ကြောင်ကြီးရည်းဇား Sharapovaဂလေး နိုင်သွားပြန်ဘီ ကြေးမုံဂျီးရေ…

ဦးကြောင်ရည်းဇား မာရီယာ ပိုရှေးဂလေးနဲ့ပါ..

ဂျာမနီနိုင်ငံ စတူးဂတ်မြို့မှာ ယနေ့ပြုလုပ်တဲ့ ပိုရှေးပြိုင်ကားတင်းနစ် ဂရင်းပရီ နောက်ဆုံးဗိုလ်လုပွဲမှာ ကမာ္ဘ့အဆင့်တစ် တင်းနစ်မယ် ဘီလာရပ်စ်နိုင်ငံသူ ဗစ်တိုးရီးယား အဇာရန်ကာကို ဦးကြောင်ကြီးရည်းဇား ကမာ္ဘအဆင့်နှစ်တင်းနစ်မယ် ရှာရာပိုဗာ ၆-၁ ၆-၄ နှစ်ပွဲပြတ်နဲ့ အနိုင်ရသွားပါဒယ်။ ရွာထဲဂ ကြေးမုံဂျီးအမျိုး တရုတ်နိုင်ငံသူ နလီဂတော့ အုပ်စုအဆင့်မှာတင် ပြုတ်ကျန်ရစ်ခဲ့ပါဒယ်။ ကြေးမုံဂျီးရေ အမြင်မှန် ရပါဒေါ့ကွယ်..။ 🙄
ကြည့်ယုံကြည့်ဂျဘာဗျာ..
ကြောင်ကြီး ပို့သတဲ့မေတ္တာနဲ့ အနိုင်ရသွားတဲ့ ရှာရာပိုဗာဂလေးဟာ ပထမဆုငွေ ဒေါ်လာခုနှစ်သိန်းလေးသောင်းအပြင် ဒေါ်လာတသိန်းရှစ်ထောင်တန် (msrp price) ပိုရှေးပြိုင်ကား Porsche 911 Carrera S Cabriolet ကိုပါရရှိသွားပါပြီ။ ကြောင်ကြီးလည်း ဝမ်းသာလွန်းလို့ အိမ်ဂပို့ပေးတဲ့ ငါးပိထောင်းနဲ့ ကြက်ဥဟက်ဘွိုင်ကို ရေနဲ့မျှောချပြီးစားရင်း အောင်ပွဲခံနေပါဒယ်။ 😎
ကြောင်ပိုရှေး နောင်ကိုမေး...

11 comments

  • Khin Latt

    April 30, 2012 at 4:02 am

    ရောဂါက မသေးဘူး။ 😯
    ဆေးကုလို့တောင် ရပါတော့မလား မသိ။ 🙄
    မပြောတော့ဘူး။ မပြောတော့ဘူး။ 😆

  • လူ ဟား

    April 30, 2012 at 7:10 am

    ဟ..ကြောင်ကြီးရ…ဒါဆို သူ့ရည်းစားက ဒီရွာထဲမှာကို နှစ်ယောက်တောင်ရှိတယ်ပေါ့။

  • လူ ဟား

    April 30, 2012 at 7:12 am

    နံပါတ် 2 ပုံကိုကြည့်…..အားကစားစိတ်ဓါတ်မရှိလိုက်တာ။ တစ်ဖက်က ရှုံးသူကို ဒါဘဲထင်ဆိုတဲ့ ပုံစံမျိုး။

  • ကြောင်ကြီး

    April 30, 2012 at 7:34 am

    လူဟား
    ဘူငထွား
    မူမများနဲ့
    အထူအပါးနားလည်..
    သူမယား
    ကြူပွား
    ခြူမစားရ
    အူယားတတ်တယ်…။

  • Onyx

    April 30, 2012 at 9:37 am

    ကိုကြောင်ကြီး ဇီးပြားလား သိပါဘူး
    တော်သေးတယ် အနော်လေးနဲ့
    ဪလေးမှာ စေ့စပ်မလို့

  • ဆူး

    April 30, 2012 at 9:41 am

    ကြောင်ကြီးလည်း ကြည့်ရင်း သရေတွေ ကျပြီ ကြက်ဥဟတ်ဘွိုင်ကနေ ဖူးဘွိုင် ဖြစ်ပြီး မကြည့်ပဲ ဂလု မိလို့.. အလုံးကြီးနင်ပြီး တစ်နေအုန်းမယ်။ ကြက်ဥပြုတ် ပြောပါတယ်။

    အသက်ကယ်ဖို့ အရေးကြီးတယ် ကြောင်ကြီး လည်ပင်း ဝိုင်းနင်းကြဟေ့…
    အသက်ရှုလမ်းကြောင်းပိတ်သွားရင် မျက်နှာတွေ ပြာနှမ်းပြီး သေသွားလိမ့်မယ်။
    ရွာသားတို့ ကြောင်ကြီး အသက် အမြန်ကယ်ပေလိုက်ကြပါ။ တယောက် တချက် ဆို ဂလု ထားတဲ့ အလုံး ပြန်ထွက်လောက်တယ်။
    救人要急

  • ဗိုက်ကလေး

    April 30, 2012 at 10:25 am

    ဟေ့
    ကြောင်ဂျီးတွေ ကြောင်ချီးတွေ နားမလည်ဘူးကွ
    အချစ်ခြင်းတူရင် စစ်ခင်းယူရမှာပဲ..
    ဒါပေမဲ့
    သတိတော့ထားနော် အူးကြောင်
    ရှာရှာရိုက်ချက်တွေက ဘယ်ပါးနဲ ့ ညာပါး ဂျူတီချိန်းသွားနိုင်လောက်တယ်

  • Inz@ghi

    April 30, 2012 at 11:25 am

    ဘယ့်နှယ့် ဒီလူဂျီးနဲ့ အကြိုက်ချင်း တူရပါသနီး….

    ပုံ
    အချစ်ချင်းတူရင် စစ်ခင်းယူမယ့်
    အချစ်သွေးကြွ
    ဂီ

  • Shwe Tike Soe

    April 30, 2012 at 2:48 pm

    အငယ်တွေကိုဦးစားပေးပါ ဥူးကြောင်ကြီးရယ်… တားတို.လဲ ရှတာဗို.ပါ တာလေးကို ကြိုက်ပါဒယ်လို. နော်…
    တားတားက ဟိုးငယ်ငယ်လေးက ကြိုက်ထာဗျ……. ဟီးဟီးဟီး 😀
    အခု ၉၁၁ ကားကြီးနဲ.ဆို ပိုတောင်ကြိုက်သေး ခိခိခိ

  • ba gyi

    April 30, 2012 at 3:26 pm

    ဟေ့ – သူ့ဟာ ငါ့ဟာ မလုကြနဲ့
    ငါသာ အရည်းကြီး — အဲ အဲ ဘဂျီးဖြစ်တော့သည်း။
    သည်ပုံကိုကြည့်—- ငါသာ ပန်းစည်းကလေးဖြစ်လိုက်ချင်၊
    သည်ပုံကိုကြည့်—–ငါသာ(msrp price)ကလေးဖြစ်လိုက်ချင်၊
    သည်ပုံကိုကြည့်—–ငါသာ ပိုရှေးပြိုင်ကား ကလေးဖြစ်လိုက်ချင်၊
    သည်ပုံကိုကြည့်—— ငါသာ –ငါသာ—-ငါသာလျှင် ငါဖြစ်ပေဒေါ့သတည်း။

  • kaung kin pyar

    April 30, 2012 at 4:31 pm

    ဪ….ရှာရှာ့ချစ်သူတွေပါလား…။ ရိုက်ချက်တွေကတော့ ပျင်းတယ်နော်….။ လိမ်လိမ်မာမာတော့ ဆက်ဆံ…။ ဘယ်ပါး ညာပါး ပလာတာရိုက်သွားဦးမယ်….။ အဟိ…။

Leave a Reply