အဲဒါရွှေမန်းက ဘုန်းဘုန်းကြီးပါ

ShwemannmayJune 14, 20101min761

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ သီရိမာလာ အနောက်ရပ်ကွက် အဘယမင်္ဂလာရာမ ဥသျှစ်ကုန်း ကျောင်းတိုက် ဆုတောင်းပြည့်စာချ ကျောင်းဆရာတော် ဘဒ္ဒန္တဝိလာသဂ္ဂအရှင်သူမြတ်၏အန္တိမအဂ္ဂိဈာပန တွင် နှလုံးတော်၊ စွယ်တော်၊ အံတော်နှင့် ဓာတ်တော်များ ကြွင်းကျန် ရစ်သည်ကို ဖူးတွေ့ရသည်။

သာသနဓဇ သီရိပဝရဓမ္မာစရိယ ဥသျှစ်ကုန်းကျောင်းတိုက်တိုက်အုပ် ဆရာတော်သည် ဧပြီလ ၂၆ ရက် (၁၃၇၂ခု ကဆုန်လဆန်း ၁၄ရက်) တနင်္လာနေ့ နံနက် ၆ နာရီ ၁၅ မိနစ် အချိန်တွင် သက်တော် ၈၉ နှစ်
ဝါတော် ၆၉ ဝါဖြင့် ဘဝနတ်ထံပျံလွန် တော်မူခဲ့သည်။ ဆရာတော်၏ အန္တိမ အဂ္ဂိဈာပနကို မေလ ၈ရက်နေ့တွင် သီရိမာလာအနောက် ဧရာ
ဝတီမြစ်ကမ်း နံဘေးတွင် ကျင်းပခဲ့သည်။

စည်သူနိုင်
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၉) မြန်မာတိုင်းမှာဖေါ်ပြထားတာပါ ။

http://www.myanmar.mmtimes.com/2010/upper/469/upper01.html

“လောင်တိုက်ကို ည ရ နာရီခွဲမှာ စပြီး မီးသင်္ဂြိုဟ်ပူဇော်ပါတယ်။ ထုံးစံ အတိုင်းဆို အချိန်သုံးနာရီကြာ မီး သင်္ဂြိုဟ ်ပူဇော်အပြီးမှာ ထူး ခြားချက်က နှလုံးတော်၊ ဦးခေါင်းတော်နဲ့ မျက်လုံး တော်တွေ ကျန်နေရစ်ပါတယ်။ အဲဒါ ကြောင့် အားလုံးတိုင်ပင်ပြီး နံနက် ၆ နာရီထိ တစ်ညလုံး မီးသင်္ဂြိုဟ်ပူဇော် ခဲ့ကြပါတယ်။ ကျန်ရှိနေတဲ့ မီးကျီး တွေကို ညနေ ၆ နာရီထိ ထားခဲ့ကြ ပါတယ်။ တစ်ညလုံး မီးပူဇော်ပြီး တဲ့နောက် နှလုံးတော်၊အံတော်နဲ့ဓာတ်တော်တွေ ကြွင်းကျန်ရစ်ခဲ့ပါတယ်” ဟုဆရာတော်၏ တပည့်ဒါယကာရင်းတစ်ဦးဖြစ်သူ ပေါက် ကျိုင်း လက်ဖက် ရည်ဆိုင်ပိုင်ရှင် ဦးမန်းကျော်ခိုင်က ရှင်းပြသည်။

အဆိုပါ ကြွင်းကျန်ရစ်သော နှလုံးတော်နှင့် ဓာတ်တော်များအား ဌာပနာ၍ ဆရာတော်၏ မွေးရပ်မြေတွင် ဓာတုစေတီတစ်ဆူတည် ထားကိုးကွယ်သွား ရန်စီစဉ်လျက်ရှိကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။

“သက်ရှိထင်ရှား ရှိစဉ်က ဇာတိရွာမှာ ဆရာတော် ဘုရားတစ်ဆူတည်တော့ သင့်လျော်မယ့် မြေနေရာတစ်နေရာကို ဆရာတော်ကို လျှောက်ဖူးပါတယ်။ ဆရာတော်က လက်မခံဘဲ ‘ငါမရှိတဲ့နောက် သူ့ဘာသာသူဖြစ်လာပါလိမ့်မယ်’လို့ ပြန် မိန့်ဖူးတာကို မှတ်သား ထားမိပါတယ်။ အခုကြွင်း ကျန်ရစ်တဲ့ နှလုံးတော်နဲ့ ဓာတ်တော်တွေကို ဆရာတော် မိန့်ဖူးတဲ့ ဇာတိရွာက မြေနေရာမှာ ဉာဏ်တော် ၁၈တောင်အမြင့်ရှိတဲ့ ဓာတု စေတီတစ်ဆူတည်ထားကိုးကွယ်သွားပါမယ်”ဟု ဦးမန်းကျော်ခိုင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ဆရာတော်ဘဒ္ဒန္တဝိလာသဂ္ဂသည် သက်တော် ၈၆ နှစ်အရွယ်ထိ ဆွမ်းခံ ကြွတော်မူပြီး သက်တော် ၄၈ နှစ် အရွယ်မှစ၍ သက်သတ် လွတ်ဘုဉ်းပေး တော်မူခဲ့ကြောင်း၊ ဆွမ်းခံကြွခြင်း၊ စာချ ခြင်းအမှုများမှလွဲ၍ နေ့နေ့ညည တရားအလုပ်၌ မွေ့လျော်ကြောင်း၊ဧပြီလ ၁၈ ရက်နေ့က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရာ အထူးကု ဆရာဝန်ကြီးများက အဆုတ်ကင်ဆာ အဖြစ် သတ်မှတ်ခဲ့ကြကြောင်း၊ ၁၁ ရက်ကြာ ဆေးရုံတက်ခဲ့ပြီးနောက် ပျံလွန်တော် မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဥသျှစ်ကုန်း ဆရာတော် ပျံလွန်တော် မူပြီးနောက် အဆိုပါကျောင်းတိုက်အား ဆရာတော်ဦးစန္ဒောဘာသက တိုက် အုပ်ဆရာတော် အဖြစ် ဆက်လက် တာဝန်ယူသွားမည်ဖြစ်သည်။

ဆရာတော်ဘဒ္ဒန္တဝိလာသဂ္ဂကို မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဆိပ်ဆင်းကုန်းရွာတွင် အဖဦးသာနွဲ့၊ အမိဒေါ်မေပွေ့တို့က ၁၂၄၈ ခုနှစ် တပေါင်း လပြည့်ကျော် ၆ ရက်၊ ဗုဒ္ဓဟူး နေ့တွင် မွေးဖွား ခဲ့ပြီး ငယ်နာမည်မှာ မောင်စံဝ ဖြစ်သည်။ ၁၂၉၆ ခု ၁၂ နှစ် သားအရွယ်တွင် ဆိပ်ဆင်းကုန်းရွာ၊ မကျည်းတောကျောင်း ဆရာတော် ဦးအာလောကကို ဥပဇ္ဈာယ်ပြု၍ ရှင် သာမဏေအဖြစ် သို့ ရောက်ရှိခဲ့ပြီး ဘွဲ့အမည်မှာ ရှင်ဝိလာသဂ္ဂဖြစ်သည်။

၁၃၀၄ ခု တပို့တွဲလပြည့်ကျော် ၄ ရက်နေ့တွင် ပခုက္ကူမြို့ပွဲစား ဦးချက် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ဆရာတော် ဘဒ္ဒန္တ အာလောကမထေရ် မြတ်ကို ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။

အရှင်ဝိလာသဂ္ဂသည် ရေစကြိုမြို့၊ အောင်မြေသာယာ သူဌေးတိုက် ဆရာတော် ဘဒ္ဒန္တသုန္ဒရမဟာထေရ်မြတ်ထံ၌ လည်းကောင်း၊ မန္တလေးမြို့ ချမ်းသာကြီးတော်တိုက်၊ ရတနာဗိမာန် စာချကျောင်းဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု နိုင်ငံတော်ဩဝါဒါစရိယ
ဘဒ္ဒန္တနန္ဒ မဉ္ဇူသာဘိဝံသထံ၌ လည်းကောင်း၊ ပတ္တမြားကျောင်းဆရာတော် ဘဒ္ဒန္တပရမ မဟာထေရ်မြတ်ထံ၌ လည်းကောင်း ပိဋကစာ ပေများကို လေ့လာဆည်းပူးခဲ့သည်။

အစိုးရ ပထမပြန် စာမေးပွဲတွင် ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းနှင့် ဓမ္မာစရိယ(စာချတန်း) စာမေးပွဲတွင် ပါဠိ ဂုဏ်ထူးကျမ်းများနှင့်တကွ ဖြေဆိုအောင်မြင်၍ သာသနဓဇ သီရိ ပဝရ ဓမ္မာစရိယဘွဲ့တံဆိပ်တော်ကို ရရှိခဲ့သည်။

၁၃၂၃ ခုနှစ်တွင် ဥသျှစ်ကုန်း ကျောင်းတိုက်သို့ ရောက်ရှိခဲ့ပြီး ၁၃၂၄ ခုတွင် ဆရာတော်ဘဒ္ဒန္တပဏ္ဍဝံသက လက်ရှိ ဆုတောင်းပြည့် စာချကျောင်းကို လွှဲအပ်ခဲ့သည်။ ၁၃၃ရ ခုနှစ်မှစ၍ဥသျှစ်ကုန်း ကျောင်းတိုက်၌ တိုက်အုပ်တာဝန်နှင့် ရပ်ကွက်သံဃနာယကဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်၍ သာသနာပြုခဲ့သည်။

စည်သူနိုင်
အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၉) လို ့မြန်မာတိုင်းမှာပါပါတယ်။

http://www.myanmar.mmtimes.com/2010/upper/469/upper01.html

သာသနာ ၂၅၀ဝ ကျော်နေပေမယ့် ဒီလို သာသနာ့ အာဇာနည်တွေ ရှိနေသေးသရွေ ့သာသနာရောင်ဝါထွန်းလင်းနေဦးမှာပါ။

One comment

  • kyaw min

    September 28, 2011 at 12:49 am

    သာဓု-သာဓု-သာဓု ပါ။ ဓါတ်တော်များကြွင်းတဲ့ ရဟန္တာ အရှင်သူမြတ်ကြီးပေါ့။ ကြည်ညိုရင်း အားကျလိုက်တာဗျာ။

Leave a Reply