NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး အပြီးဒေါ်အောင်ဆန်းစုကြည်မှ မီဒီယာများသို့ပြောကြားချက် အပြည့်အစုံ

အာဂApril 30, 20121min1247


Yangon Media Group , 30 April 2012 — အမိုျးသားဒီမိုကရေစီအဖွဲ့ခုျပ် လွှတ်တော်တက်ရေး မတက်ရေး နှင့်ပတ်သက်၍ ယနေ့ကျင်းပပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်မှ မီဒီယာများသို့သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရာတွင် ပြောကြား ခဲ့သည်များကို အပြည့်အစုံ ဖော်ပြပေးလိုက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်

” အခုအမိုျးသား ဒီမိုကရေစီအဖွဲ့ခုျပ် လွှတ်တော်ကိုယ်စားလှယ် တွေလွှတ်တော်တက်ရေး၊ မတက်ရေး ကိစ္စက ခဏ၊ခဏမေးနေတဲ့ကိစ္စမို့ လို့ အဖြေရပြီဆိုတော့ ဒါကို မြန်မြန်လေး ရှင်းလိုက် ချင်တယ်။အဲဒီတော့ကျမ တို့အနေနဲ့ မနေ့တုန်း ကဆိုရင်တော့ ဒေါက်တာအေးမောင်လာတွေ့တဲ့ကိစ္စ ကိုလည်းအ များသိပြီးသားဖြစ်မှာပါ။ ဒေါက်တာအေးမောင် တို့ရဲ့ရေးတဲ့စာ ကိုထုတ်လား တော့မသိဘူး။ ဒါပေမယ့် မထုတ်ဘူးလား။ မထုတ်သေးဘူးဆို တော့အဲဒီ အကြောင်း အရာတွေကို သိအောင် ဒီလိုလုပ်မယ်။ ဒီအကြောင်း အရာတွေကိုကျမ ဦးညဏ်ဝင်းနဲ့ ထား ခဲ့ပေးမယ်။ အဲဒီအကြောင်းအရာတွေ ကိုအသေးစိတ်သိချင်ရင် ဦးဉာဏ်ဝင်း အနေနဲ့ပြောပြပါလိမ့်မယ်။တိုတို ပြောရမယ်ဆိုရင်တော့ ကျမတို့လွှတ် တော်အတွင်းက တိုင်းရင်းသားပါတီ တွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ် တွေ တိုင်း ရင်းသားပါတီတွေမကဘူး။ တစည လည်းပါတယ်။ တခြား ပါတီတွေလည်းပါတယ်။တစ်သီး ပုဂ္ဂလကိုယ်စား လှယ်တွေလည်း ပါတယ်။အားလုံး ကစုပေါင်းပြီးတော့ ကျမတို့ကို လွှတ်တော်ထဲကို တက်စေချင်ပါတယ်။ လွှတ်တော်ထဲမှာ မှအတူတူလုပ်ပြီး တော့ပြောင်း လဲစေသင့်တာကို ပြောင်းလဲစေချင်ပါတယ်။ အဲဒီလိုမိုျး မေတ္တာ ရပ်ခံတယ်။ဒီစာက အင်မတန်မှ မဟာမိတ်သဘော တရားဆောင် တယ်လို့အားလုံးကနေ ပူးပေါင်း ဆောင်ရွက်ချင်တဲ့အခြေအ နေကို တင်ပြထားတယ်။ပြည်သူ့လွှတ် တော်ဥက္ကဌ သူရ ဦးရွှေမန်းကိုရေးထား တဲ့စာကလည်း တိုင်းရင်းသားပါတီ တွေနဲ့တစ်ခြားတစ်သီးပုဂ္ဂလတွေအား လုံးပေါင်း လက်မှတ် ထိုးထားတာ(၁၆) ပေါ့၊ တင်ထားတဲ့စာကလည်း အင်မတန်မှပူးပေါင်း ဆောင်ရွက်ချင်တဲ့ သဘောနဲ့ကျမတို့ လွှတ်တော် အတွင်းမှာ တိုင်းရင်းသား ပါတီတွေနဲ့ အမိုျးသား ဒီမိုကရေစီအ ဖွဲ့ခုျပ်နဲ့အတူ ပြောင်းသင့်တဲ့ကိစ္စ တွေကိုပြောင်းဖို့ ။

အထူးသဖြင့် ကျမတို့လိုချင်နေတဲ့ ဒီကျမ်းကျိန်စာ ရဲ့စာသားတွေကိုပြောင်း ဖို့ကိုဝိုင်းဝန်း ပြီးတော့မေတ္တာရပ်ခံ တာလည်း ပါတယ်။ ကျမတို့အနေနဲ့ လည်းဒီဟာတွေ အားလုံးကိုသုံးသပ် ပြီးတော့ သဘောထားကြီးကြီး နဲ့ ကျမတို့ အနေနဲ့လိုက်လျော သင့်တယ် လို့ကျမတို့ထင်တယ်။ဘာဖြစ်လို့လဲ ဆိုတော့ကျမတို့ကလွှတ်တော်အတွင်း ကနေတခြား အဖွဲ့အစည်းတွေ၊ အထူး သဖြင့် တိုင်းရင်းသား အဖွဲ့အစည်းတွေ နဲ့အတူတူပူး ပေါင်းပြီးတော့လုပ်ချင် တဲ့ဆန္ဒအများကြီး ရှိတယ်။အဲဒါကြောင့် မို့လို့ကျမတို့ အနေနဲ့ လိုက် လျောမယ်။ လွှတ်တော်တက်တဲ့ ကိစ္စကို အမြန်ဆုံးလုပ်လိုက်မယ်။ တစ်ခိုျ့ကတော့မေးမှာတော့ အစတုန်း ကတော့ ဒီကာကွယ်စောင့် ရှောက်မယ်ဆိုတဲ့ စကားလုံးကိုလက် မခံဘူး။ အခုကျတော့ဘာလို့လက်ခံ လဲဆိုတော့ ဒါလက်ခံရတဲ့ အကြောင်း ကကျမ အကြမ်းအားဖြင့်ပြောရင် နံပါတ် တစ်ကတော့ ပြည်သူလူထုရဲ့ ဆန္ဒအရ ကျမတို့ကို မဲဆန္ဒရှင်များ ကကျမတို့ကို မဲပေးခဲ့တဲ့ ပြည်သူလူထု ကကျမတို့ လွှတ်တော်ထဲ ကိုရောက် သွားတာကို အင်မတန်မှကိုမြင်ချင် ကြတယ်။ ကျမတို့ကလည်းတစ်ချိန် လုံး ပြည်သူ့ရဲ့ အသံကိုနားထောင် နေရတယ်။ နားထောင်နေတဲ့အခါမှာ အင်မတန်မှ ကျမတို့ကိုလွှတ်တော်ထဲ ကိုဝင်စေ ချင်ကြတယ်။ နောက်ပြီး တော့ကျမ တို့ရဲ့မဟာမိတ် တွေဖြစ်တဲ့တိုင်းရင်းသား အဖွဲ့အစည်းတွေက လည်း အင်မတန်မှ ကိုလိုလို လားလား နဲ့ လွှတ်တော်ထဲ ကနေ အတူတကွ ပြောင်းလဲဖို့ လုပ်ဆောင် ချင်ပါတယ် လို့ပြောထားတဲ့မေတ္တာရပ် ခံချက်ကို လည်း ကျမတို့အနေနဲ့အင် မတန်မှကို တန်ဖိုးအလေးထားတယ်။ တန်ဖိုးထား တယ်။ အလေးထားတယ်။

အဲဒါကြောင့် မို့လို့နောက်တစ်ခုက လည်း ဒါကတော့ ကျမ ပွင့်ပွင့်လင်းလင်း ပဲပြောပါ ရစေ။ အစကတည်းက ကျမတို့က ပါတီမှတ်ပုံတင် ဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေမှာစာသား တွေပြင်ဖို့ ပြောတုန်းက ကျမတို့တစ် ချိန်တည်း မှာဒီဇယားထဲမှာပါတဲ့ ကျမ်းကျိန်စာသား ကိစ္စတွေကို ကိုင်တွယ် ဖို့ကျမအနေနဲ့လှစ်ဟင်းခဲ့ ပါတယ်။ ဒါကို ကျမတာဝန်ယူတယ်။ကျမရဲ့ လစ်ဟင်းချက် တစ်ခုကြောင့်မို့လို့ ပြည်သူရဲ့ ဆန္ဒနဲ့ကျမတို့မဟာမိတ်တွေ ရဲ့ဆန္ဒကို ထိပါးတယ် ဆိုတာ ကိုကျမ လုံးဝမဖြစ်စေချင်ဘူး။ဒါကြောင့်မို့ လို့ ကျမတို့ အနေနဲ့ လိုက်လျောပြီးတော့ လက်ခံမှာဖြစ်ပါ တယ်။ဒါပေမယ့် ကျမတစ်ခုတော့ ထောက်ပြချင်ပါ တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ တစ်ခုနဲ့ တစ်ခုမဆီလျော်တဲ့အဲဒီ စကား လုံးတွေ အများကြီးရှိပါတယ်။ဖွဲ့စည်း ပုံအခြေခံ ဥပဒေ စာကိုယ်ထဲမှာသုံး ထားတဲ့ အသုံးအနှုန်း တွေနဲ့ ဇယားထဲ မှာသုံးထား တဲ့အသုံးအနှုန်း တွေကမ တူပါဘူး။ နောက်ပြီးတော့ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ပတ်သတ်လို့လွှတ် တော်ကိုယ်စားလှယ်များ ကျမ်းကျိန် တဲ့အခါမှာ သုံးရတဲ့ စကားလုံးနဲ့ သမ္မတကြီး ကျမ်းကျိန်တဲ့ အခါမှာသုံးရ တဲ့စကားက မတူပါဘူး။အဲဒါကြောင့်မို့လို့ ဥပဒေစိုးမိုးရေး သဘောတရားအရ ဥပဒေရဲ့လုပ်ထုံး လုပ်နည်းအရ ပြင်ဆင် စရာတွေအ များကြီးရှိ တယ်ဆိုတာကတော့ ကျမ တို့အနေနဲ့ ဥပဒေ ရှုထောင့်ကနေပြီး တော့ ကျမတို့ လေးလေး နက်နက် ပြော ချင်ပါတယ်။ဒါပေမယ့် ကျမ အစက တည်း ကပြောပါတယ်။ ကျမ တို့ဟာ ဒီဟာကို နိုင်ငံရေး ပြဿာနာ ဖြစ်အောင် လုပ်နေတာ မဟုတ်ပါဘူး။

ဥပဒေ ကိစ္စ တစ်ခုအနေနဲ့ ကျမတို့ ကိုင်တွယ် နေ တာ ဒါကြောင့်မို့လို့ ကျမတို့အနေနဲ့ ကတော့ တင်းမာ ပြီးတော့နိုင်ငံရေး ပြဿာနာ ဖြစ်အောင်လို့ ကျမတို့ မလုပ်စေချင် လို့ ဒီနေရာမှာကျမတို့ လိုက်လျော မယ်ဆိုပြီး တော့ ဆုံးဖြတ် လိုက်တာပါ။ တစ်ခိုျ့ကဒါကို အ လျော့ပေး တယ်လို့ မမြင်ဘူးလားဆို တော့ အလျော့ပေးတယ်လို့ မြင်ချင် ရင်လည်းမြင်နိုင်ပါတယ်။ ကျမတို့ ပြည်သူ့ဆန္ဒကိုအလျော့ပေးတယ်။ ကျမတို့ မဟာမိတ်တွေရဲ့ဆန္ဒကို ကျမ တို့ အလျော့ ပေးတယ်။ ကျမတို့အ နေနဲ့ ပြည်သူက နေပြီးတော့အင်မ တန်မှကို လှိုက်လှိုက်လှဲလှဲ ထောက်ခံ ပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ အောင်နိုင်ထားတဲ့ အဖွဲ့ခုျပ်မို့လို့ သဘောထားကြီးဖို့ဆိုတာလည်းအင် မတန်မှ ကိုလိုပါတယ်။ကျမတို့ဟာ တကယ်ပဲ ပြေလည်အောင်လုပ်ပြီး တော့ပူးပေါင်း ဆောင်ရွက်ချင်တဲ့ ဆန္ဒ ရှိတယ် ဆိုတာကိုလည်း ကျမတို့ လက်တွေ့ကျကျ ပြောဖို့လိုပါတယ်။ နောက်ပြီး တော့ကျမတို့အနေနဲ့ ရွေး ကောက်ပွဲ ဥပဒေနဲ့ ပါတီ မှတ်ပုံတင် ရေးဥပဒေနဲ့ ပတ်သတ်လို့ ပြင်ဆင်ပေး မှုတွေ အတွက်ဆွေးနွေး တုန်းက သမ္မတကြီး ကလိုက်လျောခဲ့ တာ တွေကို လည်း ကျမတို့ မမေ့ပါဘူး။ အားလုံးကို ကျမတို့ခြုံငုံ ပြီးတော့ နံပါတ် တစ်ကတော့ ပြည်သူရဲ့ ဆန္ဒနဲ့ ကိုက်ညီ အောင် လို့ကျမတို့ မဟာမိတ် တွေနဲ့ ကိုက်ညီ အောင်လို့ ကျမတို့ နိုင်ငံရေးမှာဆိုရင် သဘောထားကြီးကြီးနဲ့ အပေး အယူလုပ်ရမယ်ဆိုတဲ့ မူဝါဒကိုလည်း ကျမတို့ အလေးထား သောအားဖြင့် အမြန်ဆုံးလွှတ်တော် ကိုယ်စားလှယ် တွေ အဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ပြီး တော့ဖြစ်မြောက်ရေး အတွက် ဆောင်ရွက်သွား မယ်ဆိုတာ ကိုအဲဒါကို ပြောတာပါ။ အဲဒါဆိုရင် နောက်တစ်ခါ ထပ်ထပ် မေးနေဖို့ မလိုတော့ဘူး ပေါ့။ တော်ကြာ ဟိုသွားလည်း ဒါမေး၊ ဒီသွားလည်း ဒါမေး ဆိုတော့ မနက်ဖန် မစ္စတာ ဘန်ကီမွန်း လာရင်လည်း မစ္စတာ ဘန်ကီမွန်း ကိုမေးသင့် တာမမေးပဲ ဒါကို မေးနေမှာ စိုးလို့၊ အဲဒီ အတွက် ဒီအဖြေကို ဖြေပြီးပါပြီ။

တက်ဖို့တော့ ကျမ်းကျိန်ဖို့ ပဲရှိတော့တယ်။လွှတ်တော် ကပြီးတော့မယ်။အဲဒီတော့ အမြန် ပြေးပြီး တော့ ကျမ်းကျိန်လိုက် တာ ပေါ့။ လွှတ်တော် ကတော့ နောက်ဆုံတဲ့အခါမှပဲ ကျမတို့ တက်မှာ ပေါ့။ အခုအချိန်က လည်းသိပ် မရှိဘူး။ ဟိုဘက်က လည်း တကယ်တော့ ပြည်ထောင်စု လွှတ်တော်က ရပ်ဆိုင်း သင့်ပါပြီ။ ကျမတို့ အတွက် လွှတ်တော် ဘက်က သဘောထားကြီးစွာနဲ့ ကျမတို့ ဝင်လို့ဖြစ်အောင်လို့ ကြည့်ပြီး တော့လုပ်ပေး ပါမယ် ဆိုပြီးတော့ ကျမတို့ဘက်က လည်း တက်နိုင်သမျှ လိုက်လျောတာဖြစ် ပါတယ်။ဟိုဘက်ဒီဘက်ပူးပေါင်း ဆောင်ရွက်ခြင်း အားဖြင့် အပေးအယူ လုပ်ခြင်းအားဖြင့် ပြဿာနာတွေကို ကျော်လွှား နိုင်မယ်ဆိုတာလည်း ကျမ တို့ လက်တွေ့ကျကျ ဒီအချိန်မှာ ပြဖို့လို တယ်လို့ ထင်ပါတယ်။ ကျမအနေနဲ့က တော့ သန်ဘက်ခါ(မေ ၂ရက် ဗုဒ္ဓဟူးနေ့) သွားမယ်။ ကျန်တဲ့သူတွေကတော့ မနက်ဖြန် သွားကြမယ်။ ကျမ်းကျိန် ဖို့အတွက်ပဲ သွားမှာပါ။ အခုကျမက တစ်ခြားအလုပ် တွေရှိလို့ ပြန်မှာဖြစ်တဲ့အတွက်အား လုံးကို ခေါ်ပြီး တော့ရှင်းလိုက်တာပါ။ အားလုံးကို ကျေးဇူး တင်ပါတယ်။ ’’ ဟု ပြောကြားသွားသည်။

by သန်းနိုင်ဦး

ပြည်သူ့လွှတ်တော် အစည်းအဝေး မေလ ၂ရက်တွင် ပြောင်းလဲ ကျင်းပမည်

The Voice Weekly , 30 April 2012 —- နေပြည်တော်၊ ဧပြီ ၃၀

ရပ်နားထားသော ပြည်သူ့လွှတ်တော် အစည်းအဝေးများကို ယနေ့ မွန်းလွှဲပိုင်းတွင် ကျင်းပမည်ဟု မူလက ကြေညာ ထားသော်လည်း မေလ ၂ရက်နေ့တွင် ပြောင်းလဲကျင်းပမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်က တရားဝင် ထုတ်ပြန် ကြေညာသည်။

မေလ ၂ရက်နေ့တွင်ကျင်းပမည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေးများ တွင် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာ ကျိန်ဆိုမည် ဖြစ်ပြီး မတ်လ ၂ရက်နေ့ ၌ပင် တတိယအပတ် ပုံမှန် အစည်းအဝေးများ ပြီးဆုံးနိုင်ကြောင်း လွှတ်တော် အမတ်များက ရှင်းပြသည်။

7 comments

  • R Ga

    April 30, 2012 at 4:00 pm

    ဩစတြေးလျသို့သွားရောက်နေသာNLD အမတ်သုံးဦး လာမည့်လွှတ်တော်အစည်းအဝေးမှသာတက်ရောက်နိုင်မည်

    Yangon Media Group , 30 April 2012 — အန်အယ်လ်ဒီပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် သုံးဦးသည် ဩစတေးလျနိုင်ငံ လေဘာ ပါတီ၏ ဖိတ်ကြားချက်အရ နိုင်ငံရေးဆွေးနွေးပွဲ တတ်ရောက်ရန် အတွက် ဩစတေးလျနိုင်ငံသို့ ဧပြီ ၂၈ ရက်နေ့က ထွက်ခွာသွားသည့်အတွက် မေလ ၂ ရက်နေ့တွင် လွှတ်တော်သို့ တတ်ရောက်မည့် အန်အယ်လ်ဒီ ပါတီနှင့်အတူ ယခုကျင်းပလျှက် ရှိသည့် လွှတ်တော် အစည်းအဝေး သို့ အတူ မတတ်ရောက်နိုင် တော့ဘဲ နောက်တစ်ကြိမ်ကျင်းပမည့် စတုတ္တအကြိမ် လွှတ်တော် အစည်း အဝေးမှ သာ တတ်ရောက် နိုင်မည်ဖြစ်ကြောင်း အန်အယ်လ် ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။

    ထိုသို့ သွားရောက် ရာတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဦးဖြိုးမင်းသိန်း၊ ဦးဖြိုးဇေယျာသော်၊ ဒေါ်စန္ဒာမင်းတို့ သုံးဦးအပြင် ပါတီဝင် တစ်ဦးဖြစ်သည့် အဆိုတော် လင်းလင်း လည်း လိုက်ပါသွားကြောင်းသိရသည်။

    ” ဖိတ်တာကတော့ ငါးယောက်ပါ။ တစ်ယောက် ပတ်စပို့ အချိန်မမှီတာနဲ့ လေးယောက်ပဲ သွားဖြစ်တာပါ။ အဲ့ဒီမှာ နိုင်ငံရေးဆွေးနွေးပွဲ တစ်ခု တတ်ရောက်ဖို့အတွက်ရယ်။ လေ့လာရေးရယ်ပေါ့” ဟု ဦးဉာဏ်ဝင်း က ပြောသည်။ အဆိုပါ ခရီးစဉ်သည် မေလ ရ ရက်နေ့အထိ ကြာမြင့်မည် ဖြစ်ပြီး ယခုကျင်းပ လျက်ရှိသည့် ပြည်ထောင်စု လွှတ်တော်သည် ဧပြီ ၃ဝ ရက်နေ့တွင် ရပ်နားမည်ဖြစ်ကာ ပြည်သူ့လွှတ်တော်နှင့် အမိုျးသား လွှတ်တော် အစည်း အဝေး များ သည်ယခု တစ်ပတ်အတွင်း ရပ်နားတော့မည် ဖြစ်သည့် အတွက် ယခု လွှတ်တော် အစည်းအဝေး များကို ဩစတေးလျသို့ သွားရောက်နေသည့် လွှတ်တော် ကိုယ်စား လှယ်များ တတ်ရောက်ရန် မမှီနိုင်တော့ကြောင်း သိရသည်။

    အဆိုပါ လွှတ်တော် ကိုယ်စားလှယ် သုံးဦးမှာ ယခု တတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ခွင့်အဖြစ် တိုင်ကြားသွားမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောကြားသည်။

    ဇေယျ

  • ကိုရင်မောင်

    April 30, 2012 at 5:23 pm

    ကြိုဆိုပါတယ်…
    တိုင်းပြည်နဲ့ပြည်သူ့အကျိုးဆထက်တန်ဘိုး
    ထမ်းရွက်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်…

  • အင် ဘာဘဲပြောပြောပေါ့ ——-
    အမေစုလဲ ဒီဆုံးဖြတ်ချက်ကို လွယ်လွယ်ချနိုင်ခဲ့ပေါ့မလား။
    ဟူးးးးးးးးတော်သေး၏

  • ကောင်းမြတ်သူ

    April 30, 2012 at 8:39 pm

    ဝမ်းသာလိုက်တာဗျာ

  • htoosan

    April 30, 2012 at 8:46 pm

    ပြည်သူအများစု စိတ်အေးသွားမှာ အမှန်ပါ။ ကျေးဇူးတင်ပါသည် ဒေါ်အောင်ဆန်းစုကြည်။

  • ကြောင်ကြီး

    May 1, 2012 at 8:23 am

    အဟတ် အဟတ် 😆 အီးဟီးဟီး 😥
    အစထဲဂ ယဉ်သကိုး.. ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဂဒေါ့ မလျှော့သေးဘူး…
    ေဩာ်…အနိစ္စ ဒုက္ခ အနတ္တ…။

  • Onyx

    May 1, 2012 at 3:53 pm

    လုပ်ရမဲ့ အလုပ်တွေကို မြန်မြန် လုပ်နိုင်တာပေါ့ နော် ။ သူတို့လဲ သူတို့ အကွက်နဲ့ သူတို့ နေမှာ ။

Leave a Reply