မလေးရောက်သူတစ်ဦးကို အတွေ့အကြုံ အင်တာဗျူး အပိုင်း ၅

manawphyulayApril 30, 20121min562

အရင်က စာတွေ ဘာတွေကော ရေးဖူးသေးလားရှင့်။

ဟုတ်ကဲ့ခင်ဗျ။ ကျွန်တာ် ကာတွန်းငွေကြည်မှာ ဖော်ပြခြင်း ခံရသော ကျွန်တော်ရေးခဲ့သည့် ကလေးအတွေးနဲ့ ဟာသစာမူလေးများကို ပြောပြပါမယ်။

ကျွန်တော် ၁ဝတန်းအောင်ကာစက တက္ကသိုလ်၊ကောလိပ်တွေ မဖွင့်သေးမီ ဘာလုပ်ရမလဲ စဉ်းစားတာပေါ့။တစ်ခုခုလေး လုပ်ရင်ကောင်းမလားပေါ့နော်။လူငယ်ဆိုတော့

စီးပွားရေးဆိုတာကိုမလုပ်တတ်သေးဘူးလေ။အဲဒီတော့ မိမိ ဝါသနာ ပါရာ စာရေးခြင်း အလုပ်ကို လုပ်ဘို့ ဆုံးဖြတ်ခဲ့တာပေါ့နော်။ စာရေးဆရာ တစ်ယောက်မဟုတ်တော့ အစီအစဉ် ကျချင်မှ

ကျမှာပေါ့နော်။အဲလိုနဲ့ စာရေးဘို့ မိဘတွေ မသိအောင် ခြင်ထောင်ထဲမှာ မီးလုံးလေးကို ထွန်းပြီး စာစရေးတာပေါ့ဗျာ။အဲဒီ အချိန်တုန်းက ရွှင်ပြုံးတို့၊တေဇတို့ ရုပ်ပြောင်စာစောင်တွေခေတ်ကိုးဗျ။

ကာတွန်းငွေကြည်က သူ့ဆီ ပို့တဲ့ ဟာသစာမူလေးတွေကို ကြိုက်ရင် သုံးမယ်ဆိုတာနဲ့ လိပ်စာအတိုင်း ပို့ပြီး စ စာရေးဖြစ်တာပေါ့နော်။လူဆိုတာ အောင်မြင်ရေးလမ်းစကို ကိုယ်တိုင်ရှာကြံရတယ် မဟုတ်လားဗျာ။ကျွန်တော် ပို့ခဲ့တဲ့ သုံးပုဒ်စလုံး ပါလာခဲ့တော့ အတိုင်း မသိပေ့ါနော်။ မိဘတွေကတော့ စာစောင်ဖတ်တော့မှ မိမိနာမည်အရင်း။လိပ်စာတွေ ပါလာတော့မှ သိခဲ့ရတာပေါ့။အဖေက ရွှင်ပြုံးတို့ တေဇတို့ကို ကိုယ်စားလှယ်ယူတာဆိုတော့ စာစောင်ထွက်တော့ ကျွန်တော်ရေးတာ သိသွားတာပေါ့ဗျာ။အော် မအိပ်သေးဘဲ ခြင်ထောင်ထဲမှာ တစ်ကုပ်ကုပ်လုပ်နေတာ အခုမှ သိတော့တာကိုး။
— ကဲကလေးအတွေးနဲ့ ဟာသစာမူလေးတွေ ကို ဖတ်ကြည့်ကြပါနော်။ ကောင်းတာ မကောင်းတာတော့ ဖတ်တဲ့ သူရဲ့ အတွေးပေါ်မှာ မူတည်ပါတယ်ဗျာ။
ပထမဆုံး ပါလာခဲ့သော ကလေး အတွေး ဟာသလေးက”သေတ္တာပုံးကြိီး”
ကျွန်တော်တို့ ခေတ်ကာလတုန်းက အဆိုကျော်တွေကတော့ တောအကြိုက် တွံတေး ဦးသိန်းတန်ပေါ့ဗျာ။မြို့မှာလည်း ဖွင့်တာရှိတာပေါ့နော်။ကလေးတွေဆိုတာက သူတို့ အာရုံမှာပေါ်တာ

မြင်တာကိုပဲ ပြောတတ်ကြတာကိုးဗျ။မဟုတ်ဘူးလားခင်ဗျာ။သီချင်းဆိုတယ်ဆိုတာ လူတွေ ပါးစပ်ကနေပဲ ဆိုကြတာ မဟုတ်လား။ဒီလိုနဲ့ သား အဖနှစ်ယောက် မြို့ထဲက တေးသံသွင်း
တစ်ဆိုင်ရှေ့ရောက်တော့ ကောင်တာပေါ်မှာ ဆောင်းဗောက်စ်ကနေပြီးတော့ တွံတေးဦးသိန်းတန်သီချင်း ဖွင့်ထားတာကိုး။ဒီတော့ ကလေးက စဉ်းစားတာပေါ့။ သီချင်း ဆိုတာက လူတွေ ပါးစပ်က ပေါ့နော်။အခုတော့ သေတ္တာပုံးကြီးက သီချင်း ဆိုနေတာဖြစ်နေတော ့ အံ့အားသင့် ပြီး အဖေလုပ်သူလက်ကိုဆွဲခါပြီးပြောလိုက်တာကတော့ ဖေဖေ ဖေဖေ “သေတ္တာပုံးကြီး” က သီချင်း ဆိုတတ်တယ်နော်တဲ့။အော် ကလေးဆိုတာ သူ့အာရုံမှာပေါ်တာကို တိုက်ရိုက်ပြောတတ်တာကိုး။ခင်ဗျားတို့ ပုံကလေးတွေနဲ့ ဖော်ပြရင်တော့ ရီစရာအဖြစ်မြင်ရမှာပေါ့နော်။ကာတွန်း ဦးငွေကြည်က

ကျွန်တော့် စာလေးကို ပုံဆွဲဖော်ပြပေးတာကိုတော့ဟိုး အရင်ခေတ်က ရွှင်ပြုံးနဲ့ ကာတွန်းငွေကြည်ပေါင်းချုပ်မှာ တွေ့နိုင်ပါတယ်ခင်ဗျာ။
နောက်တစ်ပုဒ်ကတော့ ” သင်္ဘောသား”
အဖေလုပ်သူက သား ငယ်ဖြစ်သူလေးကို သူ့ရဲ့ မိတ်ဆွေသားတွေနဲ့ မိတ်ဆက်ပေးတာပေါ့ဗျာ။ သားသား သူက ဆရာဝန်သား ဖေဖေ ဆရာဝန်သားဆိုတာ ဘာလဲဟင် အော် သားသားရယ် သူ့အဖေနဲ့ အမေက ဆရာဝန်တွေမို့ပေ့ါသားရယ်။အော် ဟုတ်လား ။နောက်တစ်ယောက်ကတော့ အင်ဂျင်နီယာသားလေ သူ့အဖေနဲ့ အမေက အင်ဂျင်နီယာတွေကဲ့ွ သားရဲ့။ဟုတ်ကဲ့ပါ ဖေဖေ။

ဟိုဘက်ကတော့ သင်္ဘောသားလေ သားသား။အဲဒီအခါမှာ သားဖြစ်သူက သူ့အဖေ ပါးစပ်မှ မဟခင် ဝင်ပြောလိုက်တဲ့ စကားလုံးကလေးကတော့ ဖေဖေ ဖေဖေ ဒါဆိုရင် သူ့အဖေနဲ့ အမေတို့က ” သဘောင်္ တွေပေါ့နော်”။အော် သားငယ်လေးပြောလိုက်မှပဲ အားလုံးသောသူတွေ တစ်ဝါးဝါးနဲ့ ပွဲကျသွားတာ ခံရသူကတော့ “သင်္ဘောသား”ပေါ့ဗျာ။အဲဒီတော့ နောက်ဆိုရင် ကလေးတွေ နားလည်အောင် သင်္ဘောသားအစား သင်္ဘောတွေ ပေါ်မှာ တာဝန်ထမ်းဆောင်တဲ့အလုပ်သမားလို့ပြောရင် မကောင်းပေဘူးလားဗျာနော်။ပြုံးပျော်နိုင်ကြပါစေဗျာ။
နောက်ဆုံး တစ်ပုဒ်ကတော့ “အားပေးမယ်”
ဟိုခေတ် ဟိုအခါက ဇာတ်သဘင်ဆိုတာ လူထုအကြိုက်ပေါ့ဗျာ။ ဘုရားပွဲတွေ။တပေါင်းပွဲ စသည်ဖြင့် ပွဲတွေမှာ ဇာတ်တွေ က ကြတာကိုး။မြို့တော် ချစ်ဖွယ်။ ကိုမိုးဝင်း။ရွှေမန်းသိန်းဇော်တို့

ခေတ်ကိုးဗျ။အဲဒီမှာ ကောင်မလေးတွေကအသဲစွဲဆိုရင် သကြားလုံးတွေ။ လိမ္မော်သီးတွေနဲ့ ပစ်ပေါက်အားပေးကြတာပေါ့နော်။ မှီတဲ့သူတွေတော့ သိမယ်ထင်ပါတယ်နော်။ကျွန်တော်ကတော့

ရွှေတိဂုံဘုရားပွဲ။တပေါင်းပွဲဆိုရင် မနက်ပိုင်း နောက်ပိုင်း ရုံဖွင့်ရင် အလကားဝင်ကြည့်တာပေါ့နော် ဟဲ ဟဲ မရှက်ပါဘူးနော် ဗဟုသုတရအောင်လေနော်။ရုံဖွင့်တယ်ဆိုတာက အခုခေတ်စကားနဲ့

ပြောရရင် နောက်ပိုင်း ဆို ပိုက်ဆံပေးစရာ မလိုပဲ အလကားဝင်ကြည့်လို့ရတာပေါ့ခင်ဗျာ။ကဲ စမယ်နော် ။အဲဒီလို စားစရာတွေနဲ့ပစ်ပေါက်ပေးတဲ့ အချိန်ဆိုတော့ အပျိုကြီးတစ်ယောက်က

စဉ်းစားတယ် ကောင်မတွေ သူတို့က သကြားလုံးတွေ။ လိမ္မော်သီးတွေနဲ့ ပစ်ပေါက်အားပေးရင် ငါလည်း အားကျမခံ သူတို့ထက် သာတဲ့ဟာနဲ့ ” အားပေးမယ် “ဆိုပြီးတော့ ဇာတ်ရုံအပြင်က

အုန်းသီးရည်ရောင်းတဲ့ဆိုင်က အုန်းသီးအလုံးလိုက်ဝယ်လာပြီး မင်းသားကို ပစ်ပေါက်အားပေးလိုက်တာ မင်းသားနဖူးမှန်ပြီး လဲကျသွားပုံလေးကို ကာတွန်း ဦးငွေကြည်က လက်ရာမြောက်စွာနဲ့

ကျွန်တော့်စာသားလေးကို ပုံဖော်ပေးလိုက်တာမို့ ကြည်နှူး ဝမ်းသာမှုကို ခံစားရင်း အားလုံးသော စာဖတ်သူတွေ အတွေးထဲမှာ ပုံရိပ်လေးများထင်ဟပ်ပြီး ပျော်ရွွှင်ကြပါစေခင်ဗျာ။အားလုံးသော

စာဖတ်ပရိတ်သတ်ကို အထူးကျေးဇူးတင်လျက်ပါ။

2 comments

Leave a Reply