နိုင်ငံခြားကုမ္ပဏီများ ပြည်တွင်းငွေသုံး၍ ပဲဝယ်ယူခြင်းကို ရောင်းချမှုမပြုရန် ပဲလုပ်ငန်းရှင်များအား အသိပေး

klnJune 14, 20101min651

နိုင်ငံခြားကုမ္ပဏီအချို့ ပြည်တွင်းငွေသုံး၍ ပဲဝယ်ယူခြင်းများရှိနေရာ ထိုသို့ဝယ်ယူခြင်းကို ခွင့်ပြုမှုမရှိကြောင်း ကြေညာချက်ကို ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ထုတ်ပြန်လိုက်ပြီး ပဲလုပ်ငန်းရှင်များအားလည်း အသိပေးထားသည်ဟုစုံစမ်းသိရှိရသည်။ “ဒီနှစ်ပဲဈေးကောင်းတဲ့အခါ အချို့ကုမ္ပဏီတွေက ပြည်တွင်း က ကုမ္ပဏီတွေ၊ အရောင်းအဝယ် ကိုယ်စားလှယ်အချို့ နဲ့ပူးပေါင်း ပြီး မြန်မာကျပ်ငွေနဲ့ ဝယ်ယူမှုတွေရှိလာပါတယ်။ တကယ်တော့ နိုင်ငံခြားကုမ္ပဏီတွေကို Local currency သုံးပြီး ပြည်တွင်း မှာ ကုန်သွယ်ခွင့်ပေးမထားပါဘူး။ နိုင်ငံတော်ရဲ့ မူဝါဒကတော့ TT (Telegraphic Transfer ) နဲ့ပဲ အရောင်းအဝယ်လုပ်စေချင်ပါတယ်။ အဲဒီအတွက် လည်းပဲလုပ်ငန်းရှင်တွေ သတိပေးထားပါတယ်” ဟု မြန်မာနိုင်ငံပဲနှမ်းလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ ယင်းကဲ့သို့ သတိပေးပြီး နောက်ပိုင်းဇွန်လ ၁၁ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် အဆိုပါ ထုတ်ပြန်ချက်အား ထုတ်ပြန်ထားကြောင်း သိရသည်။