မိန်းမသား ညီမငယ်များသို့ပေးစာ (၂)

zaylayJune 14, 20101min651

စိတ်ရိုင်းဝင်စ ညီအစ်မများသို့

အကြောင်းအမျိုးမျိုးကြောင့် လူတိုင်းစိတ်ရိုင်းကလေးများ ဝင်တတ်ကြပါသည်။
အချို့မိန်းကလေးများ သည် စီးပွားရေးအကြပ်အတည်းများကြောင့် လည်းကောင်း၊
ပေါ့တန်သောစိတ်ရင်းခံတို့ကြောင့် လည်းကောင်း၊ ရန်ကြွေးရန်စများကို
လက်စားချေလိုသောကြောင့် လည်းကောင်း၊ မော်ချင်ကြွားချင်သော စိတ်ရိုင်းလေး
များကြောင့် လည်းကောင်း လူချမ်းသာ အိမ်ထောင်သည်များကို မြှူဆွယ်ဆက်ဆံမိ
တတ်ကြသည်ကို ယခုဆယ်စုနှစ်ပိုင်းတွင် ပိုမိုတွေ့လာ ရလေသည်။ တကယ်တမ်းတော့
လွန်ခဲ့သော နှစ်၂၀၊ ၃ဝခန့်က သည်လို မိန်းကလေးမျိုး လူတစ်သိန်း တွင်
တစ်ယောက်ခန့်သာရှိတတ်ခဲ့သော်လည်း စာရေးသူမှာ ခရီးသွား လုပ်ငန်းကို
လုပ်ကိုင်လာရင်း လူပေါင်းစုံနှင့် ဆက်ဆံလာရသောအခါ ဒါမျိုးချည့်ဟု
မပြောလိုသော်လည်း မိန်းမငယ်လေးများ အကျင့် စာရိတ္တလက်တစ်လုံးခြား
ပျက်ပြားမှုများကို တော် တော်များများ တွေ့ကြုံရသဖြင့် သတိပေးသင့်သော
အနေအထားတစ်ရပ်သို့ ရောက်လာပြီဖြစ်သော ကြောင့်သာ မျက်စိရှက်လှသည်ကို
သည်းမခံနိုင် တော့သဖြင့် လက်ရှက်ရှက်ဖြင့် ရေးသားသတိပေး လိုက်ရခြင်း ဖြစ်ပါသည်။

ထိုထိုသော မိန်းမဆိုးလေးများသည် သူတပါးဧ။် အပျော်မယား၊ မယားငယ်ဖြစ်စေရန်တော့ ဘဝ
ရည်မှန်းချက်အဖြစ်မည်သည့်အခါမှ ထားကြမည်မဟုတ်တာတော့ သေချာပါလေသည်။ မိမိကိုယ်ကို
လည် လှပြီထင်မှတ်ကာ ထိုအိမ်ထောင်သည်ယောက်ျားကြီးများကို တဏှာမွှန်သော
လူအိုကြီးများဟု အထင်သေး လျှော့တွက်ရင်း ငါသူ့ထံကငွေကို ခြူလို့မြှူလို့
ရသမျှစုဆောင်းပြီး ရသင့်သလောက် ရပြီဆိုမှ ပြန်ခွာပြီး ကိုယ့်ရည်မှန်းချက်ကို
ဆက်လျှောက်မည်ဟု အပိုင်တွက်ကာ အသုံးချရန် စဉ်းစား တတ်ကြလေသည်။ ထိုထိုသော
စီးပွားရေးသမား လူလည်ကြီးများမှာ လိမာပါးနပ်လွန်းသောကြောင့်သာ စီးပွားရေးသမား
သူဌေးကြီးများဖြစ်လာကြသည်ကိုမူ ထည့်မတွက်။ ထိုသူတို့တသက် လူပျိုပေါက်ဘဝမှ
ယခုလက်ရှိအချိန် ထိ မိမိလိုပင်စဉ်းစားကာ ချဉ်းကပ်ကြိုးစားကြသော
မိန်းမပေါင်းများစွာကို သူတို့ ကြုံဆုံကြရင်းမည်မျှအထိ
အတွေ့အကြုံရင့်ကျက်နေကြပြီဆိုသည်ကိုကား မတွေးမိကြပါချေ။ တဘက်သားကို
အထင်သေးပြီး မိမိကိုယ်ကို အထင်ကြီးခြင်းသည်ကား အန္တရာယ်ကြီးလှချေသည်။

သည်လိုအခြေအနေတွင် စီးပွားရေးလုပ်ငန်းရှင်လူလည်ကြီးများက “သည်ကောင်မလေးကများ
မနူးမနပ်နဲ့ ငါ့ကိုအချဉ်ဖမ်းချင်နေသေးသလား” ဟုတွေးကာလက်တုန့်ပြန်
ပညာပေးချင်စိတ်ဖြင့် ချစ်ယောင် စွဲလန်း ယောင်ဆောင်ကာ ပြန်လည်ဖျက်ဆီးတတ်လေသည်။
လောကတွင် လူကောင်းနဲ့ လူဆိုး မည်သူများ သနည်း။ လူဆိုးလူယုတ်မာသာ များပါသည်။
သိကာသမာဓိရှိရှိ မိမိစိတ်ကို မိမိအမှန်တကယ်နိုင်အောင် ထိန်းကာ
ဆိတ်ကွယ်ရာအရပ်တွင်ပါ ကိုယ်ရောစိတ်ပါ ထိန်းချုပ်နိုင်သူ မည်မျှရှိ ပါသနည်း။

ထိုထိုသော မိန်းကလေးများသည် လိုရာကို ခြူရရုံလောက်စိတ်မှန်းပြီး သည်လူများကို
သူမတို့ ဖြားယောင်းနေကြောင်း လူမသိစေလိုသောစိတ်ဖြင့် ဆိတ်ကွယ်ရာအရပ်တွင်
မြှူဆွယ်ရင်းငွေကို ခြူကြလေ ရာ ထိုလူများကလည်း ဆိတ်ကွယ်ရာအရပ်တွင်
ဘယ်သူကိုအလွတ်ပေးမည်နည်း။ သည်လိုမိန်းမဆိုးလေး များဧ။်
တလွဲမာန်စိတ်ရိုင်းများကြောင့် မရည်ရွယ်ဘဲ သူတပါးဧ။် တရားဝင်နှင့်
တိတ်တိတ်ပုန်း မယားငယ် ဘဝ၊ အပျော်မယားဘဝ ရောက်ရသူအရေအတွက် မည်မျှရှိပါသနည်း။
ဘယ်မိန်းကလေးကမှတော့ သည်ဘဝရောက်စေတော့ဟု ရည်မှန်းကြသည်မဟုတ်ပါချေ။ တွဲရင်း၊
တွေ့ရင်း ကိုယ့်အတတ်ကိုယ်စူးကာ ကိုယ့်အခြေအနေကိုယ်မနိုင်တော့ဘဲ
အပျိုရည်ဘဝပျက်ရုံသာမက တကယ့်ဘဝပါ ပျက်ရသော မိန်းကလေးများကို
တွေ့ရများလာလွန်းသောကြောင့်သာ အရဲမကိုးကြ ပါရန်နှင့် သည်လိုစိတ်ရိုင်းလေးများ
အကောင်အထည်မပေါ်နိုင်စေရန် ထိန်းချုပ်ရင်း မိမိဧ။် အကျင့် စာရိတ္တနှင့်
စိတ်နေစိတ်ထားကို အဖြူစင်ဆုံး စောင့်ထိန်းကြပါရန် ဖြစ်တတ်သော၊
ဖြစ်ခဲ့သောဥပမာတို့ကို ဝေမျှလိုက်ရခြင်းသာဖြစ်ပါသည်။ သည်မျှလောက်
တားမြစ်ရခြင်းဧ။် အကြောင်းရင်းဖြစ်သော ဖြစ်တတ်သော ဖြစ်ခဲ့သော
နောက်ဆက်တွဲအကြောင်းအရာ များကို ဆက်လက်ဖော်ပြပါဦးမည်။

ထိုအဖြစ်အပျက်များဖြစ်ခဲ့သော ဖန်တီးရှင် မိန်းကလေးများမှာ တဖြည်းဖြည်း
မသိစိတ်အတွင်းတွင် သိမ်ငယ် နိမ့်ဝင်လာပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်သောအားဖြင့်
ငါ့ဘဝကိုငါပျော်နေရင် ပြီးတာပါပဲဆိုသော အတွေးမျိုးပါ ဝင်ရောက်လာပြီး
နောက်ဆုံးတွင် သူတို့အချဉ်ဖမ်းထားသောသူက သူတို့ကို ပစ်သွား သောအခါ အကြီး
အကျယ်စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်ရင်း စိတ်ဝေဒနာများကို
ခံစားရင်းဖြင့် နောက်
ဆုံးယင်းတို့ကိုယ်ကိုအဆုံးစီရင်ခြင်း(သို့မဟုတ်)ကြေးစားမယ်ဘဝသို့ရောက်ခြင်း
တို့ဖြစ်ရတတ်လေသည်။ ထိုယောက်ျားများကလည်း ထိုမိန်းမဆိုးလေးများကို
ပြန်လည်ပညာပေးသော သဘောဖြင့် ပတ်ဝန်းကျင်တွင် ထိုမိန်းမလေးများဆိုးကြောင်းနဲ့
သူတို့ကို ဘယ်လိုလိုက်မြှူဆွယ်ကာ အမိဖမ်းရင်း ငွေကိုလိုက်ညှစ်နေသဖြင့်
ဘယ်လိုရှောင်ခဲ့ရ ကြောင်းလျှောက်ပြောတတ်လေသည်။

တခါသော် ထိုကဲ့သို့သော မိန်းမဆိုးမိန်းမလှလေးတစ်ဦးသည် သူ့စာရိတ္တကိုသာ
ဖြူစင်အောင် စောင့်ထိန်းလျှင် သူ့ရုပ်ရည်အဆင့်အတန်းဖြင့်
ဂုဏ်ရည်တူအဆင့်အတန်းမြင့် ခင်ပွန်းကောင်းရနိုင် ပါလျက်
လွန်စွာစည်းစိမ်မက်ပြီးလျှင် ချမ်းသာရန်ဖြတ်လမ်းနည်းကို သုံးလျက် အိမ်ထောင်သည်
သူဌေးကြီး ၃၊ ၄ ဦးမျှကို မာယာဖြင့်ကစားလေရာ တိုက်တစ်လုံးအပိုင်ရလိုက်သည်ကို
အားတက်စိတ်ကြီးဝင်လျက် သူ့ကိုယ် သူယောက်ျားကျမ်းကျေလှပြီမှတ်ထင်ရင်း
ဆက်လက်အရဲကိုးလေရာ သူ့ကိုတိုက်ဝယ်ပေးသူမှာ ဒုစရိုက် ဂိုဏ်းချုပ်သူဌေးဖြစ်ပြီး
သူမကို အယုံသွင်းလိုသောကြောင့် တိုက်ပေးဟန် ဆောင်ခြင်းဖြစ်ပြီး နိုင်ငံရပ်ခြား
တိုင်းတပါးသို့ အလည်ခရီးထွက်ရန်ခေါ်ကာ ထိုနိုင်ငံရှိ ပြည့်တန်ဆာ အိမ်တွင်
အပြီးတိုင်ရောင်းစားခဲ့ဖူးသော အဖြစ်အပျက်တခုကို ကြားသိခဲ့ရဖူးလေသည်။