နှာတဖျားသာလိုလျှင်

zaylayJune 14, 20101min650

အလုပ်ထဲမှာ သူများ တွေထက် ပို ကြိုးစား ကြောင်း လုပ်ယူတဲ့ နည်းလမ်း လေးတွေပါ၊ အီးမေးလ် ကနေ ကောက်နုတ် ထားပါတယ်။ တချို့ အချက်တွေ မှန်သင့် သလောက် မှန်ပါတယ်၊ ကျနော် လက်ခံ နိုင်ဆုံးသော အချက် ကတော့ နံပါတ် ၆ ပါ၊ ဒီလို ခေတ်ကြီးမှာ အလွန် အရာ ရောက်ပါတယ်၊ နံပါတ် ၂ လိုလုပ်နည်း ကတော့ သူဌေးတွေ အံတို နေလောက် ပါပြီ၊ ဝန်ထမ်းတွေရဲ့ ကွန်ပြူတာ လုပ်သမျှကို နောက်ကနေ မော်နီတာ လုပ်နေတာ ထုံးစံ ပါပဲ။ ၅ နဲ့ ရ ကျတော့ သူဌေး ပေါ်မူတည် ပါတယ်၊ ကျနော့ အမြင် မှာတော့ အလုပ် ထဲမှာ သက်ပြင်းချ တာဟာ ကိုယ်ညံ့ တယ်လို့ ဝန်ခံတာ နဲ့ တူတယ်လို့ ထင်တာပဲ။ ဘာပဲ ဖြစ်ဖြစ်လေ၊ အပျင်းပြေ ဖတ်ကြည့်ပါ…

၁။ ဘယ်တော့မှ စာရွက်စာတမ်း မကိုင်ပဲ လမ်းမလျှောက် ပါနဲ့။http://www.chumpysclipart.com/images/illustrations/thumbnail/623_picture_of_a_happy_man_walking_with_a_big_bonus_check.jpg
စာရွက် စာတမ်းတွေ ကိုင်ထား ခြင်းဟာ အရေးကြီး ကိစ္စကို ဖြေရှင်း ဖို့ သွားနေတယ် လို့ ထင်စေပါတယ်။ လက်ဗလာ နဲ့ဆိုရင် ကင်တင်း သွားနေ တာနဲ့ တူပြီး၊ သတင်းစာ နဲ့ဆို အိမ်သာ ကို ဦးတည် နေတာ နဲ့တူတဲ့ အတွက် လက်ထဲမှာ ဘာရှိ ရမယ် ဆိုတာ သဘောပေါက် ရမယ်။ အထူး သဖြင့် အိမ်ကနေ အလုပ်ထဲ ရောက်တဲ့ အချိန် စာရွက် အထပ်လိုက် နဲ့ဆိုရင် မနေ့က အလုပ်တွေကို အိမ်ထိ သယ်သွား လုပ်တယ် လို့ထင်စေ နိုင်ပါတယ်။

၂။ ကွန်ပြူတာနဲ့ အလုပ်များ နေချင် ယောင်ဆောင်ပါ။Picture of an Evil Looking Obsessed Man Hacking Computers
သာမန်လူတွေ အမြင်မှာ ကွန်ပြူတာ သုံးနေတာဟာ အလုပ်လုပ် နေတာပဲ၊ ဒါကြောင့် ကွန်ပြူတာ ကို နာနာသုံး ပေးပါ၊ အီးမေးလ် သိမ်း နေတာပဲ ဖြစ်ဖြစ်၊ ချက်ရွမ်း ဝင်နေတာ ပဲဖြစ်ဖြစ်၊ ဂိမ်းကစား တာပဲ ဖြစ်ဖြစ် တခုခု လုပ်နေပါ။ ဘော့စ် မိသွားရင် ကုမ္မဏီ ရဲ့ ထရိန်းနင်းဖိုး အကုန် မခံချင်လို့ အွန်လိုင်း ထရိန်းနင်း ပရိုဂရမ် လေ့ကျင့် နေတယ် လို့ ရွှီးလိုက်ပါ။

၃။ စားပွဲပေါ်မှာ ပစ္စည်းတွေနဲ့ ရှုပ်ပွနေပါစေ။businessmen giving up and surrendering to the mountain of paperwork
အပေါ်ဆုံးက အုပ်ချုပ်မှု တာဝန်တွေ ယူထားတဲ့ သူတွေ အတွက်တော့ စားပွဲခုံ ဟာ ရှင်းကောင်း ရှင်းနေ လိမ့်မယ်၊ သာမန် ဝန်ထမ်း အတွက်တော့ စားပွဲပေါ်မှာ ရှုပ်လေ ကောင်းလေပဲ။ စာအုပ်၊ စာရွက် စတာ တွေကို အပုံ ကြီးကြီး နဲ့ မြင့်မြင့် ပုံပါ၊ အနည်းဆုံး မနှစ်က နဲ့ယှဉ်ရင် နည်းမနေ စေရဘူး။ တစုံ တယောက် လာမယ် သိရင် သူနဲ့ ဆွေးနွေး မယ့် စာရွက်ကို အပုံကြီး ကြားထဲကို ထိုးထည့် ထားပြီး သူလာတော့မှ အသေအလဲ ရှာပါ။

၄။ ဖုန်းထဲက ဗွိုက်စ်မေးလ် နဲ့ ပတ်သက်လို့။Businessman Looking and Questioning a Large Mobile Phone
ဗွိုက်စ်မေးလ် ပေးထား တဲ့လူကို ဘယ်တော့ မှ ပြန်မခေါ် ပါနဲ့၊ အလုပ်လုပ် ခိုင်းဖို့ ခေါ်တာ အဖြစ်နိုင် ဆုံးပါ။ တကယ့်ကို အရေးကြီး တဲ့ ကိစ္စ ကို လောနေရင် တော့ ထမင်းစား ချိန်မှာ ပြန်ခေါ်ပါ၊ အားလုံး ထမင်းသွားစား ကြတော့ တဖက်က ဖုန်းကိုင် မယ့်လူ မရှိ တတ်ဘူး၊ မသိတဲ့ လူကတောင် သူများ ထမင်းစားချိန် မှာ ဖုန်းဆက် တဲ့ ကိုယ့်ကို အလုပ် ကြိုးစား တယ် ထင်နိုင်ပါတယ်။

၅။ စိတ်ရှုပ်ချင် ဟန်ဆောင်ပါ။stern looking geeky businessman carrying a folder and scrolls of paper
စိတ်မရှည် ဟန်၊ စိတ်ရှုပ်နေဟန် ဆောင်ထားပါ၊ သူဌေးက အလုပ်တွေပိ နေတယ် လို့ တွေးနိုင်ပါတယ်။

၆။ နောက်ကျပြီး အလုပ်ဆင်းပါ။sleeping businessman who has decided to take a snooze or nap under his desk at work
အထူး သဖြင့် သူဌေးလည်း ရုံးထဲမှာ ရှိနေ သေးတဲ့ အခါမျိုးပေါ့၊ ခါတိုင်း အချိန် မလောက်လို့ မဖတ်ဖြစ်တဲ့ ပုံပြင် စာအုပ်၊ ဝတ္ထု စာအုပ် တွေ ဖတ်နေ နိုင်ပါတယ်၊ ပြန်တဲ့ အခါ သူဌေး မြင်အောင် သူ့ အခန်းရှေ့ ကနေ ဖြတ်ပြန်ပါ။ မဟုတ် မက အချိန် တွေ ရွေးပြီး အရေးကြီး အီးမေးလ် တွေပို့ပါ (ည ၉း၃၅၊ မနက် ရးဝ၅ စသဖြင့်)၊ နောက်ပြီး ပိတ်ရက် တွေမှာ လည်း ထိုနည်း အတိုင်း လုပ်နိုင်ပါတယ်။

၇။ သက်ပြင်းလေးလေးချပေးပါ။Picture of a Worried Depressed Man
အထူးသဖြင့် နဘေးမှာ လူတွေ ရှိတဲ့ အခါမျိုးမှာပေါ့။ ဖိအားတွေ မတရား များတဲ့ ပုံစံ ဟန်ဆောင် တာပါပဲ။

၈။ ပုံခြင်းနည်းပညာ။Picture of a Man Shoveling a Mountain of Paperwork Away from his Computer
စားပွဲပေါ်မှာ စာရွက်တွေ ပုံပြီး ထပ်ပုံစရာ နေရာ မရှိတော့ရင် ကြမ်းပြင် ပေါ်ပုံ နိုင်ပါတယ်၊ ကွန်ပြူတာ လက်စွဲ စာအုပ် ထူထူ ကြီးတွေ ဟာ အသင့်တော် ဆုံးပါ။

၉။ နက်နက်နဲနဲ စကားလုံးတွေ သုံးပါ။Picture of a Manager Talking to Two Employees
ကွန်ပြူတာ မဂ္ဂဇင်းတွေ ထဲက စကားလုံး အသစ်လေး တွေကို အခွင့်ရ တာနဲ့ ထုတ်သုံးပါ၊ အထူး သဖြင့် သူဌေးနဲ့ ဆွေးနွေးတဲ့ အချိန်မှာ များများ သုံးနိုင်ပါတယ်၊ သူ နားလည်ဖို့ အဓိက မကျပါဘူး၊ လူအထင်ကြီး ဖို့ သက်သက်ပါ။

၁၀။ ဂျာကင် ၂ထည် ဆောင်ထားပါ။ Picture of a Black Man Having a Bright Idea
တထည်ကို အမြဲတမ်း ထိုင်နေကျ ကုလားထိုင် ပေါ်လွှားထားပါ၊ အလုပ်ထဲမှာ ပဲရှိနေ သေးတယ်လို့ ထင်စေ ပါတယ်။ နောက်တထည် ကိုတော့ လပ်ယား လပ်ယား လုပ်နေတုန်း ချမ်းရင် ဝတ်နိုင်တာ ပေါ့လေ။

၁၁။ အရေးကြီးဆုံး အချက်။ angry man at work blowing his top
ဒီ အီးမေးလ် ကို သူဌေးဆီ မှားမပို့ပါနဲ့။

(ကျနော် အသံထွက်အောင် ရီမိပါတယ်)