လူတိုင်းကို ကိုယ်ချင်းစာစိတ် မွေးခိုင်းရတာ မလွယ်ကူပါဘူး..ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာတတ်လာတာ များပါတယ်..သူ ့နေရာကို ကိုယ်ကဝင်လိုက်တာဟာ ကိုယ်ချင်းစာခြင်းပါပဲ

zaylayJune 14, 20101min470

အလွန်မိုက်ရိုင်းတဲ့ ကိစ္စတစ်ခု ဒီနေ့ ကြားသိခဲ့ရပါတယ်။
ကျွန်တော့် ဆီ ရန်ကုန် က သူငယ်ချင်းတစ်ယောက် mail ပို ့လာလို ့။
ကျွန်တော့် သူငယ်ချင်း က သူ ့အစ်မ ရင်ဆိုင် ကြုံတွေ ့ခဲ့တာတွေကို ကျွန်တော့
ကိုပြောပြတယ်
ဘလောက်မှာတင်ပြီး အသိပေးပေးဖို ့ကိုလည်း ကျွန်တော့်ကို တောင်းဆိုတယ်လေ။
ဖြစ်ပုံက ဒီလို……..တဲ့

ဒီနေ့ အိမ်ပြန်လာတော့ ဒေါကြီးမောကြီးနဲ့
ကျွန်တော်က ဘာဖြစ်လာတာလဲလို့မေးတော့
ဒီလိုပြောပါတယ်
သူ့သူငယ်ချင်း ပလာဇာမှာ အကျင်္ ီသွားဝယ်တုန်းက အဝတ်လဲခန်းမှာ
အဝတ်လဲတဲ့ ပုံတွေ အင်တာနက်မှာရော ဖုန်းတွေမှာပါ ရှိတယ်တဲ့။
အဲလို ပလာဇာမှာ မိန်းကလေးတွေ အဝတ်လဲခန်းမှာ
camera တွေ တပ်ပြီး ဓာတ်ပုံတွေ ခိုးရိုက်
ပြီးတော့ forum တွေမှာတင်
ယောကျာင်္းဆိုတဲ့ကောင်တွေက အဲလိုကိစ္စတွေဆို
တခြားလူတွေပါ မျှတတ်တဲ့အကျင့်
ဖုန်းထဲမှာပုံတွေထည့်
ဖုန်းအခြင်းခြင်း bluetooth နဲ့ချိတ်ပြီးပေး
ပုံတွေကို share လုပ်ကြ
ပုံတွေကြည့်ပြီး
ပုံထဲက တစ်ယောက်ကို အပြင်မှာ မြင်တော့ ပြုံးစိစိနဲ့ကြည့်သွားကြတာ
စဉ်းစားကြည့်ဗျာ အခုတစ်ယောက်က ဆေးကျောင်းက
ဆရာဝန်ဖြစ်မယ့်သူ
အဝတ်လဲခန်းကလဲ နောက်မှာ အဖြူရောင်ကြီးကာထား
ဓာတ်ပုံထဲမှာတော့ background အဖြူကြီးနဲ့ပေါ့
မသိရင် မကောင်းတာလုပ်စားနေတဲ့ မိန်းကလေး
ဈေးခေါ်တာ ကျနေတာပဲ
တော်တော်မိုက်ရိုင်းတဲ့ကောင်တွေ
မြန်မာအချင်းချင်းဗျာ
အဲလို လူမဆန်တာတော့ မကောင်းဘူး

ဓာတ်ပုံခိုးရိုက်တဲ့ကောင်တွေ စဉ်းစားကြည့်ဗျာ
ခင်ဗျားတို့ညီမ
အဲ.. အဲလိုပြောရင် နာမှာမဟုတ်ဘူး
ခင်ဗျားတို့ ကောင်မလေး
ခင်ဗျားတို့ မိန်းမ
ခင်ဗျားတို့ သမီး
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ
ခင်ဗျားတို့ ကိုယ်ချင်းစာဖို့ကောင်းတယ်
အဲလို လူမဆန်ပဲ
ကိုယ်ကျိုးအတွက် မလုပ်သင့်ဘူး

နောက်ပြီး ဆိုင်ရှင်တွေ ခင်ဗျားတို့ကော
ဘာကြောင့် လူမဆန်တာလဲ
ခင်ဗျားတို့ စီးပွားရေးလုပ်နေတာမဟုတ်လား
ဝယ်သူကိုလေးစားပေါ့ဗျာ။
ခင်ဗျားတို့ ပိုက်ဆံရတယ် အဲလိုမျိုး camera လာတတ်ထားတဲ့ကောင်တွေက
ခင်ဗျားတို့ကို ၁ပုံဘယ်လောက်နှုန်းနဲ့ ရှင်းပေးတယ်
ခင်ဗျားတို့လည်း ကိုယ်ကျိုးအတွက်ပဲ မလုပ်သင့်ဘူး
ကျွန်တော် ထပ်ပြောမယ်
ခင်ဗျားတို့ ကောင်မလေး
ခင်ဗျားတို့ မိန်းမ
ခင်ဗျားတို့ သမီး
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ…?
နောက်ပြီး လာဝယ်တဲ့လူတွေက မိကောင်းဖခင်သားသမီးတွေ…?
အရင်ကဆို အဲလိုမျိုး ပုံတွေနဲ့ မိကောင်းဖခင်သားသမီးတွေကို
ငွေညှစ်၊ဖျက်စီးခဲ့တဲ့ အဖြစ်တွေရှိတယ်။
ကျွန်တော်သိတယ် မပြောချင်ဘူး
ပြောလို့လည်းမကောင်းဘူး။
နောက်ပြီး ကျွန်တော့်မှာ သက်သေလည်းမရှိဘူး။
ဘာပဲ ပြောပြော ကိုယ်ချင်းစာတရား
မျိုးချစ်စိတ်ဓာတ်လေး နည်းနည်းလောက် ထည့်ကြပါ

အစ်မတွေ ညီမတွေ က လည်း
အကျင်္ ီ ဝယ်တဲ့အခါ သတိထားပါ
အပေါ်ကနေပဲ ထပ်ဝတ်ကြပါ
အဲလိုပဲ တခြား စကပ်တို့ ဘောင်းဘီတို့ဝယ်လည်း သတိထားပေါ့
မြန်မာနိုင်ငံမှာ နည်းပညာခုတုံးလုပ်ပြီး
လုပ်စားနေတဲ့ကောင်တွေ ရှိတယ်

အစ်မကမေးတယ်
ဘယ်လိုလုပ်သင့်လဲဆိုတော့
ကျွန်တော်က ပြောလိုက်တယ်
တရားစွဲပေါ့
တရားမစွဲခင် အမျိုးသမီးရေးရာကို တိုင်
တရားစွဲဖို့ ဆိုင်မမှတ်မိရင် ပလာဇာကို တရားစွဲဗျာ
တစ်ရှက်ကနေ နှစ်ရှက်ထက်
တခြားလူတွေ အဲလိုမဖြစ်ဖို့လိုတယ်ထင်တယ်
အဲလိုပဲ ပြောလိုက်တယ်
အစ်မလည်း ပြန်ရောက်ကတည်းက
ပါးစပ်က တတွတ်တွတ်နဲ့ ထိုင်ဆဲနေတာ
ဆဲလို့ဘာလုပ်လို့ရမှာလဲ
ဒါကြောင့် ငါလည်း ဒီစာလေးကို နိူင်ငံခြားမှာ
BLOG တစ်ခုကို ရင်ထဲက ကိုယ်ပိုင် ခံစားချက်တွေ အားလုံးကို လွတ်လွတ်လပ်လပ်
အနှောက်အယှက်
ကင်းကင်း ရေးသားနိူင်ခွင့်ရတဲ့ သူငယ်ချင်းမင်းဆီကိုပဲရေးပို ့လိုက်တယ်ကွာ
မင်း BLOG မှာလည်း ဒီအကြောင်းရာတွေ ဖော်ပြပေးစေချင်တယ် သူငယ်ချင်းရေ။

ဒီ POST ကို COPY လုပ်၍ FWRD MAIL ဖြစ်စေ၊
မိမိတို ့ရဲ့ BLOG များတွင် ကူးယူ တင်ပြ၍ ဖြစ်စေ၊
သင့်၏ ပတ်ဝန်းကျင်မှ နီးစပ်ရာ မိတ်ဆွေ အပေါင်းအသင်းများကို အသိပေး
နှိုူးဆော်ပေးခြင်းဖြင့်
ယဉ်ကျေးသိမ်မွေ ့မှူ ့ဆိုတဲ့ကျွန်တော်တို ့ မြန်မာမိန်းကလေးများရဲ့
ချစ်မြတ်နိူးစရာ စရိုက်လေးတွေနဲ ့ကမာ္ဘပေါ်မှာ ပြိုင်စံရှား အရမ်းကို
အရှက်အကြောက် ကြီးမားတတ်ကြတဲ့
မြန်မာ့အမျိုးကောင်း သမီး ရတနာလေးများရဲ့ အရှက်နဲ ့သိက္ခာတို ့ကို
လူမဆန်စွာယုတ်မာရိုင်းစိုင်းနေကြပြီး ကိုယ်ချင်းစာတရား နဲ
့မျိုးချစ်စိတ်ဓာတ်တွေကင်းမဲ့နေကြတဲ့ သူတွေရဲ့ လုပ်ရပ်တွေမှ မိမိတို ့တတ်အားသ၍
ဝိုင်းဝန်းကာကွယ် ပေးစေလိုပါကြောင်း
ကျွန်တော် က မိတ်ဆွေများအားလုံးကို တောင်းဆိုလိုက်ပါရစေဗျာ။
forverfriends မှကူးယူဖော်ပြပါသည်။