မြန်မာကို အနိုင်ရခဲ့သဖြင့် ဘင်္ဂလားဒေချ့်နိုင်ငံတွင် အောင်ပွဲကျင်းပ

may flowersApril 29, 20121min6710

အငြင်းပွား ရေပြင်ပိုင်နက်တွင် မြန်မာကို အနိုင်ရရှိခဲ့သဖြင့် ဘင်္ဂလာဒေချ့် ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာအား ဂုဏ်ပြုသော အောင်ပွဲ အခမ်းအနားကို ဧပြီလ ၂၈ ရက်နေ့က မြို့တော် ဒက္ကားရှိ ပါလီမန် အဆောက်အအုံ ရှေ့မျက်နာစာတွင် ပြုလုပ်ခဲ့သည်။

 

 ဘင်္ဂလာဒေချ့် ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာ လူထုမှ အပ်နှင်းသော အောင်ပွဲဆုကို လက်ခံယူနေစဉ်။

အဆိုပါ ဂုဏ်ပြု အောင်ပွဲကို ဘင်္ဂလာဒေချ့်နိုင်ငံ National Citizens’ Committee မှ ကမကထပြု စီစဉ် ကျင်းပခဲ့ခြင်း ဖြစ်ပြီး အခမ်းအနားသို့ တက်ရောက်လာသူ လူပေါင်း တစ်သောင်းကျော်မှ ဘင်္ဂလာဒေချ့် အမျိုးသား သီချင်းကို ပြိုင်တူ သီဆိုကာ ဂုဏ်ပြု အောင်ပွဲကို ဆင်နွဲခဲ့ကြသည်။

အခမ်းအနားတွင် National Citizen’s Committee ဥက္ကဌ ပါမောက္ခ ဇီလူ ရာဟာမန် ဆီဒီကွီမှ ရေပြင်ပိုင်နက် အငြင်းပွားမူတွင် မြန်မာကို အနိုင်ရရှိခဲ့သဖြင့် အစိုးရအဖွဲ့ကို ဦးဆောင်သူ ဘင်္ဂလာဒေချ့် ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာသို့ ဂုဏ်ပြု ဆုတံဆိပ် တစ်ခုကို ဘင်္ဂလာဒေချ့် ပြည်သူများ ကိုယ်စား အဆိုပါ အခမ်းအနားတွင် ပေးအပ်ခဲ့သည်။

အခမ်းအနားကို ဦးဆောင်ကျင်းပသူ တစ်ဦးက ” ကျွန်တော်တို့ တိုင်းပြည်ရဲ့ လွှတ်လပ်ရေးတိုက်ပွဲ အတွင်း လူထုကို ကျွန်တော်တို့ရဲ့ အမျိုးသား ဖခင်ကြီး ရှိတ်မူဂျီဘူ ရာဟာမာန်က ဦးဆောင်မူပေးခဲ့တယ်။ အခုအခါမှာလည်း တိုင်းပြည်နဲ့ လူထုကို သူရဲ့ သမီး ရှိတ်ဟာဆီးနာက ဦးဆောင်မူ ပေးနေပြီး သူမရဲ့ မှန်ကန်တဲ့ ဦးဆောင်မူ စွမ်းရည်ကြောင့် ရေပြင်ပိုင်နက် အငြင်းပွားမူမှာ ကျွန်တော်တို့ အနိုင်ရရှိခဲ့တာ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီးနဲ့ သမီးဖြစ်သူတို့ဟာ ပြိုင်စံရှားတဲ့ ခေါင်းဆောင်တွေ ဖြစ်တယ်ဆိုတာ ကမ္ဘာ့သမိုင်းမှာ မှတ်တမ်းရေးထိုးနိုင်ခဲ့ပါပြီ” ဟု ပြောသည်။

အခမ်းအနားတွင် ဘင်္ဂလာဒေချ့် ဝန်ကြီးချုပ် ရှိတ်ဟားဆီးနာကလည်း ယခုကဲ့သို့ ပြောကြားသည်။

” ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး (ITLO) ရဲ့ ဆုံးဖြတ်ချက် အရ ဘင်္ဂလာဒေချ့်နိုင်ငံဟာ ဘင်္ဂလာပင်လယ်အော် အတွင်း ရေပြင် မိုင်ပေါင်း ၂၀ဝ ကျော် စီးပွားရေး တည်ဆောက် ပိုင်ခွင့် နဲ့ နယ်မြေဆိုင်ရာ ပိုင်ဆိုင်ခွင့် အခွင့်အရေး ရရှိခဲ့တယ်။ ဒါ့အပြင် မိုင်ပေါင်း ၂၀ဝ အပြင်ဘက် ပင်လယ်ပြင်ကိုလည်း အခိုင်အမာ ခွဲဝေ အသုံးပြုခွင့် ရခဲ့ပါတယ်။ စိန်မာတင် ကျွန်းရဲ့ ပတ်လည် ရေမိုင် ၁၂ မိုင်ကိုလည်း ဘင်္ဂလာဒေချ့်ဘက် ရရှိခဲ့ပါတယ်” ဟု ပြောသည်။

 

 အမျိုးသား သီချင်းဖြင့် အောင်ပွဲခံနေသော ပါလီမာန် အဆောက်အဦးရှေ့မှ ဘင်္ဂလီ လူထု။

၎င်းပြင် သူမက ဒီအောင်မြင်မူမှာ နောက် မျိုးဆက်သစ်များ အတွက် ဖြစ်ကြောင်း၊ ယခု အောင်မြင်မူမှာ သူမရဲ့ အောင်မြင်မူ မဟုတ်ပါကြောင်း၊ ပြည်သူများနှင့် သူမ အစိုးရကို ထောက်ခံသူများ၏ အောင်ပွဲသာ ဖြစ်ကြောင်း ပြောကြားသည်။

ဝန်ကြီးချုပ် ရှိတ်ဟာဆီးနာက ယခုကဲ့သို့ အောင်ပွဲ ရခြင်းအတွက် နိုင်ငံခြားရေး ဝန်ကြီး ဒီပူရ် မူနီ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဘင်္ဂလာဒေချ့် ရေတပ်နှင့် အနိုင်ရရှိရေး အတွက် နိုင်ငံတကာ ပင်လယ်ပြင်ဆိုင်ရာ ခုံရုံးသို့ ချဉ်းကပ်ကြိုးစား ဆောင်ရွက်ခဲ့သူများအားလည်း အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဂုဏ်ပြု အောင်ပွဲ အခမ်းအနားသို့ နိုင်ငံကျော် တေးသံရှင်များလည်း တက်ရောက်ခဲ့ပြီး ဘင်္ဂလာ အမျိုးသားရေး သီချင်းများကို သီဆို ဖြေဖျော်ခဲ့ကြသည်။

ဘင်္ဂလာဒေချ့်ဘက်က ရေပြင်ပိုင်နက် အငြင်းပွားမူတွင် မြန်မာကို အနိုင်ရရှိကြောင်း တရားဝင် ထုတ်ဖေါ် ပြောကြားထားသော်လည်း မြန်မာ အစိုးရက ဘင်္ဂလာဒေချ့်ဘက်မှ အနိုင်ရရှိခဲ့ခြင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုပြီး ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးအနေဖြင့် သမာသမတ်ကျစွာ ဆုံးဖြတ်ပေးခဲ့ကြောင်း ထုတ်ဖေါ် ပြောကြားခဲ့သည်။

မြန်မာနှင့် ဘင်္ဂလာဒေချ့် နိုင်ငံအကြား ရေပြင်ပိုင်နက် သတ်မှတ်ရေးနှင့် ပတ်သက်ပြီး နှစ်နိုင်ငံအကြား ဆွေးနွေးမူများကို ၁၉၇၄မှ ၁၉၈၆ ခုနှစ်အထိ ဝန်ကြီးအဆင့် (၂) ကြိမ် နှင့် ကျွမ်းကျင်သူ အဆင့် (၆) ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ သဘောတူညီမူ မရရှိခဲ့သဖြင့် ၁၉၈၆ ခုနှစ် ဇူလိုင်လမှ စ၍ ဆွေးနွေးမူကို ရပ်ဆိုင်းခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ် နိုဝင်္ဘာလ တွင် မြန်မာမှ အငြင်းပွားရေပြင်ပိုင်နက်တွင် ဂတ်စ် ရှာဖွေ စမ်းသပ်မူများ ပြုလုပ်ခဲ့သဖြင့် နှစ်ဘက် ရေတပ် သင်္ဘောများကို စေလွှတ်ရသည် အထိ နှစ်နိုင်ငံ အကြား တင်းမာခဲ့ကြောင်း၊ ငြိမ်းချမ်းစွာ အဖြေရှာရန် နှစ်နိုင်ငံ အကြား သဘောတူညီမူ ရရှိခဲ့သဖြင့် တင်းမာမူ ပြေလျော့ခဲ့ကြောင်း၊ ၂၀၀၈ ခုနှစ်မတ်လမှ ၂၀၀၉ ခုနှစ် ဇူလိုင်လအထိ နှစ်နိုင်ငံအကြား ကျွမ်းကျင်သူ အဆင့် (၄) ကြိမ်တိုင်တိုင် ဆွေးနွေး ခဲ့ကြောင်း၊ သို့သော်လည်း အဖြေမရသဖြင့် နှစ်နိုင်ငံ အနေဖြင့် ကုလသမဂ္ဂလက်အောက်ခံ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ခုံရုံး ITLO တွင် ဖြေရှင်းရန် သဘောတူညီခဲ့သဖြင့် ITLO က ၂၀၁၂ ခုနှစ် မတ်လ ၁၄ ရက်နေ့က အပြီးသတ် ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

 

မှက်ချက်။  ။နိရဉ္စရာ သတင်းဌာနမှ ကူးယူဖော်ပြပါသည်။

10 comments

  • Onyx

    April 29, 2012 at 8:48 pm

    ITLO ကနေဘယ်လို ဆုံးဖြတ်ခဲ့ သလဲ တော့ မသိပါဘူး ဒီကနေ့ပဲ စစ်သူကြီးမဟာဗန္ဓုလ အကြောင်းဖတ်နေတာ အဲနေရတွေက အရင် မြန်မာ နောက်ဆုံး မင်းဆက်တုန်းကတော့ လက်အောက်ခံနယ်တွေပါပဲ ။ အင်္ဂလိပ်က သိမ်းပြီးမှ မြန်မာနိုင်ငံ မြေပုံက ပိုပြီး သေးသွားခဲ့တာပါလို့
    သိသလောက်လေးပါ မှားချင်လဲ မှာနေမှာမို့ ပြောတော့ ဘူး ။သူတို့ကတော့ ပျော်ပေါ့ပျော်နိုင်ကြတဲ့ သူတွေကိုးလို့

  • ကိုရင်မောင်

    April 29, 2012 at 9:00 pm

    သူတို့နိုင်ငံများတော့..တိုင်းပြည်ချစ်တဲ့ခေါင်းဆောင်လဲရှိအားကျလိုက်ပါဘိ..
    တိုင်းပြည်အကျိုးစွမ်းစွမ်းတမံလုပ်ဆောင်ပေးခဲ့တယ်အတွက်
    ပြည်သူရဲ့ချစ်ခင်လေးစားမှု့ကိုခံယူလိုက်နိုင်ပါပြီ…..
    ဒို့များခေါင်းရှောင်တွေမှာတော့ ကိုယ်ကျိုးရှာလို့ကိုမဝနိုင်
    ကိုယ့်နယ်မြေပါသွားလို့ရှက်ရကောင်းမှန်းမသိ
    တိုင်းပြည်သယံဇာတတွေကိုကိုယ်ပိုင်ပစ္စည်းအမှတ်နဲ့ရောင်စား
    ခုချိန်ထိအာဏာရူးလို့ကိုမဝနိုင်ပါလားနော်…..

  • က်ိုကိုအိုဗာ

    April 29, 2012 at 11:46 pm

    ဝုတ်ပ ဝုတ်ပ

  • ဆူး

    April 30, 2012 at 10:15 am

    သူတို့က ပိုလို့ ပျော်တယ် ဒို့က ပဲ့ သွားလို့ ဝမ်းနည်းတယ်။

  • kaung kin pyar

    April 30, 2012 at 2:27 pm

    မြန်မာ့အားကစားကတော့ ဘယ်နားလွှမ်းနေလဲ သိပါဝူး…။ ဒီအတွက်သုံးဖို့ ထွက်ထွက်သွားတဲ့ ဒေါ်လှလေးတွေတော့ မြင်ယောင်နေတယ်…။ ဆင်းရဲနွမ်းပါးသူတွေ..။ မိဘမဲ့ကလေးတွေ၊ အနာကြီးရောဂါသည်တွေ၊ HIV ကလေးတွေ…..ဒန်ပေါက်ဆိုတာ ကြားဖူးပြီး မစားဖူးဘဲ သေသွားတဲ့သူတွေ…….ဪ…အမျှ….အမျှ….

  • may flowers

    April 30, 2012 at 2:51 pm

    မြန်မာနိုင်ငံဘက်ကပြောတော့လဲ မရှုံးဘူးတဲ့…ဘင်္ဂလားဘက်ကလဲ နိုင်တယ်တဲ့

    အမငေး….ဘူတွေပြောဒါယုံရမှာရဲဟင်။ သိတူတတ်သူ..ဆြာကြီးများရှိက ပြောပြပေး

    ပါအုံးးးးးး

  • kai

    April 30, 2012 at 3:22 pm

    မြန်မာတွေရဲ့ဓါတ်ငွေ့ထုတ်နေတဲ့ ဇုံလုပ်ကွက်တွေပဲ့မပါသွားတာမို့.. မြန်မာမရှုံးဖူးလို့ဆိုချင်ပါတယ်..
    ယူအက်စ်နဲ့… အဆက်အသွယ်မကောင်းခင်.. တနှစ်လောက်စောပြီး.. တရားရေး(ITLO)ကဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့.. အခြေအနေတွေ.. တမျိုးပြောင်းကုန်နိုင်တယ် ထင်ရတာပါပဲ..။

    အခုတော့… အခြေအနေ..အချိန်အခါ အဆင်သင့်သွားတယ်ပဲဆိုပါစို့..
    ဒီအချိန်ရောက်အောင်.. တမင်တကာကို.. ရည်ရွယ်ချက်ရှိရှိ… ချိန်ဆပြီးစီစဉ်ထားခဲ့တယ်ဆိုရင်တော့.. မြန်မာအစိုးရအဖွဲ့လုပ်ချက်တွေကို အသိအမှတ်ပြုရမှာပါ..။

    ဆိုတော့…
    ဘင်္ဂလီတွေပျော်ပါစေဗျာ..။ အရှိန်နဲ့လှိမ့်နေကြပစေ..။ :mrgreen:

  • Onyx

    April 30, 2012 at 3:28 pm

    တို့က ရှုံးတာ ပေါ့ကွယ် ပြောပြီလား အဲ ဒါတွေက မြန်မာ ပိုင်တွေပါလို့ ဒါကြောင့်ပြောတာပေါ့ စိတ်ညစ်ပါဒလယ်လို့ မြန်မာပိုင်တွေကို သူများကို ဖဲ့ ပေးလိုက် နိုင်ငံ ခြားကို လဲ ရောင်းစားလိုက်(တရုတ်+ကုလား) ကုန်ပါပြီဂျာ မြန်မာ နိုင်ငံက အရင်က အင်တာနက်က ကြည့်ရင် နိုင်ငံရဲ့ တော်တော် များများ စိမ်းနေတာကို တွေရခဲ့တယ်လေ အခုတော့ ဘယ်ကြည့်ကြည့် တောင်ကတုံး တွေပဲမြင်ရမယ် ။ အဲဒါပေါ့ မြန်မာ လူမျိုးတွေ အလျှူအတန်း ရက်ရောပါတယ်လို့။ သူတို့က သက်သေ ပြပေးတာနေမှာ။ အခုတော့ ကုန်ပြီ ပါကုန်ပြီ လူမျိုးတွေတောင်
    ကျန်ပါအုန်းတော့မလား တွေးရင်းတွေးရင်း ရင်လေးပါဒလယ်။

  • may flowers

    May 1, 2012 at 1:19 pm

    အော် တို့ရွာထဲမှာတောင် ဘယ်သူနိုင်တယ် ဘယ်သူရှုံးတယ် ဆိုတာအဖြေမတူကြဘူးပဲ။

    ကဲပါလေmay flowers ပဲ ကိုယ်တိုင်အနိုင်အရှုံး ဆုံးဖြတ်လိုက်ပါတော့မယ်။

    ဘင်္ဂလားကလဲ နိုင်သောကြောင့် အောင်ပွဲများဆက်လက်ကျင်းပစေ။

    မြန်မာကလဲ မရှုံးသောကြောင့် ပင်လယ်ပြင်မှ ဓါတ်ငွေ့များကို ထုပ်ယူကာ ဆွေမျိုးပေါက်ဖော်များအားရောင်း

    စေ။ ပြီးမှ ရရှိလာသောငွေများဖြင့် မြန်မာပြည်အတွက် လိုအပ်သော လျှပ်စစ်ဓါတ်အားများအား ဆွေမျိုးပေါက်

    ဖော်ကြီးများထံမှ ပြန်လည်ကာ ဝယ်ယူစေ။

Leave a Reply