နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို ၂၀၁ဝ ပြည့်နှစ်၊ ဇူလိုင်လတွင် ဖွင့်လှစ်သွားဖွယ်ရှိ

klnJune 14, 20101min691

နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို ၂၀၁ဝ ပြည့်နှစ် ဇူလိုင်လတွင် ဖွင့်လှစ်သွားဖွယ်ရှိကြောင်း နေပြည်တော်အမြန်လမ်းပိုင်းဆိုင်ရာ အင်ဂျင်နီယာတစ်ဦးထံမှ သတင်းရရှိပါသည်။ အဆိုပါ နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးနှင့် တစ်ဆက်တည်းဖြစ်သော နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို ၂၀၀၉ ခုနှစ်အတွင်း စတင်ဖောက်လုပ်ခဲ့ပြီး ယခုအခါ နေပြည်တော်-မန္တလေး တိုက်ရိုက်ဆက်သွယ်သော အမြန်လမ်းမကြီး၏ အသွားအပြန် လေးလမ်းသွားအဖြစ် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ မန္တလေးသို့ တိုက်ရိုက်ပေါက်ရောက်ပြီးစီး၍ ယင်းလမ်းမကြီးကို ဇူလိုင်လအတွင်း ဖွင့်လှစ်သွားဖွယ်ရှိကြောင်း သိရှိရသည်။ “ နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးအတိုင်း နေပြည်တော်-မန္တလေးလမ်းမကြီးကလည်း ခရီးတိုနဲ့ မန္တလေးနဲ့ နေပြည်တော်ကို နေ့ချင်းပြန်သွားလို့ရတော့မှာပါ။ ဒီလမ်းမကြီး ပြီးစီးသွားရင် မန္တလေး-နေပြည်တော်နဲ့ တခြားမြို့ရွာတွေကပါ ကုန်စည်စီးဆင်းမှုတွေနဲ့ ဆက်သွယ်သွားလာရာမှာ မြန်ဆန်လွယ်ကူလာမှာပါ ” ဟု ၎င်းကပြောဆိုခဲ့သည်။ ယင်းလမ်းပိုင်းသည် ၁၅၁ မိုင်သာ ကွာဝေးသည့်အတွက် ယခင်လမ်းဟောင်းနှင့် ယှဉ်ပါက ခရီးအကွာအဝေးတိုတောင်းလာပြီး ရန်ကုန်မှ မန္တလေးသို့ အမြန်လမ်းအတိုင်း သွားပါက ခရီးမိုင် ၃၅၂ မိုင် ၆ ဖာလုံ သာကွာဝေးတော့ကြောင်းသိရသည်။

One comment

  • လင်းဝေကျော်

    June 14, 2010 at 5:57 am

    ၂၀၁ဝ ခုနှစ်အရောက်မှာတော့ ကျုပ်တို့ဆီမှာ
    အဝေးပြေးလမ်းမ လို့ ခေါ်နိုင်တဲ့ ဟာတစ်ခု
    ရန်ကုန်နဲ့ မန္တလေးကြားပေါ်လာပေါ့လေ….
    သိပ်ခေတ်ရှေ့လွန်တာမကောင်းဘူးထင်ပါရဲ့

Leave a Reply