက်တယ်၊ ကျွန်မ
ရဲ့ မေးလ်လိပ်စာလည်း ပြောင်းလိုက် တယ်၊ အမျိုးသားဆီကိုလည်း အ
ကျိုးအကြောင်းစုံ နားလည်အောင် ပြောပြရတာပေါ့၊ အမျိုးသားက ယုံ ကြည်လို့
တော်သေးတာပေါ့။ နို့မို့ ရင် လင်မယားတောင် ကွဲနိုင်တယ” ဟု သူမက
အဖြစ်အပျက်ကိုပြောပြ ခဲ့သည်။

အင်တာနက်သုံးရင်းဖြင့် ကိုယ် နှင့်သိကျွမ်းခြင်းမရှိသော နာမည် များအား
လက်မခံသင့်ကြောင်း အင်တာနက်ကျွမ်းကျင်သူ မောင် သောင်းမြတ်ထွန်းက
အကြံပြုပြော ဆိုသည်။

“အင်တာနက်သုံးခြင်းမှာ အ ကောင်းအဆိုးသက်ရောက်မှုနှစ်မျိုး ရှိတယ်။
အပျော်သုံးတဲ့အတွက်အချို့ မလိုလားအပ်တဲ့ ပြဿနာမျိုးတွေ
လည်းဝင်လာတတ်တယ်။ယောက်ျား လေးတွေအတွက် တော်ရုံပြဿနာ ကဖြေရှင်းလို့ရပေမယ့်
မိန်းကလေး တွေကတော့သတိထားသင့်ပါတယ်၊ လူတိုင်းကိုလက်မခံသင့်ဘူး၊ အထူး
သဖြင့် ပုံတွေအပြန်အလှန် ပို့ပေး တာ၊ ဗီဇက်အိုနဲ့ စကားပြောတာမျိုး
အပြင်မှာ လူချင်းတွေ့ဖို့ ချိန်းတာ မျိုးတွေနဲ့ကြုံလာရင် ပိုပြီးသတိထား
ဖို့လိုလာပြီ။ ကျွန်တော် သိရသ လောက် အင်တာနက်ကနေ ပုံတွေ
တင်မယ်လို့ခြိမ်းခြောက်ပြီးငွေတောင်း တာ၂၀၀ရ ခုနှစ်လောက်ကတည်း
ကဖြစ်နေတဲ့ပြဿနာပါ”ဟု သူက ပြောဆိုသည်။

Myanmar in Singapore website ( www.mysing.ning.com ) မှ ကူးယူမျှဝေပါသည်။

One comment

  • william hoe

    September 22, 2010 at 7:27 am

    လူတွေ လူတွေ … အချောင်ရအောင် လိမ်ရုံတင် အားမရလို ့ ခြိမ်းခြောက်ပီး တောင်ငွေညှစ် တတ်နေကြပါလားနော်…

Leave a Reply