ဘာသာရေးက..ဘာ့အရေးလဲ..

လူသားတို့သည် နေ့တဓူဝ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး။
ပညာရေး၊ သားရေး၊ သမီးရေး၊ အိမ်ထောင်ရေး၊ အစရှိသော
လူ့အရေးများကို အချိန်နဲ့အမျှ ဆောင်ရွက်နေကြသည်။
ထိုသို့ဆိုလျှင် ဘာသာရေးသည်၊ မည်သူ့အရေးလဲဆိုလျှင် ဘာသာရေးသည်လည်း လူ့အရေးပင်ဖြစ်သည်။
သို့သော် ယနေ့ဘာသာတရားများသည် လူ့အရေးဖြစ်မလာဘဲ၊ လူလွန်အရေးများ ဖြစ်နေသည်ကို တွေ့မြင်နေရပါသည်။
နိုင်ငံရေးသည်လည်း လူ့အရေးပင်ဖြစ်သည်၊ နိုင်ငံရေးသည် လူ့အရေးဖြစ်နေပါလျက် ဘာသာရေးနှင့်နိုင်ငံရေးကို ရောယှက်ခွင့်မရှိဟု မည်သည့်ပညာရှင်က ပြဌာန်းလိုက်သည်ကို စဉ်းစား၍မရအောင် ဖြစ်နေပါသည်။
ထိုအချက်ကို ပြဌာန်းလိုက်သူသည်လည်း ယနေ့ဘာသာရေး
အခြေအနေများအရ မှားမည်ဟု မဆိုသာပေ။ အဘယ့်ကြောင့်
ဆိုသော် ယနေ့ဘာသာတရားများသည် လူ့အရေးမဟုတ်၍ဖြစ် နေပါသည်။
ဘာသာရေးအား သီးသန့်ကမ္ဘာသို့ ပို့ဆောင်ထား၍ပင်ဖြစ်သည်။
ဘာသာဟူသည် အလင်းရောင်ဖြစ်ပြီး တရားဟူသည် အဆောင်ဖြစ်ပါသည်။ ထို့ကြောင့် ဘာသာတရားဟူသည် လူသားတို့အတွက် အရေးပေါင်းများစွာ ဆောင်ရွက်ရာတွင် အလင်းရောင်အဖြစ် အသုံးပြုရမည့် အဆောင်ဖြစ်ပါသည်။
ကမ္ဘာတွင် အတိုးတက်ဆုံးအရာသည် လူသားအကျိုးပြု သပ္ပံဘာသာရပ်ဖြစ်ပြီး အကျဆင်းဆုံးအရာသည် ဘာသာရေး ပင်ဖြစ်သည်။
လူသားတို့သည် မိမိဘဝအလင်းရောင်ရရှိအောင် ဘာသာတရားကို ရယူထားခြင်းမဟုတ်ဘဲ ဘာသာတရား၏ ရယူထားခြင်းကို ခံနေကြရပါသည်။
သို့ပါ၍ ဘာသာရေးသည် ဘာ့အရေးလဲ…….
လူ့အရေးဆိုသည်ကို ဘာသာရေးခေါင်းဆောင်များအားလုံး ဆောင်ရွက်ကြဖို့ နိုးဆော်အပ်ပါသည်။
ဘာသာကမိမိကိုယူသွားခြင်းမဟုတ်ဘဲ မိမိကသာ ဘာသာကို ရယူရမှာဖြစ်ကြောင်းကိုအောက်ပါလိပ်စာရှိ movie ဖိုင် (ကိုယ်ကယူထားတဲ့ ဗုဒ္ဓဘာသာဖြစ်မှသာ) ကို မျှဝေလိုက်ပါသည်။ www.ariyathitsa.org

– – – – – တရားတော်download

6 comments

  • htet way

    April 29, 2012 at 9:03 pm

    ယနေ့ဘာသာတရားများသည် လူ့အရေးမဟုတ်၍ဖြစ် နေပါသည်။
    ဘာသာရေးအား သီးသန့်ကမ္ဘာသို့ ပို့ဆောင်ထား၍ပင်ဖြစ်သည်။
    ဘာသာဟူသည် အလင်းရောင်ဖြစ်ပြီး တရားဟူသည် အဆောင်ဖြစ်ပါသည်။ ထို့ကြောင့် ဘာသာတရားဟူသည် လူသားတို့အတွက် အရေးပေါင်းများစွာ ဆောင်ရွက်ရာတွင် အလင်းရောင်အဖြစ် အသုံးပြုရမည့် အဆောင်ဖြစ်ပါသည်။

  • Onyx

    April 29, 2012 at 9:24 pm

    အဲ သိသလောက်မှီသလောက်ပြောမယ်နော် ဘာသာတိုင်းမှာ လူ့မှုရေးရာတွေကို ဆိုဆုံးမထားတာတွေ ပါပါတယ် ။ ကျွန်တော် တို့ ဘာသာမှာ ဆို ၃၈ ဖြာမင်္ဂလာ တရားဆိုတာ ဗုဒ္ဓ ဟောထားတဲ့ လူ့ကျင့်ဝတ်တွေ
    ပဲ မဟုုတ်လား ဒါကြောင့် ဘာသာရေးကို သေချာနားလည် လိုက်နာရင်တော့ လူ့အရေးကိစ္စတွေမှာ အဆင်ပြေလာပါလိမ့်မယ်လို့ ပြောချင်ပါဒလယ်ဂျာ

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 30, 2012 at 12:45 am

    ဒီပိုစ့်ကို လူမျိုးရေးငြင်းခုန်တဲ့ ပိုစ့်ရယ်
    မြန်မာစာ ဘာဖြစ်တယ်ညာဖြစ်တယ်ပိုစ့်ရယ်
    အထူးသဖြင့် မွတ်စလင်နဲ့ ဗုဒ္ဓဘာသာတွေ နောင်ဂျိမ်ချတဲ့ ပိုစ့်တွေနဲ့တွဲသင့်တယ်
    ဒါနဲ့ဇဂါးမစပ်
    အဲ့သည် ကလားဗမာ 😀 အရေးခင်းတုန်းက ခင်ဗျားက ဘယ်ချောင်မှာကွေးနေတာလည်း 😀 😀 😀

  • pazflor

    April 30, 2012 at 4:18 am

    ဒီအချက်ကို ဒီအတု်င်းပြော၍ မရပါ။ ကမာ္ဘပတ်၍ သုတေသနလုပ်ရပါမည်။
    ထို ့ကြောင့် သဂျီးထံမှ sponsor တောင်းလိုက်ပါ။

  • ဆူး

    April 30, 2012 at 10:35 am

    ဘာသာရေးက ဘာအရေးလဲ သေချာ သိချင်ရင် အာဖဂန် သွားပြီးတော့ တာလီဘန်တွေနဲ့ ညှိနှိုင်းလိုက်။ အာရပ် စော်ဘွားများနိုင်ငံကို ဆက်သွားပြီး သာသနာပြုပြီး ပြန်လာခဲ့.. စပွန်ဆာ ကတော့ သဂျီးပေးလိမ့်မယ်။ ဆရာကောင်း ရှိမှတော့ တပည့်ကောင်း ဆိုတာ ရှိလိမ့်မယ်။

  • Ko out of...

    April 30, 2012 at 10:44 am

    ိ ဘာသာတရားတိုင်းဟာ လူတွေကို ယဉ်ကျေးစေချင်လို့ လမ်းညွှန်မှု အမျိုးမျိုးပေးတာ လက်ခံပါတယ်…

    လူတွေ အသိတရားနည်းတဲ့ အချိန်တုံးက မမြင်ရတဲ့ ရှေ့ဘဝနောက်ဘဝ၊ မမြင်ရတဲ့ ငရဲဘုံနတ်ဘုံ..

    မမြင်ရတဲ့ ဖန်ဆင်းရှင်နဲ့ သူ့ကို ယုံကြည်ရင် ကောင်ကင်းနိုင်ငံတော်ရောက် ..သူ့ကို မယုံကြည်ရင် ငရဲဘုံပို့

    စသည်ဖြင့် အမျိုးမျိုး.. ခြိမ်းခြောက်၊ ချောမော့သိမ်းသွင်းလို့ ရပေမဲ့ ယခုခေတ်လူတွေက သိပ်မယုံချင်

    ကြတော့ဘူး…ဒါဘာဖြစ်လည်းဆိုတော့…မြင်ရတဲ့ ကိရိယာတွေနဲ့ လက်တွေ့သိနိုင်တာ အများကြီးရှိလာလို့ဘဲ…

    လူတွေကသိစရာတွေကို တော်တော်သိကုန်ကြပြီ..ဒါကြောင့်လူတွေ တကယ်ယဉ်ကျေးအောင် လုပ်ဖို့က

    မြတ်စွာဘုရားရဲ့ စစ်မှန်တဲ့ …ဒီအရိယာသစ္စာတရား ကဘဲလမ်းညွှန်ပေးနိုင်မယ်လို့

    ထပ့်ဆင့် ထောက်ခံပါကြောင်း….

Leave a Reply