သီတဂူ သုမေဓာဆေးရုံ အလှူခရီး၊ မင်္ဂလာနှစ်ပတ်လည်နှင့် ကျနော်၏ အလွဲများ (၁)

မန္တလေးဂေဇက် ဝိုင်းတော်သားတွေ သီတဂူ သုမေဓာဆေးရုံ စုပေါင်းအလှူနဲ့ ပတ်သက်ပြီး ဘာတွေရေးရရင် ဘာတွေပွားရရင်ကောင်းမလဲလို့ စဉ်းစားနေတာကြာဘီ။ ဓာတ်ပုံတွေ ရိုက်လားပြီး တင်မလား..၊ ကိုယ့်ထက် ဆရာ့ ဆရာ ရွာထဲက ဓာတ်ပုံဆရာတွေ အစွမ်းပြ ကြမှာဆိုတော့ မဖြစ်သေးဘူး။ ခရီးသွားဆောင်းပါးလိုလေး ရေးပြီးတင်ရင် ကောင်းမလား၊ ကိုယ့်ထက် အရေးအသား ညက်တဲ့ မဆူးတို့ကိုယ်တိုင် ခေါင်းဆောင် ပါဝင်တာ ဆိုတော့ သူတို့တင်တာတွေ ဖတ်ရတာ ပိုကောင်းမှာပါလေ…နဲ့ပေါ့။

ဒါနဲ့ အရင် နာရေးကူညီမှုအသင်းကို လှူတုန်းက တလွဲဖြစ်တာလေးတွေ ရေးပြီး ရွာထဲမှာ ပို့စ် စတင်ဖြစ်တာကို အမှတ်ရတာနဲ့ ရေးစရာက ရသွားတယ်။ အလှူခရီး မထွက်ခင် ခုကတည်းက လွဲနေတာကိုး။ နီကိုရဲကတော့ ကြည်ပြာရောင် နဂ္ဂတစ်များ ဆိုပြီး အလွဲတွေကို စာဖွဲ့လိုက်တာ ပေါက်သွားတယ်။ ရွာစားကျော် အလွဲတွေက ဘယ်လိုဖြစ်မလဲမသိဘူး..။ ကိုရဲဝင်းလို ရီရမှာ မဟုတ်ပေမယ့်..အားပေးကြပါအုံး။

ရွာထဲက ခင်မင်ရပါသော ရေးဖော်ရေးဖက်၊ နောက်ဖော်နောက်ဖက်၊ ဆဲဖော်ဆဲဖက်၊ အပြင်မှာမတွေ့ဖူးပေမယ့် စိတ်ထဲကရင်းနေတဲ့ မိတ်ဆွေတွေနဲ့ တွေ့နိုင်မှာမို့ အလှူခရီးအကြောင်း ဖတ်ပြီးကတည်းက လိုက်ချင်နေတာဗျ။ ဇနီးသည် ရှင်မွေးလွန်းက သွားချင်သွားပါလားလို့ ခွင့်ပြုပါရဲ့။ ကိုယ်က နေပြည်တော်ကဖြစ်လို့ ခရီးကထောက်၊ အလုပ်မှာ ခွင့်တင်ရမှာဘာညာစဉ်းစားနေရတာနဲ့ စိတ်မပိုင်းဖြတ်နိုင်ဘူး။ ကျနော့် သား သုံးနှစ်ပြည့်မွေးနေ့အမီ လေးပေါက်ဆီ လူကြုံနဲ့ အလှူငွေပဲ အရင် ထည့်ထားလိုက်တယ်။

ကျနော်က မိသားစုလိုက်လာချင်တာလို့ ပြောတော့ မဆူးကလည်း ပျော်ပျော်ပါးပါး လိုက်ခဲ့ပါ ခေါ်သေးတယ်။ ပန်းတနော်ဒေသထွက် ပစ္စည်းတွေဝယ်လို့ရအောင် ပို့ပေးမယ်လို့ မမ မန့်ထားတာလည်း ဖတ်ရတယ်ပေါ့နော်။ အင်း.. နွေရာသီရောက်တော့ ပူလာပြီလေ..။ ရှင်မွေးလွန်းကလည်း သင်ဖျူးဖျာလေးနဲ့ စက်တော်ခေါ်ရမှ အေးအေးလူလူ အိပ်နိုင်တော့မယ် ပူဆာတာလည်းကြာပါပေါ့လား။

အင်း.. ဒါနဲ့ စဉ်းစားကြည့်တော့ မေလ (၄) ရက်ဆို ကျနော်တို့ အိမ်ထောင်သက် လေးနှစ် ပြည့်ပြီ..။ မိန်းမရေ.. တို့ နှစ်ပတ်လည် အထိမ်းအမှတ် ခရီးထွက်တဲ့ အနေနဲ့ သွားကြမလား ဆွယ်ကြည့်တဲ့အခါ သူလေးက ဝမ်းပန်းတသာ အင်း..ဆိုတော့ လိုက်ဖြစ်ခဲ့ပါတော့တယ်။ ရန်ကုန်မှာလည်း တရက်လောက် ဘုရားဖူး လည်ကြအုံးမယ်။ တချက်ခုတ် လေးချက်လောက် ပြတ်မယ့်ခရီးပေါ့ဗျာ။ ရွာထဲက မိတ်ဆွေတွေနဲ့လည်း အပြင်မှာတွေ့၊ အိမ်ထောင်သက် လေးနှစ်ပြည့်ခရီးလည်းထွက်ဖြစ်၊ အချစ်တုံးလေး လိုချင်နေတဲ့ ပန်းတနော်က နာမည်ကျော် သင်ဖျူးဖျာလည်းဝယ်ရ၊ ရန်ကုန်မှာလည်း ဘုရားတွေဖူးကြမယ်လို့ စီစဉ်လိုက်ပါတော့တယ်..။

အလွဲလေးတွေအကြောင်း လာပါပြီခင်ဗျ။

ဧပြီလ ၃ဝ ရက်နေ့ကို ခွင့်ယူလို့များရခဲ့ရင် ခရီးသွားဖို့ လေးရက်တောင်အချိန်ရမှာပါ။ ဒါပေမယ့် ရှေ့နောက် ပိတ်ရက်တွေကြားရောက်နေလို့ အဲဒီရက်ခွင့်လိုချင်ရင် ပိတ်ရက်တစ်ရက်ပါ ထည့်ယူမှရမှာပါ။ ကိုယ့်အိတ်ထဲက ခွင့်ရက်လေး ပါမသွားရအောင်ရယ် ရန်ကုန်မှာပါ လည်ဖို့ရယ် မေ ၂ ရက်နေ့ပဲ ခွင့်တင် ခဲ့ရပါတော့တယ်။

နောက်တခု..။ သုံးနှစ်ပြည့်တဲ့ကလေးမှ မူကြိုကျောင်းက လက်ခံတာမို့ သားကို ကျောင်းပို့ဖို့ စောင့်နေတာ။ မူကြိုကလည်း တစ်လမှာ လဆန်း ၁ ရက်နေ့ တနေ့တည်း ကျောင်းအပ်လက်ခံပါသတဲ့။ မေဒေးက ရုံးပိတ်ရက်မို့ မေ ၂ ရက်မှာသာ ကျောင်းအပ်လက်ခံမှာပေါ့နော်..။ ကျနော်တို့ မေ ၂ ရက်နေ့ကို ခွင့်ယူထားတော့ သားကို တစ်လ ထပ်နောက်ကျပြီးမှ မူကြိုပို့ရတော့မလိုဖြစ်နေပြန်ပါပေါ့။ လွဲရပုံများရယ်.. (သားက အဲဒီ မူကြိုကျောင်းရှေ့က ဖြတ်သွားတိုင်း အဲဒါ သားသားတို့ကျောင်းနဲ့ မမောတမ်းပြောတတ်တာ၊ ကျောင်း စ တက်ရင် မစိမ်းအောင်၊ မငိုအောင် သူ့ကို ကျောင်းထဲလိုက်ပြထားလို့လည်း သူက သဘောကျနေတာ..)။ မနေ့ (သောကြာနေ့) ကတော့ မူကြိုက ဆရာမကြီးကို ရက်ကြိုပြီး ကျောင်းအပ်ပါရစေလို့ အကျိုးအကြောင်း သွားပြောကြည့်တာ လက်ခံလိုက်လို့ သားကိုတော့ မူကြိုကျောင်း အပ်ခဲ့ပါပြီ။ ကျောင်းအပ်စ လာလိုက်မလာလိုက်ဖြစ်တာ မကောင်းဖူးနော်လို့တော့ ဆရာမက မှာသေးတယ်။ ဟီး တတ်နိုင်ဘူး..။

ပြီးတော့ ဆုံရပ်ကို ဆိုက်ဆိုက်မြိုက်မြိုက်အချိန်မီရောက်ဖို့ နဲ့ လက်မှတ်ကိစ္စ။ ရန်ကုန်ကို ပိတ်ရက်တိုင်း သွား/ပြန်နေကျ ရုံးကလူတွေဆီ မေးပြီး ကျနော့်အစီအစဉ်က ဧပြီ ၃ဝ ည ၁ဝ နာရီ ကားနဲ့ လာ၊ မနက် ၄း၃ဝ လောက် ရန်ကုန်ရောက်၊ ဆုံရပ်ကို တက္ကစီလေးနဲ့ အချိန်မီပြေး… အံကိုက်ပေါ့။ မဆူးရဲ့ ခရီးစဉ်ပို့စ်မှာ တက္ကစီခမေးရင်း ဒီအကြောင်းမန့်ထားလို့ ကိုMလုလင်ကတောင် သူနဲ့ကြုံရင် အလကားလိုက်ပို့မယ် နောက်သေးတယ်။ အဲဒီမှာ အိမ်သူ ရှင်မွေးလွန်းက တညလုံးကားစီးလာတဲ့ အဝတ်အစားနဲ့ နောက်နေ့ တနေကုန် လျှောက်မသွားချင်ဘူးတဲ့ (လူမစုံခင် ခပ်သုတ်သုတ် လဲထားပေါ့လို့ ကျနော် နောက်ခဲ့သေးတယ်)။ ရေလေးမိုးလေးပါ ချိုးချင်သေးတာတဲ့။

သူဆန္ဒရှိလာရင် အစွမ်းပြနေကျ ကျနော့် ရှင်မွေးလွန်းက ဒဂုန်စင်တာ-၂ ဆုံရပ်နဲ့နီးတဲ့ သူ့အသိ တယောက်နဲ့ချိတ်မိပါတယ်။ အစောရောက်အောင်သွား၊ အသိအိမ်ဝင်၊ ရေချိုး၊ နားနားနေနေ နေပြီးမှ ဆုံရပ်ကို လမ်းလျှောက်သွားတောင်ရတယ် ဆိုပြီး စီစဉ်ကာ ၃ဝ ရက်နေ့ ညနေ ၆ နာရီ မန္တလာမင်းကား လက်မှတ် ဖြတ်လိုက်ပါတယ်။ ခုတော့ မလွဲရင် မနေနိုင်တာကလွဲလို့..။ သူချိတ်ထားတဲ့ အသိက တနင်္လာနေ့ အစည်းအဝေးရှိလို့ နေပြည်တော် ဆင်းလာမယ်တဲ့ဗျာ။

ည ၁၁း၃၀/၁၂ နာရီလောက်ရန်ကုန်ရောက်၊ တက္ကစီးတာနဲ့ဘာနဲ့ ညတစ်နာရီလောက် ဆုံရပ်ရောက်တယ်ထား၊ အဟီး.. ကျနော်တို့ စမထွက်ခင်ထိ အချိန် ၅ နာရီတောင် အမြတ်ထွက်နေပြီပေါ့ဗျာ..။ ထားပါတော့လေ..။ ကျနော်စိတ်ပူတာက ရန်ကုန်ထိရောက်ပြီးမှ အလှူသွားမယ့်ကားနဲ့ လွဲပြီး ကျန်ရစ်ခဲ့မှာ စိုးသဗျာ..။ အဲလောက်ထိ မလွဲနိုင်ဘူး မှတ်တယ်။

ကဲပါဗျာ.. စိတ်မောရတဲ့လွဲတာတွေထားလို့၊ ပျော်ပျော်ပါးပါး ဆုံကြသွားကြဖို့ စိတ်စောမိကြောင်း ပြောချင်ပါသေးတယ်..။ အဲ မေ့တော့မလို့။ မေ (၁) အလှူခရီးမှာ သကြီးပေးတဲ့ လက်ဆောင်တွေ ကံစမ်းမဲဖောက်ကြရင်း..၊ ရွာထဲက မိတ်ဆွေများ အောင်ဘာလေထီ သိန်းရာကျော်ဆုကြီးတွေ ပေါက်တဲ့ သတင်း ကြားရခြင်းတွေနဲ့ လှူကြ၊ တန်းကြ၊ ဝယ်ကြ၊ ခြမ်းကြရင်း အပျော်ပေါ်အပျော်ဆင့် ကြပါစို့ နော်..။

40 comments

  • ရွာစားကျော်

    April 28, 2012 at 9:31 pm

    လွဲနေကျ ကိုယ့်အကြောင်း ကိုယ်သိလို့ ပို့စ်ခေါင်းစဉ်မှာ အမှတ်စဉ် တပ်လိုက်တယ်..
    ခရီးစဉ်ပြီးပါက လာပါဦးမည်..မျှော်… :mrgreen: 😆

    • windtalker

      April 29, 2012 at 10:14 am

      ထီထိုးထားတယ် ။ ဘုရားရှိခိုးကန်တော့တိုင်းလဲ ဆုတောင်းတယ် ။ ထီသိန်း၁၅၀ဝ ပေါက်မှဖြစ်မယ် ။ ထီပေါက်တယ် ကြားတာနဲ ့၊ နီးစပ်ရာကနေ ပိုက်ဆံ အရင် ပြေးချေးပြီး ၊ လိုက်လာခဲ့မယ်ဗျို ့။

      • ရွာစားကျော်

        April 29, 2012 at 10:23 am

        သိန်း ၁၅၀ဝ ဆုကြီးပေါက်ပြီး စင်းလုံးငှားကားကြီးနဲ့ တဆွေမျိုးလုံး အပါခေါ်ပြီး လိုက်ခဲ့နိုင်ပါစေဗျာ
        ပိုက်ဆံများ ချေးစရာ လိုမလားဗျာ..
        ဒီစနေ တနင်္ဂနွေ မှာ လေး ငါးမောင်း လောက် အသံကျယ်ကျယ်ထုလိုက် ပြီးတာပဲ ဟဲ ဟဲ

        • windtalker

          April 29, 2012 at 11:20 am

          ပေးတဲ့ဆုနဲ ့ပြည့်ပါစေဗျား ။ ကျုပ် သိန်း၁၅၀ဝ ဆုပေါက်ရင် ရွာစားကြီး အတွက် ကြက်ကြော်ရယ် ဝီစကီ ရယ် လာပို ့ပေးမယ်နော… 🙂

  • Mလုလင်

    April 28, 2012 at 10:57 pm

    အစ်ကို့ကို ဆက်သွယ် လို့ရမယ့် ဖုန်းနံပါတ် လေး ကျွန်တော့ email ထဲ ပို့ ပေးပါလားဗျ …
    mgyinaung@gmail.com ကို ပါ။

    • Swal Taw Ywet

      April 29, 2012 at 12:51 am

      Dear Brother, Mလုလင်,
      ရွာစားကျော် showed in his post -တရေးနိုးမှာ ပြန်အိပ်မရတဲ့ထိအောင် စဉ်းစားမိနေတဲ့ မြန်မာ့လူမျိုးရေး
      Please check in it.
      Thanks for your willing to help our MG villager.

      Let’s try our best for our mother land.
      With respect,
      Swal Taw Ywet.

    • ရွာစားကျော်

      April 29, 2012 at 8:59 am

      M လုလင်ေ၇
      မေးလ် ထဲကို ဖုန်းနံပါတ် ပို့လိုက်ပီနော်.. သင့်ခ်ယူပါ..

      စွယ်တော်ရွက်ရေ
      ဝင်ပြောပေးတာ ကျေးဇူးနော်.. အလှူလိုက်ဖြစ်လား..

      • Swal Taw Ywet

        April 29, 2012 at 10:54 pm

        Dear brother, ရွာစားကျော် ,
        I could not arrive in time.
        Now still in Qatar.
        Second week of May,2012, I will arrive back to mother land.
        Next time, we can donate together ( Hopefully ).
        Please share my loving kindness to your family and all MG villagers.

        Let’s try our best for our mother land.
        With respect,
        Swal Taw Ywet.

  • kotun winlatt

    April 28, 2012 at 11:07 pm

    ဟာ….ရွာစားးကျော်လိုက်မယ့်ပေါ့…
    ကြည့်ဇမ်းးးသားးးးးရော…မယားးးးပါ အပါခေါ်ပီးးးလိုက်မှာဆိ်ုပါလားးး
    မန်းးးလေးးးက လေးးလေးးပေါက်လည်းးးမဒီပေါက်ပါခေါ်ပီးးလာမယ်လို့
    အားကျမခံကြွေးကြော်နေသလို….
    ဖရဲမကလည်းးးးသူ့ရဲ့ ချစ်ချစ်ခေါ်လာမယ်ဆိုပဲ….
    ပျော်ချာဂျီးးးးပါလားးးးးးးး။

    • ရွာစားကျော်

      April 29, 2012 at 9:59 am

      ဟုတ်တယ် ကိုထွန်းဝင်းလတ်ရေ
      ဆွေပြ မျိူးပြ ပေါ့ဗျာ.. မယားရော သားပါ ခေါ်လာခဲ့မယ်
      ကိုယ်စီ ကိုယ်စီ ရှိတဲ့လူတွေလည်း ထုတ်ပြကြ၊ မရှိသေးတဲ့ လူပျိုသိုး/ အပျိုသိုးကြီးတွေလည်း.. အဲ..အဲ ကြံကြ ဖန်ကြပေါ့.. ဒီခရီးမှာ..
      ဟီး နောက်တာနော်..

      • မဟာရာဇာ အံစာတုံး

        April 29, 2012 at 11:30 am

        အင်း .. နာလည်း ..
        မချိ ချိရာ ကြံဖန်ပြီး ခေါ်တွားအုံးမှ ..
        နို့မို့ဆို ..
        အများတကာအလယ် .. အားငယ်ချရာဂျီး … အဟီး းးးးးး
        😀

        • ဗိုက်ကလေး

          April 29, 2012 at 2:48 pm

          မပူနဲ ့
          အရူးမကြီးကို အဖော်ထည့်ပေးလိုက်မယ်

        • ရွာစားကျော်

          April 29, 2012 at 2:54 pm

          ချဉ်ချဉ် တူးတူး မူးပြီးရောတဲ့
          ရုပ်ရည် အသင့်အတင့်ရှိ တော်ဘီ ဆိုပဲ
          ခေါ်စာတောင် ပို့စ်လုပ်တင်ထားဘီ အံဇာတုုံးက 😆

  • ဦးဦးပါလေရာ

    April 29, 2012 at 12:14 am

    ဆိုင်းဆရာရေ
    အခုမှပြောတော့ အသိနောက်ကျသွားပြီ
    တကယ်တော့ စုရပ်၂ က ကျုပ်တိုက်ခန်းနဲ့ သိပ်မဝေးလှဘူး။
    ခက်တာက အဲဒီတိုက်ခန်းမှာ မနေတာ တော်တော်ကြာပြီဆိုတော့ တော်တော်သန့်ရှင်းရေးလုပ်ပြင်ဆင်ပြီးမှ ဧည့်သည်တည်းလို့ရမှာ။
    ကြိုသိရင် အခန်းကြိုရှင်းထားပြီး လိပ်စာပေးလိုက်ပါတယ်။

    • ရွာစားကျော်

      April 29, 2012 at 10:04 am

      ကျေးကျေးပါ ဦးဦးပါလေရာ..
      နောက်တခေါက် ရန်ကုန်ထွက်မယ်ဆို ကြို အကြောင်းကြားမယ်လေ 😀
      အခု Mလုလင်က သူ့အိမ်မှာ နားပြီး အတူသွားမယ်တဲ့ ခေါ်ထားတယ်…
      ရွာမိတ်ဆွေတွေက အားကိုးရတယ်… ကြည်နူးတာ.. 🙂

  • ဆူး

    April 29, 2012 at 10:14 am

    ကိုရွာစားကျော်ရေ.. အလှူ လာတဲ့ အတွက်လည်း အရမ်းကို ဝမ်းသာ ပီတိ ဖြစ်မိပါတယ်။
    ဒီအလှူကတော့ တခြားလူတွေထက် ကိုရွာစားကျော် အနေနှင့် ကြည့်မယ် ဆိုလျှင် သားမွေးနေ့ အမှတ်တရ.. မင်္ဂလာ နှစ်ပတ်လည် အမှတ်တရ အလှူနဲ့ မိသားစု ခရီးစဉ် ဖြစ်သွားပြီပေါ့။
    တကယ်လည်း ဝမ်းမြောက်ပါတယ်။
    ကိုလုလင် နဲ့ ချိတ်ဆက်လို့ အဆင်ပြေမယ် ထင်ပါတယ်။
    တခြားသော လိုအပ်ချက်များ တခုခု လိုအပ်ခဲ့ရင်တော့ ဆူး ကို ဖုန်းဆက်လိုက်ပါ။
    ကူညီနိုင်တာ အားလုံး ကူညီပေးဖို့ အသင့်ပါပဲ။

    အလွဲမပါတဲ့ ပျော်စရာ ကောင်းတဲ့ ဘဝ ခရီးလမ်းကို သာယာစွာ လျှောက်လှမ်းနိုင်ပါစေ။

  • ရွာစားကျော်

    April 29, 2012 at 10:32 am

    မဆူးရေ
    ပေးတဲ့ဆုနဲ့ ပြည့်ပါရစေဗျာ..
    ကိုလုလင်နဲ့ ချိတ်ဆက်ပြီးပါပြီ
    ဒီအလှူခရီးက တကယ့်ကို အမှတ်တရ ဖြစ်မှာပါ
    ဆေးရုံရောက်ရင် မင်္ဂလာနှစ်ပတ်လည် အမှတ်တရ သပ်သပ် ထပ်လှူဖို့ အိမ်ရှင်မနဲ့ တိုင်ပင်ထားပါတယ်..
    ဒီအလှူကို စီစဉ်သူတွေ အားတက်သရော ကူညီကြသူတွေ အားလုံးကို ကျေးဇူးတင်လျက်ပါဗျာ..

    • ဆူး

      April 29, 2012 at 1:23 pm

      မင်္ဂလာ နှစ်ပတ်လည်မှာ သိန်း ၁၅၀ဝ ဆု ကြီး ပေါက်ပါစေကွယ်။

      ဒီတပတ် ထူးထူးခြားခြား ကိုရွာစားပြောလို့ ထီ ထိုးထားတယ်.. ၂စောင် ၆၀ဝ ပေးရတယ်.. မပေါက်လည်း အဆုံး ဆိုပြီး တွက်ထိုးထားတာ.. ဟိဟိ.. ဆူး ရမဲ့ သိန်း ၁၅၀ဝ ကို ရွာစားကျော် ရချင်ရပါစေ.. ခွင့်ပြုတယ် သိလား.. အဟိ..

  • water-melon

    April 29, 2012 at 12:57 pm

    ဟွန့် သူတို့ကျတော့ မဒမ်တွေဘာတွေနဲ့
    နာ့ကျတော့ ဟွန့်
    တစ်ယောက်ထဲ ဒီနေ့ည ၈ခွဲကားနဲ့ ရန်ကုန်လာမယ်
    ဘေးမှာ ကောင်မလေးချောချောလေးကျရင်ကောင်းတယ်
    အဟိ 😀

    • ဆူး

      April 29, 2012 at 1:17 pm

      ဖရဲမ နင့် ဆုတောင်း မှားနေတယ်.. ဟိုလေ.. အစင်လေး ကျပါစေလို့ ဆုတောင်း ရမှာ.. ဟိဟိ.. (စိတ်ဆိုးနဲ့နော်)
      အားမငယ်နဲ့.. ကားပေါ်ရောက်တာနဲ့ တခါတည်း မျက်စိမှိတ်ပြီး စိတ်ကူးထဲက ဗိမ္မာန်ထဲမှာ နတ်သမီးလေးတွေ နဲ့ အပြတ်ကဲပြီး ရန်ကုန်ရောက်မှ မျက်စိဖွင့်.. ပျော်မှာပါ (အိပ်လို့)

    • ရွာစားကျော်

      April 29, 2012 at 1:23 pm

      အဲဓါ.. အဲဓါ
      ဂီဂီ ပြောနေတဲ့ မားကတ်တင်း ..ကို နင်မေ့နေတာ ဖြဲမရဲ့
      အံဇာတုံးတောင် လက်တွေ့ အကောင်အထည်ဖော်နေပြီ.. 😆
      http://myanmargazette.net/118733/society-lifestyle/aha-jokes
      လျှောက်လွှာတောင် တင်လာခဲ့ပလားမသိဘူး.. 😛

  • MaMa

    April 29, 2012 at 1:23 pm

    ရွာစားကျော်ရေ-
    Mလုင်နဲ့ အဆင်ပြေသွားပြီဆိုလို့ ဝမ်းသာပါတယ်။
    ဆူးကလည်း ပြောထားပြီးသား ဖြစ်ပေမယ့်
    ရန်ကုန်မှာ လိုအပ်တာရှိရင် အသိပေးပါလို့ ထပ်ပြောပါရစေ။

  • ဗိုက်ကလေး

    April 29, 2012 at 2:53 pm

    ကိုရွာစားကျော်ကြီး အလှူခရီးစဉ် ချောမွေ ့ပါစေဗျား..
    ကူညီမဲ့လူတွေလဲများကြီးရှိတော့ အစဉ်ပြေမှာပါ..
    ပြေပါစေ

    • ရွာစားကျော်

      April 30, 2012 at 9:53 am

      အိုကေ သွားပါပြီ ကပေါက်ဖော်ရေ
      ကိုလုလင်နဲ့ လမ်းနီမှတ်တိုင်မှာ ချိန်းထားတယ်..

  • ဆူး

    April 29, 2012 at 3:06 pm

    သဂျီးပေးတဲ့ လက်ဆောင် ရန်ကုန် ရောက်နေပြီ မို့.. ကားပေါ်မှာ မပျင်းရအောင် ကံစမ်းမဲ အစီအစဉ် နဲ့ ပျော်စရာ ကောင်းအောင် စဉ်းစားထားတာတွေ ရှိတယ်။ ကံထူးသူတွေ ၁ရက်နေ့မှာ ထွက်ပေါ် လာပါလိမ့်အုန်းမယ်။

    • Mလုလင်

      April 29, 2012 at 3:34 pm

      ခေါက်ဖုန်း သားလေး ရယ်၊ 4 GB and 8 GB .. မှော်ဆရာ့ အတွက် … ဘယ်လောက် ဂစ် တုန်း … ဗျ …

      • ဆူး

        April 29, 2012 at 3:46 pm

        လက်ဆောင်ကတော့.. ဟိုတခါ ကိုရင်ကြောင်ကြီးမြှောက်ပေးလို့ ဝယ်ထားတဲ့.. ဆမ်ဆောင်းဖုံးလေးပါပဲ..။

        Samsung SGH-A107 Dual-band GSM Cell Phone – Unlocked

        http://www.samsung.com/us/mobi…..A107ZSAATT
        အန်လေ့ာလုပ်ထားပါတယ်..တဲ့..။

        နောက်တခုက.. ပြီးခဲ့တဲ့…တခေါက်က.. ကျန်ခဲ့တဲ့..မှော်ဆရာအတွက်.. အကြွေး.. 4G USB Flash Driveလေးပါ…။
        နောက်တခုက.. 8G USB Flash Driveလေးပါ…။

        ဖုန်းလက်ဆောင်နဲ့.. 8G USB Flash Driveကို.. အလှူခရီးသွားရင်း..လမ်းမှာပဲ.. အပျော်သဘော မဲဖောက်ပြီး ပေါက်တဲ့သူယူစေချင်တာပါပဲ..။

  • mocho

    April 29, 2012 at 7:10 pm

    အားကျ လိုက်တာနော်၊ နောက် အခေါက် တွေ ကျရင်တော့လှူနိုင်၊ ပါနိုင်မယ်ထင်ပါရဲ့။
    ကို ရွာစားရေ
    ကားဆက်တိုက် စီးရမှာဆိုတော့ သားလေး ကို ဂရုစိုက် လိုက် ပါအုံးနော့။ ကလေးတွေ က ခရီးပန်း တဲ့ ဒဏ် မခံနိုင် ကြဘူး။

    • ရွာစားကျော်

      April 30, 2012 at 9:50 am

      သားက ကားစီးတာတော့ အထာကျနေပါပြီ
      သူ့မွေးပြီး သူ့အမေ ရုံးပြန်တတ်ကတည်းက ဖယ်ရီလိုက်စီးနေရတာ ဆိုတော့လေ..
      သားက လူတွေအများကြီးနဲ့ ခရီးသွားရတာလည်း ကြိုက်တယ်..
      ဂရုစိုက်ပါမယ်ခင်ဗျာ။ ခုလို စိတ်ပူပေးတာ ကျေးဇူးပါ မမိုချို။

  • Moe Z

    April 30, 2012 at 10:31 am

    ရန်ကုန်မြို့မှ ကြိုဆိုပါတယ် ရွာစားမင်းခင်ဗျား
    အလှူတော့မလိုက်နိုင်တော့လို့ အားလုံးပဲခရီးစဉ်ချောမွေ့ပါစေလို့
    ဆုတောင်းပေးပါတယ်နော်
    ဓာတ်ပုံတွေကိုတော့ စောင့်ကြည့်ဝေဖန်ပေးပါ့မယ် :mrgreen:

  • Ma Ei

    April 30, 2012 at 12:54 pm

    သားမွေးနေ့ အမှတ်တရ..
    မင်္ဂလာ နှစ်ပတ်လည် အမှတ်တရ …
    ၄ နှစ်မှ နှစ်ပေါင်းများစွာ အလွဲမပါ…
    ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေကြောင်း ဆုမွန်ကောင်းဖြင့်…

  • ရွာစားကျော်

    April 30, 2012 at 1:38 pm

    မိုးဇက်ရေ
    ပန်းစည်းလေးနဲ့ ကြိုမှာလား ရေဗူးလေးနဲ့ ကြိုမှာလား…
    စီဒိုးနားမှာ စားပွဲ အကြီးကြီးနဲ့ ကြိုပါလား.. အဲလေ.. စရိတ်ငြိမ်းတော့ ကြံနေဘီ.. :mrgreen: 😛

  • ရွာစားကျော်

    April 30, 2012 at 1:41 pm

    မိုးဇက်ရေ
    ပန်းစည်းလေးနဲ့ ကြိုမှာလား ရေဗူးလေးနဲ့ ကြိုမှာလား…
    စီဒိုးနားမှာ စားပွဲ အကြီးကြီးနဲ့ ကြိုပါလား.. အဲလေ.. စရိတ်ငြိမ်းတော့ ကြံနေဘီ.. :mrgreen: 😛

    မအိရေ..
    ဆုတောင်းလေးအတွက် ကျေးဇူးပါ ခင်ဗျ

    ပေးတဲ့ ဆုနဲ့ ပြည့်ပါရစေဗျား..

  • ရွာစားကျော်

    April 30, 2012 at 3:50 pm

    မေဒေး မွေးနေ့ရှင် သမီးလေး မေဝတီထွန်းရဲ့ မွေးနေ့အထိမ်းအမှတ် သီတဂူသုမေဓာဆေးရုံသို့ အလှူငွေ တစ်သိန်းကျပ်တိတိ ထည့်ဝင်ပေးပါရန် ကျနော့် အသိတယောက်က ယခုပဲ မှာလိုက်ပါတယ်ခင်ဗျာ..။
    အလှူငွေစာရင်း ပိတ်ထားပြီဖြစ်လို့ ဆေးရုံရောက်တဲ့ အချိန်မှာပဲ ကိုယ်စားလှူပေးလိုက်မယ်… စိတ်ကူးပါတယ်ဗျာ.။

    သမီးလေး မေဝတီထွန်း.. နောင် သက်ဆုံးတိုင် ကျန်းမာပျော်ရွှင်စွာဖြင့် အောင်မြင်ပြည့်စုံတဲ့ ဘဝ တစ်ခုကို ပိုင်ဆိုင်နိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်..။

    • ဆူး

      April 30, 2012 at 4:38 pm

      အလှူနေ့မှ လှူမယ် ဆိုတဲ့ လူတွေ လည်း ရှိသေးတာမို့ လက်ခံပါသေးတယ်။

  • Khin Latt

    April 30, 2012 at 3:58 pm

    အားလုံး အဆင်ပြေသွားလို့ ဝမ်းသာပါတယ် ရွာစားကျော်ရေ။
    ဖြစ်နိုင်တဲ့ အလွဲ တွေကို ကြိုပြီး ပလန် လုပ်ထားနိုင်သူမို့ အလေးပြုသွားပါတယ်။
    Management ကောင်းတစ်ယောက် ဖြစ်မည်လို့လဲ မှန်းဆမိပါတယ်။
    တစ်ခြား မထင်တဲ့ ပေါ့ပေါ့ပါးပါး ရီစရာ အလွဲများ ကို တော့ မျှော်သင့်သလား လို့ တွေးနေဆဲ။ 😀

  • အရင့်ရောင်

    April 30, 2012 at 4:42 pm

    လက်ကြားညှပ်ထားနော်
    ဟြေထားတယ်
    ဟဲဟဲ………..

  • ဆူး

    April 30, 2012 at 4:44 pm

    ကိုရွာစားရေ အိမ်က မထွက်သေးဘူးလား ကားဂိတ်ကို.. လွဲသွားအုန်းမယ်။

  • Swal Taw Ywet

    May 1, 2012 at 6:46 am

    Updated info-
    May 1, 2012, 6:20 am Myanmar time ( 2:50 am at Qatar ),
    Phone contact to ရွာစားကျော် ,
    He replied that Everything is OK except tyre puncture of the Bus for the donation trip.
    Now they are waiting for it’s arrival together with other villagers – Ko Pauk, M Lulin etc:
    Wishing / Share loving kindness for all MG villagers especially on Donation Trip.
    I do respect you all for your donation.

    With respect,
    Swal Taw Ywet.

  • Swal Taw Ywet

    May 1, 2012 at 6:57 pm

    Updated info-
    ( Based on Telephone conversation with Ko Pauk )
    May 1, 2012, 6:20 pm ( Myanmar time ) The donation Bus arrive back to Ba Yint Naung.
    They did a successful donation trip.
    Ma Wei Wei commented as Total donation 50 Lakhs Kyats.
    MG did a successful milestone. ( Once More )
    သာဓု၊ သာဓု၊ သာဓု။

    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

Leave a Reply